ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# Zawgyi ျဖင့္ဖတ္ရန္ #

ထိုင္းႏိုင္ငံမွာအလုပ္လုပ္ခ်င္ၾကတဲ့ထိုင္းကိုအထင္ႀကီးတဲ့မိန္းကေလးေတြသတိထားပါ
လင္ေျခာက္ေယာက္တစ္ၿပိဳင္တည္းရသြားတဲ့ျဖစ္ရပ္

ထိုင္းႏိုင္ငံရွိ ၁၉ ႏွစ္အ႐ြယ္ ျမန္မာအလုပ္သမား အမ်ိဳးသမီး တစ္ဦးအား အဓမၼျပဳက်င့္ ခဲ့သည့္ ထိုင္း လူငယ္ ေျခာက္ဦး အား ဖမ္းဆီးရမိေစရန္ႏွင့္ အမႈမွန္ေပၚေပါက္သည္ အထိ ေဖာ္ထုတ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား အဖြဲ႕မွ ဆရာေတာ္ ဦးေဇာတိကက မိန႔္ၾကားသည္။

“အခုလို ျဖစ္သြားတဲ့အတြက္ ဦးဇင္း တို႔ ဒီအမႈကို အျဖစ္မွန္ ေပၚေပါက္ၿပီး တရားခံ ေဖာ္ထုတ္ႏိုင္ဖို႔အထိ ေဆာင္႐ြက္သြားမွာပါ။ ဘာ့ေၾကာင့္လဲဆိုေတာ့ ေနာင္လာေနာက္သား ျမန္မာ လူငယ္ကေလးေတြ၊ မိန္းကေလးေတြ အခုလို မျဖစ္ရေအာင္လို႔ အဓိက ရည္႐ြယ္ၿပီး အမႈမွန္ေပၚေပါက္ေအာင္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္”ဟု ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသား တစ္ဦး ျဖစ္သည့္ ဆရာေတာ္ ဦးေဇာတိက မွ Tomorrowသို႔ ေျပာသည္။

အဆိုပါ အမႈႏွင့္ ပတ္သက္ၿပီး ျမန္မာသံ႐ုံး မွတစ္ဆင့္ ထိုင္းႏိုင္ငံ ရွိ တာဝန္ရွိသည့္ ပုဂၢိဳလ္မ်ားကို ထိထိေရာက္ေရာက္ အေရးယူေပးရန္ႏွင့္ အမႈမွန္ ေပၚေပါက္ရန္အတြက္ ထိုင္းႏိုင္ငံ ရွိ ထိုင္းေထာက္လွမ္းေရး အဖြဲ႕ႏွင့္ ပူးေပါင္းၿပီး အပူတျပင္း ေဆာင္႐ြက္ေနေၾကာင္း ထို႔ျပင္ ဆရာဝန္မ်ားမွလည္း ေသေသခ်ာခ်ာ ေဆးကုသမႈမ်ား ေပးေနေၾကာင္း ဆရာေတာ္မွ လက္ရွိ အေျခအေနအား ဆက္လက္မိန႔္သည္။

“ထိုင္းလူမ်ိဳး ေျခာက္ဦးလို႔ ေကာင္မေလးက ေျပာျပလို႔သိရတယ္။ သူတို႔အခ်င္းခ်င္း ထိုင္းလိုပဲ ေျပာၾကတယ္။ ျမန္မာလူမ်ိဳးေတြ မဟုတ္ဘူးဆိုတာေတာ့ သူေသခ်ာသိတယ္လို႔ ေျပာတယ္။ ဒီလိုမ်ိဳး ရင္နာစရာ အျဖစ္အပ်က္ေတြဟာ ျမန္မာ အမ်ိဳးသမီးေလးေတြ အတြက္ ပထမဆုံးအႀကိမ္ မဟုတ္ဘဲ မၾကာခဏ ျဖစ္ေလ့ရွိၿပီး ဘဝပ်က္ခဲ့တာ မနည္းေတာ့ဘူး။ အဲဒါေၾကာင့္ ဒီအမႈကို ထိထိေရာက္ေရာက္ ကိုင္တြယ္သြားမွာပါ”ဟု ဆရာေတာ္ ဦးေဇာတိက,က မိန႔္ၾကားခဲ့သည္။

ထိုင္းႏိုင္ငံ မဟာခ်ိဳင္နယ္ေျမတြင္ ၁၉ ႏွစ္အ႐ြယ္ရွိ ျမန္မာ အလုပ္သမား အမ်ိဳးသမီး သည္ ဇြန္ ၃ ရက္ နံနက္ ၄ နာရီခြဲတြင္ အလုပ္မွ စက္ဘီးျဖင့္ အိမ္သို႔အျပန္၌ လူငယ္ေျခာက္ဦး က စက္ဘီး ကို တြန္းလွဲၿပီး ကားေပၚသို႔ အတင္း အဓမၼေခၚတင္သြားကာ လူျပတ္ေသာ ေနရာတြင္ ေျခာက္ဦး စလုံးမွ အလိုမတူဘဲ အဓမၼျပဳက်င့္ ေစာ္ကားခဲ့ျခင္းျဖစ္ေၾကာင္း၊ ထိုသို႔ေစာ္ကားမႈအား ျပန္လည္ခုခံေသာေၾကာင့္ ၎ေျခာက္ဦးမွ မ်က္ႏွာႏွင့္ ခႏၶာကိုယ္ အႏွံ႔ထိုးႀကိတ္ ကန္ေၾကာက္ခဲ့ျခင္းေၾကာင့္ ေဆး႐ုံတြင္ တက္ေရာက္ ေဆးကုသမႈ ခံယူခဲ့ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: kyarnyo.net

# Unicode ဖြင့်ဖတ်ရန် #
ထိုင်းနိုင်ငံမှာအလုပ်လုပ်ချင်ကြတဲ့ထိုင်းကိုအထင်ကြီးတဲ့မိန်းကလေးတွေသတိထားပါ
လင်ခြောက်ယောက်တစ်ပြိုင်တည်းရသွားတဲ့ဖြစ်ရပ်

ထိုင်းနိုင်ငံရှိ ၁၉ နှစ်အရွယ် မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့် ခဲ့သည့် ထိုင်း လူငယ် ခြောက်ဦး အား ဖမ်းဆီးရမိစေရန်နှင့် အမှုမှန်ပေါ်ပေါက်သည် အထိ ဖော်ထုတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့မှ ဆရာတော် ဦးဇောတိကက မိန့်ကြားသည်။

“အခုလို ဖြစ်သွားတဲ့အတွက် ဦးဇင်း တို့ ဒီအမှုကို အဖြစ်မှန် ပေါ်ပေါက်ပြီး တရားခံ ဖော်ထုတ်နိုင်ဖို့အထိ ဆောင်ရွက်သွားမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ နောင်လာနောက်သား မြန်မာ လူငယ်ကလေးတွေ၊ မိန်းကလေးတွေ အခုလို မဖြစ်ရအောင်လို့ အဓိက ရည်ရွယ်ပြီး အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ဦး ဖြစ်သည့် ဆရာတော် ဦးဇောတိက မှ Tomorrowသို့ ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး မြန်မာသံရုံး မှတစ်ဆင့် ထိုင်းနိုင်ငံ ရှိ တာဝန်ရှိသည့် ပုဂ္ဂိုလ်များကို ထိထိရောက်ရောက် အရေးယူပေးရန်နှင့် အမှုမှန် ပေါ်ပေါက်ရန်အတွက် ထိုင်းနိုင်ငံ ရှိ ထိုင်းထောက်လှမ်းရေး အဖွဲ့နှင့် ပူးပေါင်းပြီး အပူတပြင်း ဆောင်ရွက်နေကြောင်း ထို့ပြင် ဆရာဝန်များမှလည်း သေသေချာချာ ဆေးကုသမှုများ ပေးနေကြောင်း ဆရာတော်မှ လက်ရှိ အခြေအနေအား ဆက်လက်မိန့်သည်။

“ထိုင်းလူမျိုး ခြောက်ဦးလို့ ကောင်မလေးက ပြောပြလို့သိရတယ်။ သူတို့အချင်းချင်း ထိုင်းလိုပဲ ပြောကြတယ်။ မြန်မာလူမျိုးတွေ မဟုတ်ဘူးဆိုတာတော့ သူသေချာသိတယ်လို့ ပြောတယ်။ ဒီလိုမျိုး ရင်နာစရာ အဖြစ်အပျက်တွေဟာ မြန်မာ အမျိုးသမီးလေးတွေ အတွက် ပထမဆုံးအကြိမ် မဟုတ်ဘဲ မကြာခဏ ဖြစ်လေ့ရှိပြီး ဘဝပျက်ခဲ့တာ မနည်းတော့ဘူး။ အဲဒါကြောင့် ဒီအမှုကို ထိထိရောက်ရောက် ကိုင်တွယ်သွားမှာပါ”ဟု ဆရာတော် ဦးဇောတိက,က မိန့်ကြားခဲ့သည်။

ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေတွင် ၁၉ နှစ်အရွယ်ရှိ မြန်မာ အလုပ်သမား အမျိုးသမီး သည် ဇွန် ၃ ရက် နံနက် ၄ နာရီခွဲတွင် အလုပ်မှ စက်ဘီးဖြင့် အိမ်သို့အပြန်၌ လူငယ်ခြောက်ဦး က စက်ဘီး ကို တွန်းလှဲပြီး ကားပေါ်သို့ အတင်း အဓမ္မခေါ်တင်သွားကာ လူပြတ်သော နေရာတွင် ခြောက်ဦး စလုံးမှ အလိုမတူဘဲ အဓမ္မပြုကျင့် စော်ကားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့စော်ကားမှုအား ပြန်လည်ခုခံသောကြောင့် ၎င်းခြောက်ဦးမှ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့ထိုးကြိတ် ကန်ကြောက်ခဲ့ခြင်းကြောင့် ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူခဲ့ရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: kyarnyo.net
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top