မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

# ZawGyiျဖင့္ဖတ္ရန္ #

ဇန္န၀ါရီလ မနက္ ၃ နာရီခြဲေလာက္က ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္း ဆရာစံလမ္းမေပၚကေန ငမိုးရိပ္ေခ်ာင္းထဲကုိ ထိုးက်ခဲ့ၿပီး ငါးဖမ္းေလွက ေရလုပ္သားေတြက ကယ္တင္ခဲ့တဲ့ ဟြန္ဒါဖစ္ကိုယ္ပိုင္ယာဥ္ေပၚပါလာသူက အဆိုပါကားကုိ ေမာင္းႏွင္လာသူျဖစ္တယ္လုိ႔ ယာဥ္ထိန္းရဲတပ္ဖြဲ႕ ကေန သိရပါတယ္။

“အသက္ရွင္ လြတ္ေျမာက္လာတဲ့ ေအာင္ကိုမိုးက ဒီကားကို သူ ေမာင္းတာ မဟုတ္ဘူး။ ျပန္ရွာမေတြ႔ေသးတဲ့ စည္သူၿဖိဳးက ေမာင္းခဲ့တာ။ ၿပီးေတာ့ ဒီကားကလည္း စည္သူၿဖိဳး ရဲ႕ကားလို႔ သူက လီဆယ္ထြက္ဆိုခဲ့တာေၾကာင့္ သတင္းစာအခ်ိဳ႕မွာ သတင္းမွားေတြ ပါလာခဲ့သလို ရဲစခန္းရဲ႕ ကနဦးသတင္း အမႈဖြင့္တိုင္ၾကားခ်က္မွာလည္း သတင္းအမွားေတြ ရွိခဲ့တယ္”လို႔ ယာဥ္ထိန္းရဲအရာရွိက ရွင္းျပပါတယ္။

ငမိုးရိပ္ေခ်ာင္းထဲ ထိုးက်တဲ့ ဟြန္ဒါဖစ္ယာဥ္ကေန အသက္ရွင္ လြတ္ေျမာက္ခဲ့တဲ့ အသက္ ၂၅ ႏွစ္ယာဥ္ေမာင္း အမ်ိဳးသားကို ရဲတပ္ဖြဲ႔ကစစ္ေဆးတုန္းက ယာဥ္ေပၚလိုက္ပါလာခဲ့သူလို႔ လီဆယ္ထြက္ဆိုခဲ့တယ္လို႔ ယာဥ္ထိန္းရဲတပ္ဖြဲ႕ကေန သိရပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ကို ကနဦးအမႈဖြင့္တိုင္ၾကားခ်က္မွာ သတင္းအမွားေတြရွိခဲ့တယ္လို႔ သိရၿပီး ငမိုးရိပ္ေခ်ာင္းထဲ ေပ်ာက္ဆံုးေနသူ စည္သူၿဖိဳးက ကားမေမာင္းတတ္ေၾကာင္း ေပ်ာက္ဆံုးေနသူရဲ႕ မိသားစုဝင္ေတြက ထြက္ဆိုထားတယ္လို႔ ဆိုပါတယ္။

“ေအာင္ကိုမင္းနဲ႔ စည္သူၿဖိဳးက အခင္းမျဖစ္ခင္ညက သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ဘက္ခ်လာႏိုက္ပြဲကို အတူသြားခဲ့ၾကတယ္။ ညဥ့္နက္မွ သူတို႔ႏွစ္ေယာက္ အတူျပန္လာၿပီး စည္ သူၿဖိဳးက သဃၤန္းကၽြန္းၿမိဳ႕နယ္မွာရွိတဲ့ သူ႔အိမ္ကိုျပန္ၿပီး ပိုက္ဆံယူတယ္။ ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ ေျမာက္ဒဂံုဘက္ကို ဟြန္ဒါဖစ္နဲ႔ လာရာက လမ္းမွာအရွိန္လြန္ၿပီး ကားက ေခ်ာင္းထဲထိုးက်သြားတာလို႔ စံုစမ္းစစ္ေဆးခ်က္အရ သိရတယ္”လုိ႔ ျမန္မာႏိုင္ငံယာဥ္ထိန္းတပ္ဖြဲ႕အရာရွိတစ္ဦးက ေျပာပါတယ္။

ျဖစ္စဥ္ကေန လြတ္ေျမာက္လာသူ ေအာင္ကိုမိုးကို ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕မရဲစခန္းမွ ယာဥ္မဆင္မျခင္ ေမာင္းႏွင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၂၇၉ နဲ႔ အမႈဖြင့္ အေရးယူထားတယ္လုိ႔ သိရပါတယ္။

Photos : MSFD
ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

# Unicodeဖြင့်ဖတ်ရန် #
ဇန်နဝါရီလ မနက် ၃ နာရီခွဲလောက်က ဒဂုံမြို့သစ်မြောက်ပိုင်း ဆရာစံလမ်းမပေါ်ကနေ ငမိုးရိပ်ချောင်းထဲကို ထိုးကျခဲ့ပြီး ငါးဖမ်းလှေက ရေလုပ်သားတွေက ကယ်တင်ခဲ့တဲ့ ဟွန်ဒါဖစ်ကိုယ်ပိုင်ယာဉ်ပေါ်ပါလာသူက အဆိုပါကားကို မောင်းနှင်လာသူဖြစ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ ကနေ သိရပါတယ်။

“အသက်ရှင် လွတ်မြောက်လာတဲ့ အောင်ကိုမိုးက ဒီကားကို သူ မောင်းတာ မဟုတ်ဘူး။ ပြန်ရှာမတွေ့သေးတဲ့ စည်သူဖြိုးက မောင်းခဲ့တာ။ ပြီးတော့ ဒီကားကလည်း စည်သူဖြိုး ရဲ့ကားလို့ သူက လီဆယ်ထွက်ဆိုခဲ့တာကြောင့် သတင်းစာအချို့မှာ သတင်းမှားတွေ ပါလာခဲ့သလို ရဲစခန်းရဲ့ ကနဦးသတင်း အမှုဖွင့်တိုင်ကြားချက်မှာလည်း သတင်းအမှားတွေ ရှိခဲ့တယ်”လို့ ယာဉ်ထိန်းရဲအရာရှိက ရှင်းပြပါတယ်။

ငမိုးရိပ်ချောင်းထဲ ထိုးကျတဲ့ ဟွန်ဒါဖစ်ယာဉ်ကနေ အသက်ရှင် လွတ်မြောက်ခဲ့တဲ့ အသက် ၂၅ နှစ်ယာဉ်မောင်း အမျိုးသားကို ရဲတပ်ဖွဲ့ကစစ်ဆေးတုန်းက ယာဉ်ပေါ်လိုက်ပါလာခဲ့သူလို့ လီဆယ်ထွက်ဆိုခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို ကနဦးအမှုဖွင့်တိုင်ကြားချက်မှာ သတင်းအမှားတွေရှိခဲ့တယ်လို့ သိရပြီး ငမိုးရိပ်ချောင်းထဲ ပျောက်ဆုံးနေသူ စည်သူဖြိုးက ကားမမောင်းတတ်ကြောင်း ပျောက်ဆုံးနေသူရဲ့ မိသားစုဝင်တွေက ထွက်ဆိုထားတယ်လို့ ဆိုပါတယ်။

“အောင်ကိုမင်းနဲ့ စည်သူဖြိုးက အခင်းမဖြစ်ခင်ညက သူငယ်ချင်းတစ်ယောက်ရဲ့ ဘက်ချလာနိုက်ပွဲကို အတူသွားခဲ့ကြတယ်။ ညဉ့်နက်မှ သူတို့နှစ်ယောက် အတူပြန်လာပြီး စည် သူဖြိုးက သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ သူ့အိမ်ကိုပြန်ပြီး ပိုက်ဆံယူတယ်။ ပြီးတော့ သူတို့နှစ်ယောက် မြောက်ဒဂုံဘက်ကို ဟွန်ဒါဖစ်နဲ့ လာရာက လမ်းမှာအရှိန်လွန်ပြီး ကားက ချောင်းထဲထိုးကျသွားတာလို့ စုံစမ်းစစ်ဆေးချက်အရ သိရတယ်”လို့ မြန်မာနိုင်ငံယာဉ်ထိန်းတပ်ဖွဲ့အရာရှိတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်ကနေ လွတ်မြောက်လာသူ အောင်ကိုမိုးကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းမှ ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီး ပုဒ်မ ၂၇၉ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Photos : MSFD
ဖိုးသူတော် (www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top