န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အဆိုေတာ္လင္းလင္းႏွင့္ သ႐ုပ္ေဆာင္ ခ်စ္သုေဝတုိ႔၏ အႁမႊာသမီးေလးမ်ားျဖစ္ေသာ ေမ ျမန္မာေခတ္ႏွင့္ ေမျမန္မာသစ္တို႔ ၏ တစ္ႏွစ္ျပည့္ေမြးေန႔အလွဴကို ဇန္နဝါရီ ၁၉ ရက္ နံနက္က မဟာ အတုလေဝယံဘံုသာ တိပိဋက ေရႊပါရမီေက်ာင္းေတာ္ မဂၤလာဒံု ႏွင့္ ရန္ကင္းကေလးေဆး႐ံုတို႔၌ ျပဳလုပ္ခဲ့သည္။

‘‘မနက္အေစာႀကီးထၿပီး မိသားစုလိုက္ စိန္႔ေမရီဘုရား ေက်ာင္းသြားၾကတယ္။ ၿပီးေတာ့ ေရႊပါမီေက်ာင္းမွာ ဆရာေတာ္ အပါး ၇၀ ကို ေန႔ဆြမ္းကပ္တယ္။ ဝတၳဳလွဴတယ္။ ၿပီးေတာ့ ရန္ကင္း ကေလးေဆး႐ံုလာတယ္။ အဓိက က ကေလးေတြကို လက္ေဆာင္ ေပးတယ္။ ေနာက္အေရးေပၚခြဲ စိတ္မယ့္ ခ်ိဳ႕တဲ့မႈရွိတဲ့ ကေလး ေတြကို လုိအပ္တာေလးေတြ လာ လွဴတာပါ’’ဟု အဆိုေတာ္ သ႐ုပ္ ေဆာင္ ခ်စ္သုေဝက ေျပာသည္။

ပြဲလမ္းသဘင္မလုပ္ခ်င္ ေသာေၾကာင့္ အလွဴမ်ားလုပ္ကာ ျဖတ္သန္းျခင္းျဖစ္ၿပီး ရန္ကင္း ကေလးေဆး႐ံုတြင္ အေရးေပၚခြဲ စိတ္မည့္ ကေလးလူနာ ၄၀၀ ဦးအတြက္ စားစရာႏွင့္ ကစားစရာ မ်ားအပါအဝင္ က်ပ္သိန္း ၄၀ လွဴဒါန္းခဲ့သည္။

အခမ္းအနားမ်ား မျပင္ဆင္ ဘဲ အလွဴသက္သက္သာ လာ ေရာက္ျပဳလုပ္ၿပီး ရန္ကင္းကေလးေဆး႐ံုအုပ္ႀကီးက အႁမႊာသမီးႏွစ္ ဦး၏ ေမြးေန႔အမွတ္တရ Surpriseပြဲေလး စီစဥ္ထားကာ ႀကိဳဆိုျခင္း ေၾကာင့္ အံ့ဩဝမ္းသာေပ်ာ္ရႊင္ရ ေၾကာင္း အဆုိေတာ္ လင္းလင္း ႏွင့္ ခ်စ္သုေဝက ေျပာသည္။

‘‘သူတုိ႔ေလးေတြကို လိမၼာ သိတတ္ၿပီး အရာရာအေကာင္း၊ အဆိုးအားလံုးကို ဘုရားတရားနဲ႔ ယွဥ္ၿပီး ဆံုးျဖတ္တတ္တဲ့ ဉာဏ္ ပညာရွိတဲ့ ကေလးေတြျဖစ္ေစခ်င္ တယ္။ က်န္တာကေတာ့ သူတုိ႔ ထူးခြၽန္တတ္ေျမာက္တဲ့အရာ၊ သူ တုိ႔ စိတ္ဝင္စားတဲ့အရာေပၚမွာပဲ ထရီဇာတို႔က ပံ့ပိုးေပးသြားမွာ ေပါ့’’ဟု ခ်စ္သုေဝက ေျပာသည္။

မိဘႏွစ္ဦး၏ ေမြးေန႔လက္ ေဆာင္အျဖစ္ သမီးေလးႏွစ္ဦး အမည္ျဖင့္ ပရဟိတေဖာင္ေဒး ရွင္းထူေထာင္ရန္ စီစဥ္ေနၿပီး ကေလးသူငယ္မ်ား အနာဂတ္ က်န္းမာေရးႏွင့္ ပညာေရးအ တြက္ အဓိကရည္ရြယ္မည္ျဖစ္ ကာ ေသခ်ာသည္ႏွင့္ ပရိသတ္ကို အသိေပးမည္ဟု ခ်စ္သုေဝက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ဖြင့် ဖတ်ပါ #
အဆိုတော်လင်းလင်းနှင့် သရုပ်ဆောင် ချစ်သုဝေတို့၏ အမြွှာသမီးလေးများဖြစ်သော မေ မြန်မာခေတ်နှင့် မေမြန်မာသစ်တို့ ၏ တစ်နှစ်ပြည့်မွေးနေ့အလှူကို ဇန်နဝါရီ ၁၉ ရက် နံနက်က မဟာ အတုလဝေယံဘုံသာ တိပိဋက ရွှေပါရမီကျောင်းတော် မင်္ဂလာဒုံ နှင့် ရန်ကင်းကလေးဆေးရုံတို့၌ ပြုလုပ်ခဲ့သည်။

‘‘မနက်အစောကြီးထပြီး မိသားစုလိုက် စိန့်မေရီဘုရား ကျောင်းသွားကြတယ်။ ပြီးတော့ ရွှေပါမီကျောင်းမှာ ဆရာတော် အပါး ၇၀ ကို နေ့ဆွမ်းကပ်တယ်။ ဝတ္ထုလှူတယ်။ ပြီးတော့ ရန်ကင်း ကလေးဆေးရုံလာတယ်။ အဓိက က ကလေးတွေကို လက်ဆောင် ပေးတယ်။ နောက်အရေးပေါ်ခွဲ စိတ်မယ့် ချို့တဲ့မှုရှိတဲ့ ကလေး တွေကို လိုအပ်တာလေးတွေ လာ လှူတာပါ’’ဟု အဆိုတော် သရုပ် ဆောင် ချစ်သုဝေက ပြောသည်။

ပွဲလမ်းသဘင်မလုပ်ချင် သောကြောင့် အလှူများလုပ်ကာ ဖြတ်သန်းခြင်းဖြစ်ပြီး ရန်ကင်း ကလေးဆေးရုံတွင် အရေးပေါ်ခွဲ စိတ်မည့် ကလေးလူနာ ၄၀၀ ဦးအတွက် စားစရာနှင့် ကစားစရာ များအပါအဝင် ကျပ်သိန်း ၄၀ လှူဒါန်းခဲ့သည်။

အခမ်းအနားများ မပြင်ဆင် ဘဲ အလှူသက်သက်သာ လာ ရောက်ပြုလုပ်ပြီး ရန်ကင်းကလေးဆေးရုံအုပ်ကြီးက အမြွှာသမီးနှစ် ဦး၏ မွေးနေ့အမှတ်တရ Surpriseပွဲလေး စီစဉ်ထားကာ ကြိုဆိုခြင်း ကြောင့် အံ့ဩဝမ်းသာပျော်ရွှင်ရ ကြောင်း အဆိုတော် လင်းလင်း နှင့် ချစ်သုဝေက ပြောသည်။

‘‘သူတို့လေးတွေကို လိမ္မာ သိတတ်ပြီး အရာရာအကောင်း၊ အဆိုးအားလုံးကို ဘုရားတရားနဲ့ ယှဉ်ပြီး ဆုံးဖြတ်တတ်တဲ့ ဉာဏ် ပညာရှိတဲ့ ကလေးတွေဖြစ်စေချင် တယ်။ ကျန်တာကတော့ သူတို့ ထူးချွန်တတ်မြောက်တဲ့အရာ၊ သူ တို့ စိတ်ဝင်စားတဲ့အရာပေါ်မှာပဲ ထရီဇာတို့က ပံ့ပိုးပေးသွားမှာ ပေါ့’’ဟု ချစ်သုဝေက ပြောသည်။

မိဘနှစ်ဦး၏ မွေးနေ့လက် ဆောင်အဖြစ် သမီးလေးနှစ်ဦး အမည်ဖြင့် ပရဟိတဖောင်ဒေး ရှင်းထူထောင်ရန် စီစဉ်နေပြီး ကလေးသူငယ်များ အနာဂတ် ကျန်းမာရေးနှင့် ပညာရေးအ တွက် အဓိကရည်ရွယ်မည်ဖြစ် ကာ သေချာသည်နှင့် ပရိသတ်ကို အသိပေးမည်ဟု ချစ်သုဝေက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top