iMyanmarHouse.com - Best Property Website for Myanmar
×

# ZawGyiျဖင့္ဖတ္ရန္ #

ညီမ ၀မ္းကြဲကို ၁၀ ၾကိမ္ထက္မနည္း ကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့တဲ့ အသက္ ၁၄ နွစ္အရြယ္ ေကာင္ေလးကို တရားရံုးမွ ေထာင္ဒဏ္မခ်မွတ္ေၾကာင္း ေၾကညာခဲ့ပါတဲ့အတြက္ တရားရံုးတစ္ခုလံုး ရုတ္ရုတ္သဲသဲ ျဖစ္သြားခဲ့ပါတယ္။

တရားဥပေဒအရ နာမည္ထုတ္ေျပာခြင့္မရွိတဲ့ ဒီေကာင္ေလးဟာ ေက်ာင္းမွာ အျမဲတမ္း အနိုင္က်င့္ခံရျပီး နွိပ္စက္ခံရေၾကာင္း သိရပါတယ္။ သူဟာ သူ႔ညီမ၀မ္းကြဲကို အသက္ ၁၀ နွစ္အရြယ္ကတည္းက သူမရဲ႕ဆႏၵမပါဘဲ ကိုယ္ထိလက္ ေရာက္က်ဴးလြန္ခဲ့ျပီး အသက္ ၁၃ နွစ္ေအာက္ ကေလးကို ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈနဲ႔ တရားခံုရံုးတင္ စစ္ေဆးေမးျမန္းခဲ့ပါတယ္။

တရားသူၾကီးမ်ားမွ သူဟာ သူ႔ညီမ၀မ္းကြဲထက္ အသက္ ၁၇ လ ပိုၾကီးျပီး၊ ဒါကို အခြင့္ေကာင္းယူကာ အသက္ ၁၀ နွစ္ကတည္းက သူတို႔အဘြားအိမ္မွာ ဒီလိုျပဳလုပ္တာျဖစ္ေၾကာင္း ေမးျမန္းသိရွိခဲ့ၾကပါတယ္။ အျပစ္က်ဴးလြန္ခဲ့သူမွလည္း အမွားအတြက္ နက္ရွိဳင္းစြာ ေနာင္တရမိေၾကာင္း၊ သူ႔ဘ၀အစမွာ ေဖ်ာက္ဖ်က္လို႔ မရနိုင္တဲ့ အမဲစက္တစ္ခုျပဳလုပ္မိခဲ့ေၾကာင္း ေတာင္းပန္ခဲ့ပါတယ္။

သူလုပ္ခဲ့တဲ့အမွားမ်ားအတြက္ တရားရံုးမွ ေစာင့္ၾကည့္ကာလ တစ္နွစ္ခ်မွတ္ခဲ့ျပီး လိင္ပိုင္းဆိုင္ရာ ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈအတြက္ ငါးနွစ္ခန္႔ထိန္းသိမ္းခံရမွာပါ။ တရားသူၾကီးခ်ဳပ္မွ သူ႔ကို ေထာင္ထဲထည့္နိုင္ေသာ္လည္း ကိုယ္ လုပ္ခဲ့တဲ့အမွားကို တစ္သက္လုံအမွတ္ရေနေစဖို႔အတြက္ အလုပ္ၾကမ္းမ်ားခိုင္းမည္ျဖစ္ေၾကာင္း၊ ဒီလိုအခြင့္အေရးေပးခဲ့တာကို ေနာင္ဆံုးအၾကိမ္ျဖစ္ေၾကာင္း၊ ဒီလိုေပးခဲ့တာကို ေနာင္တမရမိဖို႔ ေမွ်ာ္လင့္ေၾကာင္း သတိေပးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: POPOLAY
# Unicodeဖြင့်ဖတ်ရန် #

ညီမ ဝမ်းကွဲကို ၁၀ ကြိမ်ထက်မနည်း ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ကောင်လေးကို တရားရုံးမှ ထောင်ဒဏ်မချမှတ်ကြောင်း ကြေညာခဲ့ပါတဲ့အတွက် တရားရုံးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။

တရားဥပဒေအရ နာမည်ထုတ်ပြောခွင့်မရှိတဲ့ ဒီကောင်လေးဟာ ကျောင်းမှာ အမြဲတမ်း အနိုင်ကျင့်ခံရပြီး နှိပ်စက်ခံရကြောင်း သိရပါတယ်။ သူဟာ သူ့ညီမဝမ်းကွဲကို အသက် ၁၀ နှစ်အရွယ်ကတည်းက သူမရဲ့ဆန္ဒမပါဘဲ ကိုယ်ထိလက် ရောက်ကျူးလွန်ခဲ့ပြီး အသက် ၁၃ နှစ်အောက် ကလေးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ တရားခုံရုံးတင် စစ်ဆေးမေးမြန်းခဲ့ပါတယ်။

တရားသူကြီးများမှ သူဟာ သူ့ညီမဝမ်းကွဲထက် အသက် ၁၇ လ ပိုကြီးပြီး၊ ဒါကို အခွင့်ကောင်းယူကာ အသက် ၁၀ နှစ်ကတည်းက သူတို့အဘွားအိမ်မှာ ဒီလိုပြုလုပ်တာဖြစ်ကြောင်း မေးမြန်းသိရှိခဲ့ကြပါတယ်။ အပြစ်ကျူးလွန်ခဲ့သူမှလည်း အမှားအတွက် နက်ရှိုင်းစွာ နောင်တရမိကြောင်း၊ သူ့ဘဝအစမှာ ဖျောက်ဖျက်လို့ မရနိုင်တဲ့ အမဲစက်တစ်ခုပြုလုပ်မိခဲ့ကြောင်း တောင်းပန်ခဲ့ပါတယ်။

သူလုပ်ခဲ့တဲ့အမှားများအတွက် တရားရုံးမှ စောင့်ကြည့်ကာလ တစ်နှစ်ချမှတ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် ငါးနှစ်ခန့်ထိန်းသိမ်းခံရမှာပါ။ တရားသူကြီးချုပ်မှ သူ့ကို ထောင်ထဲထည့်နိုင်သော်လည်း ကိုယ် လုပ်ခဲ့တဲ့အမှားကို တစ်သက်လုံအမှတ်ရနေစေဖို့အတွက် အလုပ်ကြမ်းများခိုင်းမည်ဖြစ်ကြောင်း၊ ဒီလိုအခွင့်အရေးပေးခဲ့တာကို နောင်ဆုံးအကြိမ်ဖြစ်ကြောင်း၊ ဒီလိုပေးခဲ့တာကို နောင်တမရမိဖို့ မျှော်လင့်ကြောင်း သတိပေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: POPOLAY
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top