iMyanmarHouse.com - Best Property Website for Myanmar
×

သေရေခတၱရာ၏ ေနာက္ဆုံးမင္းဆက္မွာ ေအဒီ ၈၃ခုႏွစ္ တြင္ နန္းတက္ခဲ့ေသာ သုပညာနဂရဆိႏၵမင္း ျဖစ္သည္။ အမည္မွာ သုပညာျဖစ္ေသာ္လည္း ထုိမင္းလက္ထက္တြင္ ၿမဳိ႕ပ်က္သျဖင့္ နဂရ(ၿမဳိ႕) ၊ ဆိႏၵ(ပ်က္စီးျခင္း)တုိ႔ကုိထည့္၍ သုပညာနဂရဆိႏၵမင္းဟု အမည္တြင္သည္။

ထုိမင္းသည္ သေရေခတၱရာမင္းဆက္၏ ၂၇ ဆက္ ေျမာက္မင္းျဖစ္သည္။ ၾကန္အင္လကၡဏာႏွင့္ျပည့္စုံၿပီး ျပည္သူတုိ႔အား ၾကင္နာစြာအုပ္ခ်ဳပ္သည့္မင္းျဖစ္သည္။ တစ္ခါေသာ္ ကမ္းယံျပည္ေသာင္းက်န္ေလသည္ကုိ စစ္အဂၤါ ၄ ပါးႏွင့္တကြ လုပ္ႀကံေတာ္မူမည္ဟု ကမ္းယံျပည္ကုိခ်ီတက္တုိက္ခုိက္သည္။

ကမ္းယံျပည္ကုိေအာင္ျမင္ၿပီးေနာက္ ထုိျပည္ မဇၥ်ိမတုိက္သားတုိ႔၏ အေတာင္ ရွစ္ဆယ့္ရွစ္ေတာင္ဥာဏ္ေတာ္ျမင့္ေသာ ေရႊဆင္းတုဘုရားကုိ ျမင္ေတာ္မူရာ အလြန္ၾကည္ညဳိလွသျဖင့္ ေန႔ညမျပတ္၀တ္ျပဳေလ၏။

သဒၵါစိတ္ယုိဖိတ္လြန္းအားႀကီးကာ ၃ ႏွစ္ တုိင္တုိင္ရုပ္ပြားေတာ္အနီးမွ မခြာပဲေနေတာ္မူသည္။ မွဴးေတာ္ ၊ မတ္ေတာ္အေပါင္းတုိ႔က ” အရွင္မင္းႀကီး ဆင္၊ ျမင္း ၊ ဗုိလ္ပါ ၊ ေညာင္းညာၾကၿပီ ၊ ေနျပည္ေတာ္သုိ႔ အလ်င္ျပန္ေတာ္မူေလာ” ဟု ေလွ်ာက္တင္ရာ မင္းႀကီးက “ငါသည္ ဤဘုရားရွင္ရုပ္တုေတ္ာကုိ ခြာ၍သြားအံ့ေသာငွာ မတတ္ႏုိင္ ၊ ဤဘုရားရွင္ ရုပ္တုေတာ္ကုိ ရတနာေဖာင္ႀကီးစြာ စီရင္၍ ေဖာင္ထက္တင္ၿပီးေသာ္ သေရေခတၱရာသုိ႔ ေဆာင္ယူမည္” ဟု မိန္႔ေတာ္မူသည္။

ရုပ္တုေတာ္သည္ ႀကီးမားလြန္းလွသျဖင့္ သယ္ယူရန္မျဖစ္ႏုိင္။ မွဴးမတ္ဗုိလ္ပါအေပါင္းတုိ႔ကလည္း မင္းႀကီးသည္ မျဖစ္ႏုိင္ေသာအႀကံကုိ ႀကံဘိသည္။ ဤအတုိင္းဆုိလွ်င္ ငါတုိ႔သည္ ငါတုိ႔ သား၊ မယားတုိ႔ႏွင့္ မေတြ႔ မျမင္ရၿပီဟူ၍ႏွလုံးမသာယာၾက။ ထုိ႔ေနာက္ အမတ္ဗုိလ္ပါတုိ႔ တုိင္ပင္၍ ရုပ္တုေတာ္ေအာက္၌ ဥမင္တူးေလသည္။

ရုပ္တုေတာ္သည္ ေရႊအတိသြန္းထားသည္ျဖစ္၍ ေလးေသာေၾကာင့္လဲေတာ္မူသည္။ မင္းႀကီးျမင္ေသာ္” အမတ္တုိ႔ အဘယ္ေၾကာင့္ ရုပ္တုေတာ္လဲေလသနည္း” ဟု ေမးရာ အမတ္တုိ႔က “ဘုရားရွင္ ပရိနိဗၺာန္ျပဳေတာ္မူသည္” ဟု ေလွ်ာက္ရာ မင္းႀကီးလည္း စိတ္မခ်မ္းေျမ႕လွသျဖင့္ ဆိတ္ဆိတ္သာေနေလသည္။

မွဴးမတ္တုိ႔သည္ လဲေနသည့္ရုပ္တုေတာ္ကုိ ထင္းမ်ားျဖင့္ မီးတုိက္ၾကျပန္သည္။ မင္းႀကီးျမင္၍ “အဘယ္ေၾကာင့္မီးတုိက္ၾကျပန္သနည္း” ေမးေသာ္ မွဴးမတ္တုိ႔က “ဘုရားရွင္ ပရိနိဗၺာန္၀င္ေတာ္မူ၍ နတ္တုိ႔မီးသၿဂၤဳိဟ္ေလသည္” ဟုေလွ်ာက္ျပန္ေလသည္။ မင္းႀကီးသည္ မဟုတ္ေသာစကားကုိ သိေသာ္လည္း စိတ္ႏွလုံးႏူးညံ့ေတာ္မူေသာေၾကာင့္ ႏွလုံးမသာျဖစ္၍ ဆိတ္ဆိတ္ေနေတာ္မူသည္။

အမတ္တုိ႔သည္ မင္းႀကီးအမ်က္ထြက္မည္ကုိ ေၾကာက္လန္႔၍ ရုပ္တုေထာ္ႀကီးမွေရႊတုိ႔ျဖင့္ တစ္ေထာင္စီေရႊစင္အတိၿပီးေသာ ႏွစ္က်ိပ္ရွစ္ဆူဘုရားမ်ားကုိျပဳလုပ္၍ မင္းႀကီးအားဆက္ေလသည္။ ေရႊသန္လွ်က္လည္း သြန္းလုပ္၍ ဆက္သည္။ က်န္သည္မ်ားကို မွဴးမတ္ဗုိလ္ပါမ်ားစြာတုိ႔က ယူၾကေလသည္။ မင္းႀကီးလည္း သေရေခတၱရာသုိ႔ ျပန္ေတာ္မူ၏။

သေရေခတၱရာသုိ႔ ျပန္ေရာက္၍ မွဴးမတ္တုိ႔က ရရွိလာေသာေရႊမ်ားကုိ ေရာင္း၀ယ္ေဖာက္ကားၾကရာ ေငြေၾကးေဖာင္းပြလာၿပီး ၊ ကုန္ေစ်းႏႈန္းလည္းႀကီးျမင့္လာေလသည္။ ရာဇ၀တ္မႈမ်ားလည္း ထူေျပာလာၿပီး ျပည္သူမ်ားမွာ က်ီးလန္႔တစာစာ အေျခအေနသုိ႔ေရာက္ၾကရသည္။

မင္းႀကီးမွာကား ရုပ္တုေတာ္ကုိၾကည္ညဳိစိတ္မေပ်ာက္ပဲ မွဴးမတ္တုိ႔လုပ္ရက္ေလျခင္းဟု စိတ္ႏွလုံးမသာယာကာ နာမက်န္းျဖစ္သည့္အေျခအေနသုိ႔ေရာက္သည္။ ထုိ႔ေၾကာင့္ တုိင္းျပည္ကုိ ေကာင္းစြာ မထိန္းသိမ္းႏုိင္ေတာ့။ ထုိအခ်ိန္တြင္ သေရေခတၱရာေတာင္ဘက္ အရပ္မွ ငစေကာဖ်က္၍ သေရေခတၱရာပ်က္မည္ဟု တေဘာင္ေပၚေလသည္။

တစ္ေန႔ အမ်ဳိးသမီးတစ္ဦး စပါးလွန္းေနရာမွ ေလျပင္းတုိက္သည့္အခါ လွန္းထားသည့္ စေကာသည္ လြင့္ေလသည္။ အမ်ဳိးသမီးသည္ ထုိစေကာေနာက္သုိ႔ အေျပးအလႊားလုိက္ၿပီး “ငါ့စေကာ ငါ့စေကာ” ဟု ေအာ္ေလသည္။ ထုိသို႔ေအာ္သည္ကုိ တစ္ဆင့္စကား တစ္ဆင့္နားျဖင့္ သေရေခတၱရာျပည္ကိုတုိက္ခုိက္ဖုိ႔ ငစေကာစစ္တပ္ႀကီးခ်ီလာၿပီ ဟု အုန္းအုန္းၾကြက္ၾကြက္ျဖစ္ကာ မိသားစုအလုိက္ လြတ္ရာသုိ႔ ထြက္ေျပးၾကသည္။

ထိုသုိ႔ဆူညံပြက္ေလာရုိက္ေနသည့္ အခ်ိန္အတြင္း မင္းႀကီးလည္း နတ္ရြာစံေလသည္။ တုိင္းျပည္လည္း ပ်က္သုဥ္းၿပီး သေရေခတၱရာမင္းဆက္လည္း ျပတ္ေလသည္။ ထုိ႔ေၾကာင့္လည္း သေရေခတၱရာသည္ စေကာတစ္ခ်ပ္ေၾကာင့္ ပ်က္ၾကသည္ ဟု ဆုိၾကျခင္း ျဖစ္ေလသည္။

Ref:
မဟာရာဇ၀င္ႀကီး
ျမန္မာ့စြယ္စုံက်မ္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone

# Unicode Version ျဖင့္ ဖတ္ပါ #
သရေခေတ္တရာ၏ နောက်ဆုံးမင်းဆက်မှာ အေဒီ ၈၃ခုနှစ် တွင် နန်းတက်ခဲ့သော သုပညာနဂရဆိန္ဒမင်း ဖြစ်သည်။ အမည်မှာ သုပညာဖြစ်သော်လည်း ထိုမင်းလက်ထက်တွင် မြို့ပျက်သဖြင့် နဂရ(မြို့) ၊ ဆိန္ဒ(ပျက်စီးခြင်း)တို့ကိုထည့်၍ သုပညာနဂရဆိန္ဒမင်းဟု အမည်တွင်သည်။

ထိုမင်းသည် သရေခေတ္တရာမင်းဆက်၏ ၂၇ ဆက် မြောက်မင်းဖြစ်သည်။ ကြန်အင်လက္ခဏာနှင့်ပြည့်စုံပြီး ပြည်သူတို့အား ကြင်နာစွာအုပ်ချုပ်သည့်မင်းဖြစ်သည်။ တစ်ခါသော် ကမ်းယံပြည်သောင်းကျန်လေသည်ကို စစ်အင်္ဂါ ၄ ပါးနှင့်တကွ လုပ်ကြံတော်မူမည်ဟု ကမ်းယံပြည်ကိုချီတက်တိုက်ခိုက်သည်။

ကမ်းယံပြည်ကိုအောင်မြင်ပြီးနောက် ထိုပြည် မဇ္ဈိမတိုက်သားတို့၏ အတောင် ရှစ်ဆယ့်ရှစ်တောင်ဉာဏ်တော်မြင့်သော ရွှေဆင်းတုဘုရားကို မြင်တော်မူရာ အလွန်ကြည်ညိုလှသဖြင့် နေ့ညမပြတ်ဝတ်ပြုလေ၏။

သဒ္ဒါစိတ်ယိုဖိတ်လွန်းအားကြီးကာ ၃ နှစ် တိုင်တိုင်ရုပ်ပွားတော်အနီးမှ မခွာပဲနေတော်မူသည်။ မှူးတော် ၊ မတ်တော်အပေါင်းတို့က ” အရှင်မင်းကြီး ဆင်၊ မြင်း ၊ ဗိုလ်ပါ ၊ ညောင်းညာကြပြီ ၊ နေပြည်တော်သို့ အလျင်ပြန်တော်မူလော” ဟု လျှောက်တင်ရာ မင်းကြီးက “ငါသည် ဤဘုရားရှင်ရုပ်တုတေ်ာကို ခွာ၍သွားအံ့သောငှာ မတတ်နိုင် ၊ ဤဘုရားရှင် ရုပ်တုတော်ကို ရတနာဖောင်ကြီးစွာ စီရင်၍ ဖောင်ထက်တင်ပြီးသော် သရေခေတ္တရာသို့ ဆောင်ယူမည်” ဟု မိန့်တော်မူသည်။

ရုပ်တုတော်သည် ကြီးမားလွန်းလှသဖြင့် သယ်ယူရန်မဖြစ်နိုင်။ မှူးမတ်ဗိုလ်ပါအပေါင်းတို့ကလည်း မင်းကြီးသည် မဖြစ်နိုင်သောအကြံကို ကြံဘိသည်။ ဤအတိုင်းဆိုလျှင် ငါတို့သည် ငါတို့ သား၊ မယားတို့နှင့် မတွေ့ မမြင်ရပြီဟူ၍နှလုံးမသာယာကြ။ ထို့နောက် အမတ်ဗိုလ်ပါတို့ တိုင်ပင်၍ ရုပ်တုတော်အောက်၌ ဥမင်တူးလေသည်။

ရုပ်တုတော်သည် ရွှေအတိသွန်းထားသည်ဖြစ်၍ လေးသောကြောင့်လဲတော်မူသည်။ မင်းကြီးမြင်သော်” အမတ်တို့ အဘယ်ကြောင့် ရုပ်တုတော်လဲလေသနည်း” ဟု မေးရာ အမတ်တို့က “ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသည်” ဟု လျှောက်ရာ မင်းကြီးလည်း စိတ်မချမ်းမြေ့လှသဖြင့် ဆိတ်ဆိတ်သာနေလေသည်။

မှူးမတ်တို့သည် လဲနေသည့်ရုပ်တုတော်ကို ထင်းများဖြင့် မီးတိုက်ကြပြန်သည်။ မင်းကြီးမြင်၍ “အဘယ်ကြောင့်မီးတိုက်ကြပြန်သနည်း” မေးသော် မှူးမတ်တို့က “ဘုရားရှင် ပရိနိဗ္ဗာန်ဝင်တော်မူ၍ နတ်တို့မီးသင်္ဂြိုဟ်လေသည်” ဟုလျှောက်ပြန်လေသည်။ မင်းကြီးသည် မဟုတ်သောစကားကို သိသော်လည်း စိတ်နှလုံးနူးညံ့တော်မူသောကြောင့် နှလုံးမသာဖြစ်၍ ဆိတ်ဆိတ်နေတော်မူသည်။

အမတ်တို့သည် မင်းကြီးအမျက်ထွက်မည်ကို ကြောက်လန့်၍ ရုပ်တုထော်ကြီးမှရွှေတို့ဖြင့် တစ်ထောင်စီရွှေစင်အတိပြီးသော နှစ်ကျိပ်ရှစ်ဆူဘုရားများကိုပြုလုပ်၍ မင်းကြီးအားဆက်လေသည်။ ရွှေသန်လျှက်လည်း သွန်းလုပ်၍ ဆက်သည်။ ကျန်သည်များကို မှူးမတ်ဗိုလ်ပါများစွာတို့က ယူကြလေသည်။ မင်းကြီးလည်း သရေခေတ္တရာသို့ ပြန်တော်မူ၏။

သရေခေတ္တရာသို့ ပြန်ရောက်၍ မှူးမတ်တို့က ရရှိလာသောရွှေများကို ရောင်းဝယ်ဖောက်ကားကြရာ ငွေကြေးဖောင်းပွလာပြီး ၊ ကုန်ဈေးနှုန်းလည်းကြီးမြင့်လာလေသည်။ ရာဇဝတ်မှုများလည်း ထူပြောလာပြီး ပြည်သူများမှာ ကျီးလန့်တစာစာ အခြေအနေသို့ရောက်ကြရသည်။

မင်းကြီးမှာကား ရုပ်တုတော်ကိုကြည်ညိုစိတ်မပျောက်ပဲ မှူးမတ်တို့လုပ်ရက်လေခြင်းဟု စိတ်နှလုံးမသာယာကာ နာမကျန်းဖြစ်သည့်အခြေအနေသို့ရောက်သည်။ ထို့ကြောင့် တိုင်းပြည်ကို ကောင်းစွာ မထိန်းသိမ်းနိုင်တော့။ ထိုအချိန်တွင် သရေခေတ္တရာတောင်ဘက် အရပ်မှ ငစကောဖျက်၍ သရေခေတ္တရာပျက်မည်ဟု တဘောင်ပေါ်လေသည်။

တစ်နေ့ အမျိုးသမီးတစ်ဦး စပါးလှန်းနေရာမှ လေပြင်းတိုက်သည့်အခါ လှန်းထားသည့် စကောသည် လွင့်လေသည်။ အမျိုးသမီးသည် ထိုစကောနောက်သို့ အပြေးအလွှားလိုက်ပြီး “ငါ့စကော ငါ့စကော” ဟု အော်လေသည်။ ထိုသို့အော်သည်ကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သရေခေတ္တရာပြည်ကိုတိုက်ခိုက်ဖို့ ငစကောစစ်တပ်ကြီးချီလာပြီ ဟု အုန်းအုန်းကြွက်ကြွက်ဖြစ်ကာ မိသားစုအလိုက် လွတ်ရာသို့ ထွက်ပြေးကြသည်။

ထိုသို့ဆူညံပွက်လောရိုက်နေသည့် အချိန်အတွင်း မင်းကြီးလည်း နတ်ရွာစံလေသည်။ တိုင်းပြည်လည်း ပျက်သုဉ်းပြီး သရေခေတ္တရာမင်းဆက်လည်း ပြတ်လေသည်။ ထို့ကြောင့်လည်း သရေခေတ္တရာသည် စကောတစ်ချပ်ကြောင့် ပျက်ကြသည် ဟု ဆိုကြခြင်း ဖြစ်လေသည်။

Ref:
မဟာရာဇဝင်ကြီး
မြန်မာ့စွယ်စုံကျမ်း

ဖိုးသူတော် (www.phothutaw.com)
Credit: thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top