×

လိင္တူခ်စ္သူ စံုတြဲတစ္တြဲ ျဖစ္တဲ့ Fleur နဲ႔ Julian တို႔က lesbian စံုတြဲတစ္တြဲပါ။ သိပ္လဲခ်စ္ၾကပါတယ္။ ဘယ္ေလာက္ေတာင္ ခ်စ္ၾကသလဲဆို တစ္ေယာက္နဲ႔တစ္ေယာက္ အႀကိမ္ႀကိမ္လက္ထပ္ၾကမယ္လို႔ စီစဥ္ထားၾကတဲ့ စံုတြဲပါ။ သူတို႔ႏွစ္ေယာက္ဟာ လိင္တူစံုတြဲေတြကို တရားဝင္လက္ထပ္ခြင့္ေပးထားတဲ့ ႏိုင္ငံ၂၂ႏိုင္ငံလံုးမွာ လိုက္ၿပီး မဂၤလာပြဲက်င္းပမယ္လို႔ အစီအစဥ္ရွိထားပါတယ္။ ဒီအစီအစဥ္ကို Project 22 ဆိုၿပီး အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးပမ္းေနၾကတာပါ။ အခုအခါေတာ့ လိင္တူစံုတြဲ တရားဝင္လက္ထပ္ခြင့္ ေပးထားတဲ့ႏိုင္ငံက ႏွစ္ႏိုင္ငံ ထပ္တိုးေတာ့ ၂၄ႏိုင္ငံမွာ မဂၤလာပြဲ ၂၄ခု က်င္းပၾကမယ္ေပါ့ကြယ္။

သူတို႔ရဲက Project 22 က အရမ္းလူသိမ်ားေတာ့ သူတို႔ကို အင္တာဗ်ဴးခ်င္တဲ့ မီဒီယာေတြကလဲ အရမ္းမ်ားေပါ့ကြယ္။ လူေတြကလဲ သူတို႔မဂၤလာပြဲေတြကို သိပ္စိတ္ဝင္စားၾကတယ္။ သူတို႔ႏွစ္ေယာက္ကလဲ အနာဂတ္အတြက္ အစီအစဥ္ေတြခ်လို႔ ေပ်ာ္ေနၾကတာေပါ့။

ဒါေပမဲ့ ေယာင္းရယ္ ကံၾကမၼာဆိုတာႀကီးက ရက္စက္တယ္။ ဒီဇင္ဘာလထဲမွာ Fleur က သူ႔ facebook ကေန သတင္းတစ္ခု ေၾကျငာလိုက္ပါတယ္။ Julian တစ္ေယာက္ ကင္ဆာေရာဂါျဖစ္ေနပါတယ္တဲ့။

ဒီဇင္ဘာလ ၁၆ရက္ေန႔က Facebook စေတးတပ္မွာ Fleur ေရးထားတာကို ေအာက္မွာ ဖတ္ၾကည့္ႏိုင္ပါတယ္။

“ဒီအေၾကာင္းကို လူေတြသိေအာင္ ေျပာရမလား မေျပာရဘူးလား ဆံုးျဖတ္ဖို႔ အခ်ိန္ေတာ္ေတာ္ယူခဲ့ရပါတယ္။ ဒါေပမဲ့ ကၽြန္မတို႔ကို 22 အတြက္ အင္တာဗ်ဴးဖို႔ ကမ္းလွမ္းတာေတြ ဆက္တိုက္ရေနေတာ့ အေႏွးနဲ႔အျမန္ကေတာ့ လူေတြသိလာမွာပါပဲ။

ကၽြန္မရဲ႕ လွပတဲ့ဇနီး၊ ကၽြန္မဘဝရဲ႕ အခ်စ္ရဆံုးသူ Julian အသက္ဆံုးပါးႏိုင္တဲ့ ေရာဂါျဖစ္ေနပါတယ္။ Julian က အစာလဲမဝင္ မူးေတြလဲျဖစ္ေနလို႔ လြန္ခဲ့တဲ့တစ္ပတ္က ျပင္သစ္က ဆရာဝန္တစ္ေယာက္ကို ဖုန္းဆက္ခဲ့ပါတယ္။

ေဆးစစ္ခ်က္ေတြ လုပ္အၿပီးမွာ သူ႔ေခါင္းထဲနဲ႔ ႏွလံုးပတ္လည္မွာ အက်ိတ္ေတြ အမ်ားႀကီးရွိေနတာ ေတြ႔လိုက္ရတယ္။ ဆရာဝန္ေတြက သံုးလေနရင္ သူစကားေျပာႏိုင္တဲ့၊ မွတ္မိႏိုင္တဲ့အင္အား ရွိႏိုင္ေတာ့မွာ မဟုတ္ဘဲ ကိုမာဝင္သြားလိမ့္မယ္လို႔ ေျပာပါတယ္။ တကယ္ေတာ့ ဒီကိစၥျဖစ္ေနတာ လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္တည္းကပါ။ ဒါေပမဲ့ သူရင္သားကင္ဆာျဖစ္တုန္းက ဦးေႏွာက္ကို ဓာတ္မွန္မရိုက္ၾကည့္ျဖစ္တာေၾကာင့္ မသိခဲ့ရတာပါ။ ကံေကာင္းစြာပဲလို႔ ေျပာရပါမယ္ ဒီလိုေတြျဖစ္လာမယ္လို႔ မသိခင္ ကၽြန္မတို႔ေတြ ၁၈လၾကာေအာင္ အင္မတန္ေပ်ာ္ဖို႔ေကာင္းတဲ့ ဘဝေလးကို ပိုင္ဆိုင္ခဲ့ရတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ေလးခါျပန္ လက္ထပ္ႏိုင္ခဲ့တယ္။

ကၽြန္မတို႔ေတြ ဘဝတစ္ခုကို ရခဲ့ရာမွာ ဒီဘဝမွာ လုပ္ရမယ့္အလုပ္ေတြက ေနရာမွန္ အခ်ိန္မွန္မွာ ျဖစ္လာလိမ့္မယ္လို႔ ယံုၾကည့္ခဲ့ဖူးပါတယ္။ အခုကေတာ့ ဘဝဆိုတာ ျဖစ္ခ်င္တိုင္းျဖစ္ေနပါေတာ့တယ္။ တိမ္တိုက္မည္းေနာက္က ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလး ဆိုတာကလဲ ရွာေဖြမရပါဘူး။”

ဒီသတင္း ၾကားလိုက္တဲ့အခ်ိန္ အက္ဒမင္ အရမ္း တုန္လႈပ္သြားပါတယ္။ ဘဝႀကီးက ေမွ်ာ္လင့္ထားတဲ့အတိုင္း မဟုတ္ပါလားလို႔ ေတာ္ေတာ္လဲ သံေဝဂရသလို သူတို႔အတြက္လဲ ကိုယ္ခ်င္းစာ ဝမ္းနည္းမိပါတယ္။ အဲ့သတင္း မသိရခင္ လြန္ခဲ့တဲ့တစ္ပတ္ ဒီဇင္ဘာ ၉ရက္ေန႔ကမွ Fleur တင္ထားတဲ့ စေတးတပ္ေလးေၾကာင့္လဲ ပိုဝမ္းနည္းရတယ္။

“လြန္ခဲ့တဲ့ ၇ႏွစ္ ဒီလိုေန႔မ်ိဳးမွာ ကၽြန္မအတြက္ အေကာင္းဆံုးေသာ မိန္းကေလးကို ေတြ႔ခဲ့ရတယ္

၇ႏွစ္တာ ျခြင္းခ်က္မရွိ ခ်စ္ခဲ့ၾကတယ္။

၇ႏွစ္တိုင္တိုင္ စြန္႔စားခန္းေတြဖြင့္ခဲ့ၾကတယ္။

၇ႏွစ္လံုး တို႔ေတြစိတ္ကူးယဥ္ခဲ့တဲ့ဘဝကို ေနႏိုင္ေအာင္ ႀကိဳးစားခဲ့ၾကတယ္။

၇ႏွစ္ဆိုတာ ပဥၥလက္ဆန္ခဲ့ပါတယ္။

၇ႏွစ္လံုးမွာ သူ႔မ်က္ႏွာျမင္ရတိုင္း ေပ်ာ္ရႊင္ခဲ့ရတယ္။

၇ႏွစ္လံုးလံုး တို႔ေတြရဲ႕ ရူးသြပ္မႈေတြကို အခ်င္းခ်င္းယံုၾကည္ခဲ့ၾကတယ္။

၇ႏွစ္စာ သိခ်င္စိတ္ေတြနဲ႔ အိပ္မက္ေတြ မက္ခဲ့ၾကတယ္။

အခုအထိလဲ သူဟာကၽြန္မရဲ႕ တေလာကလံုးမွာ သေဘာအက်ဆံုး လူတစ္ေယာက္ပါ။

ေနာက္အႏွစ္ ငါးဆယ္ထိ ဆက္ခ်စ္ၾကမယ္။”

အခုေတာ့ေယာင္းရယ္ ကံၾကမၼာရဲ႕ႏွိပ္စက္မႈေၾကာင့္ သူတို႔ေတြ အႏွစ္ငါးဆယ္ ခ်စ္ဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ပါဘူး။ သံုးလတဲ့… သံုးလေနရင္ Julian ဟာ သတိမရွိေတာ့တဲ့ သူတစ္ေယာက္ ျဖစ္သြားေတာ့မယ္။ သူခ်စ္တဲ့ Fleur နဲ႔တူတူ က်န္ေသးတဲ့ ႏိုင္ငံ၂၀မွာ လက္ထပ္ပြဲမလုပ္ႏို္င္ေတာ့ဘူး။

ဒီသတင္းေရးရင္း အက္ဒမင္ငိုေနရပါတယ္။ ကိုယ့္ခ်စ္သူသာ ဒီလိုဆိုရင္လို႔ ေတြးမိတိုင္း မ်က္ရည္မဆည္ႏိုင္ပါဘူး။ ကိုယ္ခ်င္းစာမိတာနဲ႔အတူ ခ်စ္သူကိုလဲ ကုိယ္နဲ႔အၾကာႀကီးေနေနာ္လို႔ အႀကိမ္ႀကိမ္သြားေျပာ ေနမိပါတယ္။ အခုေတာ့ Fleur နဲ႔ Julian တို႔အတြက္ အက္ဒမင္တို႔လုပ္ေပးႏိုင္တာက ဆုေတာင္ေပးတာပဲ ရွိပါတယ္။ ေယာင္းတို႔လဲ အက္ဒမင္တို႔နဲ႔အတူ လိုက္ဆုေတာင္ေပးၾကေနာ္။

Reference : No Straight News | Metro

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Khine (For Her Myanmar)

#  Unicode Version ျဖင့္ ဖတ္ပါ #
လိင်တူချစ်သူ စုံတွဲတစ်တွဲ ဖြစ်တဲ့ Fleur နဲ့ Julian တို့က lesbian စုံတွဲတစ်တွဲပါ။ သိပ်လဲချစ်ကြပါတယ်။ ဘယ်လောက်တောင် ချစ်ကြသလဲဆို တစ်ယောက်နဲ့တစ်ယောက် အကြိမ်ကြိမ်လက်ထပ်ကြမယ်လို့ စီစဉ်ထားကြတဲ့ စုံတွဲပါ။ သူတို့နှစ်ယောက်ဟာ လိင်တူစုံတွဲတွေကို တရားဝင်လက်ထပ်ခွင့်ပေးထားတဲ့ နိုင်ငံ၂၂နိုင်ငံလုံးမှာ လိုက်ပြီး မင်္ဂလာပွဲကျင်းပမယ်လို့ အစီအစဉ်ရှိထားပါတယ်။ ဒီအစီအစဉ်ကို Project 22 ဆိုပြီး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေကြတာပါ။ အခုအခါတော့ လိင်တူစုံတွဲ တရားဝင်လက်ထပ်ခွင့် ပေးထားတဲ့နိုင်ငံက နှစ်နိုင်ငံ ထပ်တိုးတော့ ၂၄နိုင်ငံမှာ မင်္ဂလာပွဲ ၂၄ခု ကျင်းပကြမယ်ပေါ့ကွယ်။

သူတို့ရဲက Project 22 က အရမ်းလူသိများတော့ သူတို့ကို အင်တာဗျူးချင်တဲ့ မီဒီယာတွေကလဲ အရမ်းများပေါ့ကွယ်။ လူတွေကလဲ သူတို့မင်္ဂလာပွဲတွေကို သိပ်စိတ်ဝင်စားကြတယ်။ သူတို့နှစ်ယောက်ကလဲ အနာဂတ်အတွက် အစီအစဉ်တွေချလို့ ပျော်နေကြတာပေါ့။

ဒါပေမဲ့ ယောင်းရယ် ကံကြမ္မာဆိုတာကြီးက ရက်စက်တယ်။ ဒီဇင်ဘာလထဲမှာ Fleur က သူ့ facebook ကနေ သတင်းတစ်ခု ကြေငြာလိုက်ပါတယ်။ Julian တစ်ယောက် ကင်ဆာရောဂါဖြစ်နေပါတယ်တဲ့။

ဒီဇင်ဘာလ ၁၆ရက်နေ့က Facebook စတေးတပ်မှာ Fleur ရေးထားတာကို အောက်မှာ ဖတ်ကြည့်နိုင်ပါတယ်။

“ဒီအကြောင်းကို လူတွေသိအောင် ပြောရမလား မပြောရဘူးလား ဆုံးဖြတ်ဖို့ အချိန်တော်တော်ယူခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကို 22 အတွက် အင်တာဗျူးဖို့ ကမ်းလှမ်းတာတွေ ဆက်တိုက်ရနေတော့ အနှေးနဲ့အမြန်ကတော့ လူတွေသိလာမှာပါပဲ။

ကျွန်မရဲ့ လှပတဲ့ဇနီး၊ ကျွန်မဘဝရဲ့ အချစ်ရဆုံးသူ Julian အသက်ဆုံးပါးနိုင်တဲ့ ရောဂါဖြစ်နေပါတယ်။ Julian က အစာလဲမဝင် မူးတွေလဲဖြစ်နေလို့ လွန်ခဲ့တဲ့တစ်ပတ်က ပြင်သစ်က ဆရာဝန်တစ်ယောက်ကို ဖုန်းဆက်ခဲ့ပါတယ်။

ဆေးစစ်ချက်တွေ လုပ်အပြီးမှာ သူ့ခေါင်းထဲနဲ့ နှလုံးပတ်လည်မှာ အကျိတ်တွေ အများကြီးရှိနေတာ တွေ့လိုက်ရတယ်။ ဆရာဝန်တွေက သုံးလနေရင် သူစကားပြောနိုင်တဲ့၊ မှတ်မိနိုင်တဲ့အင်အား ရှိနိုင်တော့မှာ မဟုတ်ဘဲ ကိုမာဝင်သွားလိမ့်မယ်လို့ ပြောပါတယ်။ တကယ်တော့ ဒီကိစ္စဖြစ်နေတာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တည်းကပါ။ ဒါပေမဲ့ သူရင်သားကင်ဆာဖြစ်တုန်းက ဦးနှောက်ကို ဓာတ်မှန်မရိုက်ကြည့်ဖြစ်တာကြောင့် မသိခဲ့ရတာပါ။ ကံကောင်းစွာပဲလို့ ပြောရပါမယ် ဒီလိုတွေဖြစ်လာမယ်လို့ မသိခင် ကျွန်မတို့တွေ ၁၈လကြာအောင် အင်မတန်ပျော်ဖို့ကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ခဲ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် လေးခါပြန် လက်ထပ်နိုင်ခဲ့တယ်။

ကျွန်မတို့တွေ ဘဝတစ်ခုကို ရခဲ့ရာမှာ ဒီဘဝမှာ လုပ်ရမယ့်အလုပ်တွေက နေရာမှန် အချိန်မှန်မှာ ဖြစ်လာလိမ့်မယ်လို့ ယုံကြည့်ခဲ့ဖူးပါတယ်။ အခုကတော့ ဘဝဆိုတာ ဖြစ်ချင်တိုင်းဖြစ်နေပါတော့တယ်။ တိမ်တိုက်မည်းနောက်က မျှော်လင့်ချက်ရောင်ခြည်လေး ဆိုတာကလဲ ရှာဖွေမရပါဘူး။”

ဒီသတင်း ကြားလိုက်တဲ့အချိန် အက်ဒမင် အရမ်း တုန်လှုပ်သွားပါတယ်။ ဘဝကြီးက မျှော်လင့်ထားတဲ့အတိုင်း မဟုတ်ပါလားလို့ တော်တော်လဲ သံဝေဂရသလို သူတို့အတွက်လဲ ကိုယ်ချင်းစာ ဝမ်းနည်းမိပါတယ်။ အဲ့သတင်း မသိရခင် လွန်ခဲ့တဲ့တစ်ပတ် ဒီဇင်ဘာ ၉ရက်နေ့ကမှ Fleur တင်ထားတဲ့ စတေးတပ်လေးကြောင့်လဲ ပိုဝမ်းနည်းရတယ်။

“လွန်ခဲ့တဲ့ ၇နှစ် ဒီလိုနေ့မျိုးမှာ ကျွန်မအတွက် အကောင်းဆုံးသော မိန်းကလေးကို တွေ့ခဲ့ရတယ်

၇နှစ်တာ ခြွင်းချက်မရှိ ချစ်ခဲ့ကြတယ်။

၇နှစ်တိုင်တိုင် စွန့်စားခန်းတွေဖွင့်ခဲ့ကြတယ်။

၇နှစ်လုံး တို့တွေစိတ်ကူးယဉ်ခဲ့တဲ့ဘဝကို နေနိုင်အောင် ကြိုးစားခဲ့ကြတယ်။

၇နှစ်ဆိုတာ ပဉ္စလက်ဆန်ခဲ့ပါတယ်။

၇နှစ်လုံးမှာ သူ့မျက်နှာမြင်ရတိုင်း ပျော်ရွှင်ခဲ့ရတယ်။

၇နှစ်လုံးလုံး တို့တွေရဲ့ ရူးသွပ်မှုတွေကို အချင်းချင်းယုံကြည်ခဲ့ကြတယ်။

၇နှစ်စာ သိချင်စိတ်တွေနဲ့ အိပ်မက်တွေ မက်ခဲ့ကြတယ်။

အခုအထိလဲ သူဟာကျွန်မရဲ့ တလောကလုံးမှာ သဘောအကျဆုံး လူတစ်ယောက်ပါ။

နောက်အနှစ် ငါးဆယ်ထိ ဆက်ချစ်ကြမယ်။”

အခုတော့ယောင်းရယ် ကံကြမ္မာရဲ့နှိပ်စက်မှုကြောင့် သူတို့တွေ အနှစ်ငါးဆယ် ချစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ သုံးလတဲ့… သုံးလနေရင် Julian ဟာ သတိမရှိတော့တဲ့ သူတစ်ယောက် ဖြစ်သွားတော့မယ်။ သူချစ်တဲ့ Fleur နဲ့တူတူ ကျန်သေးတဲ့ နိုင်ငံ၂၀မှာ လက်ထပ်ပွဲမလုပ်နိုင်တော့ဘူး။

ဒီသတင်းရေးရင်း အက်ဒမင်ငိုနေရပါတယ်။ ကိုယ့်ချစ်သူသာ ဒီလိုဆိုရင်လို့ တွေးမိတိုင်း မျက်ရည်မဆည်နိုင်ပါဘူး။ ကိုယ်ချင်းစာမိတာနဲ့အတူ ချစ်သူကိုလဲ ကိုယ်နဲ့အကြာကြီးနေနော်လို့ အကြိမ်ကြိမ်သွားပြော နေမိပါတယ်။ အခုတော့ Fleur နဲ့ Julian တို့အတွက် အက်ဒမင်တို့လုပ်ပေးနိုင်တာက ဆုတောင်ပေးတာပဲ ရှိပါတယ်။ ယောင်းတို့လဲ အက်ဒမင်တို့နဲ့အတူ လိုက်ဆုတောင်ပေးကြနော်။

Reference : No Straight News | Metro

ဖိုးသူတော် (www.phothutaw.com)
Credit: Khine (For Her Myanmar)



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top