ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyiျဖင့္ဖတ္ရန္ #

ဘဂၤါလီ အၾကမ္းဖက္ သမား ၁၀ ဦးအား အင္းဒင္ေက်းရြာသုသာန္ကို ေခၚေဆာင္ သတ္ျဖတ္ခဲ့တာ စစ္ေဆးေတြ႔ရွိရတဲ့အေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကာေရးအဖြဲ႔က ထုတ္ျပန္လိုက္ပါတယ္။

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာသုသာန္မွာ အမည္မသိ ႐ုပ္အေလာင္းေတြ ေတြ႔ရွိမႈနဲ႔ပတ္သက္ၿပီး တပ္မေတာ္ စုံစမ္းစစ္ေဆးေရးအဖဲြ႔ စစ္ေဆးေတြ႔ရွိခ်က္ကို ဒီဇင္ဘာ ၁၀ ရက္က သတင္းထုတ္လိုက္တာပါ။

စစ္ေဆးေတြ႔ရွိခ်က္အရ အင္းဒင္ရြာမွာ လုံၿခဳံေရးေဆာင္ရြက္ေနတဲ့ လုံၿခံဳေရး တပ္ဖြဲ႔ဝင္ေတြဟာ စက္တင္ဘာ ၁ ရက္က နယ္ေျမရွင္းလင္းစဥ္ ဘဂၤါလီ အၾကမ္းဖက္အင္အား ၂၀၀ ဦးခန္႔က တုတ္၊ ဓားေတြနဲ႔ တုိက္ခိုက္ခဲ့လို႔ ေသနတ္မုိးေပၚေထာင္ေဖာက္ သတိေပး တားျမစ္ခဲ့ၿပီးေနာက္ ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ၄င္းတို႔ကို စာသင္ေက်ာင္းမွာ ခ်ဳပ္ေႏွာင္ထားစဥ္ စစ္ေဆးေမးျမန္းခ်က္ေတြအရ ေမာ္လဝီဆရာေတြက အၾကမ္းဖက္လုပ္ငန္းေတြမွာ အဖြဲ႔ဝင္အျဖစ္ ပါဝင္ေဆာင္ရြက္ဖို႔ စည္း႐ုံးခံထားရသူေတြ ျဖစ္ေၾကာင္း ေတြ႔ရွိခဲ့တယ္လုိ႔ ဆိုပါတယ္။

၎ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးကို လုပ္ထုံးလုပ္နည္းနဲ႔အညီ ရဲစခန္းကို အပ္ႏွံရမွာျဖစ္ေပမယ့္၊ အဲဒီအခ်ိန္ကာလမွာ နယ္ေျမတဝိုက္ အၾကမ္းဖက္တုိက္ခိုက္မႈေတြ ဆက္တုိက္ျဖစ္ပြားေနၿပီး ရဲစခန္းသို႔ လက္ဆင့္ကမ္း ပို႔ေဆာင္ႏိုင္တဲ့ အေျခအေန မရွိတာေၾကာင့္ သူတို႔ကို သုသာန္ကိုေခၚေဆာင္သတ္ျဖတ္ဖို႔ ဆံုးျဖတ္ခဲ့တာ ေတြ႔ရတယ္လို႔ ဆိုပါတယ္။

၎ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးကို စာသင္ေက်ာင္းမွာ ဖမ္းဆီးထိန္းသိမ္းထားရာမွ စက္တင္ဘာ ၂ ရက္ နံနက္ ၈ နာရီမွာ အင္းဒင္ေက်းရြာ ပဲ႐ုံသုႆန္ကို ေခၚေဆာင္သြားခဲ့ေၾကာင္း၊ ဘဂၤါလီ အၾကမ္းဖက္သမားေတြရဲ႕ သတ္ျဖတ္ျခင္းခံရသူ ဦးေမာင္နီရဲ႕ သားေတြအပါအဝင္ ရြာသား ၁၀ ဦးကလည္း ဓားနဲ႔ ေပါက္ျပားေတြ ကိုင္ေဆာင္ လိုက္ပါသြားခဲ့ေၾကာင္း စစ္ေဆးေတြ႔ရွိရတယ္လို႔ သိရပါတယ္။

“ပဲ႐ုံသုသာန္ ေရာက္ရွိခ်ိန္တြင္ ရြာသားအခ်ိဳ႕က ေတာင္ကုန္း ၂ ခုၾကား လၽွဳိအတြင္း က်င္းတူးခဲ့ေၾကာင္း၊ ထုိ႔ေနာက္ ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးအား က်င္းအတြင္း ဆင္းေစၿပီး ဦးေမာင္နီ၏ သားျဖစ္သူ ၂ ဦးႏွင့္ ရြာသား ၁ ဦးတုိ႔က ဘဂၤါလီအၾကမ္းဖက္သမားမ်ားကို ဓားျဖင့္ ခုတ္ခဲ့ေၾကာင္း၊ ၎ေနာက္႐ုန္းရင္းဆန္ခတ္ျဖစ္ေနသျဖင့္ က်င္းအနီးရွိ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ ၄ ဦးကလည္း ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ခဲ့ေၾကာင္း ေပၚေပါက္ခဲ့သည္။”လို႔ တပ္မေတာ္သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

အဆုိပါျဖစ္စဥ္မွာ အင္းဒင္ေက်းရြာမွ ရြာသားတခ်ဳိ႕နဲ႔ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြက ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးကို သတ္ျဖတ္ခဲ့တာ မွန္ကန္ေၾကာင္း ဝန္ခံထြက္ဆုိခဲ့လို႔ ပါဝင္ပတ္သက္သူ ရြာသားေတြနဲ႔ ထိေတြ႔တုိက္ခိုက္မႈ စည္းမ်ဥ္းမ်ား (Rules of Engagement) အား ခ်ိဳးေဖာက္ခဲ့တဲ့ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြကို ဥပေဒနဲ႔အညီ အေရးယူမယ့္အျပင္ ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ အထက္ဌာနအဆင့္ဆင့္သို႔ တင္ျပခဲ့ျခင္းမရွိေၾကာင္း ေတြ႔ရွိရလို႔ တုိက္႐ုိက္ပါဝင္ပတ္သက္မႈ မရွိေသာ္လည္း ကြပ္ကဲဖို႔ တာဝန္ရွိသူေတြကိုလည္း လုိအပ္သလုိ ေဖာ္ထုတ္အေရးယူမယ္လို႔ တပ္မေတာ္က ေျပာပါတယ္။

ဒီျဖစ္စဥ္မွာ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြ ပါဝင္ပတ္သက္ခဲ့မႈ ရွိ၊ မရွိ စစ္ေဆးဖို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုဗုိလ္ခ်ဳပ္ႀကီးေအးဝင္းဦးစီးတဲ့ အဖြဲ႔ဝင္ ၅ ဦးပါ စုံစမ္းစစ္ေဆးေရးအဖြဲ႔က ၂၀၁၇ ဒီဇင္ဘာ ၂၀ ရက္မွ ၂၀၁၈ ဇန္န၀ါရီ ၂ ရက္အထိ အခင္းျဖစ္ပြားခဲ့တ့ဲ ေနရာေတြကုိ သြားေရာက္ၿပီး တပ္မေတာ္သား သက္ေသ ၂၁ ဦး၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔မွ တပ္ဖြဲ႔ဝင္ ၃ ဦး၊ အမွတ္ (၈) လုံၿခဳံေရးတပ္ဖြဲ႔ခြဲမွ တပ္ဖြဲ႔ဝင္ ၁၃ ဦး၊ အင္းဒင္ရြာသား ၆ ဦးနဲ႔ ဌာနဆုိင္ရာဝန္ထမ္း ၆ ဦးတုိ႔ကို စစ္ေဆးခဲ့ပါတယ္။

ဓာတ္ပံု-CINCDS

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
# Unicodeဖြင့်ဖတ်ရန် #

ဘင်္ဂါလီ အကြမ်းဖက် သမား ၁၀ ဦးအား အင်းဒင်ကျေးရွာသုသာန်ကို ခေါ်ဆောင် သတ်ဖြတ်ခဲ့တာ စစ်ဆေးတွေ့ရှိရတဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိ ရုပ်အလောင်းတွေ တွေ့ရှိမှုနဲ့ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးတွေ့ရှိချက်ကို ဒီဇင်ဘာ ၁၀ ရက်က သတင်းထုတ်လိုက်တာပါ။

စစ်ဆေးတွေ့ရှိချက်အရ အင်းဒင်ရွာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁ ရက်က နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီ အကြမ်းဖက်အင်အား ၂၀၀ ဦးခန့်က တုတ်၊ ဓားတွေနဲ့ တိုက်ခိုက်ခဲ့လို့ သေနတ်မိုးပေါ်ထောင်ဖောက် သတိပေး တားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့ကို စာသင်ကျောင်းမှာ ချုပ်နှောင်ထားစဉ် စစ်ဆေးမေးမြန်းချက်တွေအရ မော်လဝီဆရာတွေက အကြမ်းဖက်လုပ်ငန်းတွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ စည်းရုံးခံထားရသူတွေ ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို လုပ်ထုံးလုပ်နည်းနဲ့အညီ ရဲစခန်းကို အပ်နှံရမှာဖြစ်ပေမယ့်၊ အဲဒီအချိန်ကာလမှာ နယ်မြေတဝိုက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရဲစခန်းသို့ လက်ဆင့်ကမ်း ပို့ဆောင်နိုင်တဲ့ အခြေအနေ မရှိတာကြောင့် သူတို့ကို သုသာန်ကိုခေါ်ဆောင်သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို စာသင်ကျောင်းမှာ ဖမ်းဆီးထိန်းသိမ်းထားရာမှ စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီမှာ အင်းဒင်ကျေးရွာ ပဲရုံသုဿန်ကို ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းခံရသူ ဦးမောင်နီရဲ့ သားတွေအပါအဝင် ရွာသား ၁၀ ဦးကလည်း ဓားနဲ့ ပေါက်ပြားတွေ ကိုင်ဆောင် လိုက်ပါသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။

“ပဲရုံသုသာန် ရောက်ရှိချိန်တွင် ရွာသားအချို့က တောင်ကုန်း ၂ ခုကြား လျှိုအတွင်း ကျင်းတူးခဲ့ကြောင်း၊ ထို့နောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ကျင်းအတွင်း ဆင်းစေပြီး ဦးမောင်နီ၏ သားဖြစ်သူ ၂ ဦးနှင့် ရွာသား ၁ ဦးတို့က ဘင်္ဂါလီအကြမ်းဖက်သမားများကို ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ ၎င်းနောက်ရုန်းရင်းဆန်ခတ်ဖြစ်နေသဖြင့် ကျင်းအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးကလည်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။”လို့ တပ်မတော်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါဖြစ်စဉ်မှာ အင်းဒင်ကျေးရွာမှ ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို သတ်ဖြတ်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့လို့ ပါဝင်ပတ်သက်သူ ရွာသားတွေနဲ့ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) အား ချိုးဖောက်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ အရေးယူမယ့်အပြင် ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရလို့ တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိသော်လည်း ကွပ်ကဲဖို့ တာဝန်ရှိသူတွေကိုလည်း လိုအပ်သလို ဖော်ထုတ်အရေးယူမယ်လို့ တပ်မတော်က ပြောပါတယ်။

ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခဲ့မှု ရှိ၊ မရှိ စစ်ဆေးဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီးအေးဝင်းဦးစီးတဲ့ အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၈ ဇန်နဝါရီ ၂ ရက်အထိ အခင်းဖြစ်ပွားခဲ့တဲ့ နေရာတွေကို သွားရောက်ပြီး တပ်မတော်သား သက်သေ ၂၁ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ အင်းဒင်ရွာသား ၆ ဦးနဲ့ ဌာနဆိုင်ရာဝန်ထမ်း ၆ ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။

ဓာတ်ပုံ-CINCDS

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top