AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi ျဖင့္ဖတ္၇န္ #

လူနာကို ႏွာေခါင္းပိုက္ တည့္သည့္အခ်ိန္မွ စ၍ ဆရာဝန္ ဆရာမ ေတြ အံ့ၾသတုန္လႈပ္ၾကရပါသည္။ ႏွာေခါင္းမွ တဆင့္ အစာအိမ္ထဲရွိ အစာႏွင့္ အညစ္အေၾကးမ်ားကို ပိုက္ျဖင့္ စုပ္ယူသည့္အခါ ရလာသည့္ အရာမ်ားကို ၾကည့္ၿပီး ကြၽန္မတို႔လန႔္သြားသည္ပဲ ဆိုၾကပါစို႔။ဘုရားေရ.. အဲဒါဘာေတြလဲ ႏွာေခါင္းပိုက္ ထဲက ရလာသည့္ အရည္ေစးပ်စ္ပ်စ္မ်ားသည္ ညိဳညစ္ညစ္ အေရာင္ ရွိကာ ဆိုးဆိုးဝါးဝါး နံေစာ္ လွသည္။ ထိုအနံ႔သည္ ပုပ္ေဟာင္သည့္ အနံ႔ႏွင့္ မစင္နံ႔ေစာ္လွသည္။ ထိုအနံ႔သည္ ပုပ္ေဟာင္သည့္အနံ႔ႏွင့္ မစင္နံ႔ေရာထား သည့္ အနံ႔ျဖစ္သည္။ ဘာေၾကာင့္လဲ၊ လူနာ၏ အစာအိမ္မွာ သည္မစင္နံ႔ရွိသည့္ အညစ္အေၾကး ရည္ေတြဟာ ဘာေၾကာင့္ရွိေနရတာလဲ။ ႏွာေခါင္းပိုက္ ဟူသည္ အစာအိမ္ ထဲမွတစ္ပါး အျခား မည္သည့္ ကိုယ္အဂၤါ အစိတ္အပိုင္းဆီမွ ေရာက္ႏိုင္ေျခမရွိတာ အထင္အရွားပဲ။ သို႔ပါလ်က္ ရလာသည့္ အညစ္အေၾကးက အစာအိမ္ထဲက အညစ္အေၾကးနံ႔ျဖစ္ေနသည္။

ဆိုေတာ့.. လူနာ၏ ဝမ္းဗိုက္ကို ဖြင့္လွ်င္ ဘယ္လိုအေျခအေနမ်ိဳးကို ေတြ႕ရမွာလဲ၊ ျဖစ္ႏိုင္ေျခမွာ သိပ္မ်ားမ်ားစားစား စဥ္းစားရန္ မလို။ လူနာကို အျမန္ဆုံး ခြဲစိတ္ကုသရန္ အေျပးအလႊား ျပင္ဆင္ၾကရသည္။အဲသည္အခ်ိန္ကစၿပီး လူနာႏွင့္ ပတ္သတ္သည့္ အေၾကာင္းအရာသည္ ျပႆနာတစ္ရပ္ အျဖစ္ ကြၽန္မ အာ႐ုံထဲသို႔ စတင္ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ႏိုင္ပါသည္။

ဆရာဝန္ ဘဝတြင္ လူနာ၏ ေရာဂါကို သက္သာေအာင္ ကုသေပးသည့္အျဖစ္၊ အသက္ကယ္တင္လိုက္ရသည့္ အျဖစ္တို႔သည္ ဤလူနာႏွင့္ ပတ္သတ္ၿပီး အၿပီးသတ္ အခန္းက႑မ်ား ျဖစ္တတ္သည္။ၿပီးၿပီ။ သူ႔ကို ကုသေပးၿပီးၿပီ။ သူအသက္မေသေတာ့ဘူး။ ထိုက႑သည္ ေတာ္ေတာ္ပီတိျဖစ္စရာေကာင္းလွ၏။ အဲသည္ေနာက္ မွာ လူနာႏွင့္ ပတ္သက္သည့္ အေတြးဆိုတာ မက်န္ခဲ့ေတာ့ေပ။ အမ်ားစုေသာ လူနာကုသမႈ အေတြ႕အႀကဳံသည္ သည္အတိုင္းပဲ ျဖစ္သည္။

သို႔ေသာ္ အခ်ိဳ႕ ကိစၥမ်ားမွာေတာ့ အဲသည္လို မဟုတ္ေပ။ လူနာကို ကုသၿပီးေနာက္မွ လူနာႏွင့္ ပတ္သတ္သည့္ အေတြးတို႔က ေခါင္းထဲဝင္လာေနတတ္တာမ်ိဳးလည္း ရွိသည္။ ထိုအခါမ်ိဳးတြင္ ကြၽန္မသည္ သီးသန႔္မွတ္စုစာအုပ္တစ္ခုတြင္ လူနာႏွင့္ပတ္သက္သည့္ အေတြး သို႔မဟုတ္ ျပႆနာကို ေရးမွတ္ ရတတ္သည္။ ယခုလူနာမွာ ကိုယ္ဝန္ဖ်က္ခ်ရာမွ ေသြးဆိပ္သင့္အဖ်ား (epticemia) ေရာဂါ ခံစားေနရသည့္ အမ်ိဳးသမီးလူနာတစ္ေယာက္ ျဖစ္သည္။

ကိုယ္ဝန္ဖ်က္ခ်ျခင္းသည္ တရားဥပေဒကို ခ်ိဳးေဖာက္ျခင္းပင္ျဖစ္သည္။ ရာဇသတ္ႀကီး ပုဒ္မ ၃၁၂ ျဖင့္ ၿငိသည္။ ထို႔ေၾကာင့္လည္း ကိုယ္ဝန္ဖ်က္ခ်သူ လူနာတို႔သည္ ျပည္သူ႔ေဆး႐ုံႏွင့္ မပတ္သတ္လိုၾကေပ။ အသက္ အႏၲရာယ္ စိုးရိမ္ရေလာက္ေအာင္ ေနာက္ဆက္တြဲ နာမက်န္းမႈ ဒုကၡ ေတြကို ႀကဳံေတြ႕လာရမွ ေဆး႐ုံသို႔ ေရာက္လာတတ္ၾကသည္။ ဒါေတာင္မွ အရွက္ႏွင့္ အသက္ ဟူသည့္ ဘယ္တုန္းက ၿစီပီးေပၚေပါက္ခဲ့မွန္း မသိသည္ ေ႐ြးခ်ယ္မႈႀကီးတစ္ခုကို တခ်ိဳ႕က လက္ကိုင္ထားေနတတ္ေသး၏။ “အသက္သာ အေသခံမယ္၊ အရွက္ ကြဲ မခံႏိုင္ဘူး” ဆိုတာမ်ိဳးျဖင့္ ေခါင္းမာသည့္ ကိစၥေတြ ရွိတတ္ေသး၏။ “အရွက္” ဆိုေသာ အရာတြင္ မိမိက ဘယ္ေလာက္ အက်ဳံးဝင္ေနသလဲ၊ အဲသည္ “အရွက္” ၏ အေလးအေပါ့၊ အတိမ္အနက္ ႏွင့္ မိမိႏွင့္ သက္ဆိုင္ေနသည့္ တာဝန္ ဘယ္ေလာက္ရွိေနလို႔လဲ၊ အဲသည္ အရွက္၏ အဓိက တရားခံမွာ မိမိ တစ္ေယာက္တည္း ျဖစ္ေနလို႔ မိမိက လူမသိ သူမသိ အေသခံရမွာလား.. စသည္ .. စသည္.. အေတြးမ်ားကို ျမန္မာအိမ္ေထာင္စုမ်ား ေတြးေလ့မရွိၾကေပ။

အရွက္ကြဲမခံရခ်င္၍ အသက္အေသခံသြားရသည့္ မိန္းမေတြ ဘယ္ေလာက္ရွိေနၿပီလဲ။ ဤ ကိစၥတြင္ လူနာရွင္ သို႔မဟုတ္ ေဆြမ်ိဳးသားခ်င္းတို႔၏ တတ္သိလိမၼာစြာ ကိုင္တြယ္ ေျဖရွင္း တတ္မႈ အမ်ားႀကီး လိုအပ္ ပါသည္။ယခုလူနာကေတာ့ အဲသည္ အသက္ ႏွင့္ အရွက္ ကိစၥအျပင္ ဆင္းရဲႏြမ္းပါးသည့္ ကိစၥပါ တြဲစပ္လိုက္ျခင္းေၾကာင့္ အသက္ငင္ေနသည့္ အေျခအေနေရာက္မွ ကြၽန္မတို႔အဖြဲ႕ႏွင့္ ေတြ႕ရျခင္းျဖစ္ပါသည္။

ကြၽန္မတို႔နယ္လွည့္ေဆးကုသသည့္ အစီအစဥ္တစ္ခုကို အလ်ဥ္းသင့္သလို မၾကာခဏ ျပဴလုပ္ေဆာင္႐ြက္ေလ့ ရွိၾကသည္။ ကြၽန္မတို႔ အဖြဲ႕မွာ ေဆး႐ုံက ကေလးအထူးကု ဆရာဝန္ ပါသည္။ သမားေတာ္ ပါသည္။ မီးယပ္ သားဖြား အထူးကု ဆရာဝန္ ပါသည္။ ေဆး႐ုံတြင္ အခါအားေလ်ာ္စြာ လုပ္အားေပးဆရာဝန္ အျဖစ္ တာဝန္ ယူေလ့ရွိသည့္ ျပင္ပေဆးကုဆရာဝန္ ကြၽန္မပါသည္။ ၿမိဳ႕နယ္စု အတြင္း ႐ြာသိမ္ ႐ြာမႊားေလးေတြအထိ ခရီးစဥ္ ခ်၍ သြားေရာက္ကုသ ေပးလ်က္ ရွိရာ႐ြာေသးေသးကေလး တစ္ခုမွ အသက္အႏၲရာယ္ အေျခအေန အထိ ေရာက္ေနၿပီျဖစ္ေသာ ယခုလူနာကို မရည္႐ြယ္ဘဲ သြားၾကည့္ခြင့္ ရခဲ့ဲျခင္း ျဖစ္သည္။

လူနာရွင္က လာပင့္ေခၚျခင္းမဟုတ္ပါ။ လူနာ၏ အသိ မိတ္ေဆြတစ္ဦးက ကြၽန္မတို႔ ေဆးကုရာ စခန္းသို႔ ေရာက္လာၿပီး သတင္းေပးျခင္းျဖစ္သည္။ ဆရာမႀကီးတို႔ရယ္.. ႐ြာေတာင္ဖ်ားမွာ ငန္းဖမ္းၿပီး ကေယာင္ကတမ္း ျဖစ္ေနတဲ့ ကေလးမေလးတစ္ေယာက္ရွိပါတယ္ေတာ္။ ဟိုဘက္သည္ဘက္ေတာင္ မေစာင္းႏိုင္ေတာ့ပါဘူး။ ႀကဳံရင္ လိုက္ၾကည့္ေပးပါ။ ကေလးမေလးက အသက္အငယ္ေလး ရွိေသးတာ။

“ဒီေခၚလာလို႔ မျဖစ္ဘူးလား” ဟု ကြၽန္မတို႔က ေမးၾကည့္သည္။

“လွည္းေဆာင့္လိုက္ရင္ တစ္ခ်က္တည္း အသက္ထြက္မွာပဲ” ဟု သူက ထင္ျမင္ခ်က္ေပး၏။ ဆိုလိုသည္က ဤေဆးခန္းသို႔ လာေရာက္ဖို႔ အေျခအေန မရွိဘူးေပါ့။ ကြၽန္မတို႔အတြက္က လူနာတစ္ေယာက္ကိုသြားၾကည့္ၿပီးကုသေပးဖို႔ ဘာအခက္အခဲ ျပႆနာမွ မျဖစ္ပါ။ သူတို႔ကို ကုသေပးလို၍ပဲ ၿမိဳ႕ေပၚ ေဆး႐ုံႀကီးမွ ေဝးလံေသာ ဤ်႐ြာကေလးအထိ ေရာက္ခဲ့ၿပီးၿပီ မဟုတ္လား.. သြားၾကည့္ၾကတာေပါ့။

အဲသည္ နည္းျဖင့္ ယခုလူနာကို ကြၽန္မတို႔ ေတြ႕ခဲ့ရျခင္းျဖစ္သည္။

အိမ္သည္ ႐ြာအိမ္ေတြထဲမွာမွ ပို၍ႏြမ္းပါးေသာအိမ္ျဖစ္သည္။ ဝါးထရံအေပါက္အၿပဲကို စကၠဴမ်ား၊ အင္ဖက္မ်ား ေရာေႏွာၿပီးကာကြယ္ထားရသည့္ အိမ္။

လူနာရွိရာ အိမ္အတြင္းခန္းသည္ ထိုအိမ္၏ တစ္ခုတည္းေသာ အခန္းျဖစ္၏။ လူနာသည္ ဖ်ာၾကမ္း ေစာင္ႏြမ္းႏြမ္းေပၚမွာ လဲေလ်ာင္းလ်က္ ရွိသည္။ ဘဝကူးေကာင္းေစရန္ ဟူေသာ ရည္႐ြယ္ခ်က္ျဖင့္ အနီးမွာ အမ်ိဳးသမီးႀကီး ႏွစ္ေယာက္က ထိုင္ၿပီး ဘုရားစာမ်ား ႐ြတ္ဖတ္ေနၾကသည္။

“ဆရာဝန္ေတြလာတယ္” ဟုတစုံတေယာက္က ခပ္တိုးတိုး အသိေပးေသာအခါ လူနာ၏ ေခါင္းရင္းမွာ ထိုင္၍ လူနာကို ငုံ႔ၾကည့္႐ြတ္ဖတ္ေနေသာ အေဒၚႀကီးက ေမာ့ၾကည့္၏။ အေဒၚႀကီး၏ မ်က္ဝန္းမွာ ခိုတြဲေနေသာ မ်က္ရည္မ်ားႏွင့္ ေရာ ၿပီး ပူပင္ေသာကႏွင့္ နာက်င္ေၾကကြဲမႈတို႔ကို ကြၽန္မ ျမင္လိုက္လ်င္ ျမင္လိုက္ခ်င္း အဲဒါ လူနာ၏ မိခင္ဟု ကြၽန္မသိလိုက္ပါသည္။ မိမိ၏ ရင္ေသြးကို ဆုံးရႈံးရေတာ့မည့္ မိခင္တစ္ေယာက္၏ မ်က္ဝန္း မ်ိဳးသည္ မ်က္လုံးမ်ားစြာထဲမွ သီးသန႔္လွမ္းျမင္ ႏိုင္ေလာက္ေအာင္ ထူးျခားစြာ ကြဲျပားပါသည္။ ဤမ်က္ဝန္းမွာ လက္ခနဲျဖစ္သြားသည့္ အားကိုးမႈႏွင့္ ေမွ်ာ္လင့္ခ်က္ ရိပ္ရိပ္ကေလးကိုပါ ကြၽန္မ ျမင္ေတြ႕လိုက္ရေလသလား။

ထိုေမွ်ာ္လင့္ခ်က္ကေလးကို အာမခံ မေပးႏိုင္သည့္ အေျခအေနပဲရွိေသးသည္မို႔ ကြၽန္မ ဖ်တ္ခနဲ မ်က္ႏွာလြဲကာ လူနာကိုပဲ သတိထား၍ ၾကည့္လိုက္ရသည္။

လူနာသည္ အသက္ ၁၈ ႏွစ္ ႏွင့္ ၂၅ ႏွစ္ အတြင္း အ႐ြယ္ျဖစ္သည္။ အသားအေရ ျဖဴေဖ်ာ့ကာ အဝါေရာင္သန္းေနသည္။ အသက္ရွဴႏႈန္း မမွန္ဘဲ သတိလစ္ေနၿပီ။ နဖူးႏွင့္ နားထင္တစ္ဝိုက္မွာ ေခြၽးစို႐ႊဲေနသည္။ ေသြးခုန္ႏႈန္းေဖ်ာ့ေတာ့ကာ ျမန္ဆန္ေနသည္။ ေသြးထုထည္သည္ ထိမွန္း သိ႐ုံကေလးျဖစ္ေန၏။

ကြၽန္မကပဲ ရာထူးအငယ္ဆုံးျဖစ္သည္မို႔ လူနာကို စမ္းသပ္ပါသည္။ အဖ်ားဒီကရီ ၁၀၄။ ႏႈတ္ခမ္းမ်ား ေျခာက္ေသြ႕ကာ ေရဓာတ္နည္းပါးေနသည္။ သတိရတစ္ခ်က္ မရတစ္ခ်က္ ျဖစ္ေနတာ ညနက္ပိုင္းမွ စၿပီး ယခု တစ္မနက္လုံးဟု လူနာ၏ မိခင္က အသိေပးသည္။ လူနာ၏ ဝမ္းဗိုက္ကို ၾကည့္မိေတာ့ ဗိုက္မွာ ေဖာင္းၿပီး တင္းေနသည္။ ဝမ္းဗိုက္ေအာက္ပိုင္းကို ကြၽန္မ လက္ျဖင့္ စမ္းသပ္ေတာ့ လူနာတစ္ခ်က္ လြန႔္ခနဲ ေတာ့ ျဖစ္သြားသည္။ ထဘီကို ေအာက္အထိ ဆြဲခ်လိုက္ေသာအခါ လူနာထံမွ ရသည့္ ေသြးနံ႔ေရာသည့္ အနံ႔အသက္တစ္ခုကို သိသိသာသာ ရလိုက္သည္။

လူနာ၏ အဖ်ားဒီဂရီ၊ အနံ႔အသက္၊ ဝမ္းဗိုက္တင္းမာမႈ စသည္တို႔ကို တြက္ဆၿပီး စစ္ေဆးလိုက္ေသာအခါ ျဖစ္ႏိုင္ဆုံးေရာဂါ သုံးေလးခုပဲ ရွိသည္။ လူနာ၏ မိခင္ကို ကြၽန္မ မ်က္ႏွာရိပ္ မ်က္ႏွာကဲျဖင့္ ေခၚယူကာ ကိုယ္ဝန္ဖ်က္ခ်ခဲ့သလား ဟု ခပ္တိုးတိုး တိုက္႐ိုက္ေမးလိုက္သည္။

႐ိုးအအ ပညာမဲ့သည့္ ေတာ႐ြာသူ အေဒၚႀကီးသည္ ခ်က္ခ်င္းပင္ ခ်ဳံးပြဲခ် ငိုလိုက္ေလသည္။

ကဲ.. ကြၽန္မတို႔ ဘာလုပ္ၾကမလဲ။

လူနာကို ေဆး႐ုံထိ သယ္ၿပီး ကုသဖို႔ လမ္းခရီးဒဏ္ ႏွင့္ အခ်ိန္ကာလဒဏ္ကို လူနာ ခံႏိုင္ပါ့မလား။ လမ္းခရီးမွာ တစ္ခုခု ျဖစ္သြားလွ်င္ ကြၽန္မတို႔အေပၚ႐ြာက ဘယ္လို သေဘာထားမလဲ။ ေဆး႐ုံအထိအေရာက္ လူနာ အသက္ရွင္ေနဦးမည္ ဟု ကြၽန္မတို႔ကို ဘယ္တန္ခိုးရွင္က အာမခံေပးႏိုင္ပါ့မလဲ။

ထိုေမးခြန္းမ်ားကို သမားေတာ္ႏွင့္ မီးယပ္သားဖြား အထူးကု ဆရာဝန္မမတို႔ ေခါင္းခ်င္းဆိုင္ တိုင္ပင္ၾကသည္။တကယ္ေတာ့လည္း လူ႔ေလာကႀကီးထဲသို႔ ေရာက္လာသည့္အခ်ိန္ကစၿပီး ကြၽန္မတို႔မွာ ေသခ်ာမႈအစစ္ဆိုတာ မရွိခဲ့။ ေသခ်ာမႈ အတု ေတြႏွင့္သာ အသက္ရွင္ေနၾကရသည္။ ဘာကိုမွ ေသခ်ာစြာ ေမွ်ာ္လင့္လို႔ မရသည့္ လူ႔ဘဝႀကီးထဲမွာ ေရးေရးျမင္ရတာေလးကို ပဲ ဖမ္းဆုပ္အားထားေနၾကရသည့္ အျဖစ္ေတြ။ ဘယ္သူကမွ ဘယ္သူ႔ကိုမွ ဘယ္ကိစၥကိုမွ အာမခံေပးလို႔မရ။ ေလာကႀကီးမွာ အာမခံလို႔ရသည့္ အရာ ဘာမွ မရွိ။ ဘာျဖစ္လာမွန္းမသိရေသာ ဘာေၾကာင့္ျ့ဖစ္လာမည္မွန္းလည္း မသိေသာ အေမွာင္ထုထဲမွာ စမ္းတဝါးဝါး ေနရသမွ် ေပ်ာ္စရာေတြကို ရတတ္သမွ် ရွာႀကံခံစားေနရသည့္ လူ႔ဘဝႀကီးမဟုတ္လား။ ကြၽန္မတို႔ ဘာမွ မေသခ်ာေပ။

သို႔ေသာ္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားမည္ ဟူသည့္ စိတ္ဆႏၵျဖင့္ လုပ္လွ်င္လုပ္၊ မလုပ္လွ်င္ ေသ အေျခအေနအတြက္ ဆုံးျဖတ္ခ်က္ ခ်က္ခ်င္းခ်လိုက္ၾကသည္။

ဤလူနာကို ေဆး႐ုံသို႔ သယ္သြားမည္။

လိုအပ္သည့္ ေဆးဝါးတို႔ သြင္းေပးလ်က္ လူနာကို ေဆး႐ုံသို႔ သယ္ေဆာင္ခဲ့ၾကပါသည္။ ေဆး႐ုံသို႔ ေရာက္ေရာက္ခ်င္းပဲ ခြဲစိတ္မႈကို ခံႏိုင္ရန္ အဆင္သင့္ဟူသည့္ အေျခအေနမ်ိဳးရလာဖို႔ လိုအပ္သမွ် ကုသမႈ အဆင့္ဆင့္ ျပဳလုပ္ၾကရသည္။ ႏွာေခါင္းပိုက္မွ ရလာသည့္ အညစ္အေၾကးရည္ကို ျမင္ရသမွ်ေတာ့ လူနာ အေျခအေန မေကာင္းပါ။

မီးယပ္သားဖြား အထူးကု ဆရာဝန္က သူႏွင့္ သက္ဆိုင္သည့္ လူနာေအာက္ပိုင္းကို စမ္းသပ္သည့္အခါ အမ်ားစုေသာ ကိုယ္ဝန္ဖ်က္ လူနာမ်ား အတိုင္းပဲ တစုံတခု ခြၽန္ထက္ေသာ အရာျဖင့္ ထိုးဆြၿပီး ကိုယ္ဝန္ကို ဖ်က္ထားေၾကာင္း ေတြ႕ရသည္။ ခြဲစိတ္ကုသသည့္ ဒဏ္ကို လူနာခံႏိုင္ၿပီ ဟု ထင္ရလွ်င္ ထင္ရျခင္း လူနာကို ဝမ္းဗိုက္ဖြင့္၍ ခြဲစိတ္ ကုသၾကပါသည္။

သည္တစ္ခါ ဘုရားတ သူက မမအိုဂ်ီျဖစ္သည္။ မမအိုဂ်ီ ဘာေၾကာင့္ဘုရားတရသည္ ဆိုတာကို ဒုတိယ ခြဲစိတ္အကူဆရာဝန္အျဖစ္ တာဝန္ယူေနရေသာ ကြၽန္မ ခ်က္ခ်င္းသိလိုက္သည္။ ဝမ္းဗိုက္တစ္ခုလုံးမွာ အညစ္အေၾကးေတြ ဖုံးလႊမ္းကာ နံေစာ္လ်က္ရွိသည္။ အညစ္အေၾကးနံ႔သည္ ႏွာေခါင္းစည္းအဝတ္ကို အလြယ္တကူပင္ ျဖတ္ေက်ာ္လ်က္ ဝင္ေရာက္ေလသည္။ အူမ်ားက အညစ္အေၾကးျဖင့္ ရိေနကာ တခ်ိဳ႕ ေနရာေတြမွာ ထိလိုက္လွ်င္ ရိ႐ြဲေႂကြက်လာသည္။ ဤဝမ္းေခါင္းကို ေဆးရမည္။ ေနာ္မယ္လ္ေဆလိုင္း ဟုေခၚေသာ သန႔္စင္စြာ ေပါင္းခံယူထားသည့္ ဓာတ္ဆားရည္ျဖင့္ ေဆးရမည္။

လူနာရွင္ကျဖင့္ ဓာတ္ဆားရည္ တစ္ပုလင္းမွ်ပင္ ဝယ္ေပးႏိုင္မည့္ အေျခအေနမဟုတ္။ ေဆး႐ုံမွာကလည္း ဆရာဝန္၊ ဝန္ထမ္းႏွင့္ ခြဲစိတ္ကု ကိရိယာပစၥည္းတို႔ ရွိေနေသးသည္မွာ ႀကီးမားသည့္ ကံေကာင္းမႈႀကီး တစ္ခု ျဖစ္ေနရသည့္ အေျခအေနမဟုတ္လား။

သည္ေတာ့ ကြၽန္မတို႔အားလုံး အလိုအေလ်ာက္ပင္ တညီတၫြတ္တည္း ဆုံးျဖတ္လိုက္ၾက၏။ ကြၽန္မတို႔ ဆရာဝန္အခ်င္းခ်င္း ပိုက္ဆံစုထည့္ၿပီး ေနာ္မယ္ေဆလိုင္း ပုလင္းေေတြ ဝယ္ၾကမည္။ အားျဖည့္ ေပါင္းခံရည္ ပုလင္းေပါင္း မ်ားစြာသုံးလ်က္ ခပ္ဖြဖြ ေဆးယူရပါသည္။ ခပ္ဖြဖြဟုဆိုရည္က ပယ္ပယ္နယ္နယ္ ကိုင္တြယ္လွ်င္ ရိေနေသာ အူအခ်ိဳ႕ ထပ္ျပတ္လာမွာ စိုးရိမ္၍ျဖစ္သည္။

ထိပ္ပိုင္းသားအိမ္မွာ ထိုးႏွက္မႈဒဏ္ေၾကာင့္ အေပါက္ႏွစ္ေပါက္ ျဖစ္သြားသည္ကို ယခုမွ ေတြ႕ၾကရသည္။ သားအိမ္ပါမကဘဲ အစားေဟာင္းအိမ္ကို တစ္ခ်က္ထိုးမိထားသည္။ အစာေဟာင္းအိမ္ေပါက္ၿပဲသြားသည္။ ထို႔ျပင္ ဝမ္းေခါင္းေျမႇးပါ ေပါက္သြားသည္။ ကိုယ္ဝန္ဖ်က္ေပးသူ၏ ခႏၶာေဗဒ အသိပညာႏွင့္ ကြၽမ္းက်င္မႈ အဆင့္မွာ သုညေအာက္ အႏုတ္လကၡဏာပဲ ဟု ကြၽန္မတို႔သိႏိုင္ပါသည္။

ေတြ႕သမွ် ဒဏ္ရာဒဏ္ခ်က္ေတြကို တတ္ႏိုင္သမွ် ဖာေထးခ်ဳပ္။ အူတစ္ခ်ိဳ႕ကို ျဖတ္ထုတ္၊ ေကာင္းႏိုင္ ေသးသည္ဟု ေမွ်ာ္လင့္ရေသာ အစိတ္အပိုင္းတို႔ကို ခပ္ဖြဖြ ႐ြ႐ြေလး ျပန္ခ်ဳပ္ဆက္၊ တခ်ိဳ႕ဟာကို သည္အတိုင္းထား၊ လက္ျဖင့္ သြားမထိနဲ႔။ ခြဲစိတ္ေနသည့္ ကာလတစ္ေလွ်ာက္လုံး ကြၽန္မ သတိလက္လြတ္ အသက္ရွဴေအာင့္ထားမိတာ ဘယ္ႏွစ္ႀကိမ္လဲ မေရတြက္ႏိုင္ေတာ့ပါ။ ဝမ္းဗိုက္ကို ျပန္ပိတ္ၿပီးမွ အသက္ ၀၀ ရွဴႏိုင္ပါသည္။

မမ အိုဂ်ီ က သက္ဆိုင္ရာ ကိစၥအားလုံး ကုသ ၿပီးစီးသြားသည့္အခါ သက္ျပင္းရွည္ႀကီး တစ္ခ်က္ ခ်လိုက္တာ ကြၽန္မ ၾကားလိုက္ရသည္.. လိုအပ္သည့္ ပဋိဇီဝေဆးဝါးတို႔ကို ကြၽန္မတို႔ပဲ ေငြစုၿပီး ဝယ္ၾက၏။ ေမွ်ာ္လင့္ခ်က္ကေတာ့ ၁၀ ရာခိုင္ႏႈန္းေလာက္ပဲရွိသည္။ လူနာမိန္းကေလး ကံေကာင္းသည္ ဟုေျပာမလား.. ကြၽန္မတို႔ အိုဂ်ီမမ ေတာ္သည္ ဟုေျပာရမလား.. ကြၽန္မတို႔ ဆရာဝန္အားလုံး၏ ေမတၱာ ေစတနာ ထိေရာက္သည္ ဟုဆိုရမလား.. ဘာေၾကာင့္ပဲျဖစ္ျဖစ္ ထိုမိန္းကေလး အသက္ရွင္ခြင့္ရေနဆဲျဖစ္သည္။ေနာက္ဆုံးမွာေတာ့ ကြၽန္မတို႔ ထိုမိန္းကေလး၏ အသက္ကို ကယ္လိုက္ႏိုင္ခဲ့ၿပီ.. ကြၽန္မတို႔ ၄ ေယာက္ ေငြအေတာ္မ်ားမ်ားစီ အကုန္က်ခံၿပီး ကုသလိုက္ရက်ိဳး နပ္ၿပီ..

လူနာ၏ မိခင္မွာ ကြၽန္မတို႔အား ေက်းဇူးတင္လြန္းလွသျဖင့္ လက္အုပ္ခ်ီ၍ ကန္ေတာ့ရင္း ဝမ္းသာ မ်က္ရည္မ်ားျဖင့္ ငိုျပန္ေလသည္။ သမီး၏ အသက္သခင္ ေက်းဇူးရွင္တို႔အား သမီးအျဖစ္ ကိုမခြၽင္းမခ်န္ ေျပာေတာ့မည္ ဟု စိတ္ပိုင္းျဖတ္လိုက္ပုံရသည္။ မိန္းကေလး၏ ျဖစ္စဥ္ကို ကြၽန္မတို႔အား ရွက္ေၾကာက္လ်က္က ဖြင့္ေျပာျပခဲ့သည္။ အကယ္၍သာ သူတို႔သည္ ခ်မ္းသာသည့္ မိသားစုျဖစ္ခဲ့လ်င္ ရလဒ္မွာ ေျပာင္းလဲ သြားႏိုင္ပါသလားဟု ကြၽန္မ ေတြးၾကည့္မိသည္။ မိန္းကေလးသာ ခ်မ္းသာခဲ့သည္ ဆိုလွ်င္ ထိုေယာက္်ားက မယူဘဲ ေရွာင္ေျပးသြားဦးမလား..

ေရွာင္ေျပးသြားသည္ပဲ ထားပါ.. ႐ုပ္ရွင္ေတြထဲကလိုမိန္းကေလးကို လက္ထပ္ထိမ္းျမားယူလိုသည့္ အျခားေယာက္်ားတစ္ေယာက္ အဆင္သင့္မရွိႏိုင္ဘူးလား.. ကေလးအေဖေဖာ္ဖို႔ ဟူသည့္ ခပ္ညံ့ညံ့ ရည္႐ြယ္ခ်က္ျဖင့္ မိဘက မိန္းကေလးကို အိမ္ေထာင္ျပဳေပးလို႔ မရႏိုင္ဘူးလား.. (မွ်တတာ မမွ်တတာ ဆိုသည္က လုံးလုံး အရွက္ကြဲရသည့္ ကိစၥႏွင့္ ယွဥ္ေသာ္ ထည့္တြက္စရာမလို ေအာင္ ေသးဖြဲပါသည္ ဟု ကိုယ့္ကိုယ္ကို ခြင့္လႊတ္စိတ္ ေမြးၾကလိမ့္မည္။ ) ထားပါေတာ့… အဲသည္လို အျခားေယာက္်ားတစ္ေယာက္ကို လိမ္လည္ ၿပီး မေပးစားလိုလွ်င္လည္း ဤကိုယ္ဝန္ကို အသက္အႏၲရာယ္ မရေစဘဲ ကိုယ္ခႏၶာမွ ဖယ္ထုတ္ဖို႔ လုံၿခဳံစိတ္ခ်ရသည့္ ကုသမႈကို ေပးမည့္ ေနရာေတြ ဆိုတာ နံပါတ္ စဥ္လိုက္စီတန္းၿပီးရမလာႏိုင္ဘူးလား..

ဒါက ကိုယ္ဝန္ ဆိုသည့္ အမႈကိစၥႀကီး ေပၚလာၿပီးသည့္ေနာက္ မွာေတာင္ ေ႐ြးခ်ယ္စရာေတြ မ်ားျပားလွသည့္ လူခ်မ္းသာေတြ၏ အေျခအေနမ်ားျဖစ္သည္။ လိင္ဆိုင္ရာ ပညာေပးဗဟုသုတ ရွိသည့္ လူခ်မ္းသာ သားသမီးဆိုလွ်င္ ျဖင့္ ကိုယ္ဝန္ဟူသည့္ အမႈကိစၥပင္ ေပၚေပါက္လာစရာ အေၾကာင္းမရွိေပ။ ယခုေတာ့ မိန္းကေလးမွာ ပညာမရွိ.. ဗဟုသုတမရွိ.. ရည္းစားကေတာ့ ရခဲ့ၿပီ.. မိမိစိတ္အလိုကိုလိုက္မိတာလား.. ရည္းစား၏ စိတ္အလိုကိုလိုက္မိတာလား.. တစ္ခုခု အလိုကို လိုက္မိသျဖင့္ လြန္က်ဴးခဲ့ၾကၿပီ..

ကိုယ္ဝန္ရခဲ့ၿပီ.. ပိုုက္ဆံက မ်ားမ်ားမရွိ..

သည္ေတာ့ ကုန္က်စရိတ္ အနည္းဆုံးနည္းကိုရွာသည့္အခါ.. အညံံ့ဆုံးနည္းကို သုံးၿပီး ေျဖရွင္းေပးသူထံ ေရာက္သြားသည္။ ဘာမွ မတတ္သည့္ လူတစ္ေယာက္၏ လက္ထဲသို႔ မိမိအသက္ကို ပုံအပ္ေပးလိုက္ရသည္။ဤကဲ့သို႔ အလားတူ အျဖစ္မ်ိဳးေတြ ေနာက္ထပ္ ဘယ္ႏွစ္ခု လာဦးမည္နည္း.. ဘယ္လို ကာကြယ္ေပး ႏိုင္မည္နည္း.. အ႐ြယ္ေရာက္လာသည့္ မိန္းကေလးေတြကို ရည္းစားလုံး၀ မထားရဟု လူႀကီးမ်ားက အာဏာသုံးၿပီး ထိန္းခ်ဳပ္ေစာင့္ၾကပ္ထားျခင္းသည္ ဤျပႆနာ၏ ေျဖရွင္း ကာကြယ္နည္း ျဖစ္မလား….

ရည္းစား ထားလိုက ထားပါ။ ႏွစ္ေယာက္တည္း ဘယ္ေတာ့မွ အေတြ႕မခံႏွင့္ ဟု ဆုံးမျခင္းသည္ ဤျပႆနာ၏ ကာကြယ္နည္း ျဖစ္မလား..

ရည္းစား နွင့္ ေတြ႕လိုလွ်င္ ကိုယ္ဝန္မရွိေအာင္ ဘယ္လိုေန.. ဘယ္လိုေရွာင္.. ဘာေဆးသုံး စသည္ျဖင့္ ၫႊန္ၾကားၿပီးအသိပညာေပးျခင္းသည္.. သင့္ေတာ္ေသာ ကာကြယ္နည္း. ေျဖရွင္းနည္း ျဖစ္ႏိုင္ပါ့မလား..

ကြၽန္မကေတာ့ ကြၽန္မ ေဆးခန္း သို႔ ေရာက္လာသည့္ အလားတူ ျပႆနာေတြကို စကားတစ္ခြန္းျဖင့္ အၿမဲေရွာင္ေလ့ရွိသည္..

“ကိုယ္ဝန္ဖ်က္တယ္ ဆိုတာ လုူသတ္မႈေတာ္ေရ႕.. က်ဳပ္ေတာ့ ကိုယ္ဝန္ဖ်က္မေပးႏိုင္ဘူး..ကိုယ္ဝန္မရေအာင္ ဘယ္လိုတားရမလဲ လို႔ အသိပညာပဲ ေပးႏိုင္တယ္.. အဲဒီအတြက္ေတာ့ အခ်ိန္မေ႐ြး လာခဲ့ပါ။”

ေဆးခန္းမွာ ႀကဳံေတြ႕ရသည့္ မိန္းကေလးေတြအတြက္ ကြၽန္မက ဒါ့ထက္ပိုၿပီး ဘာေတြ မ်ား လုပ္ေပးႏိုင္မွာလဲ..

ကဲ.. ဆိုၾကပါစို႔.. ဤအဆင့္ ဤကာကြယ္မႈေတြ ကို မရခဲ့လို႔.. ကိုယ္ဝန္ရလာၿပီ ဆိုပါစို႔.. ေယာက္်ားကေလး ကလည္း တာဝန္မယူ လက္မထပ္လိုဘူး ဆိုပါစို႔ (ဤႏိုင္ငံမွာ ကိုယ္ဝန္အတြက္ အေကာင္းဆုံး ေျဖရွင္းနည္းက တစ္ခုပဲ ရွိသည္။ ထိုရည္းစားႏွင့္ အခ်ိန္မတန္မီ လက္ထပ္ ပစ္လိုက္ျခင္းျဖစ္သည္။)

ကြၽန္မတို႔ ဘယ္လိုေျဖရွင္းေပးၾကမလဲ.. နင္လုပ္တဲ့ အျပစ္ နင္ခံရမွာပဲ.. ဒါတရားတယ္.. ခံေပါ့ ဟု ေျပာရမလား..

သည္လိုဆိုလွ်င္ ဤမိန္းကေလးႏွင့္ (အနည္းဆုံး) ထပ္တူထပ္မွ် သို႔မဟုတ္.. ပို၍ ပင္ အျပစ္ႀကီးသာ.. တာဝန္ရွိေသာ… ဦးေဆာင္သူေယာက္်ား ကို ေတာ့ ဘယ္လို သေဘာထားရမလဲ…

သူက ေယာက္်ား ပဲေလ.. သူ႔မွာက ျပစ္မႈအတြက္ ေျခရာ လက္ရာ ဘာမွ မက်န္ႏိုင္သည့္ အားသာခ်က္ႀကီး ရွိေနမွပဲ.. ျပစ္မႈမွ ကြင္းလုံးကြၽတ္လြတ္႐ုံမက ဘယ္သူကမွ ဘာသံသယအျမင္နဲ႔မွ အၾကည့္မခံရသည္အထိ ဤအမႈမွ ကင္းရွင္းေစ ဟု လႊတ္ေပးထားရတာ.. သဘာဝတဲ့လား..

ေယာက္်ားနဲ႔ မိန္းမ သဘာဝမွ မတူဘဲ ဟု အဲသည္ သဘာဝဆိုတာခ်ည္းကို လႊဲခ်ၿပီး အျဖစ္မွန္ကို မ်ိဳသိပ ္ေနရတာ ခြင့္လႊတ္နည္း အစစ္ဟုတ္ရဲ႕လား.. ဆူးေပၚဖက္က်ျခင္းႏွင့္ ဖက္ေပၚဆူးက်ျခင္းဟုသည့္ ေရွး႐ိုးစကားပုံတစ္ခုကို ယခုတိုင္ အသက္သြင္းေနရဆဲလား.. အဲသည္ စကားပုံဟာ ယခုအထိ အသုံးတည့္ေနတုန္းပဲလား.. မိန္းမေတြ ဒါထက္ သတၱိရွိဖ့ိုက လိုေနၿပီလား..

ကိုယ့္ရင္ေသြး၏ ဖခင္ရင္းျဖစ္ေသာ ကေလးအေဖနာမည္ကို ႐ိုးသားစြာ အမွန္အတိုင္း ေဖာ္ထုတ္ေပးရမည့္ ကိစၥမွာ ဘာေတြမ်ား ေၾကာက္စရာ ရွက္စရာ ရွိမွာမို႔လဲ… တစ္ေယာက္တည္းေမြးၿပီး တစ္ေယာက္တည္း ျပဳစုေစာင့္ေရွာက္ဖို႔ မျဖစ္ႏိုင္ဘူးလား.. အမွန္တရားတစ္ခုကို ႐ိုးသားစြာ ရင္ဆိုင္ဖို႔ သတၱိမရွိသင့္ဘူး လား..

ကိုယ္ဝန္ မရွိေအာင္ေတာ့ ႀကိဳတင္ကာကြယ္ေပါ့.. ရွိၿပီ ဆိုလွ်င္လည္း ကေလး၏ အသက္ကို မသတ္ဘဲ ပတ္ဝန္းက်င္ ကို သတၱိရွိရွိ ရင္ဆိုင္မွေပါ့.. အဲသလို ေျဖရွင္းေပးရမလား..

မိန္းကေလး က မိမိျဖစ္ခဲ့သည့္ အမႈကိစၥကို ပတ္ဝန္းက်င္အား ေဖာ္ထုတ္ရင္ဆိုင္ရာတြင္ “မ်က္ႏွာေျပာင္ တိုက္လွသည္” ဟု ကဲ့ရဲ႕ျခင္းကို ခံႏိုင္သည္အထိ သတၱိရွိရွိ ရင္ဆိုင္သင့္သည္ပဲထား.. ကေလးႀကီးျပင္းလာသည့္ အခါ ကေလးခံစားရမည့္ စိတ္ထိခိုက္မႈ ဒဏ္ရာ.. စိတ္နာၾကည္းမႈ ဒဏ္ရာကို ကြၽန္မတို႔ ဘယ္လို လုပ္ၿပီး ႀကိဳတင္ မွန္းဆၾကည့္ႏိုင္မလဲ.. ဤကေလးသည္ သေႏၶသားဘဝမွာ ေသဆုံးပစ္ရျခင္းကို ႏွစ္သက္သလား.. ေမြးဖြားႀကီးျပင္းလာၿပီး ပတ္ဝန္းက်င္ေၾကာင့္ ရလာမည့္ ထိခိုက္နာက်င္မႈကိုပဲ ႏွစ္သက္သလား.. ေ႐ြးခ်ယ္ပိုင္ခြင့္ရွိခဲ့ရင္ ကေလးက ဘာကို ေ႐ြးခ်ယ္ခ်င္မလဲ.. ကြၽန္မတို႔ ဘယ္လိုမွ မသိႏိုင္.. မိခင္ ၏ လင္မရွိဘဲ ေမြးရဲသည့္ သတၱိကို ႀကီးျပင္းလာမည့္ ကေလးက ရဲရင့္မႈ ဟုမယူဆဘဲ.. မိမိအား အရွက္ခြဲ ႏွက္စက္မႈ ဟု ယူဆလာစရာ အေၾကာင္းေရာ.. မရွိဘူးလား..

ဘုရားေရ..

ေတြးရင္းေတြးရင္းႏွင့္ ဤျပႆနာသည္ ေျဖရွင္းလို႔ ရေတာ့မွာမဟုတ္ ဟု အားေလ်ာ့ခ်င္သလိုလို ျဖစ္လာသည္။

ေလာကရွိ မိန္းကေလး အားလုံးအတြက္ အေကာင္းဆုံး ေျဖရွင္းနည္းတစ္ခုေတာ့ ရွိ ရမွာေပါ့.. ဘာနည္းျဖစ္မလဲ.. ကြၽန္မတို႔ ဘာကူညီေပးႏိုင္မလဲ.. တခုခုေတာ့ ရွိရမည္..

အဲသည္လိုႏွင့္ ကြၽန္မ၏ မွတ္စုေတြ .. တစ္မ်က္ႏွာၿပီး တစ္မ်က္ႏွာ ပြားလာခဲ့ေတာ့၏..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်ဴး

# Unicode ဖြင့်ဖတ်ရန် #
လူနာကို နှာခေါင်းပိုက် တည့်သည့်အချိန်မှ စ၍ ဆရာဝန် ဆရာမ တွေ အံ့သြတုန်လှုပ်ကြရပါသည်။ နှာခေါင်းမှ တဆင့် အစာအိမ်ထဲရှိ အစာနှင့် အညစ်အကြေးများကို ပိုက်ဖြင့် စုပ်ယူသည့်အခါ ရလာသည့် အရာများကို ကြည့်ပြီး ကျွန်မတို့လန့်သွားသည်ပဲ ဆိုကြပါစို့။ဘုရားရေ.. အဲဒါဘာတွေလဲ နှာခေါင်းပိုက် ထဲက ရလာသည့် အရည်စေးပျစ်ပျစ်များသည် ညိုညစ်ညစ် အရောင် ရှိကာ ဆိုးဆိုးဝါးဝါး နံစော် လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့် အနံ့နှင့် မစင်နံ့စော်လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့်အနံ့နှင့် မစင်နံ့ရောထား သည့် အနံ့ဖြစ်သည်။ ဘာကြောင့်လဲ၊ လူနာ၏ အစာအိမ်မှာ သည်မစင်နံ့ရှိသည့် အညစ်အကြေး ရည်တွေဟာ ဘာကြောင့်ရှိနေရတာလဲ။ နှာခေါင်းပိုက် ဟူသည် အစာအိမ် ထဲမှတစ်ပါး အခြား မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းဆီမှ ရောက်နိုင်ခြေမရှိတာ အထင်အရှားပဲ။ သို့ပါလျက် ရလာသည့် အညစ်အကြေးက အစာအိမ်ထဲက အညစ်အကြေးနံ့ဖြစ်နေသည်။

ဆိုတော့.. လူနာ၏ ဝမ်းဗိုက်ကို ဖွင့်လျှင် ဘယ်လိုအခြေအနေမျိုးကို တွေ့ရမှာလဲ၊ ဖြစ်နိုင်ခြေမှာ သိပ်များများစားစား စဉ်းစားရန် မလို။ လူနာကို အမြန်ဆုံး ခွဲစိတ်ကုသရန် အပြေးအလွှား ပြင်ဆင်ကြရသည်။အဲသည်အချိန်ကစပြီး လူနာနှင့် ပတ်သတ်သည့် အကြောင်းအရာသည် ပြဿနာတစ်ရပ် အဖြစ် ကျွန်မ အာရုံထဲသို့ စတင် ဝင်ရောက်လာခဲ့ခြင်းဖြစ်နိုင်ပါသည်။

ဆရာဝန် ဘဝတွင် လူနာ၏ ရောဂါကို သက်သာအောင် ကုသပေးသည့်အဖြစ်၊ အသက်ကယ်တင်လိုက်ရသည့် အဖြစ်တို့သည် ဤလူနာနှင့် ပတ်သတ်ပြီး အပြီးသတ် အခန်းကဏ္ဍများ ဖြစ်တတ်သည်။ပြီးပြီ။ သူ့ကို ကုသပေးပြီးပြီ။ သူအသက်မသေတော့ဘူး။ ထိုကဏ္ဍသည် တော်တော်ပီတိဖြစ်စရာကောင်းလှ၏။ အဲသည်နောက် မှာ လူနာနှင့် ပတ်သက်သည့် အတွေးဆိုတာ မကျန်ခဲ့တော့ပေ။ အများစုသော လူနာကုသမှု အတွေ့အကြုံသည် သည်အတိုင်းပဲ ဖြစ်သည်။

သို့သော် အချို့ ကိစ္စများမှာတော့ အဲသည်လို မဟုတ်ပေ။ လူနာကို ကုသပြီးနောက်မှ လူနာနှင့် ပတ်သတ်သည့် အတွေးတို့က ခေါင်းထဲဝင်လာနေတတ်တာမျိုးလည်း ရှိသည်။ ထိုအခါမျိုးတွင် ကျွန်မသည် သီးသန့်မှတ်စုစာအုပ်တစ်ခုတွင် လူနာနှင့်ပတ်သက်သည့် အတွေး သို့မဟုတ် ပြဿနာကို ရေးမှတ် ရတတ်သည်။ ယခုလူနာမှာ ကိုယ်ဝန်ဖျက်ချရာမှ သွေးဆိပ်သင့်အဖျား (epticemia) ရောဂါ ခံစားနေရသည့် အမျိုးသမီးလူနာတစ်ယောက် ဖြစ်သည်။

ကိုယ်ဝန်ဖျက်ချခြင်းသည် တရားဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ရာဇသတ်ကြီး ပုဒ်မ ၃၁၂ ဖြင့် ငြိသည်။ ထို့ကြောင့်လည်း ကိုယ်ဝန်ဖျက်ချသူ လူနာတို့သည် ပြည်သူ့ဆေးရုံနှင့် မပတ်သတ်လိုကြပေ။ အသက် အန္တရာယ် စိုးရိမ်ရလောက်အောင် နောက်ဆက်တွဲ နာမကျန်းမှု ဒုက္ခ တွေကို ကြုံတွေ့လာရမှ ဆေးရုံသို့ ရောက်လာတတ်ကြသည်။ ဒါတောင်မှ အရှက်နှင့် အသက် ဟူသည့် ဘယ်တုန်းက စြီပီးပေါ်ပေါက်ခဲ့မှန်း မသိသည် ရွေးချယ်မှုကြီးတစ်ခုကို တချို့က လက်ကိုင်ထားနေတတ်သေး၏။ “အသက်သာ အသေခံမယ်၊ အရှက် ကွဲ မခံနိုင်ဘူး” ဆိုတာမျိုးဖြင့် ခေါင်းမာသည့် ကိစ္စတွေ ရှိတတ်သေး၏။ “အရှက်” ဆိုသော အရာတွင် မိမိက ဘယ်လောက် အကျုံးဝင်နေသလဲ၊ အဲသည် “အရှက်” ၏ အလေးအပေါ့၊ အတိမ်အနက် နှင့် မိမိနှင့် သက်ဆိုင်နေသည့် တာဝန် ဘယ်လောက်ရှိနေလို့လဲ၊ အဲသည် အရှက်၏ အဓိက တရားခံမှာ မိမိ တစ်ယောက်တည်း ဖြစ်နေလို့ မိမိက လူမသိ သူမသိ အသေခံရမှာလား.. စသည် .. စသည်.. အတွေးများကို မြန်မာအိမ်ထောင်စုများ တွေးလေ့မရှိကြပေ။

အရှက်ကွဲမခံရချင်၍ အသက်အသေခံသွားရသည့် မိန်းမတွေ ဘယ်လောက်ရှိနေပြီလဲ။ ဤ ကိစ္စတွင် လူနာရှင် သို့မဟုတ် ဆွေမျိုးသားချင်းတို့၏ တတ်သိလိမ္မာစွာ ကိုင်တွယ် ဖြေရှင်း တတ်မှု အများကြီး လိုအပ် ပါသည်။ယခုလူနာကတော့ အဲသည် အသက် နှင့် အရှက် ကိစ္စအပြင် ဆင်းရဲနွမ်းပါးသည့် ကိစ္စပါ တွဲစပ်လိုက်ခြင်းကြောင့် အသက်ငင်နေသည့် အခြေအနေရောက်မှ ကျွန်မတို့အဖွဲ့နှင့် တွေ့ရခြင်းဖြစ်ပါသည်။

ကျွန်မတို့နယ်လှည့်ဆေးကုသသည့် အစီအစဉ်တစ်ခုကို အလျဉ်းသင့်သလို မကြာခဏ ပြူလုပ်ဆောင်ရွက်လေ့ ရှိကြသည်။ ကျွန်မတို့ အဖွဲ့မှာ ဆေးရုံက ကလေးအထူးကု ဆရာဝန် ပါသည်။ သမားတော် ပါသည်။ မီးယပ် သားဖွား အထူးကု ဆရာဝန် ပါသည်။ ဆေးရုံတွင် အခါအားလျော်စွာ လုပ်အားပေးဆရာဝန် အဖြစ် တာဝန် ယူလေ့ရှိသည့် ပြင်ပဆေးကုဆရာဝန် ကျွန်မပါသည်။ မြို့နယ်စု အတွင်း ရွာသိမ် ရွာမွှားလေးတွေအထိ ခရီးစဉ် ချ၍ သွားရောက်ကုသ ပေးလျက် ရှိရာရွာသေးသေးကလေး တစ်ခုမှ အသက်အန္တရာယ် အခြေအနေ အထိ ရောက်နေပြီဖြစ်သော ယခုလူနာကို မရည်ရွယ်ဘဲ သွားကြည့်ခွင့် ရခဲ့ဲခြင်း ဖြစ်သည်။

လူနာရှင်က လာပင့်ခေါ်ခြင်းမဟုတ်ပါ။ လူနာ၏ အသိ မိတ်ဆွေတစ်ဦးက ကျွန်မတို့ ဆေးကုရာ စခန်းသို့ ရောက်လာပြီး သတင်းပေးခြင်းဖြစ်သည်။ ဆရာမကြီးတို့ရယ်.. ရွာတောင်ဖျားမှာ ငန်းဖမ်းပြီး ကယောင်ကတမ်း ဖြစ်နေတဲ့ ကလေးမလေးတစ်ယောက်ရှိပါတယ်တော်။ ဟိုဘက်သည်ဘက်တောင် မစောင်းနိုင်တော့ပါဘူး။ ကြုံရင် လိုက်ကြည့်ပေးပါ။ ကလေးမလေးက အသက်အငယ်လေး ရှိသေးတာ။

“ဒီခေါ်လာလို့ မဖြစ်ဘူးလား” ဟု ကျွန်မတို့က မေးကြည့်သည်။

“လှည်းဆောင့်လိုက်ရင် တစ်ချက်တည်း အသက်ထွက်မှာပဲ” ဟု သူက ထင်မြင်ချက်ပေး၏။ ဆိုလိုသည်က ဤဆေးခန်းသို့ လာရောက်ဖို့ အခြေအနေ မရှိဘူးပေါ့။ ကျွန်မတို့အတွက်က လူနာတစ်ယောက်ကိုသွားကြည့်ပြီးကုသပေးဖို့ ဘာအခက်အခဲ ပြဿနာမှ မဖြစ်ပါ။ သူတို့ကို ကုသပေးလို၍ပဲ မြို့ပေါ် ဆေးရုံကြီးမှ ဝေးလံသော ဤျရွာကလေးအထိ ရောက်ခဲ့ပြီးပြီ မဟုတ်လား.. သွားကြည့်ကြတာပေါ့။

အဲသည် နည်းဖြင့် ယခုလူနာကို ကျွန်မတို့ တွေ့ခဲ့ရခြင်းဖြစ်သည်။

အိမ်သည် ရွာအိမ်တွေထဲမှာမှ ပို၍နွမ်းပါးသောအိမ်ဖြစ်သည်။ ဝါးထရံအပေါက်အပြဲကို စက္ကူများ၊ အင်ဖက်များ ရောနှောပြီးကာကွယ်ထားရသည့် အိမ်။

လူနာရှိရာ အိမ်အတွင်းခန်းသည် ထိုအိမ်၏ တစ်ခုတည်းသော အခန်းဖြစ်၏။ လူနာသည် ဖျာကြမ်း စောင်နွမ်းနွမ်းပေါ်မှာ လဲလျောင်းလျက် ရှိသည်။ ဘဝကူးကောင်းစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် အနီးမှာ အမျိုးသမီးကြီး နှစ်ယောက်က ထိုင်ပြီး ဘုရားစာများ ရွတ်ဖတ်နေကြသည်။

“ဆရာဝန်တွေလာတယ်” ဟုတစုံတယောက်က ခပ်တိုးတိုး အသိပေးသောအခါ လူနာ၏ ခေါင်းရင်းမှာ ထိုင်၍ လူနာကို ငုံ့ကြည့်ရွတ်ဖတ်နေသော အဒေါ်ကြီးက မော့ကြည့်၏။ အဒေါ်ကြီး၏ မျက်ဝန်းမှာ ခိုတွဲနေသော မျက်ရည်များနှင့် ရော ပြီး ပူပင်သောကနှင့် နာကျင်ကြေကွဲမှုတို့ကို ကျွန်မ မြင်လိုက်လျင် မြင်လိုက်ချင်း အဲဒါ လူနာ၏ မိခင်ဟု ကျွန်မသိလိုက်ပါသည်။ မိမိ၏ ရင်သွေးကို ဆုံးရှုံးရတော့မည့် မိခင်တစ်ယောက်၏ မျက်ဝန်း မျိုးသည် မျက်လုံးများစွာထဲမှ သီးသန့်လှမ်းမြင် နိုင်လောက်အောင် ထူးခြားစွာ ကွဲပြားပါသည်။ ဤမျက်ဝန်းမှာ လက်ခနဲဖြစ်သွားသည့် အားကိုးမှုနှင့် မျှော်လင့်ချက် ရိပ်ရိပ်ကလေးကိုပါ ကျွန်မ မြင်တွေ့လိုက်ရလေသလား။

ထိုမျှော်လင့်ချက်ကလေးကို အာမခံ မပေးနိုင်သည့် အခြေအနေပဲရှိသေးသည်မို့ ကျွန်မ ဖျတ်ခနဲ မျက်နှာလွဲကာ လူနာကိုပဲ သတိထား၍ ကြည့်လိုက်ရသည်။

လူနာသည် အသက် ၁၈ နှစ် နှင့် ၂၅ နှစ် အတွင်း အရွယ်ဖြစ်သည်။ အသားအရေ ဖြူဖျော့ကာ အဝါရောင်သန်းနေသည်။ အသက်ရှူနှုန်း မမှန်ဘဲ သတိလစ်နေပြီ။ နဖူးနှင့် နားထင်တစ်ဝိုက်မှာ ချွေးစိုရွှဲနေသည်။ သွေးခုန်နှုန်းဖျော့တော့ကာ မြန်ဆန်နေသည်။ သွေးထုထည်သည် ထိမှန်း သိရုံကလေးဖြစ်နေ၏။

ကျွန်မကပဲ ရာထူးအငယ်ဆုံးဖြစ်သည်မို့ လူနာကို စမ်းသပ်ပါသည်။ အဖျားဒီကရီ ၁၀၄။ နှုတ်ခမ်းများ ခြောက်သွေ့ကာ ရေဓာတ်နည်းပါးနေသည်။ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတာ ညနက်ပိုင်းမှ စပြီး ယခု တစ်မနက်လုံးဟု လူနာ၏ မိခင်က အသိပေးသည်။ လူနာ၏ ဝမ်းဗိုက်ကို ကြည့်မိတော့ ဗိုက်မှာ ဖောင်းပြီး တင်းနေသည်။ ဝမ်းဗိုက်အောက်ပိုင်းကို ကျွန်မ လက်ဖြင့် စမ်းသပ်တော့ လူနာတစ်ချက် လွန့်ခနဲ တော့ ဖြစ်သွားသည်။ ထဘီကို အောက်အထိ ဆွဲချလိုက်သောအခါ လူနာထံမှ ရသည့် သွေးနံ့ရောသည့် အနံ့အသက်တစ်ခုကို သိသိသာသာ ရလိုက်သည်။

လူနာ၏ အဖျားဒီဂရီ၊ အနံ့အသက်၊ ဝမ်းဗိုက်တင်းမာမှု စသည်တို့ကို တွက်ဆပြီး စစ်ဆေးလိုက်သောအခါ ဖြစ်နိုင်ဆုံးရောဂါ သုံးလေးခုပဲ ရှိသည်။ လူနာ၏ မိခင်ကို ကျွန်မ မျက်နှာရိပ် မျက်နှာကဲဖြင့် ခေါ်ယူကာ ကိုယ်ဝန်ဖျက်ချခဲ့သလား ဟု ခပ်တိုးတိုး တိုက်ရိုက်မေးလိုက်သည်။

ရိုးအအ ပညာမဲ့သည့် တောရွာသူ အဒေါ်ကြီးသည် ချက်ချင်းပင် ချုံးပွဲချ ငိုလိုက်လေသည်။

ကဲ.. ကျွန်မတို့ ဘာလုပ်ကြမလဲ။

လူနာကို ဆေးရုံထိ သယ်ပြီး ကုသဖို့ လမ်းခရီးဒဏ် နှင့် အချိန်ကာလဒဏ်ကို လူနာ ခံနိုင်ပါ့မလား။ လမ်းခရီးမှာ တစ်ခုခု ဖြစ်သွားလျှင် ကျွန်မတို့အပေါ်ရွာက ဘယ်လို သဘောထားမလဲ။ ဆေးရုံအထိအရောက် လူနာ အသက်ရှင်နေဦးမည် ဟု ကျွန်မတို့ကို ဘယ်တန်ခိုးရှင်က အာမခံပေးနိုင်ပါ့မလဲ။

ထိုမေးခွန်းများကို သမားတော်နှင့် မီးယပ်သားဖွား အထူးကု ဆရာဝန်မမတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်။တကယ်တော့လည်း လူ့လောကကြီးထဲသို့ ရောက်လာသည့်အချိန်ကစပြီး ကျွန်မတို့မှာ သေချာမှုအစစ်ဆိုတာ မရှိခဲ့။ သေချာမှု အတု တွေနှင့်သာ အသက်ရှင်နေကြရသည်။ ဘာကိုမှ သေချာစွာ မျှော်လင့်လို့ မရသည့် လူ့ဘဝကြီးထဲမှာ ရေးရေးမြင်ရတာလေးကို ပဲ ဖမ်းဆုပ်အားထားနေကြရသည့် အဖြစ်တွေ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ ဘယ်ကိစ္စကိုမှ အာမခံပေးလို့မရ။ လောကကြီးမှာ အာမခံလို့ရသည့် အရာ ဘာမှ မရှိ။ ဘာဖြစ်လာမှန်းမသိရသော ဘာကြောင့်ြ့ဖစ်လာမည်မှန်းလည်း မသိသော အမှောင်ထုထဲမှာ စမ်းတဝါးဝါး နေရသမျှ ပျော်စရာတွေကို ရတတ်သမျှ ရှာကြံခံစားနေရသည့် လူ့ဘဝကြီးမဟုတ်လား။ ကျွန်မတို့ ဘာမှ မသေချာပေ။

သို့သော် အကောင်းဆုံးဖြစ်အောင် ကြိုးစားမည် ဟူသည့် စိတ်ဆန္ဒဖြင့် လုပ်လျှင်လုပ်၊ မလုပ်လျှင် သေ အခြေအနေအတွက် ဆုံးဖြတ်ချက် ချက်ချင်းချလိုက်ကြသည်။

ဤလူနာကို ဆေးရုံသို့ သယ်သွားမည်။

လိုအပ်သည့် ဆေးဝါးတို့ သွင်းပေးလျက် လူနာကို ဆေးရုံသို့ သယ်ဆောင်ခဲ့ကြပါသည်။ ဆေးရုံသို့ ရောက်ရောက်ချင်းပဲ ခွဲစိတ်မှုကို ခံနိုင်ရန် အဆင်သင့်ဟူသည့် အခြေအနေမျိုးရလာဖို့ လိုအပ်သမျှ ကုသမှု အဆင့်ဆင့် ပြုလုပ်ကြရသည်။ နှာခေါင်းပိုက်မှ ရလာသည့် အညစ်အကြေးရည်ကို မြင်ရသမျှတော့ လူနာ အခြေအနေ မကောင်းပါ။

မီးယပ်သားဖွား အထူးကု ဆရာဝန်က သူနှင့် သက်ဆိုင်သည့် လူနာအောက်ပိုင်းကို စမ်းသပ်သည့်အခါ အများစုသော ကိုယ်ဝန်ဖျက် လူနာများ အတိုင်းပဲ တစုံတခု ချွန်ထက်သော အရာဖြင့် ထိုးဆွပြီး ကိုယ်ဝန်ကို ဖျက်ထားကြောင်း တွေ့ရသည်။ ခွဲစိတ်ကုသသည့် ဒဏ်ကို လူနာခံနိုင်ပြီ ဟု ထင်ရလျှင် ထင်ရခြင်း လူနာကို ဝမ်းဗိုက်ဖွင့်၍ ခွဲစိတ် ကုသကြပါသည်။

သည်တစ်ခါ ဘုရားတ သူက မမအိုဂျီဖြစ်သည်။ မမအိုဂျီ ဘာကြောင့်ဘုရားတရသည် ဆိုတာကို ဒုတိယ ခွဲစိတ်အကူဆရာဝန်အဖြစ် တာဝန်ယူနေရသော ကျွန်မ ချက်ချင်းသိလိုက်သည်။ ဝမ်းဗိုက်တစ်ခုလုံးမှာ အညစ်အကြေးတွေ ဖုံးလွှမ်းကာ နံစော်လျက်ရှိသည်။ အညစ်အကြေးနံ့သည် နှာခေါင်းစည်းအဝတ်ကို အလွယ်တကူပင် ဖြတ်ကျော်လျက် ဝင်ရောက်လေသည်။ အူများက အညစ်အကြေးဖြင့် ရိနေကာ တချို့ နေရာတွေမှာ ထိလိုက်လျှင် ရိရွဲကြွေကျလာသည်။ ဤဝမ်းခေါင်းကို ဆေးရမည်။ နော်မယ်လ်ဆေလိုင်း ဟုခေါ်သော သန့်စင်စွာ ပေါင်းခံယူထားသည့် ဓာတ်ဆားရည်ဖြင့် ဆေးရမည်။

လူနာရှင်ကဖြင့် ဓာတ်ဆားရည် တစ်ပုလင်းမျှပင် ဝယ်ပေးနိုင်မည့် အခြေအနေမဟုတ်။ ဆေးရုံမှာကလည်း ဆရာဝန်၊ ဝန်ထမ်းနှင့် ခွဲစိတ်ကု ကိရိယာပစ္စည်းတို့ ရှိနေသေးသည်မှာ ကြီးမားသည့် ကံကောင်းမှုကြီး တစ်ခု ဖြစ်နေရသည့် အခြေအနေမဟုတ်လား။

သည်တော့ ကျွန်မတို့အားလုံး အလိုအလျောက်ပင် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။ ကျွန်မတို့ ဆရာဝန်အချင်းချင်း ပိုက်ဆံစုထည့်ပြီး နော်မယ်ဆေလိုင်း ပုလင်းေတွေ ဝယ်ကြမည်။ အားဖြည့် ပေါင်းခံရည် ပုလင်းပေါင်း များစွာသုံးလျက် ခပ်ဖွဖွ ဆေးယူရပါသည်။ ခပ်ဖွဖွဟုဆိုရည်က ပယ်ပယ်နယ်နယ် ကိုင်တွယ်လျှင် ရိနေသော အူအချို့ ထပ်ပြတ်လာမှာ စိုးရိမ်၍ဖြစ်သည်။

ထိပ်ပိုင်းသားအိမ်မှာ ထိုးနှက်မှုဒဏ်ကြောင့် အပေါက်နှစ်ပေါက် ဖြစ်သွားသည်ကို ယခုမှ တွေ့ကြရသည်။ သားအိမ်ပါမကဘဲ အစားဟောင်းအိမ်ကို တစ်ချက်ထိုးမိထားသည်။ အစာဟောင်းအိမ်ပေါက်ပြဲသွားသည်။ ထို့ပြင် ဝမ်းခေါင်းမြှေးပါ ပေါက်သွားသည်။ ကိုယ်ဝန်ဖျက်ပေးသူ၏ ခန္ဓာဗေဒ အသိပညာနှင့် ကျွမ်းကျင်မှု အဆင့်မှာ သုညအောက် အနုတ်လက္ခဏာပဲ ဟု ကျွန်မတို့သိနိုင်ပါသည်။

တွေ့သမျှ ဒဏ်ရာဒဏ်ချက်တွေကို တတ်နိုင်သမျှ ဖာထေးချုပ်။ အူတစ်ချို့ကို ဖြတ်ထုတ်၊ ကောင်းနိုင် သေးသည်ဟု မျှော်လင့်ရသော အစိတ်အပိုင်းတို့ကို ခပ်ဖွဖွ ရွရွလေး ပြန်ချုပ်ဆက်၊ တချို့ဟာကို သည်အတိုင်းထား၊ လက်ဖြင့် သွားမထိနဲ့။ ခွဲစိတ်နေသည့် ကာလတစ်လျှောက်လုံး ကျွန်မ သတိလက်လွတ် အသက်ရှူအောင့်ထားမိတာ ဘယ်နှစ်ကြိမ်လဲ မရေတွက်နိုင်တော့ပါ။ ဝမ်းဗိုက်ကို ပြန်ပိတ်ပြီးမှ အသက် ၀၀ ရှူနိုင်ပါသည်။

မမ အိုဂျီ က သက်ဆိုင်ရာ ကိစ္စအားလုံး ကုသ ပြီးစီးသွားသည့်အခါ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တာ ကျွန်မ ကြားလိုက်ရသည်.. လိုအပ်သည့် ပဋိဇီဝဆေးဝါးတို့ကို ကျွန်မတို့ပဲ ငွေစုပြီး ဝယ်ကြ၏။ မျှော်လင့်ချက်ကတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိသည်။ လူနာမိန်းကလေး ကံကောင်းသည် ဟုပြောမလား.. ကျွန်မတို့ အိုဂျီမမ တော်သည် ဟုပြောရမလား.. ကျွန်မတို့ ဆရာဝန်အားလုံး၏ မေတ္တာ စေတနာ ထိရောက်သည် ဟုဆိုရမလား.. ဘာကြောင့်ပဲဖြစ်ဖြစ် ထိုမိန်းကလေး အသက်ရှင်ခွင့်ရနေဆဲဖြစ်သည်။နောက်ဆုံးမှာတော့ ကျွန်မတို့ ထိုမိန်းကလေး၏ အသက်ကို ကယ်လိုက်နိုင်ခဲ့ပြီ.. ကျွန်မတို့ ၄ ယောက် ငွေအတော်များများစီ အကုန်ကျခံပြီး ကုသလိုက်ရကျိုး နပ်ပြီ..

လူနာ၏ မိခင်မှာ ကျွန်မတို့အား ကျေးဇူးတင်လွန်းလှသဖြင့် လက်အုပ်ချီ၍ ကန်တော့ရင်း ဝမ်းသာ မျက်ရည်များဖြင့် ငိုပြန်လေသည်။ သမီး၏ အသက်သခင် ကျေးဇူးရှင်တို့အား သမီးအဖြစ် ကိုမချွင်းမချန် ပြောတော့မည် ဟု စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။ မိန်းကလေး၏ ဖြစ်စဉ်ကို ကျွန်မတို့အား ရှက်ကြောက်လျက်က ဖွင့်ပြောပြခဲ့သည်။ အကယ်၍သာ သူတို့သည် ချမ်းသာသည့် မိသားစုဖြစ်ခဲ့လျင် ရလဒ်မှာ ပြောင်းလဲ သွားနိုင်ပါသလားဟု ကျွန်မ တွေးကြည့်မိသည်။ မိန်းကလေးသာ ချမ်းသာခဲ့သည် ဆိုလျှင် ထိုယောက်ျားက မယူဘဲ ရှောင်ပြေးသွားဦးမလား..

ရှောင်ပြေးသွားသည်ပဲ ထားပါ.. ရုပ်ရှင်တွေထဲကလိုမိန်းကလေးကို လက်ထပ်ထိမ်းမြားယူလိုသည့် အခြားယောက်ျားတစ်ယောက် အဆင်သင့်မရှိနိုင်ဘူးလား.. ကလေးအဖေဖော်ဖို့ ဟူသည့် ခပ်ညံ့ညံ့ ရည်ရွယ်ချက်ဖြင့် မိဘက မိန်းကလေးကို အိမ်ထောင်ပြုပေးလို့ မရနိုင်ဘူးလား.. (မျှတတာ မမျှတတာ ဆိုသည်က လုံးလုံး အရှက်ကွဲရသည့် ကိစ္စနှင့် ယှဉ်သော် ထည့်တွက်စရာမလို အောင် သေးဖွဲပါသည် ဟု ကိုယ့်ကိုယ်ကို ခွင့်လွှတ်စိတ် မွေးကြလိမ့်မည်။ ) ထားပါတော့… အဲသည်လို အခြားယောက်ျားတစ်ယောက်ကို လိမ်လည် ပြီး မပေးစားလိုလျှင်လည်း ဤကိုယ်ဝန်ကို အသက်အန္တရာယ် မရစေဘဲ ကိုယ်ခန္ဓာမှ ဖယ်ထုတ်ဖို့ လုံခြုံစိတ်ချရသည့် ကုသမှုကို ပေးမည့် နေရာတွေ ဆိုတာ နံပါတ် စဉ်လိုက်စီတန်းပြီးရမလာနိုင်ဘူးလား..

ဒါက ကိုယ်ဝန် ဆိုသည့် အမှုကိစ္စကြီး ပေါ်လာပြီးသည့်နောက် မှာတောင် ရွေးချယ်စရာတွေ များပြားလှသည့် လူချမ်းသာတွေ၏ အခြေအနေများဖြစ်သည်။ လိင်ဆိုင်ရာ ပညာပေးဗဟုသုတ ရှိသည့် လူချမ်းသာ သားသမီးဆိုလျှင် ဖြင့် ကိုယ်ဝန်ဟူသည့် အမှုကိစ္စပင် ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ ယခုတော့ မိန်းကလေးမှာ ပညာမရှိ.. ဗဟုသုတမရှိ.. ရည်းစားကတော့ ရခဲ့ပြီ.. မိမိစိတ်အလိုကိုလိုက်မိတာလား.. ရည်းစား၏ စိတ်အလိုကိုလိုက်မိတာလား.. တစ်ခုခု အလိုကို လိုက်မိသဖြင့် လွန်ကျူးခဲ့ကြပြီ..

ကိုယ်ဝန်ရခဲ့ပြီ.. ပိုုက်ဆံက များများမရှိ..

သည်တော့ ကုန်ကျစရိတ် အနည်းဆုံးနည်းကိုရှာသည့်အခါ.. အညံံ့ဆုံးနည်းကို သုံးပြီး ဖြေရှင်းပေးသူထံ ရောက်သွားသည်။ ဘာမှ မတတ်သည့် လူတစ်ယောက်၏ လက်ထဲသို့ မိမိအသက်ကို ပုံအပ်ပေးလိုက်ရသည်။ဤကဲ့သို့ အလားတူ အဖြစ်မျိုးတွေ နောက်ထပ် ဘယ်နှစ်ခု လာဦးမည်နည်း.. ဘယ်လို ကာကွယ်ပေး နိုင်မည်နည်း.. အရွယ်ရောက်လာသည့် မိန်းကလေးတွေကို ရည်းစားလုံး၀ မထားရဟု လူကြီးများက အာဏာသုံးပြီး ထိန်းချုပ်စောင့်ကြပ်ထားခြင်းသည် ဤပြဿနာ၏ ဖြေရှင်း ကာကွယ်နည်း ဖြစ်မလား….

ရည်းစား ထားလိုက ထားပါ။ နှစ်ယောက်တည်း ဘယ်တော့မှ အတွေ့မခံနှင့် ဟု ဆုံးမခြင်းသည် ဤပြဿနာ၏ ကာကွယ်နည်း ဖြစ်မလား..

ရည်းစား နှင့် တွေ့လိုလျှင် ကိုယ်ဝန်မရှိအောင် ဘယ်လိုနေ.. ဘယ်လိုရှောင်.. ဘာဆေးသုံး စသည်ဖြင့် ညွှန်ကြားပြီးအသိပညာပေးခြင်းသည်.. သင့်တော်သော ကာကွယ်နည်း. ဖြေရှင်းနည်း ဖြစ်နိုင်ပါ့မလား..

ကျွန်မကတော့ ကျွန်မ ဆေးခန်း သို့ ရောက်လာသည့် အလားတူ ပြဿနာတွေကို စကားတစ်ခွန်းဖြင့် အမြဲရှောင်လေ့ရှိသည်..

“ကိုယ်ဝန်ဖျက်တယ် ဆိုတာ လုူသတ်မှုတော်ရေ့.. ကျုပ်တော့ ကိုယ်ဝန်ဖျက်မပေးနိုင်ဘူး..ကိုယ်ဝန်မရအောင် ဘယ်လိုတားရမလဲ လို့ အသိပညာပဲ ပေးနိုင်တယ်.. အဲဒီအတွက်တော့ အချိန်မရွေး လာခဲ့ပါ။”

ဆေးခန်းမှာ ကြုံတွေ့ရသည့် မိန်းကလေးတွေအတွက် ကျွန်မက ဒါ့ထက်ပိုပြီး ဘာတွေ များ လုပ်ပေးနိုင်မှာလဲ..

ကဲ.. ဆိုကြပါစို့.. ဤအဆင့် ဤကာကွယ်မှုတွေ ကို မရခဲ့လို့.. ကိုယ်ဝန်ရလာပြီ ဆိုပါစို့.. ယောက်ျားကလေး ကလည်း တာဝန်မယူ လက်မထပ်လိုဘူး ဆိုပါစို့ (ဤနိုင်ငံမှာ ကိုယ်ဝန်အတွက် အကောင်းဆုံး ဖြေရှင်းနည်းက တစ်ခုပဲ ရှိသည်။ ထိုရည်းစားနှင့် အချိန်မတန်မီ လက်ထပ် ပစ်လိုက်ခြင်းဖြစ်သည်။)

ကျွန်မတို့ ဘယ်လိုဖြေရှင်းပေးကြမလဲ.. နင်လုပ်တဲ့ အပြစ် နင်ခံရမှာပဲ.. ဒါတရားတယ်.. ခံပေါ့ ဟု ပြောရမလား..

သည်လိုဆိုလျှင် ဤမိန်းကလေးနှင့် (အနည်းဆုံး) ထပ်တူထပ်မျှ သို့မဟုတ်.. ပို၍ ပင် အပြစ်ကြီးသာ.. တာဝန်ရှိသော… ဦးဆောင်သူယောက်ျား ကို တော့ ဘယ်လို သဘောထားရမလဲ…

သူက ယောက်ျား ပဲလေ.. သူ့မှာက ပြစ်မှုအတွက် ခြေရာ လက်ရာ ဘာမှ မကျန်နိုင်သည့် အားသာချက်ကြီး ရှိနေမှပဲ.. ပြစ်မှုမှ ကွင်းလုံးကျွတ်လွတ်ရုံမက ဘယ်သူကမှ ဘာသံသယအမြင်နဲ့မှ အကြည့်မခံရသည်အထိ ဤအမှုမှ ကင်းရှင်းစေ ဟု လွှတ်ပေးထားရတာ.. သဘာဝတဲ့လား..

ယောက်ျားနဲ့ မိန်းမ သဘာဝမှ မတူဘဲ ဟု အဲသည် သဘာဝဆိုတာချည်းကို လွှဲချပြီး အဖြစ်မှန်ကို မျိုသိပ ်နေရတာ ခွင့်လွှတ်နည်း အစစ်ဟုတ်ရဲ့လား.. ဆူးပေါ်ဖက်ကျခြင်းနှင့် ဖက်ပေါ်ဆူးကျခြင်းဟုသည့် ရှေးရိုးစကားပုံတစ်ခုကို ယခုတိုင် အသက်သွင်းနေရဆဲလား.. အဲသည် စကားပုံဟာ ယခုအထိ အသုံးတည့်နေတုန်းပဲလား.. မိန်းမတွေ ဒါထက် သတ္တိရှိဖ့ိုက လိုနေပြီလား..

ကိုယ့်ရင်သွေး၏ ဖခင်ရင်းဖြစ်သော ကလေးအဖေနာမည်ကို ရိုးသားစွာ အမှန်အတိုင်း ဖော်ထုတ်ပေးရမည့် ကိစ္စမှာ ဘာတွေများ ကြောက်စရာ ရှက်စရာ ရှိမှာမို့လဲ… တစ်ယောက်တည်းမွေးပြီး တစ်ယောက်တည်း ပြုစုစောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူးလား.. အမှန်တရားတစ်ခုကို ရိုးသားစွာ ရင်ဆိုင်ဖို့ သတ္တိမရှိသင့်ဘူး လား..

ကိုယ်ဝန် မရှိအောင်တော့ ကြိုတင်ကာကွယ်ပေါ့.. ရှိပြီ ဆိုလျှင်လည်း ကလေး၏ အသက်ကို မသတ်ဘဲ ပတ်ဝန်းကျင် ကို သတ္တိရှိရှိ ရင်ဆိုင်မှပေါ့.. အဲသလို ဖြေရှင်းပေးရမလား..

မိန်းကလေး က မိမိဖြစ်ခဲ့သည့် အမှုကိစ္စကို ပတ်ဝန်းကျင်အား ဖော်ထုတ်ရင်ဆိုင်ရာတွင် “မျက်နှာပြောင် တိုက်လှသည်” ဟု ကဲ့ရဲ့ခြင်းကို ခံနိုင်သည်အထိ သတ္တိရှိရှိ ရင်ဆိုင်သင့်သည်ပဲထား.. ကလေးကြီးပြင်းလာသည့် အခါ ကလေးခံစားရမည့် စိတ်ထိခိုက်မှု ဒဏ်ရာ.. စိတ်နာကြည်းမှု ဒဏ်ရာကို ကျွန်မတို့ ဘယ်လို လုပ်ပြီး ကြိုတင် မှန်းဆကြည့်နိုင်မလဲ.. ဤကလေးသည် သန္ဓေသားဘဝမှာ သေဆုံးပစ်ရခြင်းကို နှစ်သက်သလား.. မွေးဖွားကြီးပြင်းလာပြီး ပတ်ဝန်းကျင်ကြောင့် ရလာမည့် ထိခိုက်နာကျင်မှုကိုပဲ နှစ်သက်သလား.. ရွေးချယ်ပိုင်ခွင့်ရှိခဲ့ရင် ကလေးက ဘာကို ရွေးချယ်ချင်မလဲ.. ကျွန်မတို့ ဘယ်လိုမှ မသိနိုင်.. မိခင် ၏ လင်မရှိဘဲ မွေးရဲသည့် သတ္တိကို ကြီးပြင်းလာမည့် ကလေးက ရဲရင့်မှု ဟုမယူဆဘဲ.. မိမိအား အရှက်ခွဲ နှက်စက်မှု ဟု ယူဆလာစရာ အကြောင်းရော.. မရှိဘူးလား..

ဘုရားရေ..

တွေးရင်းတွေးရင်းနှင့် ဤပြဿနာသည် ဖြေရှင်းလို့ ရတော့မှာမဟုတ် ဟု အားလျော့ချင်သလိုလို ဖြစ်လာသည်။

လောကရှိ မိန်းကလေး အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုတော့ ရှိ ရမှာပေါ့.. ဘာနည်းဖြစ်မလဲ.. ကျွန်မတို့ ဘာကူညီပေးနိုင်မလဲ.. တခုခုတော့ ရှိရမည်..

အဲသည်လိုနှင့် ကျွန်မ၏ မှတ်စုတွေ .. တစ်မျက်နှာပြီး တစ်မျက်နှာ ပွားလာခဲ့တော့၏..

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top