ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဆီးရီးယားႏုိင္ငံ၊ ဂိုတာေဒသအေရွ႕ပိုင္းက သူပုန္ေတြထိန္းခ်ဳပ္ထားတဲ့ ဆာဘၿမိဳ႕မွာ ၿပိဳက်ေနတဲ့ အေဆာက္အဦတခုရဲ႕ အပ်က္အစီးၾကားထဲကေန ဆီးရီးယား ကေလးငယ္တဦးကို ခက္ခက္ခဲခဲ ကယ္တင္ခဲ့ရပါတယ္။

ကေလးကိုကယ္တင္ေနတဲ့ ဗီြဒီယိုဖိုင္ကို လူမႈကြန္ရက္ မီဒီယာေပၚမွာ လႊင့္တင္ခဲ့ပါတယ္။

အဲဒီေဒသမွာ ဇန္နဝါရီ ၉ ရက္တုန္းက ျဖစ္ပြားခဲ့တဲ့ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ဒဏ္ရာရသူ ၂၀ ေက်ာ္ ရွိခဲ့တယ္လုိ႔ ဆီးရီးယား လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔က ေျပာပါတယ္။

ေလေၾကာင္းတိုက္ခိုက္မႈေတြျဖစ္ေနတာ ၁၂ ရက္ဆက္တိုက္ ရွိေနၿပီလုိ႔လည္း အဲဒီအဖြဲ႔က ေျပာပါတယ္။

ၿမိဳ႕ေတာ္ ဒမတ္စကတ္ အနားမွာရွိတဲ့ ဂိုတာေဒသ အေရွ႕ပိုင္းဟာ သမၼတ ဘာရွာ အယ္လ္အာဆတ္ကို ျဖဳတ္ခ်ေရး တိုက္ပြဲဝင္ေနတဲ့ လက္နက္ကိုင္သူပုန္ေတြ ေနာက္ဆံုးေျခကုပ္ယူထားတဲ့ေနရာ ျဖစ္ပါတယ္။

အဲဒီေဒသမွာေနထုိင္သူ အရပ္သား ေလးသိန္းရွိတယ္လို႔ ကုလသမဂၢက ခန္႔မွန္းထားၿပီး အစားအစာနဲ႔ ေဆးဝါးအေထာက္အပံ့ ေရာက္ရွိမႈ နည္းေနတယ္လုိ႔လညး္ ေျပာပါတယ္။

ဆီးရီးယားစစ္တပ္နဲ႔ ဆီးရီးယားရဲ႕ မဟာမိတ္ေတြျဖစ္တဲ့ ႐ုရွား၊ အီရန္တို႔ ေထာက္ပံ့ေပးထားတဲ့ ျပည္သူ႔စစ္ေတြဟာ အဲဒီေဒသမွာ ဗံုးႀကဲမႈေတြ ေန႔စဥ္လုပ္ေနပါတယ္။

အဲဒီမွာရွိတဲ့ သူပုန္ေတြကလည္း ဒမတ္စကတ္ၿမိဳ႕ေတာ္ထဲက အစိုးရထိန္းခ်ဳပ္ေဒသေတြကို လက္နက္ႀကီးေတြနဲ႔ တိုက္ခိုက္ေနပါတယ္။

႐ုပ္သံ – ေအဘီစီနယူးစ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb

# Unicode Version ျဖင့္ ဖတ္ပါ #
ဆီးရီးယားနိုင်ငံ၊ ဂိုတာဒေသအရှေ့ပိုင်းက သူပုန်တွေထိန်းချုပ်ထားတဲ့ ဆာဘမြို့မှာ ပြိုကျနေတဲ့ အဆောက်အဦတခုရဲ့ အပျက်အစီးကြားထဲကနေ ဆီးရီးယား ကလေးငယ်တဦးကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပါတယ်။

ကလေးကိုကယ်တင်နေတဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက် မီဒီယာပေါ်မှာ လွှင့်တင်ခဲ့ပါတယ်။

အဲဒီဒေသမှာ ဇန်နဝါရီ ၉ ရက်တုန်းက ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေဖြစ်နေတာ ၁၂ ရက်ဆက်တိုက် ရှိနေပြီလို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

မြို့တော် ဒမတ်စကတ် အနားမှာရှိတဲ့ ဂိုတာဒေသ အရှေ့ပိုင်းဟာ သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ဖြုတ်ချရေး တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်သူပုန်တွေ နောက်ဆုံးခြေကုပ်ယူထားတဲ့နေရာ ဖြစ်ပါတယ်။

အဲဒီဒေသမှာနေထိုင်သူ အရပ်သား လေးသိန်းရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အစားအစာနဲ့ ဆေးဝါးအထောက်အပံ့ ရောက်ရှိမှု နည်းနေတယ်လို့လည်း ပြောပါတယ်။

ဆီးရီးယားစစ်တပ်နဲ့ ဆီးရီးယားရဲ့ မဟာမိတ်တွေဖြစ်တဲ့ ရုရှား၊ အီရန်တို့ ထောက်ပံ့ပေးထားတဲ့ ပြည်သူ့စစ်တွေဟာ အဲဒီဒေသမှာ ဗုံးကြဲမှုတွေ နေ့စဉ်လုပ်နေပါတယ်။

အဲဒီမှာရှိတဲ့ သူပုန်တွေကလည်း ဒမတ်စကတ်မြို့တော်ထဲက အစိုးရထိန်းချုပ်ဒေသတွေကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေပါတယ်။

ရုပ်သံ – အေဘီစီနယူးစ်

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top