ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

‘သံုးေရာင္ျခယ္’ ဇာတ္ ကားတြင္ သ႐ုပ္ေဆာင္ခဲ့သည့္ ျပည့္တန္ဆာ ဇာတ္႐ုပ္အတြက္ ေျပာမထြက္သည့္ ဒိုင္ယာေလာ့ မ်ားရွိခဲ့ေသာ္လည္း ဇာတ္႐ုပ္ ပီျပင္မႈကိုသာ ဦးစားေပး၍ ႀကိဳး စားသ႐ုပ္ေဆာင္ခဲ့ေၾကာင္း အိ ေခ်ာပိုကေျပာသည္။

‘‘ဒီကား႐ုိက္တုန္းက ပထမ ပိုင္းေတာ့ ႐ိုး႐ိုးေလး။ ေနာက္ပိုင္း မွာ တစ္ဆင့္ၿပီးတစ္ဆင့္ ခ်ိန္းသြား တဲ့ အက္တင္ပိုင္းေရာ၊ ဝတ္စား ဆင္ယင္မႈပိုင္းေရာ ႀကိဳးစားၿပီး ခ်ိန္းထားပါတယ္။ ကိုယ့္ကိုခ်ေပး တဲ့ ဒိုင္ယာေလာ့အေပၚ ဒါ႐ိုက္ တာၫႊန္ၾကားတဲ့အတိုင္း အတတ္ ႏိုင္ဆံုး ႀကိဳးစားၿပီး ေျပာတယ္။ တစ္ခါတေလ မေျပာရဲတဲ့ အသံ ထြက္ေတြရွိတယ္။ ကာ႐ိုက္တာ အရ ၾကည့္ျပန္ေတာ့လည္း ေခတ္ နဲ႔အညီ ဒီလိုေတြဆန္းတဲ့ ဒုိင္ယာ ေလာ့ေတြ က်ေတာ့လည္း ေျပာ ရတာေပါ့’’ ဟု အိေခ်ာပိုက ေျပာ သည္။

ယင္းဇာတ္ကားတြင္ အိေခ်ာ ပိုက နယ္စပ္သို႔ အပို႔ခံရကာ ျပည့္ တန္ဆာအျဖစ္   ေစခိုင္းခံရသူအ ျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး မင္းေမာ္ကြန္း၊ ခန္႔စည္သူႏွင့္ ေရႊသမီးတို႔ ပါဝင္သ႐ုပ္ေဆာင္ ထားသည္။

‘‘ဒီဇာတ္ကားေလးစ႐ုိက္က တည္းက ႀကိိဳက္တဲ့ဇာတ္လမ္း တစ္ခု။ ႀကိဳက္လို႔လည္း လက္ခံခဲ့ တာပါ။ ပရိသတ္ေတြကိုလည္း လာအားေပးေစခ်င္ပါတယ္။ ဒီ  ကားေလးထဲမွာ အေျပာင္းအလဲ ေလးေတြလည္းမ်ိဳးစံုပါေတာ့ စိတ္ ဝင္စားမယ္လို႔လည္း ထင္ပါ တယ္’’ ဟု အိေခ်ာပိုက ေျပာ သည္။

ယင္းဇာတ္ကားကို ဇန္နဝါရီ ၁၂ ရက္တြင္ ရန္ကုန္-မႏၲေလး အပါအဝင္ နယ္ၿမိဳ႕မ်ား၌ စတင္႐ံု တင္ျပသခဲ့ၿပီး ဇန္နဝါရီ ၁၄ ရက္ တြင္  ရန္ကုန္ၿမိဳ႕  ေရွ႕ေဆာင္႐ုပ္ ရွင္႐ံု၌  ပါဝင္သည့္ သ႐ုပ္ေဆာင္ မ်ားက ပရိသတ္မ်ားႏွင့္ ေတြ႕ဆံု ၍ အမွတ္တရလက္မွတ္ ေရးထိုး ေပးခဲ့သည္။

လတ္တေလာ အႏုပညာ လႈပ္ရွားမႈအေနျဖင့္ ရဲတိုက္ႏွင့္ ဇာတ္ကားတစ္ကား ႐ိုက္ကူးေန ၿပီး ျမင့္ျမတ္ႏွင့္ ႐ုပ္ရွင္တစ္ကား ႐ိုက္ကူးရန္ လက္ခံထားေၾကာင္း အိေခ်ာပိုက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
‘သုံးရောင်ခြယ်’ ဇာတ် ကားတွင် သရုပ်ဆောင်ခဲ့သည့် ပြည့်တန်ဆာ ဇာတ်ရုပ်အတွက် ပြောမထွက်သည့် ဒိုင်ယာလော့ များရှိခဲ့သော်လည်း ဇာတ်ရုပ် ပီပြင်မှုကိုသာ ဦးစားပေး၍ ကြိုး စားသရုပ်ဆောင်ခဲ့ကြောင်း အိ ချောပိုကပြောသည်။

‘‘ဒီကားရိုက်တုန်းက ပထမ ပိုင်းတော့ ရိုးရိုးလေး။ နောက်ပိုင်း မှာ တစ်ဆင့်ပြီးတစ်ဆင့် ချိန်းသွား တဲ့ အက်တင်ပိုင်းရော၊ ဝတ်စား ဆင်ယင်မှုပိုင်းရော ကြိုးစားပြီး ချိန်းထားပါတယ်။ ကိုယ့်ကိုချပေး တဲ့ ဒိုင်ယာလော့အပေါ် ဒါရိုက် တာညွှန်ကြားတဲ့အတိုင်း အတတ် နိုင်ဆုံး ကြိုးစားပြီး ပြောတယ်။ တစ်ခါတလေ မပြောရဲတဲ့ အသံ ထွက်တွေရှိတယ်။ ကာရိုက်တာ အရ ကြည့်ပြန်တော့လည်း ခေတ် နဲ့အညီ ဒီလိုတွေဆန်းတဲ့ ဒိုင်ယာ လော့တွေ ကျတော့လည်း ပြော ရတာပေါ့’’ ဟု အိချောပိုက ပြော သည်။

ယင်းဇာတ်ကားတွင် အိချော ပိုက နယ်စပ်သို့ အပို့ခံရကာ ပြည့် တန်ဆာအဖြစ်   စေခိုင်းခံရသူအ ဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး မင်းမော်ကွန်း၊ ခန့်စည်သူနှင့် ရွှေသမီးတို့ ပါဝင်သရုပ်ဆောင် ထားသည်။

‘‘ဒီဇာတ်ကားလေးစရိုက်က တည်းက ကြိုက်တဲ့ဇာတ်လမ်း တစ်ခု။ ကြိုက်လို့လည်း လက်ခံခဲ့ တာပါ။ ပရိသတ်တွေကိုလည်း လာအားပေးစေချင်ပါတယ်။ ဒီ  ကားလေးထဲမှာ အပြောင်းအလဲ လေးတွေလည်းမျိုးစုံပါတော့ စိတ် ဝင်စားမယ်လို့လည်း ထင်ပါ တယ်’’ ဟု အိချောပိုက ပြော သည်။

ယင်းဇာတ်ကားကို ဇန်နဝါရီ ၁၂ ရက်တွင် ရန်ကုန်-မန္တလေး အပါအဝင် နယ်မြို့များ၌ စတင်ရုံ တင်ပြသခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် တွင်  ရန်ကုန်မြို့  ရှေ့ဆောင်ရုပ် ရှင်ရုံ၌  ပါဝင်သည့် သရုပ်ဆောင် များက ပရိသတ်များနှင့် တွေ့ဆုံ ၍ အမှတ်တရလက်မှတ် ရေးထိုး ပေးခဲ့သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ရဲတိုက်နှင့် ဇာတ်ကားတစ်ကား ရိုက်ကူးနေ ပြီး မြင့်မြတ်နှင့် ရုပ်ရှင်တစ်ကား ရိုက်ကူးရန် လက်ခံထားကြောင်း အိချောပိုက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top