ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

 ေဖေဖာ္ဝါရီ ၂ ရက္ ည တြင္ ေတာ္ဝင္ဂါးဒင္းဟိုတယ္၌ ျပဳလုပ္မည့္ Yangon Runway Girl's Collection Second Edition ပြဲ၌ ဖက္ရွင္ပိုင္းႏွင့္ပတ္ သက္ၿပီး အေကာင္းဆံုးႏွင့္ အ ႀကိဳက္ဆံုး ဖက္ရွင္ဒီဇိုင္းမ်ား ဝတ္ ဆင္ေဖ်ာ္ေျဖမည္ဟု အဆုိေတာ္ အမြန္းက ေျပာသည္။

‘‘အမြန္းရဲ႕ Performance၊ အမြန္းရဲ႕ ဆုိတာ၊ ကတာ၊ ေဖ်ာ္ ေျဖတာ ပရိသတ္နဲ႔ တစ္သား တည္း က်၊ မက် အဲဒါကို ပိုၿပီး အမြန္းက စိတ္ဝင္စားပါတယ္။ ဖက္ရွင္ဆိုတဲ့ ေခါင္းစဥ္ေအာက္ မွာ ဖက္ရွင္နဲ႔ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ဝတ္တဲ့အခါမ်ိဳးေတြ မွာ အမြန္းလည္း ကိုယ္နဲ႔ စိတ္ ကပ္တဲ့ပံုစံမ်ိဳးေတြ ဝတ္ျဖစ္တယ္။ အေကာင္းဆံုးေတာ့ အမြန္းတင္ ဆက္သြားမွာပါ’’ဟု ၎က ေျပာ သည္။ အဆုိပါ ေဖ်ာ္ေျဖပြဲသည္ ဖက္ရွင္ႏွင့္ ဂီတကို တြဲဖက္တင္ျပ မည့္ ေဖ်ာ္ေျဖပြဲျဖစ္သည္။

အဆုိေတာ္ အမြန္းသည္ ဖက္ရွင္ႏွင့္ပတ္သက္၍ မၾကာခဏေဝ ဖန္မႈမ်ားႏွင့္ ရင္ဆုိင္ရေလ့ရွိၿပီး ၂၀၁၄ ဒီဇင္ဘာတြင္ ျပဳလုပ္ခဲ့ သည့္ Grand Royal ႐ိႈးပြဲ၌ ဝတ္ဆင္ခဲ့သည့္ ဖက္ရွင္ႏွင့္ပတ္ သက္၍ ၿပီးခဲ့သည့္ ရက္ပိုင္းက လူမႈကြန္ရက္တြင္ ထပ္မံပ်ံ႕ႏွံ႔လာရာ ေဝဖန္မႈမ်ား ထပ္မံေပၚထြက္ လာခဲ့သည္။

‘‘မသိတဲ့ ပရိသတ္ေတြက ေတာ့ ဟိုတစ္ေလာက ျဖစ္သြား တယ္လို႔ ထင္တယ္။ အဲဒီအက်ႌက LA က ဒီဇိုင္နာခ်ဳပ္ေပးထားတာ ပါ။ အမြန္းလည္း အရမ္းႀကိဳက္ပါ တယ္။ အခုေခတ္ကေတာ့ အား လံုးက လန္ထြက္ေနၾကတာပါပဲ။ အမြန္းတစ္ေယာက္တည္း ခြၽန္ ထြက္ၿပီး ဝတ္ေနတာမဟုတ္ပါ ဘူး။ ဒါေပမဲ့ ပရိသတ္ကိုက အမြန္းဝတ္လိုက္ၿပီဆိုရင္ စိတ္ဝင္ စားတယ္ဆုိတဲ့အသံ အၿမဲထြက္ တယ္။ အဲဒီအတြက္ အမြန္းကို စိတ္ဝင္တစားနဲ႔ အားေပးတဲ့ပရိ သတ္ေတြကို ေက်းဇူးတင္ပါ တယ္’’ဟု ၎က ေျပာသည္။

ေန႔စဥ္ႏွင့္အမွ် အေရး၊ အဆုိ၊ အက ေဖ်ာ္ေျဖေရးပိုင္းကို သာ ေခါင္းထဲထည့္ထားေသာ ေၾကာင့္ ဖက္ရွင္ပိုင္းကို သီးသန္႔ အခ်ိန္ေပးမစဥ္းစားျဖစ္ေၾကာင္း ေျပာသည္။

‘‘လိုက္ေလ်ာညီေထြေအာင္ အမြန္းဝတ္မယ္။ ဘယ္သူကမွ ကိုယ့္ပံုစံ၊ ကိုယ့္စတိုင္ကို Limit လုပ္တာ မႀကိဳက္ၾကပါဘူး။ အ ကုန္လံုးက ဖက္ရွင္ကို နားလည္ ေနၾကၿပီ။ အားလံုးက ဘာေျပာ ၾကလဲဆုိရင္ အႏုပညာရွင္ေတြ လန္းရင္လည္း လန္းလို႔၊ ဂြမ္းရင္ လည္း ဂြမ္းလို႔ဆုိေတာ့ အမြန္းက ေတာ့ ဘယ္သူဘာေျပာေျပာ အမြန္းကို ခ်စ္တဲ့သူက ခ်စ္မွာပဲ။ မုန္းတဲ့သူကေတာ့ မုန္းမွာပဲ။ အား လံုးကိုေတာ့ ေမတၱာနဲ႔ တုံ႔ျပန္ပါ တယ္’’ဟု ၎က ေျပာသည္။

လက္ရွိတြင္ ဂီတလႈပ္ရွားမႈ အေနျဖင့္ ျမဴးဇစ္ဗီဒီယိုမ်ား ဆက္တိုက္႐ိုက္ကူးရန္ရွိၿပီး သီခ်င္းသစ္ မ်ား ေရးျဖစ္ေနေၾကာင္း အမြန္း က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day

#Unicode Version#
 ဖေဖော်ဝါရီ ၂ ရက် ည တွင် တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ်မည့် Yangon Runway Girl's Collection Second Edition ပွဲ၌ ဖက်ရှင်ပိုင်းနှင့်ပတ် သက်ပြီး အကောင်းဆုံးနှင့် အ ကြိုက်ဆုံး ဖက်ရှင်ဒီဇိုင်းများ ဝတ် ဆင်ဖျော်ဖြေမည်ဟု အဆိုတော် အမွန်းက ပြောသည်။

‘‘အမွန်းရဲ့ Performance၊ အမွန်းရဲ့ ဆိုတာ၊ ကတာ၊ ဖျော် ဖြေတာ ပရိသတ်နဲ့ တစ်သား တည်း ကျ၊ မကျ အဲဒါကို ပိုပြီး အမွန်းက စိတ်ဝင်စားပါတယ်။ ဖက်ရှင်ဆိုတဲ့ ခေါင်းစဉ်အောက် မှာ ဖက်ရှင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဝတ်တဲ့အခါမျိုးတွေ မှာ အမွန်းလည်း ကိုယ်နဲ့ စိတ် ကပ်တဲ့ပုံစံမျိုးတွေ ဝတ်ဖြစ်တယ်။ အကောင်းဆုံးတော့ အမွန်းတင် ဆက်သွားမှာပါ’’ဟု ၎င်းက ပြော သည်။ အဆိုပါ ဖျော်ဖြေပွဲသည် ဖက်ရှင်နှင့် ဂီတကို တွဲဖက်တင်ပြ မည့် ဖျော်ဖြေပွဲဖြစ်သည်။

အဆိုတော် အမွန်းသည် ဖက်ရှင်နှင့်ပတ်သက်၍ မကြာခဏဝေ ဖန်မှုများနှင့် ရင်ဆိုင်ရလေ့ရှိပြီး ၂၀၁၄ ဒီဇင်ဘာတွင် ပြုလုပ်ခဲ့ သည့် Grand Royal ရှိုးပွဲ၌ ဝတ်ဆင်ခဲ့သည့် ဖက်ရှင်နှင့်ပတ် သက်၍ ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက်တွင် ထပ်မံပျံ့နှံ့လာရာ ဝေဖန်မှုများ ထပ်မံပေါ်ထွက် လာခဲ့သည်။

‘‘မသိတဲ့ ပရိသတ်တွေက တော့ ဟိုတစ်လောက ဖြစ်သွား တယ်လို့ ထင်တယ်။ အဲဒီအကျႌက LA က ဒီဇိုင်နာချုပ်ပေးထားတာ ပါ။ အမွန်းလည်း အရမ်းကြိုက်ပါ တယ်။ အခုခေတ်ကတော့ အား လုံးက လန်ထွက်နေကြတာပါပဲ။ အမွန်းတစ်ယောက်တည်း ချွန် ထွက်ပြီး ဝတ်နေတာမဟုတ်ပါ ဘူး။ ဒါပေမဲ့ ပရိသတ်ကိုက အမွန်းဝတ်လိုက်ပြီဆိုရင် စိတ်ဝင် စားတယ်ဆိုတဲ့အသံ အမြဲထွက် တယ်။ အဲဒီအတွက် အမွန်းကို စိတ်ဝင်တစားနဲ့ အားပေးတဲ့ပရိ သတ်တွေကို ကျေးဇူးတင်ပါ တယ်’’ဟု ၎င်းက ပြောသည်။

နေ့စဉ်နှင့်အမျှ အရေး၊ အဆို၊ အက ဖျော်ဖြေရေးပိုင်းကို သာ ခေါင်းထဲထည့်ထားသော ကြောင့် ဖက်ရှင်ပိုင်းကို သီးသန့် အချိန်ပေးမစဉ်းစားဖြစ်ကြောင်း ပြောသည်။

‘‘လိုက်လျောညီထွေအောင် အမွန်းဝတ်မယ်။ ဘယ်သူကမှ ကိုယ့်ပုံစံ၊ ကိုယ့်စတိုင်ကို Limit လုပ်တာ မကြိုက်ကြပါဘူး။ အ ကုန်လုံးက ဖက်ရှင်ကို နားလည် နေကြပြီ။ အားလုံးက ဘာပြော ကြလဲဆိုရင် အနုပညာရှင်တွေ လန်းရင်လည်း လန်းလို့၊ ဂွမ်းရင် လည်း ဂွမ်းလို့ဆိုတော့ အမွန်းက တော့ ဘယ်သူဘာပြောပြော အမွန်းကို ချစ်တဲ့သူက ချစ်မှာပဲ။ မုန်းတဲ့သူကတော့ မုန်းမှာပဲ။ အား လုံးကိုတော့ မေတ္တာနဲ့ တုံ့ပြန်ပါ တယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဂီတလှုပ်ရှားမှု အနေဖြင့် မြူးဇစ်ဗီဒီယိုများ ဆက်တိုက်ရိုက်ကူးရန်ရှိပြီး သီချင်းသစ် များ ရေးဖြစ်နေကြောင်း အမွန်း က ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top