ေလဆိပ္အနီး ေျမပိုင္ဆိုင္မႈရမည့္ လံုးခ်င္း အေရာင္းျပပြဲ
×

အိမ္ေထာင္ျပဳၿပီးေနာက္ အမ်ိဳးသမီးအမ်ားစုသည္ ကိုယ္အေလးခ်ိန္ ျမင့္တက္လာေလ့ရွိေသာ္လည္း ယင္းမွာ အၿမဲတမ္းျဖစ္ေလ့မရွိေပ။ အမ်ိဳးသမီးမ်ား အိမ္ေထာင္ျပဳၿပီးေနာက္ ကိုယ္အေလးခ်ိန္ အနည္းငယ္ျမင့္တက္လာျခင္းသည္ ႀကံဳေတြ႕မႈမ်ားေသာ အေျခ အေနျဖစ္သည္။

ယင္းမွာ က်န္းမာေသာလကၡဏာတစ္ခုဟု မွတ္ယူႏိုင္ၿပီးျဖစ္ကိုျဖစ္လာမည့္ အေျခအေနတစ္ခုျဖစ္သည္။

ပံုမွန္ဆိုသလို လိင္မႈကိစၥႀကံဳေတြ႕လာရျခင္းေၾကာင့္ အမ်ိဳးသမီးမ်ား၏ ခႏၶာကိုယ္ထဲတြင္ ေဟာ္မုန္းအေျပာင္းအလဲမ်ားျဖစ္ကာ ကိုယ္အေလးခ်ိန္ ျမင့္တက္လာျခင္းျဖစ္ေၾကာင္း လူအမ်ားစုက ယံုၾကည္ထားသည္။ သုိ႔ေသာ္ ပံုမွန္လိင္မႈကိစၥမ်ား ျဖတ္သန္းၿပီး ေနာက္ အမ်ိဳးသမီးတစ္ဦး၏ ရင္သားမ်ား (သို႔မဟုတ္) တင္ပါးမ်ား ႀကီးလာျခင္း (သို႔မဟုတ္) ပံုသဏၭာန္ေျပာင္းလဲျခင္းရွိသည္ဆိုေသာ အေထာက္အထားမေတြ႕ရေၾကာင္း ေလ့လာမႈမ်ားအရ သိရသည္။

ထို႔အျပင္ အမ်ိဳးသားသုက္ေသြးေၾကာင့္ အမ်ိဳးသမီး၏ ကိုယ္ အေလးခ်ိန္ျမင့္တက္လာရသည္ဆိုေသာ အေထာက္အထားလည္း မေတြ႕ရဟု ကြၽမ္းက်င္သူမ်ားကေျပာၿပီး ပ်မ္းမွ်သုက္ေသြးပမာဏ ၂ မီလီဂရမ္ႏွင့္ ၃ မီလီဂရမ္တြင္ ၁၅ ကယ္လိုရီသာ ပါဝင္သည္။

အမ်ိဳးသမီးအမ်ားစုသည္ မဂၤလာေဆာင္မည့္ရက္ ေသခ်ာၿပီဆိုသည္ႏွင့္ ပိန္ပါးလွပလို၍ မဂၤလာပြဲအတြက္ ရည္ရြယ္ကာ ေလ့က်င့္ခန္းလုပ္ေလ့ရွိသည္။ သို႔ေသာ္ မဂၤလာေဆာင္ၿပီးေနာက္တြင္ ေလ့က်င့္ခန္းမလုပ္ေတာ့ဘဲ ယခင္ပံုစံအတိုင္း ျပန္ျဖစ္လာျခင္း ေၾကာင့္ ကိုယ္အေလးခ်ိန္ တက္လာႏိုင္သည္။

ထို႔အျပင္ အိမ္ ေထာင္ျပဳၿပီးေနာက္ အစားစားေသာက္ပံုေျပာင္းလဲလာႏိုင္ၿပီး တစ္ကိုယ္တည္းရွိစဥ္ကထက္ ပိုစားလာႏိုင္သည္။ အိမ္ေထာင္သက္ ၂ ႏွစ္ (သို႔မဟုတ္) ယင္းထက္ပိုမ်ားေသာ ဇနီးေမာင္ႏွံတို႔ ကိုယ္အေလးခ်ိန္ တက္လာႏိုင္ေၾကာင္း ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။

ဖူလံုေနသည္၊ ခ်စ္ခင္ႏွစ္သက္ေနသည္၊ ေပ်ာ္ရႊင္ေနသည္ဟု ခံစားရေသာ ဇနီးေမာင္ႏွံမ်ားသည္ ကိုယ္အေလးခ်ိန္ျမင့္တက္လာႏိုင္ေၾကာင္း ေလ့လာမႈမ်ားက ေဖာ္ျပသည္။

သို႔ေသာ္ အမ်ိဳးသမီးမ်ားသာ အိမ္ေထာင္က်ၿပီးမွ ကိုယ္အေလးခ်ိန္ ျမင့္တက္လာသည္မဟုတ္ဘဲ အမ်ိဳးသားမ်ားလည္း ကိုယ္အေလးခ်ိန္ ျမင့္တက္လာႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 အိမ်ထောင်ပြုပြီးနောက် အမျိုးသမီးအများစုသည် ကိုယ်အလေးချိန် မြင့်တက်လာလေ့ရှိသော်လည်း ယင်းမှာ အမြဲတမ်းဖြစ်လေ့မရှိပေ။ အမျိုးသမီးများ အိမ်ထောင်ပြုပြီးနောက် ကိုယ်အလေးချိန် အနည်းငယ်မြင့်တက်လာခြင်းသည် ကြုံတွေ့မှုများသော အခြေ အနေဖြစ်သည်။

ယင်းမှာ ကျန်းမာသောလက္ခဏာတစ်ခုဟု မှတ်ယူနိုင်ပြီးဖြစ်ကိုဖြစ်လာမည့် အခြေအနေတစ်ခုဖြစ်သည်။

ပုံမှန်ဆိုသလို လိင်မှုကိစ္စကြုံတွေ့လာရခြင်းကြောင့် အမျိုးသမီးများ၏ ခန္ဓာကိုယ်ထဲတွင် ဟော်မုန်းအပြောင်းအလဲများဖြစ်ကာ ကိုယ်အလေးချိန် မြင့်တက်လာခြင်းဖြစ်ကြောင်း လူအများစုက ယုံကြည်ထားသည်။ သို့သော် ပုံမှန်လိင်မှုကိစ္စများ ဖြတ်သန်းပြီး နောက် အမျိုးသမီးတစ်ဦး၏ ရင်သားများ (သို့မဟုတ်) တင်ပါးများ ကြီးလာခြင်း (သို့မဟုတ်) ပုံသဏ္ဌာန်ပြောင်းလဲခြင်းရှိသည်ဆိုသော အထောက်အထားမတွေ့ရကြောင်း လေ့လာမှုများအရ သိရသည်။

ထို့အပြင် အမျိုးသားသုက်သွေးကြောင့် အမျိုးသမီး၏ ကိုယ် အလေးချိန်မြင့်တက်လာရသည်ဆိုသော အထောက်အထားလည်း မတွေ့ရဟု ကျွမ်းကျင်သူများကပြောပြီး ပျမ်းမျှသုက်သွေးပမာဏ ၂ မီလီဂရမ်နှင့် ၃ မီလီဂရမ်တွင် ၁၅ ကယ်လိုရီသာ ပါဝင်သည်။

အမျိုးသမီးအများစုသည် မင်္ဂလာဆောင်မည့်ရက် သေချာပြီဆိုသည်နှင့် ပိန်ပါးလှပလို၍ မင်္ဂလာပွဲအတွက် ရည်ရွယ်ကာ လေ့ကျင့်ခန်းလုပ်လေ့ရှိသည်။ သို့သော် မင်္ဂလာဆောင်ပြီးနောက်တွင် လေ့ကျင့်ခန်းမလုပ်တော့ဘဲ ယခင်ပုံစံအတိုင်း ပြန်ဖြစ်လာခြင်း ကြောင့် ကိုယ်အလေးချိန် တက်လာနိုင်သည်။

ထို့အပြင် အိမ်ထောင်ပြုပြီးနောက် အစားစားသောက်ပုံပြောင်းလဲလာနိုင်ပြီး တစ်ကိုယ်တည်းရှိစဉ်ကထက် ပိုစားလာနိုင်သည်။ အိမ်ထောင်သက် ၂ နှစ် (သို့မဟုတ်) ယင်းထက်ပိုများသော ဇနီးမောင်နှံတို့ ကိုယ်အလေးချိန် တက်လာနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ဖူလုံနေသည်၊ ချစ်ခင်နှစ်သက်နေသည်၊ ပျော်ရွှင်နေသည်ဟု ခံစားရသော ဇနီးမောင်နှံများသည် ကိုယ်အလေးချိန်မြင့်တက်လာနိုင်ကြောင်း လေ့လာမှုများက ဖော်ပြသည်။

သို့သော် အမျိုးသမီးများသာ အိမ်ထောင်ကျပြီးမှ ကိုယ်အလေးချိန် မြင့်တက်လာသည်မဟုတ်ဘဲ အမျိုးသားများလည်း ကိုယ်အလေးချိန် မြင့်တက်လာနိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top