ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ျပန္လည္က်င္းပမည့္ ရန္ကုန္တိုင္း လႊတ္ေတာ္အစည္း အေဝး၌ ေမြးကင္းစကေလးငယ္ ႏွင့္ လသားကေလးငယ္မ်ား စြန္႔ ပစ္ျခင္းအပါအဝင္ ၎၏ မဲဆႏၵ နယ္တြင္ သံုးႀကိမ္တိုင္ဆႏၵျပသည့္ အေၾကာင္းရပ္မ်ားကို တင္ျပေဆြး ေႏြးမည္ျဖစ္ေၾကာင္း ေတာင္ဒဂံု ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စား လွယ္ ဦးညီညီက ေျပာသည္။

ေမြးကင္းစကေလး စြန္႔ပစ္ ျခင္းႏွင့္ပတ္သက္၍ မည္သို႔ အေရးေပၚ ကိုင္တြယ္ေဆာင္ရြက္ မည္လဲဆိုသည့္ေမးခြန္းကို လႊတ္ ေတာ္တြင္ေမးရန္ စီစဥ္ထား ေၾကာင္း ဦးညီညီကေျပာသည္။

ေမြးကင္းစကေလး စြန္႔ပစ္မႈ မ်ားျပားလာျခင္းေၾကာင့္ မ်ဳိးဆက္ ပြားက်န္းမာေရး အသိပညာေပး ေရးႏွင့္ က်ဴးလြန္သူမ်ားကို အျပစ္ ေပးႏုိင္ေရး ဥပေဒမ်ား ျပ႒ာန္းရန္ လိုအပ္ေၾကာင္း ဇန္နဝါရီ၆ရက္က ျပဳလုပ္သည့္ ေမြးကင္းစကေလး ငယ္ စြန္႔႔ပစ္မႈ တိုက္ဖ်က္ေရးႏွင့္ အသိပညာေပး ေဆြးေႏြးပြဲတြင္ ေဆြးေႏြးသူမ်ားကေျပာသည္။

ကေလးစြန္႔ပစ္မႈမ်ားသည္ ယခင္ကလည္းရွိၿပီး စာေပစိစစ္ ေရးႏွင့္ သတင္းျဖတ္ေတာက္မႈ မ်ားေၾကာင့္ ေဖာ္ျပခြင့္မရွိခဲ့ဘဲ လူမႈကြန္ရက္မ်ား ေပၚေပါက္လာ သည့္အခါ ဖံုးကြယ္၍မရႏိုင္သျဖင့္ လူသိမ်ားလာရေၾကာင္း ရန္ကုန္ ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၀င္ စာေရးဆရာမ  သန္းျမင့္ေအာင္က ယင္းေဆြးေႏြး ပြဲတြင္ ေဆြးေႏြးသည္။

ျမန္မာႏိုင္ငံရွိ လူငယ္မ်ား သည္ လိင္ပိုင္းဆိုင္ရာကိစၥရပ္မ်ား ႏွင့္ပတ္သက္၍ ဗဟုသုတမရွိဘဲ က်ဴးလြန္ၿပီး ကိုယ္ဝန္ရွိသည့္အခါ ဖ်က္ခ်ျခင္း၊ စြန္႔ပစ္ျခင္းမ်ား ျပဳ လုပ္ေၾကာင္း ေဆြးေႏြးပြဲတြင္ ပါ ဝင္သူမ်ားက ဆိုသည္။

ယခုေနာက္ပိုင္းတြင္ လိင္မႈ ကိစၥ က်ဴးလြန္မိၿပီး ကိုယ္ဝန္ရ ခ်ိန္၌ သက္ဆိုင္သူက တာဝန္ မခံ သည့္ အမ်ဳိးသမီးမ်ားကို ကူညီ ေစာင့္ေရွာက္သည့္ ေဂဟာမ်ား ေပၚေပါက္လာသည္။ ယင္းကဲ့သို႔ ေဂဟာျဖစ္သည့္ ျမင့္မိုရ္ေမတၱာ (နားခိုရာ) ေဂဟာသည္ ခ်စ္သူ အမ်ဳိးသားက တာဝန္မယူသည့္ အမ်ဳိးသမီးငယ္မ်ားကို တိတ္ တဆိတ္ ကေလးေမြးဖြားႏုိင္ရန္ ကူညီေပးကာ ေဂဟာတည္ ေထာင္ၿပီး ေျခာက္လအၾကာ ကေလး ၅၇ ဦး ေမြးဖြားခဲ့ေၾကာင္း တည္ေထာင္သူ ေဒါက္တာျမတ္ သန္႔က ေျပာၾကားသည္။

ထုိ႔အျပင္ ေတာင္ဒဂံုၿမိဳ႕နယ္ တြင္ အမ်ားျပည္သူပိုင္ စည္ပင္ သာယာေျမကို က်ဴးေက်ာ္ထား သည္ဆိုေသာ ေဂါပကလူႀကီး တစ္ဦးကို ဆႏၵျပမႈသည္ တစ္ႏွစ္ တည္းတြင္ သံုးႀကိမ္ခန္႔ရွိၿပီး ယင္း ကိစၥအပါအဝင္ လူငယ္မ်ား မူး ယစ္ ေဆးဝါးသံုးစြဲမႈအေၾကာင္း ထည့္သြင္းေဆြးေႏြးမည္ဟု ရန္ ကုန္တုိင္းလႊတ္ေတာ္လူမႈေရးႏွင့္ စီမံခန္႔ခြဲေရး ေကာ္မတီအတြင္း ေရးမွဴး ဦးညီညီက ေျပာသည္။

ျပန္လည္က်င္းပမည့္ ဆ႒မ အႀကိမ္ေျမာက္ ရန္ကုန္တိုင္း ေဒသႀကီး လႊတ္ေတာ္အစည္း အေဝးကို ဇန္နဝါရီ ၃၀ ရက္တြင္ စတင္မည္ျဖစ္ေၾကာင္း ေတာင္ ဒဂံုၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စား လွယ္ ဦးညီညီက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
 ပြန်လည်ကျင်းပမည့် ရန်ကုန်တိုင်း လွှတ်တော်အစည်း အဝေး၌ မွေးကင်းစကလေးငယ် နှင့် လသားကလေးငယ်များ စွန့် ပစ်ခြင်းအပါအဝင် ၎င်း၏ မဲဆန္ဒ နယ်တွင် သုံးကြိမ်တိုင်ဆန္ဒပြသည့် အကြောင်းရပ်များကို တင်ပြဆွေး နွေးမည်ဖြစ်ကြောင်း တောင်ဒဂုံ မြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးညီညီက ပြောသည်။


မွေးကင်းစကလေး စွန့်ပစ် ခြင်းနှင့်ပတ်သက်၍ မည်သို့ အရေးပေါ် ကိုင်တွယ်ဆောင်ရွက် မည်လဲဆိုသည့်မေးခွန်းကို လွှတ် တော်တွင်မေးရန် စီစဉ်ထား ကြောင်း ဦးညီညီကပြောသည်။

မွေးကင်းစကလေး စွန့်ပစ်မှု များပြားလာခြင်းကြောင့် မျိုးဆက် ပွားကျန်းမာရေး အသိပညာပေး ရေးနှင့် ကျူးလွန်သူများကို အပြစ် ပေးနိုင်ရေး ဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ဇန်နဝါရီ၆ရက်က ပြုလုပ်သည့် မွေးကင်းစကလေး ငယ် စွန့့်ပစ်မှု တိုက်ဖျက်ရေးနှင့် အသိပညာပေး ဆွေးနွေးပွဲတွင် ဆွေးနွေးသူများကပြောသည်။

ကလေးစွန့်ပစ်မှုများသည် ယခင်ကလည်းရှိပြီး စာပေစိစစ် ရေးနှင့် သတင်းဖြတ်တောက်မှု များကြောင့် ဖော်ပြခွင့်မရှိခဲ့ဘဲ လူမှုကွန်ရက်များ ပေါ်ပေါက်လာ သည့်အခါ ဖုံးကွယ်၍မရနိုင်သဖြင့် လူသိများလာရကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် စာရေးဆရာမ  သန်းမြင့်အောင်က ယင်းဆွေးနွေး ပွဲတွင် ဆွေးနွေးသည်။

မြန်မာနိုင်ငံရှိ လူငယ်များ သည် လိင်ပိုင်းဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ဗဟုသုတမရှိဘဲ ကျူးလွန်ပြီး ကိုယ်ဝန်ရှိသည့်အခါ ဖျက်ချခြင်း၊ စွန့်ပစ်ခြင်းများ ပြု လုပ်ကြောင်း ဆွေးနွေးပွဲတွင် ပါ ဝင်သူများက ဆိုသည်။

ယခုနောက်ပိုင်းတွင် လိင်မှု ကိစ္စ ကျူးလွန်မိပြီး ကိုယ်ဝန်ရ ချိန်၌ သက်ဆိုင်သူက တာဝန် မခံ သည့် အမျိုးသမီးများကို ကူညီ စောင့်ရှောက်သည့် ဂေဟာများ ပေါ်ပေါက်လာသည်။ ယင်းကဲ့သို့ ဂေဟာဖြစ်သည့် မြင့်မိုရ်မေတ္တာ (နားခိုရာ) ဂေဟာသည် ချစ်သူ အမျိုးသားက တာဝန်မယူသည့် အမျိုးသမီးငယ်များကို တိတ် တဆိတ် ကလေးမွေးဖွားနိုင်ရန် ကူညီပေးကာ ဂေဟာတည် ထောင်ပြီး ခြောက်လအကြာ ကလေး ၅၇ ဦး မွေးဖွားခဲ့ကြောင်း တည်ထောင်သူ ဒေါက်တာမြတ် သန့်က ပြောကြားသည်။

ထို့အပြင် တောင်ဒဂုံမြို့နယ် တွင် အများပြည်သူပိုင် စည်ပင် သာယာမြေကို ကျူးကျော်ထား သည်ဆိုသော ဂေါပကလူကြီး တစ်ဦးကို ဆန္ဒပြမှုသည် တစ်နှစ် တည်းတွင် သုံးကြိမ်ခန့်ရှိပြီး ယင်း ကိစ္စအပါအဝင် လူငယ်များ မူး ယစ် ဆေးဝါးသုံးစွဲမှုအကြောင်း ထည့်သွင်းဆွေးနွေးမည်ဟု ရန် ကုန်တိုင်းလွှတ်တော်လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီအတွင်း ရေးမှူး ဦးညီညီက ပြောသည်။

ပြန်လည်ကျင်းပမည့် ဆဋ္ဌမ အကြိမ်မြောက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်း အဝေးကို ဇန်နဝါရီ ၃၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း တောင် ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးညီညီက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top