AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ဘတ္စ္ကားေပၚမွာ ခရီးသည္ ၅၃ ဦး လုိက္ပါလာခဲ့ၿပီး ေသဆုံးသူအေရအတြက္ ျမင့္တက္လာႏုိင္ပါတယ္။
ပီ႐ူးႏုိင္ငံမွာ ဘတ္စ္ကားတစ္စီး ေပ ၃၃၀ ျမင့္တဲ့ ေခ်ာက္ကမ္းပါးေပၚမွ ထုိးက်သြားခဲ့မႈေၾကာင့္ အနည္းဆုံး လူ ၂၅ ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ ဇန္နဝါရီ ၂ ရက္က ပီ႐ူးၿမဳိ႕ေတာ္ လီမာရဲ႕ေျမာက္ဘက္ ၂၈ မုိင္ခန္႕အကြာ ကမ္း႐ုိးတန္းေဒသ အေဝးေျပးလမ္းမတစ္ခုမွာ အဆုိပါ မေတာ္တဆမႈ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ဘတ္စ္ကား မေတာ္တဆမႈ ျဖစ္ပြားခဲ့တဲ့ လမ္းမေနရာဟာ အေကြ႕အေကာက္မ်ားၿပီး နာမည္ဆုိးျဖင့္ေက်ာ္ၾကားကာ ပီ႐ူးမွာ Curva del Diablo (the devil’s bend) လုိ႕ ေခၚေဝၚၾကတယ္လို႕ ဆုိပါတယ္။ ေခ်ာက္ကမ္းပါးေပၚမွ ထုိးက်သြားခဲ့တဲ့ ဘတ္စ္ကားေပၚမွာ ခရီးသည္ ၅၃ ဦး လုိက္ပါလာခဲ့ေၾကာင္းနဲ႕ ေသဆုံးသူအေရအတြက္ ျမင့္တက္လာႏုိင္ေၾကာင္း ခန္႕မွန္းထားပါတယ္။

ဘတ္စ္ကားဟာ ထရပ္ကားတစ္စီးနဲ႕ တုိက္မိၿပီးေနာက္ ေခ်ာက္ကမ္းပါးေပၚမွ ထုိးက်သြားခဲ့ျခင္း ျဖစ္တယ္လုိ႕ သတင္းေတြက ေျပာပါတယ္။ ဘတ္စ္ကားထုိးက်သြားတဲ့ ေနရာမွ ရဲတပ္ဖြဲ႕နဲ႕ မီးသတ္တပ္ဖြဲ႕က ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။

ဘတ္စ္ကားဟာ လီမာၿမဳိ႕ေျမာက္ဘက္ မုိင္ ၈၀ အကြာ႐ွိ ဟြာခ်ဳိၿမဳိ႕ကေန လီမာကုိ ေမာင္းႏွင္သြားေနစဥ္ မေတာ္တဆမႈျဖစ္ၿပီး ေခ်ာက္ကမ္းပါးေပၚက ထုိးက်သြားခဲ့တာ ျဖစ္ပါတယ္။

ယမန္ႏွစ္ အေစာပိုင္းကလည္း ပီ႐ူးအလယ္ပုိင္း အစြန္အဖ်ားေဒသမွာ မုိးသည္းထန္စြာ ႐ြာသြန္းေနၿပီး ျမင္ကြင္းမ႐ွင္းလင္းစဥ္အတြင္း ကားတုိက္မႈျဖစ္ခဲ့ၿပီး လူ ၁၅ ဦး ေသဆုံးခဲ့ပါတယ္။

လူဦးေရး သန္း ၃၀ ႐ွိတဲ့ ပီ႐ူးႏုိင္ငံမွာ လမ္းမမ်ားေပၚ မေတာ္တဆမႈေတြ ျဖစ္ပြားေလ့႐ွိၿပီး လူေသဆုံးမႈမ်ားတဲ့ မေတာ္တဆမႈေတြ မၾကာခဏ ျဖစ္ေလ့႐ွိေၾကာင္း သိရပါတယ္။

၂၀၁၆ ခုႏွစ္က စာရင္းေတြအရ ပီ႐ူးမွာ ယာဥ္မေတာ္တဆမႈ ၃,၈၇၆ မႈ ျဖစ္ပြားခဲ့ၿပီး လူ ၄၉၃ ဦး ေသဆုံးခဲ့တယ္လုိ႕ အေဝးေျပးလမ္းရဲတပ္ဖြဲ႕က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #
ဘတ်စ်ကားပေါ်မှာ ခရီးသည် ၅၃ ဦး လိုက်ပါလာခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ပါတယ်။
ပီရူးနိုင်ငံမှာ ဘတ်စ်ကားတစ်စီး ပေ ၃၃၀ မြင့်တဲ့ ချောက်ကမ်းပါးပေါ်မှ ထိုးကျသွားခဲ့မှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီ ၂ ရက်က ပီရူးမြို့တော် လီမာရဲ့မြောက်ဘက် ၂၈ မိုင်ခန့်အကွာ ကမ်းရိုးတန်းဒေသ အဝေးပြေးလမ်းမတစ်ခုမှာ အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘတ်စ်ကား မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ လမ်းမနေရာဟာ အကွေ့အကောက်များပြီး နာမည်ဆိုးဖြင့်ကျော်ကြားကာ ပီရူးမှာ Curva del Diablo (the devil’s bend) လို့ ခေါ်ဝေါ်ကြတယ်လို့ ဆိုပါတယ်။ ချောက်ကမ်းပါးပေါ်မှ ထိုးကျသွားခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၅၃ ဦး လိုက်ပါလာခဲ့ကြောင်းနဲ့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဘတ်စ်ကားဟာ ထရပ်ကားတစ်စီးနဲ့ တိုက်မိပြီးနောက် ချောက်ကမ်းပါးပေါ်မှ ထိုးကျသွားခဲ့ခြင်း ဖြစ်တယ်လို့ သတင်းတွေက ပြောပါတယ်။ ဘတ်စ်ကားထိုးကျသွားတဲ့ နေရာမှ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဘတ်စ်ကားဟာ လီမာမြို့မြောက်ဘက် မိုင် ၈၀ အကွာရှိ ဟွာချိုမြို့ကနေ လီမာကို မောင်းနှင်သွားနေစဉ် မတော်တဆမှုဖြစ်ပြီး ချောက်ကမ်းပါးပေါ်က ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

ယမန်နှစ် အစောပိုင်းကလည်း ပီရူးအလယ်ပိုင်း အစွန်အဖျားဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး မြင်ကွင်းမရှင်းလင်းစဉ်အတွင်း ကားတိုက်မှုဖြစ်ခဲ့ပြီး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။

လူဦးရေး သန်း ၃၀ ရှိတဲ့ ပီရူးနိုင်ငံမှာ လမ်းမများပေါ် မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပြီး လူသေဆုံးမှုများတဲ့ မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိကြောင်း သိရပါတယ်။

၂၀၁၆ ခုနှစ်က စာရင်းတွေအရ ပီရူးမှာ ယာဉ်မတော်တဆမှု ၃,၈၇၆ မှု ဖြစ်ပွားခဲ့ပြီး လူ ၄၉၃ ဦး သေဆုံးခဲ့တယ်လို့ အဝေးပြေးလမ်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top