×

ထုိင္ဝမ္မွာ သြားဆရာဝန္ အမ်ဳိးသားတစ္ဦးကုိ မိခင္ျဖစ္သူအား ၎ကုိ ေကၽြးေမြးျပဳစုေစာင့္ေ႐ွာက္ရမႈနဲ႕ သြားဆရာဝန္ျဖစ္ေစရန္ အကုန္အက်ခံရခဲ့ရမႈတုိ႕အတြက္ အေမရိကန္ေဒၚလာ ​၁ သန္းနီးပါး ေပးေဆာင္ေစရန္ တရား႐ုံးခ်ဳပ္က အမိန္႕ခ်မွတ္လုိက္တယ္လို႕ ဆုိပါတယ္။

မိခင္ျဖစ္သူက ၎ရဲ႕သား အသက္ ၂၀ အ႐ြယ္ ၁၉၉၇ ခုႏွစ္မွာ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆုိထားခဲ့တယ္လုိ႕ ေျပာပါတယ္။ အဆုိပါစာခ်ဳပ္မွာ သားျဖစ္သူဟာ သြားဆရာဝန္ျဖစ္ၿပီးေနာက္ပုိင္း ၎ရဲ႕ လစဥ္ဝင္ေငြမွ ၆၀ ရာခုိင္ႏႈန္းကုိ မိခင္ကုိ ေပးအပ္ရမယ္လုိ႕ပါ႐ွိေၾကာင္း သိရပါတယ္။

သားျဖစ္သူက သူမကုိ ႏွစ္အတန္ၾကာ စာခ်ဳပ္ပါအတုိင္း ေငြေပးအပ္ျခင္းမ႐ွိခဲ့ရာက မိခင္က တရား႐ုံးမွာ တရားစြဲဆုိခဲ့တာ ျဖစ္ပါတယ္။ သားျဖစ္သူ သြားဆရာဝန္ကေတာ့ ကေလးတစ္ဦးကုိ မိခင္က ေကၽြးေမြးျပဳစုေစာင့္ေ႐ွာက္ရတဲ့အတြက္ ေငြျပန္ေပးဖုိ႕ေတာင္းဆုိမႈဟာ လြဲမွားေနေၾကာင္း တရား႐ုံးမွာ ကန္႕ကြက္ေျပာဆုိခဲ့ပါတယ္။

သုိ႕ေသာ္ တရား႐ုံးက စာခ်ဳပ္ခ်ဳပ္ဆိုထားမႈဟာ ခိုင္လုံေၾကာင္းနဲ႕ စာခ်ဳပ္ပါအတုိင္း ေငြေပးအပ္ရန္ အမိန္႕ခ်မွတ္ခဲ့တယ္လုိ႕ ဆုိပါတယ္။ တရား႐ုံးအမိန္႕အရ အဆုိပါ သြားဆရာဝန္ဟာ မိခင္ျဖစ္သူကုိ ယခင္က ပ်က္ကြက္ခဲ့တဲ့ ကာလေတြအတြက္ အတုိးႏႈန္းပါတြက္ခ်က္ၿပီး ေပးအပ္ရမွာလည္း ျဖစ္ပါတယ္။

မ်ဳိး႐ုိးအမည္ Luo လုိ႕သာသိရတဲ့ မိခင္ျဖစ္သူ အမ်ဳိးသမီးက ခင္ပြန္းနဲ႕ကြာ႐ွင္းၿပီးေနာက္ သားႏွစ္ေယာက္လုံးကုိ ေကၽြးေမြးျပဳစုေစာင့္ေ႐ွာက္ခဲ့ပါတယ္။

သားႏွစ္ေယာက္လုံး သြားဘက္ဆုိင္ရာေက်ာင္းတက္ႏုိင္ရန္ ေဒၚလာသိန္းနဲ႕ခ်ီ အကုန္အက်ခံခဲ့ေၾကာင္း၊ သုိ႕ေသာ္ သူမ အုိမင္းလာခ်ိန္မွာ သားေတြက ျပဳစုေစာင့္ေ႐ွာက္လုိျခင္း မ႐ွိၾကမွာကုိ စုိးရိမ္လာခဲ့တယ္လုိ႕ Luo က ေျပာပါတယ္။

ထုိ႕ေနာက္ Luo က သားႏွစ္ေယာက္လံုးနဲ႕ သေဘာတူညီမႈရယူၿပီး ၎တုိ႕ရဲ႕ဝင္ေငြကေန ေက်ာင္းစရိတ္နဲ႕ ေကၽြးေမြးျပဳစုေစာင့္ေ႐ွာက္ခဲ့မႈအတြက္ ရာခုိင္ႏႈန္းျဖင့္ ေငြျပန္ေပးရန္ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။ စာခ်ဳပ္အရ Luo ျပန္လည္ရ႐ွိမယ့္ ေငြပမာဏဟာ စုစုေပါင္း အေမရိကန္ေဒၚလာ ၁.၇ သန္း ျဖစ္ပါတယ္။

သားအႀကီးျဖစ္သူက မိခင္ Luo နဲ႕ သေဘာတူညီမႈရခဲ့ၿပီး စာခ်ဳပ္ကိစၥ အဆင္ေျပခဲ့တယ္လို႕ ဆုိပါတယ္။ သားအငယ္ျဖစ္သူကေတာ့ မိခင္နဲ႕ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့စဥ္က ၎ဟာ အလြန္ငယ္႐ြယ္သူ ျဖစ္ခဲ့ေၾကာင္းနဲ႕ စာခ်ဳပ္ခ်ဳပ္ဆုိထားမႈဟာ တရားမဝင္ေၾကာင္း စဥ္းစားသုံးသပ္သင့္တယ္လို႕ တရား႐ုံးမွာ ျငင္းခုံခဲ့ပါတယ္။

ဒါ့အျပင္ ဘြဲ႕ရၿပီးေနာက္ မိခင္ရဲ႕ သြားေဆးခန္းမွာ ႏွစ္နဲ႕ခ်ီ အလုပ္လုပ္ခဲ့ၿပီး မိခင္အတြက္ တရား႐ုံးက ေပးေဆာင္ရန္ အမိန္႕ခ်မွတျ္လုိက္တဲ့ ေငြပမာဏထက္ပုိမ်ားတဲ့ ေငြပမာဏကုိ ႐ွာေဖြေပးခဲ့ေၾကာင္းလည္း ၎က ေျပာခဲ့ပါတယ္။

ယခုအမႈကိစၥမွာ သြားဆရာဝန္နဲ႕ ၎ရဲ႕မိခင္တုိ႕ ခ်ဳပ္ဆုိထားခဲ့တဲ့ စာခ်ဳပ္ဟာ တရားဝင္ေၾကာင္း၊ စာခ်ဳပ္ကုိလက္မွတ္ထုိးခဲ့စဥ္ သြားဆရာဝန္ဟာ အသက္ျပည့္ၿပီးသူျဖစ္ကာ အတင္းအက်ပ္ လက္မွတ္ထုိးရန္လည္း ဖိအားေပးခံရျခင္း မ႐ွိခဲ့ေၾကာင္း ထုိင္ဝမ္တရား႐ုံးခ်ဳပ္မွ ေျပာခြင့္ရအမ်ဳိးသမီးက ဆုိပါတယ္။

ယခုအမႈဟာ မိဘနဲ႕သားသမီးၾကား စာခ်ဳပ္စာတမ္းကိစၥ အျငင္းပြားမႈျဖစ္ၿပီး ထုိင္ဝမ္မွာ ျဖစ္ေလ့ျဖစ္ထမ႐ွိတဲ့ ျဖစ္ရပ္လုိ႕လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#

ထိုင်ဝမ်မှာ သွားဆရာဝန် အမျိုးသားတစ်ဦးကို မိခင်ဖြစ်သူအား ၎င်းကို ကျွေးမွေးပြုစုစောင့်ရှောက်ရမှုနဲ့ သွားဆရာဝန်ဖြစ်စေရန် အကုန်အကျခံရခဲ့ရမှုတို့အတွက် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး ပေးဆောင်စေရန် တရားရုံးချုပ်က အမိန့်ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူက ၎င်းရဲ့သား အသက် ၂၀ အရွယ် ၁၉၉၇ ခုနှစ်မှာ သဘောတူစာချုပ် ချုပ်ဆိုထားခဲ့တယ်လို့ ပြောပါတယ်။ အဆိုပါစာချုပ်မှာ သားဖြစ်သူဟာ သွားဆရာဝန်ဖြစ်ပြီးနောက်ပိုင်း ၎င်းရဲ့ လစဉ်ဝင်ငွေမှ ၆၀ ရာခိုင်နှုန်းကို မိခင်ကို ပေးအပ်ရမယ်လို့ပါရှိကြောင်း သိရပါတယ်။

သားဖြစ်သူက သူမကို နှစ်အတန်ကြာ စာချုပ်ပါအတိုင်း ငွေပေးအပ်ခြင်းမရှိခဲ့ရာက မိခင်က တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သားဖြစ်သူ သွားဆရာဝန်ကတော့ ကလေးတစ်ဦးကို မိခင်က ကျွေးမွေးပြုစုစောင့်ရှောက်ရတဲ့အတွက် ငွေပြန်ပေးဖို့တောင်းဆိုမှုဟာ လွဲမှားနေကြောင်း တရားရုံးမှာ ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

သို့သော် တရားရုံးက စာချုပ်ချုပ်ဆိုထားမှုဟာ ခိုင်လုံကြောင်းနဲ့ စာချုပ်ပါအတိုင်း ငွေပေးအပ်ရန် အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ တရားရုံးအမိန့်အရ အဆိုပါ သွားဆရာဝန်ဟာ မိခင်ဖြစ်သူကို ယခင်က ပျက်ကွက်ခဲ့တဲ့ ကာလတွေအတွက် အတိုးနှုန်းပါတွက်ချက်ပြီး ပေးအပ်ရမှာလည်း ဖြစ်ပါတယ်။

မျိုးရိုးအမည် Luo လို့သာသိရတဲ့ မိခင်ဖြစ်သူ အမျိုးသမီးက ခင်ပွန်းနဲ့ကွာရှင်းပြီးနောက် သားနှစ်ယောက်လုံးကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါတယ်။

သားနှစ်ယောက်လုံး သွားဘက်ဆိုင်ရာကျောင်းတက်နိုင်ရန် ဒေါ်လာသိန်းနဲ့ချီ အကုန်အကျခံခဲ့ကြောင်း၊ သို့သော် သူမ အိုမင်းလာချိန်မှာ သားတွေက ပြုစုစောင့်ရှောက်လိုခြင်း မရှိကြမှာကို စိုးရိမ်လာခဲ့တယ်လို့ Luo က ပြောပါတယ်။

ထို့နောက် Luo က သားနှစ်ယောက်လုံးနဲ့ သဘောတူညီမှုရယူပြီး ၎င်းတို့ရဲ့ဝင်ငွေကနေ ကျောင်းစရိတ်နဲ့ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့မှုအတွက် ရာခိုင်နှုန်းဖြင့် ငွေပြန်ပေးရန် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်အရ Luo ပြန်လည်ရရှိမယ့် ငွေပမာဏဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၇ သန်း ဖြစ်ပါတယ်။

သားအကြီးဖြစ်သူက မိခင် Luo နဲ့ သဘောတူညီမှုရခဲ့ပြီး စာချုပ်ကိစ္စ အဆင်ပြေခဲ့တယ်လို့ ဆိုပါတယ်။ သားအငယ်ဖြစ်သူကတော့ မိခင်နဲ့ စာချုပ်ချုပ်ဆိုခဲ့စဉ်က ၎င်းဟာ အလွန်ငယ်ရွယ်သူ ဖြစ်ခဲ့ကြောင်းနဲ့ စာချုပ်ချုပ်ဆိုထားမှုဟာ တရားမဝင်ကြောင်း စဉ်းစားသုံးသပ်သင့်တယ်လို့ တရားရုံးမှာ ငြင်းခုံခဲ့ပါတယ်။

ဒါ့အပြင် ဘွဲ့ရပြီးနောက် မိခင်ရဲ့ သွားဆေးခန်းမှာ နှစ်နဲ့ချီ အလုပ်လုပ်ခဲ့ပြီး မိခင်အတွက် တရားရုံးက ပေးဆောင်ရန် အမိန့်ချမြှတ်လိုက်တဲ့ ငွေပမာဏထက်ပိုများတဲ့ ငွေပမာဏကို ရှာဖွေပေးခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့ပါတယ်။

ယခုအမှုကိစ္စမှာ သွားဆရာဝန်နဲ့ ၎င်းရဲ့မိခင်တို့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်ဟာ တရားဝင်ကြောင်း၊ စာချုပ်ကိုလက်မှတ်ထိုးခဲ့စဉ် သွားဆရာဝန်ဟာ အသက်ပြည့်ပြီးသူဖြစ်ကာ အတင်းအကျပ် လက်မှတ်ထိုးရန်လည်း ဖိအားပေးခံရခြင်း မရှိခဲ့ကြောင်း ထိုင်ဝမ်တရားရုံးချုပ်မှ ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။

ယခုအမှုဟာ မိဘနဲ့သားသမီးကြား စာချုပ်စာတမ်းကိစ္စ အငြင်းပွားမှုဖြစ်ပြီး ထိုင်ဝမ်မှာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ ဖြစ်ရပ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top