×

ၿပီးခဲ့သည့္ ၾသဂုတ္ ၈ ရက္က ထိုင္းႏိုင္ငံသားတစ္ဦးႏွင့္ အသက္ ၁၄ ႏွစ္အရြယ္ ျမန္မာအမ်ဳိးသမီးတစ္ဦးတို႔ကုိ တာခ်ီလိတ္ၿမိဳ႕ အမွတ္ (၁) ခ်စ္ၾကည္ေရးတံတားအနီး၌ မသကၤာဖြယ္ရာ ေတြ႕ရွိၿပီး စစ္ေဆးေမးျမန္းရာမွတစ္ဆင့္ ျမန္မာ၌က်ယ္ျပန္႔လာေနၿပီျဖစ္သည့္ အပ်ိဳစင္ေစ်း ကြက္ကို ရဲတပ္ဖြဲ႕က ေတြ႕ရွိ သြားသည္။ အဆိုပါႏိုင္ငံျခားသားက ျမန္မာအမ်ိဳးသမီးတစ္ဦးထံမွတစ္ဆင့္ ယင္းမိန္းကေလးကို ထိုင္းဘက္ တြင္ အိမ္ေဖာ္အလုပ္လုပ္ရမည္ဟု စည္း႐ုံးၿပီး အပ်ိဳရည္ဖ်က္ႏိုင္ရန္အတြက္ ေခၚယူလာျခင္းျဖစ္ေနသည္။

လြန္ခဲ့သည့္ ႏွစ္လခန္႔ကလည္း ထိုသူသည္ အပ်ိဳစင္အမ်ိဳးသမီးငယ္ႏွစ္ဦးကို ျမန္မာအမ်ိဳးသမီးတစ္ဦးထံမွ ေခၚယူထားသူ ျဖစ္ေနျပန္သည္။ရွာေဖြေပးခအျဖစ္ ဘတ္ ၉ဝဝဝ (ေငြက်ပ္ ၃ သိန္းနီးပါး) ေပးရသည္ဟု ယင္းထိုင္းႏိုင္ငံသားက ရဲထံထြက္ဆိုထားသည္။ ႏိုင္ငံ၏ ဓေလ့ထံုးတမ္းမ်ားအရ ျမန္မာအမ်ိဳးသမီးတစ္ဦး၌ တန္ဖိုးထားအပ္ေသာ အရာမ်ားထဲတြင္ အပ်ိဳစင္ဘဝသည္တစ္ခုအေနျဖင့္ ပါဝင္သည္။ အမ်ားသူငါ အထူးသျဖင့္ အိမ္ေထာင္ဘက္က တန္ဖိုးထားတက္ၾကသည္။

ထိုအရာသည္ ယေန႔ကာလတြင္ ႀကီးစြာဒုကၡေပးေတာ့ မည့္ အရာအျဖစ္ ျမန္မာအမ်ိဳးသမီးထုႏွင့္လက္ တစ္ကမ္းအကြာတြင္ နီးကပ္စြာ သေႏၶတည္လာေနၿပီျဖစ္သည္။ အထက္ပါျဖစ္စဥ္တစ္ခုက နယ္စပ္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့သည္ဟုဆိုႏိုင္ေသာ္လည္း ႏိုင္ငံအတြင္းပိုင္း ၿမိဳ႕ႀကိီးၿမိဳ႕ငယ္မ်ားအႏွံ႔တြင္ အလားတူျဖစ္ရပ္မ်ား ျဖစ္ပြားေနျခင္း ရွိ မရွိဆိုသည္မွာ ေမးခြန္းထုတ္စရာတစ္ခု ျဖစ္လာသည္။

ျမန္မာႏိုင္ငံမွာ တကယ္ျဖစ္ေနၿပီလား

အသက္အရြယ္ျပည့္မီျခင္း မရွိေသးသည့္ မိန္းကေလးမ်ား၏ အပ်ိဳစင္ဘဝကို အေရာင္းအဝယ္ျပဳလုပ္ေနသည့္အျဖစ္အပ်က္မ်ားက လူ အ မ်ားသိသာျမင္သာသည့္ ေနရာ မ်ားသို႔သတင္းတစ္ခုအျဖစ္မ်ားျပား စြာထြက္ေပၚလာျခင္း မရွိေသာ္လည္း မၾကာေသးမီက ရန္ကုန္ၿမိဳ႕ တြင္ ျဖစ္ပ်က္ခဲ့ေသာအမႈတစ္ခုက ယခုကဲ့သို႔ အျဖစ္အပ်က္မ်ားျဖစ္ပ်က္ေနသည္ ကိုေကာင္းစြာ အသိေပးလိုက္သလို ျဖစ္သြားခဲ့သည္။

ထိုျဖစ္ရပ္မွာ မိခင္ ျဖစ္သူက မိမိ၏ေသြးသားအရင္းသ မီးျဖစ္သူ၏အပ်ိဳစင္ဘဝကို တ႐ုတ္ႏိုင္ငံသားတစ္ဦး ထံသို႔ ျမန္မာ က်ပ္ ေငြ သိန္း သံုးဆယ္ေက်ာ္ျဖင့္ ေရာင္းစားခဲ့သည့္ ျဖစ္ရပ္ပင္ျဖစ္သည္။ ျမန္မာႏိုင္ငံ လူကုန္တားရဲတပ္ ဖြဲ႕မွ ဒုတိယရဲမွဴးႀကီးသက္ေနာင္က ”ဒီလို ကိ စၥေတြ ရွိေနပါၿပီ”ဟု ေျပာသည္။ ထုိ႔ျပင္ ျမန္မာႏိုင္ငံလူကုန္တား ရဲတပ္ဖြဲ႕မွ အၿငိမ္းစားဒုတိယရဲမွဴး ႀကီးတစ္ဦးျဖစ္သူ ဦးၫြန္႔လႈိင္က လည္း အဆိုပါကိစၥႏွင့္ပတ္သက္၍ ယခုကဲ့သို႔ ေျပာျပန္သည္။

”ရန္ကုန္ၿမိဳ႕ထဲက ျပည့္တန္ဆာ ေတြရွိတဲ့ တခ်ိဳ႕ေနရာေတြမွာ ကား ထိုးရပ္လိုက္ၿပီဆိုတာနဲ႔ ပါကင္ယူမ လားဆိုၿပီး ေမးတဲ့ေခါင္းေတြ ရွိ တယ္”ဟု ၎ ကေျပာသည္။ လိင္ပိုင္းဆိုင္ရာ အသိပညာေပးျခင္း၊ HIV ေရာဂါအေၾကာင္း အသိပညာေပးျခင္းမ်ားကို ေဆာင္ ရြက္ေနေ သာ Sex Support Kayin Nation Society မွ အေထြေထြအတြင္းေရး မွဴးဦးသန္းထြန္းကလည္း ယခုကဲ့သို႔ အသက္အရြယ္ မျပည့္ မီေသးသည့္ မိန္းကေလးမ်ား အပ်ိဳစင္ခႏၶာကိုယ္ ေရာင္းစားျခင္းျဖစ္ရပ္သည္ ျမန္မာ ေရႊ႕ေျပာင္းလုပ္သားမ်ားတြင္ မ်ား စြာျဖစ္ပြားေနသည္ ကို ေတြ႕ေနရ ေၾကာင္းဆိုသည္။ ထိုသို႔ဆိုလွ်င္ ျမန္မာတြင္ အပ်ိဳစင္ေစ်းကြက္ က်ယ္က်ယ္ျပန္႔ျပန္႔ ရွိလာေနသည္မွာအမွန္ဟု ရဲႏွင့္အရပ္ ဘက္အဖြဲ႔အ စည္းတို႔က ယခုအခါတြင္ အတည္ျပဳလိုက္ၾကၿပီျဖစ္သည္။

အရင္ ဒီလိုေတြ ျဖစ္ခဲ့ဖူးတယ္

၂ဝ၁၅ တာခ်ီလိတ္ကဲ့သို႔ပင္ ၂ဝ၁၂ ခုႏွစ္တုန္းကလည္းအလားတူ ျဖစ္ခဲ့ဖူးေၾကာင္းျမန္မာႏိုင္ငံလူကုန္တားရဲတပ္ဖြဲ႕မွ အၿငိမ္းစားယူခဲ့ သူဦး ၫြန္႔လႈိင္ေျပာသည္။ သို႔ေသာ္ ျမန္ မာႏိုင္ငံတြင္ မဟုတ္ဟု သူက ေျပာ သည္။ ထိုင္းႏိုင္ငံ၏အေရွ႕ဘက္ပိုင္း ၿမိဳ႕တစ္ၿမိဳ႕တြင္ရွိေသာ မရီနာဆိုသည့္ အႏွိပ္ခန္းတစ္ခုကို ဝင္ဖမ္းစဥ္လိင္ လုပ္သားမ်ားထဲမွ အသက္ ၁၈ ႏွစ္ ေအာက္ ျမန္မာမိန္းကေလး အခ်ိဳ႕မွာ ၎တို႔၏ အပ်ိဳစင္ဘဝကို ထိုင္းႏိုင္ငံသားတို႔ထံ ေရာင္းစားခံရရင္း အ ႏွိပ္ခန္းထဲေရာက္လာသည္ကို ေတြ႕ခဲ့ရဖူးေၾကာင္းေျပာသည္။ ”အဲဒီအခ်ိန္က တည္းက ေတာ္ေတာ္မ်ားေနၿပီဆိုတာ ေပၚေနၿပီ”ဟု ၎က ေျပာသည္။

ထို႔ျပင္ ၂ဝဝ၉ ခုႏွစ္ခန္႔ကလည္း အသက္ ၁၄ ႏွစ္ အ ရြယ္ ျမန္ မာမိန္းကေလးတစ္ဦး၏ အပ်ိဳစင္ဘဝကို အေရာင္းအဝယ္ျပဳလုပ္ျခင္းျဖင့္ နယ္သာလန္ႏိုင္ငံသားတစ္ဦးႏွင့္ ၾကားမွေဆာင္ရြက္ေပးေသာ ပြဲစားတစ္ဦးကို လူကုန္ကူးမႈ ဥပေဒပုဒ္မ ၂၄/၃၂ (လူကုန္ကူမႈ ႏွင့္ လူကုန္ကူးမႈတြင္ ပူးေပါင္းပါဝင္ မႈ) ျဖင့္ ဖမ္းဆီးခဲ့ရေၾကာင္း ၎က ဆက္ ေျပာသည္။ ျပည္တြင္းတြင္ ျမန္မာအခ်င္း ခ်င္းျဖစ္ခဲ့သည့္ ျဖစ္စဥ္တစ္ခုလည္း လြန္ခဲ့သည့္ ၂ဝဝ၆ ခုႏွစ္ကျဖစ္ခဲ့ သည္။ သို႔ေသာ္ လည္း အဆိုပါျပစ္မႈ ကို က်ဴးလြန္ခဲ့သည့္ အဓိကတရားခံ ျဖစ္သူကို ဖမ္းဆီးရမိခဲ့ျခင္းမရွိဘဲ ၾကားမွ စီစဥ္ေပးသည့္ ပြဲစားမ်ားကိုသာ ဖမ္းဆိီး ရမိခဲ့သည္ဟ ျမန္မာႏိုင္ငံလူကုန္တားရဲတပ္ဖြဲ႕မွ အႀကီးတန္းအရာရွိႀကီးတစ္ဦးက ေျပာသည္။

အပ်ိဳစင္ေစ်းကြက္ ေနာက္ဆက္တြဲ

အသက္အရြယ္ျပည့္မိီျခင္းမရွိေသးသည့္ မိန္းကေလးတစ္ဦး၏ အပ်ိဳစင္ခႏၶာကိုယ္ကို ေရာင္းခ်ျခင္း ဓေလ့မ်ားျပားလာျခင္း၊ ယင္းထဲတြင္ အသက္မျပည့္မီေသးသည့္ ၁၆ ႏွစ္ ေအာက္မိန္းကေလးမ်ားမွာ အဓိက ပစ္မွတ္ထားခံေနရပံုႏွင့္ ပတ္သက္ ၍ ျမန္မာတြင္လြန္ခဲ့သည့္ ဆယ္စု ႏွစ္ ႏွစ္ခုေက်ာ္ခန္႔က သုေတသန တစ္ခုျပဳလုပ္ခဲ့ဖူးေၾကာင္း ဦးေအာင္ မ်ိဳးမင္းက ေျပာသည္။ ထိုစဥ္က ပါကင္(အပ်ိဳစင္)ဆိုသည့္ အရာအေပၚ အဓိပၸာယ္ဖြင့္ၾကရာတြင္ အေတြးအ ေခၚအယူအဆႏွစ္မ်ိဳး ျဖစ္ခဲ့ၾကသည္ဟု ၎ကေျပာသည္။

”တ႐ုတ္ေတြက ဒါလုပ္ရင္ အသက္ရွည္တယ္၊ ေယာက်္ားခြန္အားျပည့္တယ္ဆိုတဲ့ အယူအဆ ရွိၾကတယ္။ အေနာက္ႏိုင္ငံ သားေ တြ ေတာ္ေတာ္မ်ားမ်ား သတ္မွတ္ထားတဲ့ အယူအဆကေတာ့ လိင္ဆက္ဆံမႈတစ္ခါမွမျပဳရေသးတဲ့ သူနဲ႔ လိင္မႈျပဳလုပ္ရင္ HIV ေရာ ဂါျဖစ္ ပြားမႈႏႈန္း ေလ်ာ့မယ္၊ ျဖစ္ပြားမႈမရွိႏိုင္ဘူးဆို တဲ့အေတြးေတြ ရွိတယ္။ ျပည့္တန္ဆာလုပ္သားေတြက်ေတာ့ လူတကာနဲ႔ ဆက္ဆံၾကရတယ္။ ဒီေတာ့ HIV ျဖစ္ပြားႏိုင္တယ္။

ဒီလိုအပ်ိဳစင္က်ေတာ့ HIV ျဖစ္ပြားမႈမရွိႏိုင္ဘူးဆိုတဲ့အေတြး လည္းရွိေနျပန္တယ္” ဟု ၎ကေျပာသည္။ ယင္းေၾကာင့္ အသက္အရြယ္မျပည့္ေသးသည့္ အမ်ဳိးသမီးငယ္မ်ားသည္ ယင္းကဲ့သို႔ စိတ္ေနသေဘာထားရွိသူမ်ား၏ အဓိ ကပစ္ မွတ္ထားစရာ သားေကာင္ျဖစ္လာခဲ့ၿပီး ထိုသို႔ ေသာမႈခင္းမ်ား တျဖည္းျဖည္းမ်ားျပားလာခဲ့သည္။ ျမန္မာႏိုင္ငံ၏ အ ခ်ိဳ႕ေသာေနရာမ်ားတြင္ အဆိုပါ အပ်ိဳစင္ေရာင္းခ်ျခင္းကိစၥႏွင့္ ပတ္သက္၍ ထူးျခားသည့္ အယူအဆမ်ိဳးရွိေသးေၾကာင္း ျမန္မာႏိုင္ငံလူကုန္တားရဲတပ္ဖြဲ႕မွ ဒုတိယ ရဲမွဴးႀကီး ခင္ေမာင္လွက ေျပာသည္။

၎က ”ဒါက ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသမွာ၊ အဲဒီေဒသမွာရွိတဲ့ မိန္းကေလးေတြက သူတို႔အရြယ္ေရာက္ၿပီဆိုတာနဲ႔ သူတို႔ရဲ႕ခႏၶာကိုယ္ ကို ဒီလို အပ်ိဳစင္အေနနဲ႔ေရာင္းစားၿပီးရတဲ့ေငြကို မိဘကိုကန္ေတာ့တာကို ေက်းဇူးဆပ္ျခင္းတစ္မ်ိဳး၊ မြန္ျမတ္တဲ့ အလုပ္တစ္ခုဆိုၿပီးေတာ့ သူတို႔ရဲ႕ စိတ္ထဲမွာသတ္မွတ္ထားတယ္။ ရွမ္း ျပည္နယ္ဘက္မွာက ဒါက သူတို႔ရဲ႕ ဓေလ့ထံုးစံတစ္ခုလို ျဖစ္ေနတယ္။ ေျပာရရင္ေတာ့ ဒီလို သေဘာတူညီမႈနဲ႔ လုပ္တယ္ဆိုတာကိုလည္း လူကုန္ကူးမႈ လိင္ေခါင္းပံုျဖတ္မႈနဲ႔ အေရးယူလို႔ရတယ္”ဟုေျပာသည္။

ႏိုင္ငံတကာမွာလည္း ဒီလိုရွိတယ္

ယခုကဲ့သို႔ မႈခင္းျဖစ္ရပ္မ်ားသည္ ႏိုင္ငံတကာတြင္လည္း မ်ားစြာျဖစ္ပြားေနေၾကာင္းကို တာဝန္ရွိသူမ်ားက ယခုကဲ့သို႔ေျပာခ့ဲသည္။ (Equa-lity Myanmar) မွ ဦးေအာင္မ်ိဳးမင္းက ”ဒီလိုကိစၥမ်ိဳးက အာရွေဒသမွာေတာ့ အရမ္းတြင္က်ယ္တယ္။ ထိုင္းမွာဆိုရင္ အပ်ိဳစင္ (ပါကင္)ေစ်းနဲ႔ အပ်ိဳစင္မဟုတ္ေတာ့ဘဲ ေနာက္ပိုင္း ပါကင္မဟုတ္ေတာ့တဲ့ ေနာက္မွာသတ္မွတ္တဲ့ေစ်း၊ ရတဲ့ေစ်းေပါ့ဗ်ာအရမ္း ကြာၾက တယ္။ ဒီလိုကိစၥမ်ိဳးျဖစ္ခ်င္ရင္ သာမန္ထက္ပိုတဲ့ ေစ်းႏႈန္းမ်ိဳးေတြကိုေပးရတယ္။

ေျပာရရင္ေတာ့ ေရာင္းသူလည္းရွိတယ္၊ ဝယ္သူလည္းရွိ တယ္။ ဒီလိုကိစၥမ်ိဳး ျဖစ္ေအာင္လို႔ ေထာက္ပံ့တယ္ေျပာရမလား၊ ပြဲစားေျပာရမလား၊ သူလည္း ရွိတယ္။ စစ္တမ္းေကာက္တဲ့ အခ်ိန္ တုန္းကေစ်းနဲ႔ဆိုရင္ သာမန္ျပည့္တန္ဆာက ထိုင္းဘတ္ေငြ ၁ဝဝဝ ေပးရရင္ အပ်ိဳစင္(ပါကင္)က ႏွစ္ေ သာင္း၊ ႏွစ္ေ သာင္းေက်ာ္ေပးရ တယ္။ ဒီလိုကိစၥမ်ိဳးက ကေလးေတြအေပၚမွာ အသက္မျပည့္ေသးတဲ့ သူေတြအေပၚမွာ လိင္ပိုင္းဆိုင္ရာက်ဴးလြန္တဲ့ကိစၥျဖစ္ေတာ့ ပိုၿပီးေတာ့ ျဖစ္ပြားလာေစတယ္”ဟု ဆိုသည္၊။

လူကုန္ကူးမူ၊ HIV ေရာပါမ်ား အသိပညာေပးျခင္းျပဳလုပ္သည့္ Porniss Association မွ မန္ေနဂ်ာ ကိုစည္သူဟန္က ယခု ကဲ့သို႔ ျဖစ္ရပ္မ်ားသည္ ကမၻာ့ႏိုင္ငံေဒသအသီးသီး ႏွင့္ ကေမၻာဒီးယား၊ ထိုင္းႏွင့္အာရပ္ ေဒသႏိုင္ငံမ်ားတြင္ တြင္က်ယ္စြာ ျဖစ္ ပြားေနေသာ ကိစၥတစ္ခုဟု ေျပာသည္။ အေရွ႕ေတာင္အာရွ၌ အပ်ဳိစင္ေရာင္းဝယ္မႈ ျပဳလုပ္ရာတြင္ ကေမၻာဒီးယားႏုိင္ငံမွာ အထင္ရွား ဆုံးျဖစ္ၿပီး ဆင္း ရဲႏြမ္းပါးသည့္ မိသားစုအခ်ဳိ႕က ၎တို႔၏ သမီးကညႇာတို႔ကို ပန္းဦးေရာင္းခ်ျခင္းျဖင့္ ဘဝထြက္ လမ္းရွာၾက သည္။ ေဒၚ လာေထာင္ေ ပါင္း မ်ားစြာ ရၾက၍ျဖစ္သည္။ ထိုသို႔ ပန္းဦးမစြန္႔မီ အပ်ဳိစစ္ စစ္ျဖစ္ေၾကာင္း ေဆးစစ္ခ်က္ေထာက္ခံစာလည္း တင္ျပရေသးသည္။

အခုေတာ့ ပံုစံေျပာင္းၿပီး လုပ္ေနတာေတြလည္းရွိတယ္

အရြယ္မေရာက္ေသးေသာ မိန္းကေလးမ်ား၏ အပ်ိဳစင္ခႏၶာကိုယ္အား အေရာင္းအဝယ္ျပဳလုပ္ရန္ ႀကံစည္ေနသူမ်ားသည္ ယခင္က စားဝတ္ေနမႈမေျပလည္ေသာ မိသားစုမ်ားမွ မိန္းကေလးမ်ားကိုသာ အဓိကပစ္မွတ္ထားခဲ့ေသာ္လည္း ယေန႔အခ်ိန္တြင္မူ လူတန္းစား မခြဲျခားေတာ့ဘဲ အလႊာေပါင္းစံုမွ မိန္းကေလးမ်ားကို ပစ္မွတ္ထားေနၿပီျဖစ္ေၾကာင္း ေျပာင္းလဲသြားမႈႏွင့္ပတ္သက္၍ လူကုန္ကူးမူ၊ HIV ေရာဂါမ်ားအသိပညာေပးျခင္း လိင္ပိုင္းဆိုင္ရာ အသိပညာေပးျခင္းမ်ားကိုေဆာင္ ရြက္ေနေသာ အခရာအဖြဲ႕မွ ဒါ႐ိုက္ တာ ေဒၚ ထားထားက ”အခုက အမ်ိဳးသမီးတိုင္းကို ၿခိမ္းေျခာက္တဲ့ ျပႆနာတစ္ခု ျဖစ္လာၿပီ။

ျဖစ္လာၿပီဆိုတာကလည္း ဆင္းရဲခ်မ္းသာ မေရြးျဖစ္ လာၿပီ။ ၾကားထဲမွာလည္း ဆက္သြယ္ေပးတဲ့သူ ရွိတယ္။ ပြဲစားလို႔ေျပာရမွာပဲ။ အခုျဖစ္ေနတာက မႏူးမနပ္အရြယ္ေတြကို ရည္း စားျဖစ္ ေအာင္လုပ္တယ္။ ေကာင္ေလးနဲ႔ သူတို႔ပစ္မွတ္ထားတဲ့ေကာင္မေလး ႀကိဳက္သြားေအာင္ ခ်ိတ္ေပးတယ္။ ၿပီးေတာ့မွ ဒီလိုေရာင္း စားတဲ့ကိစၥ ေတြကိုဆက္ၿပီးလုပ္တယ္”ဟု ၎ကရွင္းျပသည္။

ဆက္လက္၍ ၎ကပင္ ” ၿပီး ခဲ့တဲ့ႏွစ္လေလာက္က ၿခံႀကီးဝင္းႀကီး နဲ႔ ေနတဲ့ မိန္းကေလးကို အိမ္ေဖာ္မိန္းကေလးက ခ်ိတ္ေပးတယ္။ ပါ သြားတယ္။ ကာယကံရွင္မိန္းကေလးကၾကာေတာ့ မဟုတ္မွန္းသိတယ္နဲ႔တူပါတယ္။ မိဘကိုျပန္ေျပာျပတယ္။ ရန္ကုန္တိုင္းမွာပဲ ျဖစ္ သြားတာ။ ဒါေပမဲ့ ေကာင္မေလးဘက္က သူ႕ ခ်စ္တဲ့သူကို ရဲျပန္တုိင္ရတဲ့ပံုစံျဖစ္ေနတယ္။ ေကာင္မေလးက ဆယ့္သံုးႏွစ္ေလာက္ ပဲ ရွိေသးတယ္။ ေနာက္တစ္ခုကအသက္ ၂ဝ ေလာက္။ ၾကည့္ျမင္တုိင္မွာေနတယ္။

ေကာင္မေလးက ေရာင္းစားခံရေတာ့မယ္။ ဒါေပမဲ့ မျဖစ္ခင္ ရဲစခန္းမွာ အမႈေတြ ဘာေတြျဖစ္ေတာ့ ေကာင္မေလးက သူကိုယ္တိုင္ ကြၽန္မခ်စ္သူနဲ႔ လိုက္ခဲ့တာပါဆိုၿပီးထြက္ဆိုေတာ့ ဘာမွ လုပ္လို႔မရေတာ့ဘူး။ ကြၽန္မတို႔လည္း အဲ့ဒီကိစၥအတြက္နဲ႔ ဟိုဘက္က လူကုန္ကူးဂိုဏ္းပဲလားမသိဘူး။ ၿခိမ္းေျခာက္ခံရတယ္။ ကြၽန္မတို႔ က ေကာင္မေလး မိသားစုဘက္က ေျပာလုိ႔ သြားၿပီးကူညီတာ။ ကြၽန္မတို႔လည္း ဘာမွလုပ္လို႔မရလိုက္ဘူး။ ဒီလို ပံုစံေျပာင္းသြားတာဟာ မိန္းကေလးေတြအတြက္ အရမ္း အႏၲရာယ္မ်ားတဲ့ပံုစံကို ေျပာင္းသြားတာ”ဟု ရွင္းျပသည္။

ရဲတပ္ဖြဲ႕က ဒီလိုေျပာတယ္

အဆိုပါကိစၥႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံလူကုန္တားရဲတပ္ဖြဲ႕မွ ဒုတိယရဲမွဴးႀကီးသက္ေနာင္က ”ဒီ လိုအမႈမ်ိဳးဆိုတာက ေဖာ္ထုတ္ ဖို႔ခက္ တယ္။ အလြတ္သေဘာ ၾကားသိေန ရတာေတြ ရွိေပမယ့္ ဖမ္းမိဖို႔ခက္တယ္။ ျဖစ္ပြားတာေတြကလည္း စားဝတ္ေနမႈမေျပ လည္ တာေတြကိုပဲ ပစ္မွတ္ထားတယ္။ အသက္ ၁၆ ႏွစ္ ေအာက္ အမ်ိဳးသမီးေတြကေတာ့ အဓိကပစ္မွတ္ထားခံရတယ္။ အ ေရးယူမယ္ဆို ရင္ေတာ့ လူကုန္ကူးမႈနဲ႔ပဲ အေရးယူတယ္။ ထိုင္းႏိုင္ငံမွာ ဆိုရင္ေတာ့ ေတာ္ေတာ္မ်ားပါတယ္။

သူတို႔က ၁၆ ႏွစ္ေအာက္ မိန္းက ေလးေတြ ကိုေသြးစစ္တယ္။ ၿပီးေတာ့ မွန္ခန္းေတြမွာ ထည့္ထားတယ္။ သြားတဲ့ေဖာက္သည္က ႀကိဳက္တဲ့သူ ကိုေခၚလို႔ရတယ္။ ႏိုင္ငံေတြအားလံုး မွာ ဒီလိုကိစၥမ်ိဳးမရွိတဲ့ႏိုင္ငံဆိုတာေတာ့ တစ္ႏိုင္ငံမွ မရွိႏိုင္ဘူး။ ႏိုင္ငံတိုင္းမွာရွိတယ္။ ကေမၻာဒီးယားမွာဆိုရင္ Child Sex နဲ႔ပတ္ သက္ၿပီး ေပၚေပၚတင္တင္လုပ္ၾကတယ္။ ဒါ က ျမန္မာႏိုင္ငံရဲ႕ယဥ္ေက်းမႈအရဆိုရင္ေတာ့ လံုးဝလက္ခံႏိုင္စရာမရွိ ဘူး။ တကယ္ တမ္းေျပာရရင္ ဒီလို ကိစၥမ်ိဳး ျမန္မာႏိုင္ငံမွာျဖစ္ေနတာ ေတြကို ေဖာ္ထုတ္ခ်င္တာေပါ့ကြာ။ ကိုယ့္တူမ ကိုယ့္သားသမီးအ ရြယ္ေတြ ျဖစ္ေန တာကြာ။ ဒါေပမဲ့ ခုနက ေျပာတဲ့ အခက္အခဲေတြ ရွိေနတယ္” ဟု ဆိုသည္။

အခက္အခဲေတြက ဘာေတြလဲ

ယခုကဲ့သုိ႔ ျမန္မာအမ်ိဳးသမီးတစ္ဦး၏ တန္ဖိုးထားအပ္ေသာ အပ်ိဳစင္ဘဝကို အေရာင္းအဝယ္ျပဳလုပ္ေနေသာ မႈခင္းမ်ားေဖာ္ထုတ္ သည့္ေန ရာတြင္ ႀကီးမားသည့္အခက္အခဲမွာ ႏွစ္ဦးႏွစ္ ဖက္သေဘာတူညီစြာ ေရာင္းဝယ္ သည့္ကိစၥ ျဖစ္ေန သည္ဟု ျမန္မာႏိုင္ငံ လူကုန္ တားရဲ တပ္ဖြဲ႕မွ တာဝန္ရွိသူမ်ားႏွင့္ အရပ္ ဖက္လူမႈအဖြဲ႕အစည္းမ်ားက တူညီ စြာေျပာဆိုၾကသည္။

ဒုတိယရဲမွဴးႀကီး သက္ေနာင္ က အဆိုပါကိစၥႏွင့္ ပတ္သက္၍ ”အဆိုးဆံုးက ႏွစ္ဦးႏွစ္ဖက္သေဘာတူညီစြာ ေက်နပ္လက္ခံၾက ၿပီးျဖစ္သြားတဲ့အတြက္ ေဖာ္ထုတ္ ဖို႔္ဆို တာ ခက္ခဲသြားတာ။ ေရာင္းသူဝယ္သူအသံတူေတာ့ အမႈအခင္းအေနနဲ႔ ျဖစ္မလာေတာ့ဘူး။ အဓိက ေျပာရရင္ေတာ့ ကေလးေတြက သူတို႔ဘဝရပ္တည္ဖို႔ ခက္ခဲေတာ့ ဒီလိုကိစၥမ်ိဳးမွာ အသံမထြက္ေတာ့ဘူး။ ရဲတပ္ဖြဲ႕ဘက္ကလည္း သတင္းအေနနဲ႔ မရရွိေတာ့ ဘူး”ဟုေျပာ သည္။

ယင္းျဖစ္ရပ္ႏွင့္ ပတ္သက္၍ အၿငိမ္းစားဒုတိယရဲမွဴးႀကီးဦးၫြန္႔လႈိင္က ”ႏွစ္ဦးႏွစ္ဖက္သေဘာတူညီမႈနဲ႔လုပ္ၾကတာျဖစ္ေတာ့ ရဲတပ္ဖဲြ႕ဆီ ကို အမႈအျဖစ္ တက္မလာဘူး။ သတင္းတက္မလာဘူး။ ျဖစ္ပြားတာေတြက ကာယကံရွင္နဲ႔ သူ႕ရဲ႕မိဘပတ္ဝန္းက်င္က သေဘာတူ လို႔ျဖစ္ တာေတြျဖစ္ေတာ့ ခက္တယ္။ အခု တာခ်ိီလိတ္မွာ ထိုင္းအထူးစံုစမ္းေရး ဌာနက ဖမ္းမိလိုက္တယ္ဆိုတာက လည္း သူ႔ကို ေဖာ္တဲ့ သူရွိ လို႔လို႔ေျပာရ မယ္။ အဲ့ဒီဖမ္းမိလိုက္တဲ့ ထိုင္းႏိုင္ငံ သားက စားဖားႀကီး၊ သူနဲ႔ အိပ္ခဲ့ဖူး တဲ့ ကေလးေတြက ဟုတ္ပါတယ္။ သူနဲ႔ ကြၽန္မတို႔ အိပ္ခဲ့ဖူးတယ္ဆိုၿပီးထြက္ဆိုလို႔ ဖမ္းမိလိုက္တာ။ အဲဒီလို ထြက္ဆိုတာမ်ိဳးမရွိရင္ ဖမ္းလို႔ရမွာ မဟုတ္ဘူး”ဟု ဆိုသည္။

ဒါေတြလုပ္ဖို႔ လိုအပ္ေနၿပီ

လူကုန္ကူးမႈ၊ လိင္အၾကမ္းဖက္ မႈမ်ားႏွင့္ပတ္သက္၍ အသိပညာေပးျခင္း၊ ကာယကံရွင္မ်ားႏွင့္ေတြ႕ ဆံုကူညီျခင္းစသည္တို႔ကို ေဆာင္ ရြက္ေနေသာ အခရာအဖြဲ႕မွ ဒါ႐ိုက္ တာ ေဒၚထားထားက ယင္းကဲ့သို႔ ျဖစ္ပြားေနေသာ ကိစၥမ်ားႏွင့္ပတ္သက္၍ ယခုကဲ့သို႔ေျပာခဲ့သည္။ ”ေျပာရရင္ မိဘအုပ္ထိန္းသူရဲ႕ ဆံုးမပံု၊ အသိပညာေပးပံုေတြ အရမ္းလိုအပ္တယ္။ ကြၽန္မတို႔ဆီမွာက လူဆိုတာ ဒီလိုေျပာရင္ေၾကာက္ တတ္တယ္၊ ဒီလိုေျပာရင္ႀကိဳက္တတ္တယ္ဆိုတာကို မိဘျဖစ္တဲ့သူက မသင္ေပးဘူး။

ခႏၶာကုိယ္ဆိုတာ ဒီလ ုိထိေတြ႕ရင္ သာယာတတ္ တယ္ဆိုတာကို အသိမေပးဘူး။ ေကာင္ေလး ေတြနဲ႔ေလွ်ာက္မသြားနဲ႔ အတူတူအိပ္တာေတြမလုပ္နဲ႔ ဆိုၿပီးပဲ သင္ေပးတယ္။ အဲဒါေတြက အခု အားနည္းခ်က္ျဖစ္လာၿပီ။ မွန္တာေျပာရရင္ ကြၽန္မတို႔ ႏိုင္ငံသားကေလးေတြဟာ လိင္အသိပညာကိုမရၾက ဘူး”ဟု ႏိုင္ငံ၏ အေျခ အေနကို သံုးသပ္သည္။

ထို႔ျပင္ ၎က ”ကြၽန္မတို႔က လိင္အသိပညာေပးဆိုရင္ လူေတြက လိင္ဆက္ဆံတာကိုသင္ေပးမယ္ထင္ၾကတယ္။ အမွန္ကမဟုတ္ဘူး။ လိင္ဆက္ဆံတာက လူမေျပာနဲ႔ တိရစၧာန္ေတာင္ သင္ေပးစရာမလိုဘူး။ လိင္အသိပညာဆိုတာ ခႏၶာကိုယ္ကို ဒီလိုဖြဲ႕စည္းထားတယ္။ ဒီလိုပံုစံရွိတယ္။ ဒီလိုလုပ္ရင္ သာယာတတ္တယ္။ ဒါေၾကာင့္ ဒီလိုလာထိရင္ ဒီလိုျပန္ၿပီးလုပ္ရတယ္။ ဒီလိုလာလုပ္ၿပီဆိုရင္မ႐ိုးသားဘူး ဒီလိုသင္ေပးထားရမွာ။ သူတို႔ တစ္စံုတစ္ခုႀကံဳေတြ႕ရရင္ မွန္ကန္တဲ့ဆံုး ျဖတ္ခ်က္ကို ခ်ႏုိင္ဖုိ႔ မသင္ေပးထားတဲ့အတြက္ထိေတြ႕ရင္ သာ ယာတတ္တယ္။ မိဘဘက္ကလည္း ဟိုမသြားနဲ႔ ဒီမသြားနဲ႔ဆိုၿပီး ၿခိမ္းေျခာက္ထားတာပဲရွိတယ္။ အပ်ိဳစင္ဘဝကို ေရာင္းစားတဲ့ ပံုစံကဒီ လိုပံုစံကိုေျပာင္းသြားတဲ့အတြက္ လိင္အသိပညာမေပးထားတဲ့အခါ အရမ္းအႏၲရာယ္ ႀကီးသြားတယ္။ ဒီလုိေတြျဖစ္လာ တာက အစိုး ရနဲ႔မိ ဘေတြမွာ အရမ္းတာဝန္ရွိတယ္”ဟု ေျပာသည္။

သို႔ပါေသာ္လည္း လက္ရွိျဖစ္ပြားေနသာ အပ်ိဳစင္မိန္းကေလးမ်ား၏ခႏၶာကိုယ္ေရာင္းဝယ္ျခင္းႏွင့္ ပတ္သက္၍ (Equality Myanmar) ၏တာဝန္ရွိသူတစ္ဦးျဖစ္သူ ဦးေအာင္မ်ိဳးမင္းက ျမန္မာႏိုင္ငံအစိုးရ၏ ေဆာင္ရြက္မႈအေပၚတြင္ ”ျမန္မာႏိုင္ငံမွာ ျဖစ္တယ္ဆို တာက လည္း ႏိုင္ငံေတာ္အစိုးရက ႏို္င္ငံျခားသား ဆိုရင္သိပ္ၿပီးမကိုင္ရဲဘူး။ ၿပီးေတာ့ သူတို႔ရဲ႕သက္ဆိုင္ရာသံ႐ံုးေတြက လည္း သူတို႔ႏိုင္ငံ သားျမန္မာႏိုင္ငံ မွာအျပစ္က်ဴးလြန္ရင္ ထိုက္တန္တဲ့ အျပစ္ေပးဖို႔ဆိုတာထက္ ကယ္ ထုတ္ႏိုင္ဖို႔ႀကိဳးစားၾကတာဆိုးတယ္။ အမွန္ဆိုရင္ျပစ္ မႈက်ဴးလြန္ရင္ ဘယ္သူမဆိုထိုက္တန္တဲ့ ျပစ္ဒဏ္ေပးဖို႔ ျပဳလုပ္ရမွာ”ဟု ေဝဖန္ခဲ့သည္။

သို႔ေသာ္လည္း လက္ရွိျဖစ္ပြားေနေသာ အေျခ အေနမ်ားကို ၿခံဳငုံသံုးသပ္ပါက အမ်ဳိးသမီးငယ္မ်ား၏ မိဘအုပ္ထိန္းသူမ်ားမွာ မိမိ၏သားသမီးကို ေကာင္း စြာ ေစာင့္ေရွာက္ရေတာ့ မည္ ျဖစ္ေၾကာင္း အဆိုပါျဖစ္ရပ္မ်ားႏွင့္ ပတ္သက္၍ ေဆာင္ရြက္ေနေသာ လူမႈအဖြဲ႕အစည္းမ်ားက ေျပာၾက သည္။မည္သို႔ပင္ ျဖစ္ေနေ စကာမူ ျပည္တြင္းလိင္လုပ္သားေစ်းကြက္တြင္ေတာ့ အသက္ ၁၈ ႏွစ္ေက်ာ္လွ်င္ ေစ်းေကာင္းမရၾကေတာ့ေပ။ ”ငယ္ငယ္ေလးေတြ ရွိလား ပဲ ေမးေနၾကေတာ့ အငယ္ကို ကိုယ္ေတြက ရွာထားရေတာ့တယ္။ ဒါမွအႀကီးေတြနဲ႔ ေရာထည့္ေပးလို႔ရမွာ။ မဟုတ္ရင္ကိုယ္ေတြက ငတ္ေ သမယ္”ဟု ပန္းဆိုးတန္းတစ္ေနရာမွ ျပည့္တန္ဆာေခါင္းက လက္ရွိေစ်းကြက္အေျခအေနကို ရွင္းျပေနသည္။ ဤသို႔ဆိုပါလွ်င္ ……။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
ပြီးခဲ့သည့် သြဂုတ် ၈ ရက်က ထိုင်းနိုင်ငံသားတစ်ဦးနှင့် အသက် ၁၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးတို့ကို တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီး၌ မသင်္ကာဖွယ်ရာ တွေ့ရှိပြီး စစ်ဆေးမေးမြန်းရာမှတစ်ဆင့် မြန်မာ၌ကျယ်ပြန့်လာနေပြီဖြစ်သည့် အပျိုစင်ဈေး ကွက်ကို ရဲတပ်ဖွဲ့က တွေ့ရှိ သွားသည်။ အဆိုပါနိုင်ငံခြားသားက မြန်မာအမျိုးသမီးတစ်ဦးထံမှတစ်ဆင့် ယင်းမိန်းကလေးကို ထိုင်းဘက် တွင် အိမ်ဖော်အလုပ်လုပ်ရမည်ဟု စည်းရုံးပြီး အပျိုရည်ဖျက်နိုင်ရန်အတွက် ခေါ်ယူလာခြင်းဖြစ်နေသည်။

လွန်ခဲ့သည့် နှစ်လခန့်ကလည်း ထိုသူသည် အပျိုစင်အမျိုးသမီးငယ်နှစ်ဦးကို မြန်မာအမျိုးသမီးတစ်ဦးထံမှ ခေါ်ယူထားသူ ဖြစ်နေပြန်သည်။ရှာဖွေပေးခအဖြစ် ဘတ် ၉ဝဝဝ (ငွေကျပ် ၃ သိန်းနီးပါး) ပေးရသည်ဟု ယင်းထိုင်းနိုင်ငံသားက ရဲထံထွက်ဆိုထားသည်။ နိုင်ငံ၏ ဓလေ့ထုံးတမ်းများအရ မြန်မာအမျိုးသမီးတစ်ဦး၌ တန်ဖိုးထားအပ်သော အရာများထဲတွင် အပျိုစင်ဘဝသည်တစ်ခုအနေဖြင့် ပါဝင်သည်။ အများသူငါ အထူးသဖြင့် အိမ်ထောင်ဘက်က တန်ဖိုးထားတက်ကြသည်။

ထိုအရာသည် ယနေ့ကာလတွင် ကြီးစွာဒုက္ခပေးတော့ မည့် အရာအဖြစ် မြန်မာအမျိုးသမီးထုနှင့်လက် တစ်ကမ်းအကွာတွင် နီးကပ်စွာ သန္ဓေတည်လာနေပြီဖြစ်သည်။ အထက်ပါဖြစ်စဉ်တစ်ခုက နယ်စပ်မြို့တွင် ဖြစ်ပွားခဲ့သည်ဟုဆိုနိုင်သော်လည်း နိုင်ငံအတွင်းပိုင်း မြို့ကြီးမြို့ငယ်များအနှံ့တွင် အလားတူဖြစ်ရပ်များ ဖြစ်ပွားနေခြင်း ရှိ မရှိဆိုသည်မှာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာသည်။

မြန်မာနိုင်ငံမှာ တကယ်ဖြစ်နေပြီလား

အသက်အရွယ်ပြည့်မီခြင်း မရှိသေးသည့် မိန်းကလေးများ၏ အပျိုစင်ဘဝကို အရောင်းအဝယ်ပြုလုပ်နေသည့်အဖြစ်အပျက်များက လူ အ များသိသာမြင်သာသည့် နေရာ များသို့သတင်းတစ်ခုအဖြစ်များပြား စွာထွက်ပေါ်လာခြင်း မရှိသော်လည်း မကြာသေးမီက ရန်ကုန်မြို့ တွင် ဖြစ်ပျက်ခဲ့သောအမှုတစ်ခုက ယခုကဲ့သို့ အဖြစ်အပျက်များဖြစ်ပျက်နေသည် ကိုကောင်းစွာ အသိပေးလိုက်သလို ဖြစ်သွားခဲ့သည်။

ထိုဖြစ်ရပ်မှာ မိခင် ဖြစ်သူက မိမိ၏သွေးသားအရင်းသ မီးဖြစ်သူ၏အပျိုစင်ဘဝကို တရုတ်နိုင်ငံသားတစ်ဦး ထံသို့ မြန်မာ ကျပ် ငွေ သိန်း သုံးဆယ်ကျော်ဖြင့် ရောင်းစားခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ လူကုန်တားရဲတပ် ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်နောင်က ”ဒီလို ကိ စ္စတွေ ရှိနေပါပြီ”ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံလူကုန်တား ရဲတပ်ဖွဲ့မှ အငြိမ်းစားဒုတိယရဲမှူး ကြီးတစ်ဦးဖြစ်သူ ဦးညွန့်လှိုင်က လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောပြန်သည်။

”ရန်ကုန်မြို့ထဲက ပြည့်တန်ဆာ တွေရှိတဲ့ တချို့နေရာတွေမှာ ကား ထိုးရပ်လိုက်ပြီဆိုတာနဲ့ ပါကင်ယူမ လားဆိုပြီး မေးတဲ့ခေါင်းတွေ ရှိ တယ်”ဟု ၎င်း ကပြောသည်။ လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း၊ HIV ရောဂါအကြောင်း အသိပညာပေးခြင်းများကို ဆောင် ရွက်နေေ သာ Sex Support Kayin Nation Society မှ အထွေထွေအတွင်းရေး မှူးဦးသန်းထွန်းကလည်း ယခုကဲ့သို့ အသက်အရွယ် မပြည့် မီသေးသည့် မိန်းကလေးများ အပျိုစင်ခန္ဓာကိုယ် ရောင်းစားခြင်းဖြစ်ရပ်သည် မြန်မာ ရွှေ့ပြောင်းလုပ်သားများတွင် များ စွာဖြစ်ပွားနေသည် ကို တွေ့နေရ ကြောင်းဆိုသည်။ ထိုသို့ဆိုလျှင် မြန်မာတွင် အပျိုစင်ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေသည်မှာအမှန်ဟု ရဲနှင့်အရပ် ဘက်အဖွဲ့အ စည်းတို့က ယခုအခါတွင် အတည်ပြုလိုက်ကြပြီဖြစ်သည်။

အရင် ဒီလိုတွေ ဖြစ်ခဲ့ဖူးတယ်

၂ဝ၁၅ တာချီလိတ်ကဲ့သို့ပင် ၂ဝ၁၂ ခုနှစ်တုန်းကလည်းအလားတူ ဖြစ်ခဲ့ဖူးကြောင်းမြန်မာနိုင်ငံလူကုန်တားရဲတပ်ဖွဲ့မှ အငြိမ်းစားယူခဲ့ သူဦး ညွန့်လှိုင်ပြောသည်။ သို့သော် မြန် မာနိုင်ငံတွင် မဟုတ်ဟု သူက ပြော သည်။ ထိုင်းနိုင်ငံ၏အရှေ့ဘက်ပိုင်း မြို့တစ်မြို့တွင်ရှိသော မရီနာဆိုသည့် အနှိပ်ခန်းတစ်ခုကို ဝင်ဖမ်းစဉ်လိင် လုပ်သားများထဲမှ အသက် ၁၈ နှစ် အောက် မြန်မာမိန်းကလေး အချို့မှာ ၎င်းတို့၏ အပျိုစင်ဘဝကို ထိုင်းနိုင်ငံသားတို့ထံ ရောင်းစားခံရရင်း အ နှိပ်ခန်းထဲရောက်လာသည်ကို တွေ့ခဲ့ရဖူးကြောင်းပြောသည်။ ”အဲဒီအချိန်က တည်းက တော်တော်များနေပြီဆိုတာ ပေါ်နေပြီ”ဟု ၎င်းက ပြောသည်။

ထို့ပြင် ၂ဝဝ၉ ခုနှစ်ခန့်ကလည်း အသက် ၁၄ နှစ် အ ရွယ် မြန် မာမိန်းကလေးတစ်ဦး၏ အပျိုစင်ဘဝကို အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် နယ်သာလန်နိုင်ငံသားတစ်ဦးနှင့် ကြားမှဆောင်ရွက်ပေးသော ပွဲစားတစ်ဦးကို လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄/၃၂ (လူကုန်ကူမှု နှင့် လူကုန်ကူးမှုတွင် ပူးပေါင်းပါဝင် မှု) ဖြင့် ဖမ်းဆီးခဲ့ရကြောင်း ၎င်းက ဆက် ပြောသည်။ ပြည်တွင်းတွင် မြန်မာအချင်း ချင်းဖြစ်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း လွန်ခဲ့သည့် ၂ဝဝ၆ ခုနှစ်ကဖြစ်ခဲ့ သည်။ သို့သော် လည်း အဆိုပါပြစ်မှု ကို ကျူးလွန်ခဲ့သည့် အဓိကတရားခံ ဖြစ်သူကို ဖမ်းဆီးရမိခဲ့ခြင်းမရှိဘဲ ကြားမှ စီစဉ်ပေးသည့် ပွဲစားများကိုသာ ဖမ်းဆီး ရမိခဲ့သည်ဟ မြန်မာနိုင်ငံလူကုန်တားရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောသည်။

အပျိုစင်ဈေးကွက် နောက်ဆက်တွဲ

အသက်အရွယ်ပြည့်မီခြင်းမရှိသေးသည့် မိန်းကလေးတစ်ဦး၏ အပျိုစင်ခန္ဓာကိုယ်ကို ရောင်းချခြင်း ဓလေ့များပြားလာခြင်း၊ ယင်းထဲတွင် အသက်မပြည့်မီသေးသည့် ၁၆ နှစ် အောက်မိန်းကလေးများမှာ အဓိက ပစ်မှတ်ထားခံနေရပုံနှင့် ပတ်သက် ၍ မြန်မာတွင်လွန်ခဲ့သည့် ဆယ်စု နှစ် နှစ်ခုကျော်ခန့်က သုတေသန တစ်ခုပြုလုပ်ခဲ့ဖူးကြောင်း ဦးအောင် မျိုးမင်းက ပြောသည်။ ထိုစဉ်က ပါကင်(အပျိုစင်)ဆိုသည့် အရာအပေါ် အဓိပ္ပာယ်ဖွင့်ကြရာတွင် အတွေးအ ခေါ်အယူအဆနှစ်မျိုး ဖြစ်ခဲ့ကြသည်ဟု ၎င်းကပြောသည်။

”တရုတ်တွေက ဒါလုပ်ရင် အသက်ရှည်တယ်၊ ယောကျ်ားခွန်အားပြည့်တယ်ဆိုတဲ့ အယူအဆ ရှိကြတယ်။ အနောက်နိုင်ငံ သားေ တွ တော်တော်များများ သတ်မှတ်ထားတဲ့ အယူအဆကတော့ လိင်ဆက်ဆံမှုတစ်ခါမှမပြုရသေးတဲ့ သူနဲ့ လိင်မှုပြုလုပ်ရင် HIV ရော ဂါဖြစ် ပွားမှုနှုန်း လျော့မယ်၊ ဖြစ်ပွားမှုမရှိနိုင်ဘူးဆို တဲ့အတွေးတွေ ရှိတယ်။ ပြည့်တန်ဆာလုပ်သားတွေကျတော့ လူတကာနဲ့ ဆက်ဆံကြရတယ်။ ဒီတော့ HIV ဖြစ်ပွားနိုင်တယ်။

ဒီလိုအပျိုစင်ကျတော့ HIV ဖြစ်ပွားမှုမရှိနိုင်ဘူးဆိုတဲ့အတွေး လည်းရှိနေပြန်တယ်” ဟု ၎င်းကပြောသည်။ ယင်းကြောင့် အသက်အရွယ်မပြည့်သေးသည့် အမျိုးသမီးငယ်များသည် ယင်းကဲ့သို့ စိတ်နေသဘောထားရှိသူများ၏ အဓိ ကပစ် မှတ်ထားစရာ သားကောင်ဖြစ်လာခဲ့ပြီး ထိုသို့ သောမှုခင်းများ တဖြည်းဖြည်းများပြားလာခဲ့သည်။ မြန်မာနိုင်ငံ၏ အ ချို့သောနေရာများတွင် အဆိုပါ အပျိုစင်ရောင်းချခြင်းကိစ္စနှင့် ပတ်သက်၍ ထူးခြားသည့် အယူအဆမျိုးရှိသေးကြောင်း မြန်မာနိုင်ငံလူကုန်တားရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ခင်မောင်လှက ပြောသည်။

၎င်းက ”ဒါက ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှာ၊ အဲဒီဒေသမှာရှိတဲ့ မိန်းကလေးတွေက သူတို့အရွယ်ရောက်ပြီဆိုတာနဲ့ သူတို့ရဲ့ခန္ဓာကိုယ် ကို ဒီလို အပျိုစင်အနေနဲ့ရောင်းစားပြီးရတဲ့ငွေကို မိဘကိုကန်တော့တာကို ကျေးဇူးဆပ်ခြင်းတစ်မျိုး၊ မွန်မြတ်တဲ့ အလုပ်တစ်ခုဆိုပြီးတော့ သူတို့ရဲ့ စိတ်ထဲမှာသတ်မှတ်ထားတယ်။ ရှမ်း ပြည်နယ်ဘက်မှာက ဒါက သူတို့ရဲ့ ဓလေ့ထုံးစံတစ်ခုလို ဖြစ်နေတယ်။ ပြောရရင်တော့ ဒီလို သဘောတူညီမှုနဲ့ လုပ်တယ်ဆိုတာကိုလည်း လူကုန်ကူးမှု လိင်ခေါင်းပုံဖြတ်မှုနဲ့ အရေးယူလို့ရတယ်”ဟုပြောသည်။

နိုင်ငံတကာမှာလည်း ဒီလိုရှိတယ်

ယခုကဲ့သို့ မှုခင်းဖြစ်ရပ်များသည် နိုင်ငံတကာတွင်လည်း များစွာဖြစ်ပွားနေကြောင်းကို တာဝန်ရှိသူများက ယခုကဲ့သို့ပြောခဲ့သည်။ (Equa-lity Myanmar) မှ ဦးအောင်မျိုးမင်းက ”ဒီလိုကိစ္စမျိုးက အာရှဒေသမှာတော့ အရမ်းတွင်ကျယ်တယ်။ ထိုင်းမှာဆိုရင် အပျိုစင် (ပါကင်)ဈေးနဲ့ အပျိုစင်မဟုတ်တော့ဘဲ နောက်ပိုင်း ပါကင်မဟုတ်တော့တဲ့ နောက်မှာသတ်မှတ်တဲ့ဈေး၊ ရတဲ့ဈေးပေါ့ဗျာအရမ်း ကွာကြ တယ်။ ဒီလိုကိစ္စမျိုးဖြစ်ချင်ရင် သာမန်ထက်ပိုတဲ့ ဈေးနှုန်းမျိုးတွေကိုပေးရတယ်။

ပြောရရင်တော့ ရောင်းသူလည်းရှိတယ်၊ ဝယ်သူလည်းရှိ တယ်။ ဒီလိုကိစ္စမျိုး ဖြစ်အောင်လို့ ထောက်ပံ့တယ်ပြောရမလား၊ ပွဲစားပြောရမလား၊ သူလည်း ရှိတယ်။ စစ်တမ်းကောက်တဲ့ အချိန် တုန်းကဈေးနဲ့ဆိုရင် သာမန်ပြည့်တန်ဆာက ထိုင်းဘတ်ငွေ ၁ဝဝဝ ပေးရရင် အပျိုစင်(ပါကင်)က နှစ်ေ သာင်း၊ နှစ်ေ သာင်းကျော်ပေးရ တယ်။ ဒီလိုကိစ္စမျိုးက ကလေးတွေအပေါ်မှာ အသက်မပြည့်သေးတဲ့ သူတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ကိစ္စဖြစ်တော့ ပိုပြီးတော့ ဖြစ်ပွားလာစေတယ်”ဟု ဆိုသည်၊။

လူကုန်ကူးမူ၊ HIV ရောပါများ အသိပညာပေးခြင်းပြုလုပ်သည့် Porniss Association မှ မန်နေဂျာ ကိုစည်သူဟန်က ယခု ကဲ့သို့ ဖြစ်ရပ်များသည် ကမ္ဘာ့နိုင်ငံဒေသအသီးသီး နှင့် ကမ္ဘောဒီးယား၊ ထိုင်းနှင့်အာရပ် ဒေသနိုင်ငံများတွင် တွင်ကျယ်စွာ ဖြစ် ပွားနေသော ကိစ္စတစ်ခုဟု ပြောသည်။ အရှေ့တောင်အာရှ၌ အပျိုစင်ရောင်းဝယ်မှု ပြုလုပ်ရာတွင် ကမ္ဘောဒီးယားနိုင်ငံမှာ အထင်ရှား ဆုံးဖြစ်ပြီး ဆင်း ရဲနွမ်းပါးသည့် မိသားစုအချို့က ၎င်းတို့၏ သမီးကညှာတို့ကို ပန်းဦးရောင်းချခြင်းဖြင့် ဘဝထွက် လမ်းရှာကြ သည်။ ဒေါ် လာထောင်ေ ပါင်း များစွာ ရကြ၍ဖြစ်သည်။ ထိုသို့ ပန်းဦးမစွန့်မီ အပျိုစစ် စစ်ဖြစ်ကြောင်း ဆေးစစ်ချက်ထောက်ခံစာလည်း တင်ပြရသေးသည်။

အခုတော့ ပုံစံပြောင်းပြီး လုပ်နေတာတွေလည်းရှိတယ်

အရွယ်မရောက်သေးသော မိန်းကလေးများ၏ အပျိုစင်ခန္ဓာကိုယ်အား အရောင်းအဝယ်ပြုလုပ်ရန် ကြံစည်နေသူများသည် ယခင်က စားဝတ်နေမှုမပြေလည်သော မိသားစုများမှ မိန်းကလေးများကိုသာ အဓိကပစ်မှတ်ထားခဲ့သော်လည်း ယနေ့အချိန်တွင်မူ လူတန်းစား မခွဲခြားတော့ဘဲ အလွှာပေါင်းစုံမှ မိန်းကလေးများကို ပစ်မှတ်ထားနေပြီဖြစ်ကြောင်း ပြောင်းလဲသွားမှုနှင့်ပတ်သက်၍ လူကုန်ကူးမူ၊ HIV ရောဂါများအသိပညာပေးခြင်း လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်းများကိုဆောင် ရွက်နေသော အခရာအဖွဲ့မှ ဒါရိုက် တာ ဒေါ် ထားထားက ”အခုက အမျိုးသမီးတိုင်းကို ခြိမ်းခြောက်တဲ့ ပြဿနာတစ်ခု ဖြစ်လာပြီ။

ဖြစ်လာပြီဆိုတာကလည်း ဆင်းရဲချမ်းသာ မရွေးဖြစ် လာပြီ။ ကြားထဲမှာလည်း ဆက်သွယ်ပေးတဲ့သူ ရှိတယ်။ ပွဲစားလို့ပြောရမှာပဲ။ အခုဖြစ်နေတာက မနူးမနပ်အရွယ်တွေကို ရည်း စားဖြစ် အောင်လုပ်တယ်။ ကောင်လေးနဲ့ သူတို့ပစ်မှတ်ထားတဲ့ကောင်မလေး ကြိုက်သွားအောင် ချိတ်ပေးတယ်။ ပြီးတော့မှ ဒီလိုရောင်း စားတဲ့ကိစ္စ တွေကိုဆက်ပြီးလုပ်တယ်”ဟု ၎င်းကရှင်းပြသည်။

ဆက်လက်၍ ၎င်းကပင် ” ပြီး ခဲ့တဲ့နှစ်လလောက်က ခြံကြီးဝင်းကြီး နဲ့ နေတဲ့ မိန်းကလေးကို အိမ်ဖော်မိန်းကလေးက ချိတ်ပေးတယ်။ ပါ သွားတယ်။ ကာယကံရှင်မိန်းကလေးကကြာတော့ မဟုတ်မှန်းသိတယ်နဲ့တူပါတယ်။ မိဘကိုပြန်ပြောပြတယ်။ ရန်ကုန်တိုင်းမှာပဲ ဖြစ် သွားတာ။ ဒါပေမဲ့ ကောင်မလေးဘက်က သူ့ ချစ်တဲ့သူကို ရဲပြန်တိုင်ရတဲ့ပုံစံဖြစ်နေတယ်။ ကောင်မလေးက ဆယ့်သုံးနှစ်လောက် ပဲ ရှိသေးတယ်။ နောက်တစ်ခုကအသက် ၂ဝ လောက်။ ကြည့်မြင်တိုင်မှာနေတယ်။

ကောင်မလေးက ရောင်းစားခံရတော့မယ်။ ဒါပေမဲ့ မဖြစ်ခင် ရဲစခန်းမှာ အမှုတွေ ဘာတွေဖြစ်တော့ ကောင်မလေးက သူကိုယ်တိုင် ကျွန်မချစ်သူနဲ့ လိုက်ခဲ့တာပါဆိုပြီးထွက်ဆိုတော့ ဘာမှ လုပ်လို့မရတော့ဘူး။ ကျွန်မတို့လည်း အဲ့ဒီကိစ္စအတွက်နဲ့ ဟိုဘက်က လူကုန်ကူးဂိုဏ်းပဲလားမသိဘူး။ ခြိမ်းခြောက်ခံရတယ်။ ကျွန်မတို့ က ကောင်မလေး မိသားစုဘက်က ပြောလို့ သွားပြီးကူညီတာ။ ကျွန်မတို့လည်း ဘာမှလုပ်လို့မရလိုက်ဘူး။ ဒီလို ပုံစံပြောင်းသွားတာဟာ မိန်းကလေးတွေအတွက် အရမ်း အန္တရာယ်များတဲ့ပုံစံကို ပြောင်းသွားတာ”ဟု ရှင်းပြသည်။

ရဲတပ်ဖွဲ့က ဒီလိုပြောတယ်

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလူကုန်တားရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်နောင်က ”ဒီ လိုအမှုမျိုးဆိုတာက ဖော်ထုတ် ဖို့ခက် တယ်။ အလွတ်သဘော ကြားသိနေ ရတာတွေ ရှိပေမယ့် ဖမ်းမိဖို့ခက်တယ်။ ဖြစ်ပွားတာတွေကလည်း စားဝတ်နေမှုမပြေ လည် တာတွေကိုပဲ ပစ်မှတ်ထားတယ်။ အသက် ၁၆ နှစ် အောက် အမျိုးသမီးတွေကတော့ အဓိကပစ်မှတ်ထားခံရတယ်။ အ ရေးယူမယ်ဆို ရင်တော့ လူကုန်ကူးမှုနဲ့ပဲ အရေးယူတယ်။ ထိုင်းနိုင်ငံမှာ ဆိုရင်တော့ တော်တော်များပါတယ်။

သူတို့က ၁၆ နှစ်အောက် မိန်းက လေးတွေ ကိုသွေးစစ်တယ်။ ပြီးတော့ မှန်ခန်းတွေမှာ ထည့်ထားတယ်။ သွားတဲ့ဖောက်သည်က ကြိုက်တဲ့သူ ကိုခေါ်လို့ရတယ်။ နိုင်ငံတွေအားလုံး မှာ ဒီလိုကိစ္စမျိုးမရှိတဲ့နိုင်ငံဆိုတာတော့ တစ်နိုင်ငံမှ မရှိနိုင်ဘူး။ နိုင်ငံတိုင်းမှာရှိတယ်။ ကမ္ဘောဒီးယားမှာဆိုရင် Child Sex နဲ့ပတ် သက်ပြီး ပေါ်ပေါ်တင်တင်လုပ်ကြတယ်။ ဒါ က မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအရဆိုရင်တော့ လုံးဝလက်ခံနိုင်စရာမရှိ ဘူး။ တကယ် တမ်းပြောရရင် ဒီလို ကိစ္စမျိုး မြန်မာနိုင်ငံမှာဖြစ်နေတာ တွေကို ဖော်ထုတ်ချင်တာပေါ့ကွာ။ ကိုယ့်တူမ ကိုယ့်သားသမီးအ ရွယ်တွေ ဖြစ်နေ တာကွာ။ ဒါပေမဲ့ ခုနက ပြောတဲ့ အခက်အခဲတွေ ရှိနေတယ်” ဟု ဆိုသည်။

အခက်အခဲတွေက ဘာတွေလဲ

ယခုကဲ့သို့ မြန်မာအမျိုးသမီးတစ်ဦး၏ တန်ဖိုးထားအပ်သော အပျိုစင်ဘဝကို အရောင်းအဝယ်ပြုလုပ်နေသော မှုခင်းများဖော်ထုတ် သည့်နေ ရာတွင် ကြီးမားသည့်အခက်အခဲမှာ နှစ်ဦးနှစ် ဖက်သဘောတူညီစွာ ရောင်းဝယ် သည့်ကိစ္စ ဖြစ်နေ သည်ဟု မြန်မာနိုင်ငံ လူကုန် တားရဲ တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် အရပ် ဖက်လူမှုအဖွဲ့အစည်းများက တူညီ စွာပြောဆိုကြသည်။

ဒုတိယရဲမှူးကြီး သက်နောင် က အဆိုပါကိစ္စနှင့် ပတ်သက်၍ ”အဆိုးဆုံးက နှစ်ဦးနှစ်ဖက်သဘောတူညီစွာ ကျေနပ်လက်ခံကြ ပြီးဖြစ်သွားတဲ့အတွက် ဖော်ထုတ် ဖို့်ဆို တာ ခက်ခဲသွားတာ။ ရောင်းသူဝယ်သူအသံတူတော့ အမှုအခင်းအနေနဲ့ ဖြစ်မလာတော့ဘူး။ အဓိက ပြောရရင်တော့ ကလေးတွေက သူတို့ဘဝရပ်တည်ဖို့ ခက်ခဲတော့ ဒီလိုကိစ္စမျိုးမှာ အသံမထွက်တော့ဘူး။ ရဲတပ်ဖွဲ့ဘက်ကလည်း သတင်းအနေနဲ့ မရရှိတော့ ဘူး”ဟုပြော သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အငြိမ်းစားဒုတိယရဲမှူးကြီးဦးညွန့်လှိုင်က ”နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့လုပ်ကြတာဖြစ်တော့ ရဲတပ်ဖွဲ့ဆီ ကို အမှုအဖြစ် တက်မလာဘူး။ သတင်းတက်မလာဘူး။ ဖြစ်ပွားတာတွေက ကာယကံရှင်နဲ့ သူ့ရဲ့မိဘပတ်ဝန်းကျင်က သဘောတူ လို့ဖြစ် တာတွေဖြစ်တော့ ခက်တယ်။ အခု တာချီလိတ်မှာ ထိုင်းအထူးစုံစမ်းရေး ဌာနက ဖမ်းမိလိုက်တယ်ဆိုတာက လည်း သူ့ကို ဖော်တဲ့ သူရှိ လို့လို့ပြောရ မယ်။ အဲ့ဒီဖမ်းမိလိုက်တဲ့ ထိုင်းနိုင်ငံ သားက စားဖားကြီး၊ သူနဲ့ အိပ်ခဲ့ဖူး တဲ့ ကလေးတွေက ဟုတ်ပါတယ်။ သူနဲ့ ကျွန်မတို့ အိပ်ခဲ့ဖူးတယ်ဆိုပြီးထွက်ဆိုလို့ ဖမ်းမိလိုက်တာ။ အဲဒီလို ထွက်ဆိုတာမျိုးမရှိရင် ဖမ်းလို့ရမှာ မဟုတ်ဘူး”ဟု ဆိုသည်။

ဒါတွေလုပ်ဖို့ လိုအပ်နေပြီ

လူကုန်ကူးမှု၊ လိင်အကြမ်းဖက် မှုများနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကာယကံရှင်များနှင့်တွေ့ ဆုံကူညီခြင်းစသည်တို့ကို ဆောင် ရွက်နေသော အခရာအဖွဲ့မှ ဒါရိုက် တာ ဒေါ်ထားထားက ယင်းကဲ့သို့ ဖြစ်ပွားနေသော ကိစ္စများနှင့်ပတ်သက်၍ ယခုကဲ့သို့ပြောခဲ့သည်။ ”ပြောရရင် မိဘအုပ်ထိန်းသူရဲ့ ဆုံးမပုံ၊ အသိပညာပေးပုံတွေ အရမ်းလိုအပ်တယ်။ ကျွန်မတို့ဆီမှာက လူဆိုတာ ဒီလိုပြောရင်ကြောက် တတ်တယ်၊ ဒီလိုပြောရင်ကြိုက်တတ်တယ်ဆိုတာကို မိဘဖြစ်တဲ့သူက မသင်ပေးဘူး။

ခန္ဓာကိုယ်ဆိုတာ ဒီလ ိုထိတွေ့ရင် သာယာတတ် တယ်ဆိုတာကို အသိမပေးဘူး။ ကောင်လေး တွေနဲ့လျှောက်မသွားနဲ့ အတူတူအိပ်တာတွေမလုပ်နဲ့ ဆိုပြီးပဲ သင်ပေးတယ်။ အဲဒါတွေက အခု အားနည်းချက်ဖြစ်လာပြီ။ မှန်တာပြောရရင် ကျွန်မတို့ နိုင်ငံသားကလေးတွေဟာ လိင်အသိပညာကိုမရကြ ဘူး”ဟု နိုင်ငံ၏ အခြေ အနေကို သုံးသပ်သည်။

ထို့ပြင် ၎င်းက ”ကျွန်မတို့က လိင်အသိပညာပေးဆိုရင် လူတွေက လိင်ဆက်ဆံတာကိုသင်ပေးမယ်ထင်ကြတယ်။ အမှန်ကမဟုတ်ဘူး။ လိင်ဆက်ဆံတာက လူမပြောနဲ့ တိရစ္ဆာန်တောင် သင်ပေးစရာမလိုဘူး။ လိင်အသိပညာဆိုတာ ခန္ဓာကိုယ်ကို ဒီလိုဖွဲ့စည်းထားတယ်။ ဒီလိုပုံစံရှိတယ်။ ဒီလိုလုပ်ရင် သာယာတတ်တယ်။ ဒါကြောင့် ဒီလိုလာထိရင် ဒီလိုပြန်ပြီးလုပ်ရတယ်။ ဒီလိုလာလုပ်ပြီဆိုရင်မရိုးသားဘူး ဒီလိုသင်ပေးထားရမှာ။ သူတို့ တစ်စုံတစ်ခုကြုံတွေ့ရရင် မှန်ကန်တဲ့ဆုံး ဖြတ်ချက်ကို ချနိုင်ဖို့ မသင်ပေးထားတဲ့အတွက်ထိတွေ့ရင် သာ ယာတတ်တယ်။ မိဘဘက်ကလည်း ဟိုမသွားနဲ့ ဒီမသွားနဲ့ဆိုပြီး ခြိမ်းခြောက်ထားတာပဲရှိတယ်။ အပျိုစင်ဘဝကို ရောင်းစားတဲ့ ပုံစံကဒီ လိုပုံစံကိုပြောင်းသွားတဲ့အတွက် လိင်အသိပညာမပေးထားတဲ့အခါ အရမ်းအန္တရာယ် ကြီးသွားတယ်။ ဒီလိုတွေဖြစ်လာ တာက အစိုး ရနဲ့မိ ဘတွေမှာ အရမ်းတာဝန်ရှိတယ်”ဟု ပြောသည်။

သို့ပါသော်လည်း လက်ရှိဖြစ်ပွားနေသာ အပျိုစင်မိန်းကလေးများ၏ခန္ဓာကိုယ်ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ (Equality Myanmar) ၏တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်မှုအပေါ်တွင် ”မြန်မာနိုင်ငံမှာ ဖြစ်တယ်ဆို တာက လည်း နိုင်ငံတော်အစိုးရက နိုင်ငံခြားသား ဆိုရင်သိပ်ပြီးမကိုင်ရဲဘူး။ ပြီးတော့ သူတို့ရဲ့သက်ဆိုင်ရာသံရုံးတွေက လည်း သူတို့နိုင်ငံ သားမြန်မာနိုင်ငံ မှာအပြစ်ကျူးလွန်ရင် ထိုက်တန်တဲ့ အပြစ်ပေးဖို့ဆိုတာထက် ကယ် ထုတ်နိုင်ဖို့ကြိုးစားကြတာဆိုးတယ်။ အမှန်ဆိုရင်ပြစ် မှုကျူးလွန်ရင် ဘယ်သူမဆိုထိုက်တန်တဲ့ ပြစ်ဒဏ်ပေးဖို့ ပြုလုပ်ရမှာ”ဟု ဝေဖန်ခဲ့သည်။

သို့သော်လည်း လက်ရှိဖြစ်ပွားနေသော အခြေ အနေများကို ခြုံငုံသုံးသပ်ပါက အမျိုးသမီးငယ်များ၏ မိဘအုပ်ထိန်းသူများမှာ မိမိ၏သားသမီးကို ကောင်း စွာ စောင့်ရှောက်ရတော့ မည် ဖြစ်ကြောင်း အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများက ပြောကြ သည်။မည်သို့ပင် ဖြစ်နေေ စကာမူ ပြည်တွင်းလိင်လုပ်သားဈေးကွက်တွင်တော့ အသက် ၁၈ နှစ်ကျော်လျှင် ဈေးကောင်းမရကြတော့ပေ။ ”ငယ်ငယ်လေးတွေ ရှိလား ပဲ မေးနေကြတော့ အငယ်ကို ကိုယ်တွေက ရှာထားရတော့တယ်။ ဒါမှအကြီးတွေနဲ့ ရောထည့်ပေးလို့ရမှာ။ မဟုတ်ရင်ကိုယ်တွေက ငတ်ေ သမယ်”ဟု ပန်းဆိုးတန်းတစ်နေရာမှ ပြည့်တန်ဆာခေါင်းက လက်ရှိဈေးကွက်အခြေအနေကို ရှင်းပြနေသည်။ ဤသို့ဆိုပါလျှင် ……။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top