ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အိမ္ေရွ ႔စံကေနာင္မင္းရဲ ႔ အရုပ္ေလာင္းကို ဘယ္ေနရာမွာ ျမဳပ္​ႏွံထားခဲ့သလဲလို႔ ေမးရင္ မႏၱေလးအေရွ ႔ျပင္က သူက်ဆံုးခဲ့တဲ့ေနရာမွာရွိတဲ့ စႏၵမုနိေစတီေတာ္ၾကီးမွာ ျမႇဳပ္​ႏွံထားခဲ့တယ္လို႔ လူတိုင္းက ျပန္ေျဖၾကပါလိမ့္မယ္ ထင္ပါတယ္။ ဟုတ္ပါတယ္။

အရင္တုန္းက အိမ္ေရွ ႔စံကေနာင္မင္းရဲ ႔ အရုပ္ေလာင္းကို အဲဒီေစတီနဲ႔ စႏၵမုနိရုပ္ပြားေတာ္ သီတင္းသံုးရာ ဂႏၶကုဋိ အၾကားက အုတ္ျပသာဒ္အတြင္း ဂူသြင္းျမႇဳပ္​ႏွံထားခဲ့တာပါ ။

အခုခ်ိန္မွာေတာ့ အဲဒီေနရာမွာ အုတ္ဂူကမၺည္း ​ေက်ာက္စာခ်ပ္ၾကီးတစ္ခုသာ ​ေတြ႔ရၿပီး အထဲမွာ အိမ္ေရွ ႔မင္းရဲ ႔အရုပ္ေလာင္း မရွိေတာ့ဘူး ၊ အုတ္ဂူကလည္း ​ေဟာင္းေလာင္းေပါက္္ၾကီး ျဖစ္ေနျပီလို႔ ေျပာရင္ …. ဘာျဖစ္လို႔ မရွိရတာလဲ …. ၊ ဘယ္သူက တူးယူသြားတာလဲ ….. ၊အခု ဘယ္နားေရာက္ေနသလဲ …. စသည္​ျဖင့္ သိလိုၾကလိမ့္မယ္ ထင္ပါတယ္ ။

အဲဒီလိုျဖစ္ရတာဟာ အရင္က မႏၱေလးေတာင္မွာ ရွိေနတဲ့ ရေသ့ၾကီး ဦးခႏၱီေၾကာင့္ပဲလို႔ ေျပာရမွာပါပဲ။ ၁၈၈၇ ခုနွစ္ သီေပါမင္း ပါေတာ္မူျပီးေနာက္ပိုင္း အိႏၵိယကို နယ္နွင္ခံလိုက္ရတဲ့ အိမ္ေရွ႕စံကေနာင္မင္းရဲ႕ သားေတာ္ လင္းပင္မင္းသားနဲ႔ မိသားစုဟာ ၁၉၁၂ ခုနွစ္မွာ ျမန္မာျပည္ကို ျပန္လာခြင့္ရခဲ့ပါတယ္ ။ ျပန္လာတဲ့ အခ်ိန္မွာ မင္းသားၾကီးဟာ အသက္ ၅၄ နွစ္ ရွိေနျပီ ျဖစ္ပါတယ္ ။ က်န္ေနေသးတဲ့ အိမ္ေရွ ႔စံ အႏြယ္ေတာ္မ်ားကလည္း ျပည္ေတာ္ျပန္လာတဲ့ လင္းပင္မင္းသားၾကီးကို မႏၱေလးမွာ လာေနဖို႔ ဖိတ္ေခၚတာနဲ႔ မင္းသားၾကီးလည္း သြားေနျဖစ္ခဲ့ပါတယ္ ။

မႏၱေလးကို ေရာက္လာတဲ့ မင္းသားၾကီးဟာ အသက္ရြယ္အားျဖင့္လည္း ဇရာပိုင္းကို ေရာက္လာတာမို႔ ဘာသာေရးဘက္ကို ကိုင္းရွိဳင္းလာျပီး သမထ လမ္းစဥ္ေတြကိုပါ လိုက္စားလို႔ ဖိုထိုးတာေတြလည္း လုပ္လာခဲ့တယ္ ဆိုပါတယ္ ။

အဲဒီအခ်ိန္ေတြမွာပဲ လင္းပင္မင္းသားၾကီးဟာ မႏၱေလးေတာင္က ရေသ့ၾကီး ဦးခႏီ ၱနဲ႔ ေပါင္းဖက္မိသြားေတာ့တာပါ ။ မင္းသားၾကီးက ရေသ့ၾကီးကို အိမ္ေရွ ႔မင္း ထန္းေတာၾကီး လွဴ ခဲ့သလိုမ်ိဳး ဦးခႏီ ၱကလည္း ရွိရွိသမွ် အ႒ကထာ ၊ ဋီကာမ်ားကို ေက်ာက္ထက္ အကၡရာတင္ျပီး စႏၵာမုနိေစတီအတြင္းမွာ စိုက္ထူပူေဇာ္​ခဲ့ပါတယ္ ။ ဒါေတြကို ၾကည့္ျခင္းအားျဖင့္ လင္းပင္မင္းသားၾကီးနဲ႔ ရေသ႔ၾကီးဦးခႏၱီတို႔ဟာ အေတာ္ေလးကို ရင္းႏွီး အကၽြမ္းတ၀င္ ႐ွိလွတယ္လို႔ ဆိုရပါမယ္ ။

သကၠရာဇ္ ၁၂၂၈ ခုနွစ္ ျမင္းကြန္း ျမင္းခံုတိုင္ အေရးအခင္းမွာ လုပ္ၾကံခံရတဲ့ အိမ္ေရွ႕ကိုယ္ေတာ္ ကေနာင္မင္းသား နဲ ႔အတူ မလြန္မင္းသား ၊ စကုမင္းသား ၊ ျပင္စည္မင္းသားတို႔ရဲ ႔ အေလာင္းတို႔ကို မင္းတုန္းမင္းၾကီးက စႏၵာမုနိေစတီေတာ္အနီးမွာ ဂူသြင္းျပီး ျမႇဳပ္​ႏွံထားခဲ့တာ ျဖစ္ပါတယ္ ။ ေနာက္ပိုင္းက်ေတာ့ အဲဒီ အုတ္ဂူေတြနဲ႔ တစ္ဆက္တည္း ေစတီတစ္ဆူ တည္ျပီး အမရပူရက ပင့္ေဆာင္လာတဲ့ စႏၵာမုနိရုပ္ပြားေတာ္ ကိန္း၀ပ္​ဖို႔ ဂႏၶကုဋိတိုက္ကိုပါ တည္ေဆာက္ခဲ့တာပါ ။

ဒါေၾကာင့္မို႔ အခုလက္ရွိ ကေနာင္မင္း အုတ္ဂူ ကမၺည္းေက်ာက္ျပားေနရာမွာ ရွိခဲ့ဖူးတဲ့ အိမ္ေရွ ႔မင္း အုတ္ျပသာဒ္ငယ္ဟာ ဘုရား ဂႏၶကုဋိတိုက္နဲ႔ ေစတီအၾကား က်ေရာက္ေနခဲ့ပါတယ္ ။ ဒီေတာ့ ဘုရား ဂႏၶကုဋိတိုက္ ေခါင္မိုး ေရတံေလွ်ာက္က က်တဲ့ေရေတြဟာ အိမ္ေရွ ႔မင္းရဲ ႔ အုတ္ဂူေပၚ က်ေနခဲ့ေတာ့တာပါ ။ အိမ္ေရွ ႔မင္းအုတ္ဂူေပၚ အဲဒီလိုမ်ိဳး တံစက္​ၿမိတ္​က ​ေရက်ေနတာဟာ နာမ္နွိမ္ထားသလို ျဖစ္ေနတာေၾကာင့္ အိမ္ေရွ ႔မင္းရဲ ႔ အႏြယ္ေတာ္မ်ားဟာ မၾကီးပြားႏိုင္​ ၊ မထြန္းကားႏိုင္​ ဆိုျပီး ရေသ့ၾကီး ဦးခႏၱီက လင္းပင္မင္းသားၾကီးကို ေျပာျပသတဲ့ ။

ရေသ့ၾကီး ဦးခႏၱီရဲ ႔ စကားေၾကာင့္ လင္းပင္မင္းသားၾကီးဟာ သကၠရာဇ္ ၁၂၇၅ ခုနွစ္ တန္ခူးလဆန္း ၅ ရက္ ညသန္းေခါင္အခ််ိန္မွာ ဦးခင္ေမာင္ေဒြးကို အေဖာ္ေခၚျပီး ပန္းရန္သမားနွစ္ေယာက္နဲ႔အတူ စႏၵာမုနိဘုရားအတြင္းက ကေနာင္မင္းရဲ ႔အုတ္ဂူကို ေဖာက္ပါေတာ့တယ္ ။ ဒီလိုလုပ္ဖို႔အတြက္ က်န္အႏြယ္ေတာ္မ်ားကို လံုး၀အသိမေပးဘူးလို႔ ဆိုပါတယ္။ဂူေဖာက္ျပီး အိမ္ေရွ႕ မင္းရဲ ႔အေလာင္းေတာ္ကို ေတြ ႔ေတာ့ မင္းသားၾကီးက ကတၱီပါအိပ္ထဲ ထည့္ယူျပီး အုတ္ဂူကို မူလ လက္ရာမပ်က္ေစပဲ ျပန္ပိတ္ေစခဲ့တယ္ ။

ဒါေပမယ့္ လင္းပင္မင္းသားၾကီး ထည့္ယူလာတဲ့အရိုးေတြကို ဘယ္နားမွာထပ္ျပီး သျဂိဳလ္ခဲ့သလဲ ဆိုတာကိုေတာ့ ဘယ္သူမွ တိတိက်က် မသိၾကရဘူးတဲ့ ။ အႏြယ္ေတာ္မ်ား ​ေျပာစကားအရ မင္းသားၾကီးဟာ အိမ္ေရွ ႔မင္းရဲ ႔ အေလာင္းကို ဘိသိက္​​ေျမႇာက္​ၿပီး ရတနာပန္းေတာင္းနဲ႔ ဧရာ၀တီျမစ္ထဲကိုခ် ခဲ့တယ္လို႔ ေျပာသလို ရန္ကုန္ျမိဳ႕လွိဳင္ျမစ္ထဲကို ခ်ခဲ့တယ္လို႔လည္း ဆိုျပန္သတဲ့ ။ ဘယ္လိုပဲျဖစ္​ျဖစ္​ ေသခ်ာတာကေတာ့ အိမ္ေရွ ႔မင္းရဲ ႔ ရုပ္အေလာင္းကို ေရထဲခ်ခဲ့တယ္ ဆိုတာပါပဲ ။

ဒီကိစၥကို ပိပိရိရိ လုပ္ေဆာင္ခဲ့ေပမယ့္လည္း ပိုက္ဆံေပးျပီးခိုင္းတဲ့ ပန္းရန္သမား နွစ္ေယာက္ နွတ္မလံုမွဳေၾကာင့္ ဂူေဖါက္တဲ့ကိစၥကို အဂၤလိပ္အစိုးရ သိသြားခဲ့တယ္လို႔ ဆိုပါတယ္ ။

တကယ္ေတာ့ လင္းပင္မင္းသားၾကီးဟာ ရေသ့ၾကီး ဦးခႏၱီရဲ ႔ အယူဆစကားအရ အိမ္ေရွ ႔မင္​း အဆက္တစ္ခုလံုး ​ေကာင္းစားဖို႔ ရည္ရြယ္ျပီး လုပ္ေဆာင္ခဲ့တာသာ ျဖစ္ပါတယ္ ။ ဒါေပမယ့္လည္း အုတ္ဂူေဖာက္ဖို႔ လံုး၀အသိ​ေပးမခံရတဲ့ က်န္အိမ္ေရွ ႔ အႏြယ္ေတာ္တစ္စုက မေက်မနပ္နဲ ႔ အဂၤလိပ္အစိုးရထံ တိုင္ၾကားခဲ့​ေၾကာင္း ၂၂.၅.၁၉၁၃ ေန႔ထုတ္ မႏၱေလးတိုင္း သတင္းစာမွာ ပါလာပါေတာ့တယ္ ။

မႏၱေလး အေရးပိုင္ကလည္း မင္းသားၾကီးကို ေခၚျပီး …

” ခင္ဗ်ားတို႔ ဘာလုပ္ၾကတာလဲ ၊ အဂၤလိပ္ အစိုးရျပဳတ္ေအာင္ ေဆး၀ါးစီရင္ဖို႔ လုပ္တာလား” ဆိုျပီး ႀကိမ္းေမာင္းေျပာဆိုသတဲ့။ အဲဒီမွာ မင္းသားၾကီးနဲ႔ အတူလိုက္ပါလာတဲ့ ဦးခင္ေမာင္ေဒြးက…

“သူ႔အေဖ အေလာင္းကို သူ႔သားက ျပန္ေဖာ္တာ ဘာတတ္ႏုိင္မွာလဲ”လို႔ ခပ္ျပတ္ျပတ္ေျပာပစ္ခဲ့ျပီး ျပန္လာခဲ့တယ္လို႔ ဆိုပါတယ္ ။

ဒီကိစၥက အဲဒီမွာတင္ ျပီးမသြားပါဘူး ။ အိမ္ေရွ႔မင္းအေလာင္း တူးေဖာ္မွဳကို အစိုးရက ျပႆ နာ အမ်ိဳးမ်ိဳးရွာျပီး ျပည္ေတာ္ျပန္ခြင့္ရထားတဲ့ လင္းပင္မင္းသားၾကီးကို ၁၉၁၅ ခုနွစ္မွာ ဒုတိယအႀကိမ္ ျပည္နွင္ဒဏ္အျဖစ္ အိႏၵိယကို ျပန္ပို႔လိုက္ေတာ့တာပါ ။

လင္းပင္မင္​းသားၾကီးဟာ ေနာက္ထပ္ အိႏၵိယမွာ ၆ နွစ္ ထပ္မံေနထိုင္ခဲ့ရျပီး ၁၉၂၁ ခုႏွစ္ မွာမွ ရန္ကုန္ျမိဳ႔မွာ ​ေကာင္းမြန္စြာ ​ေနထိုင္ပါမည့္အေၾကာင္း ကတိက၀တ္ေတြျပဳၿပီးမွ ျပန္လာခြင့္ရခဲ့တယ္လို႔ ဆိုပါတယ္ ။ ဒါေပမယ့္ မႏၱေလးကိုေတာ့ သြားေရာက္ခြင့္ ပိတ္ပင္ခံခဲ့ရပါတယ္​။

အခုေရးျပခဲ့တဲ့ အေၾကာင္းအရာေတြက ဆရာေမာင္သန္းေဆြ ( ထား၀ယ္ ) ရဲ ႔ ကုန္းေဘာင္အလြန္ မွာပါ၀င္တဲ့ အခ်က္လက္မ်ားကို ေကာက္နုတ္ျပီး တင္ျပထားတာ ျဖစ္ပါတယ္ ။ အိမ္ေရွ ႔မင္းအုတ္ဂူေနရာမွာ အခုလက္ရွိ ေတြ႔ေနရတဲ့ ကမၺည္းေက်ာက္စာခ်ပ္ ဓာတ္ပံုကိုေတာ့ ကို Pyi Thar Yar ဆီကေနရတာပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကုိရန္ေနာင္စုိး

# Unicode Version ျဖင့္ ဖတ္ပါ #
အိမ်ရှေ့စံကနောင်မင်းရဲ့ အရုပ်လောင်းကို ဘယ်နေရာမှာ မြုပ်နှံထားခဲ့သလဲလို့ မေးရင် မန္တလေးအရှေ့ပြင်က သူကျဆုံးခဲ့တဲ့နေရာမှာရှိတဲ့ စန္ဒမုနိစေတီတော်ကြီးမှာ မြှုပ်နှံထားခဲ့တယ်လို့ လူတိုင်းက ပြန်ဖြေကြပါလိမ့်မယ် ထင်ပါတယ်။ ဟုတ်ပါတယ်။

အရင်တုန်းက အိမ်ရှေ့စံကနောင်မင်းရဲ့ အရုပ်လောင်းကို အဲဒီစေတီနဲ့ စန္ဒမုနိရုပ်ပွားတော် သီတင်းသုံးရာ ဂန္ဓကုဋိ အကြားက အုတ်ပြသာဒ်အတွင်း ဂူသွင်းမြှုပ်နှံထားခဲ့တာပါ ။

အခုချိန်မှာတော့ အဲဒီနေရာမှာ အုတ်ဂူကမ္ဗည်း ကျောက်စာချပ်ကြီးတစ်ခုသာ တွေ့ရပြီး အထဲမှာ အိမ်ရှေ့မင်းရဲ့အရုပ်လောင်း မရှိတော့ဘူး ၊ အုတ်ဂူကလည်း ဟောင်းလောင်းပေါက်ကြီး ဖြစ်နေပြီလို့ ပြောရင် …. ဘာဖြစ်လို့ မရှိရတာလဲ …. ၊ ဘယ်သူက တူးယူသွားတာလဲ ….. ၊အခု ဘယ်နားရောက်နေသလဲ …. စသည်ဖြင့် သိလိုကြလိမ့်မယ် ထင်ပါတယ် ။

အဲဒီလိုဖြစ်ရတာဟာ အရင်က မန္တလေးတောင်မှာ ရှိနေတဲ့ ရသေ့ကြီး ဦးခန္တီကြောင့်ပဲလို့ ပြောရမှာပါပဲ။ ၁၈၈၇ ခုနှစ် သီပေါမင်း ပါတော်မူပြီးနောက်ပိုင်း အိန္ဒိယကို နယ်နှင်ခံလိုက်ရတဲ့ အိမ်ရှေ့စံကနောင်မင်းရဲ့ သားတော် လင်းပင်မင်းသားနဲ့ မိသားစုဟာ ၁၉၁၂ ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာခွင့်ရခဲ့ပါတယ် ။ ပြန်လာတဲ့ အချိန်မှာ မင်းသားကြီးဟာ အသက် ၅၄ နှစ် ရှိနေပြီ ဖြစ်ပါတယ် ။ ကျန်နေသေးတဲ့ အိမ်ရှေ့စံ အနွယ်တော်များကလည်း ပြည်တော်ပြန်လာတဲ့ လင်းပင်မင်းသားကြီးကို မန္တလေးမှာ လာနေဖို့ ဖိတ်ခေါ်တာနဲ့ မင်းသားကြီးလည်း သွားနေဖြစ်ခဲ့ပါတယ် ။

မန္တလေးကို ရောက်လာတဲ့ မင်းသားကြီးဟာ အသက်ရွယ်အားဖြင့်လည်း ဇရာပိုင်းကို ရောက်လာတာမို့ ဘာသာရေးဘက်ကို ကိုင်းရှိုင်းလာပြီး သမထ လမ်းစဉ်တွေကိုပါ လိုက်စားလို့ ဖိုထိုးတာတွေလည်း လုပ်လာခဲ့တယ် ဆိုပါတယ် ။

အဲဒီအချိန်တွေမှာပဲ လင်းပင်မင်းသားကြီးဟာ မန္တလေးတောင်က ရသေ့ကြီး ဦးခနီ ္တနဲ့ ပေါင်းဖက်မိသွားတော့တာပါ ။ မင်းသားကြီးက ရသေ့ကြီးကို အိမ်ရှေ့မင်း ထန်းတောကြီး လှူ ခဲ့သလိုမျိုး ဦးခနီ ္တကလည်း ရှိရှိသမျှ အဋ္ဌကထာ ၊ ဋီကာများကို ကျောက်ထက် အက္ခရာတင်ပြီး စန္ဒာမုနိစေတီအတွင်းမှာ စိုက်ထူပူဇော်ခဲ့ပါတယ် ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လင်းပင်မင်းသားကြီးနဲ့ ရသေ့ကြီးဦးခန္တီတို့ဟာ အတော်လေးကို ရင်းနှီး အကျွမ်းတဝင် ရှိလှတယ်လို့ ဆိုရပါမယ် ။

သက္ကရာဇ် ၁၂၂၈ ခုနှစ် မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းမှာ လုပ်ကြံခံရတဲ့ အိမ်ရှေ့ကိုယ်တော် ကနောင်မင်းသား နဲ့အတူ မလွန်မင်းသား ၊ စကုမင်းသား ၊ ပြင်စည်မင်းသားတို့ရဲ့ အလောင်းတို့ကို မင်းတုန်းမင်းကြီးက စန္ဒာမုနိစေတီတော်အနီးမှာ ဂူသွင်းပြီး မြှုပ်နှံထားခဲ့တာ ဖြစ်ပါတယ် ။ နောက်ပိုင်းကျတော့ အဲဒီ အုတ်ဂူတွေနဲ့ တစ်ဆက်တည်း စေတီတစ်ဆူ တည်ပြီး အမရပူရက ပင့်ဆောင်လာတဲ့ စန္ဒာမုနိရုပ်ပွားတော် ကိန်းဝပ်ဖို့ ဂန္ဓကုဋိတိုက်ကိုပါ တည်ဆောက်ခဲ့တာပါ ။

ဒါကြောင့်မို့ အခုလက်ရှိ ကနောင်မင်း အုတ်ဂူ ကမ္ဗည်းကျောက်ပြားနေရာမှာ ရှိခဲ့ဖူးတဲ့ အိမ်ရှေ့မင်း အုတ်ပြသာဒ်ငယ်ဟာ ဘုရား ဂန္ဓကုဋိတိုက်နဲ့ စေတီအကြား ကျရောက်နေခဲ့ပါတယ် ။ ဒီတော့ ဘုရား ဂန္ဓကုဋိတိုက် ခေါင်မိုး ရေတံလျှောက်က ကျတဲ့ရေတွေဟာ အိမ်ရှေ့မင်းရဲ့ အုတ်ဂူပေါ် ကျနေခဲ့တော့တာပါ ။ အိမ်ရှေ့မင်းအုတ်ဂူပေါ် အဲဒီလိုမျိုး တံစက်မြိတ်က ရေကျနေတာဟာ နာမ်နှိမ်ထားသလို ဖြစ်နေတာကြောင့် အိမ်ရှေ့မင်းရဲ့ အနွယ်တော်များဟာ မကြီးပွားနိုင် ၊ မထွန်းကားနိုင် ဆိုပြီး ရသေ့ကြီး ဦးခန္တီက လင်းပင်မင်းသားကြီးကို ပြောပြသတဲ့ ။

ရသေ့ကြီး ဦးခန္တီရဲ့ စကားကြောင့် လင်းပင်မင်းသားကြီးဟာ သက္ကရာဇ် ၁၂၇၅ ခုနှစ် တန်ခူးလဆန်း ၅ ရက် ညသန်းခေါင်အချျိန်မှာ ဦးခင်မောင်ဒွေးကို အဖော်ခေါ်ပြီး ပန်းရန်သမားနှစ်ယောက်နဲ့အတူ စန္ဒာမုနိဘုရားအတွင်းက ကနောင်မင်းရဲ့အုတ်ဂူကို ဖောက်ပါတော့တယ် ။ ဒီလိုလုပ်ဖို့အတွက် ကျန်အနွယ်တော်များကို လုံးဝအသိမပေးဘူးလို့ ဆိုပါတယ်။ဂူဖောက်ပြီး အိမ်ရှေ့ မင်းရဲ့အလောင်းတော်ကို တွေ့တော့ မင်းသားကြီးက ကတ္တီပါအိပ်ထဲ ထည့်ယူပြီး အုတ်ဂူကို မူလ လက်ရာမပျက်စေပဲ ပြန်ပိတ်စေခဲ့တယ် ။

ဒါပေမယ့် လင်းပင်မင်းသားကြီး ထည့်ယူလာတဲ့အရိုးတွေကို ဘယ်နားမှာထပ်ပြီး သဂြိုလ်ခဲ့သလဲ ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ မသိကြရဘူးတဲ့ ။ အနွယ်တော်များ ပြောစကားအရ မင်းသားကြီးဟာ အိမ်ရှေ့မင်းရဲ့ အလောင်းကို ဘိသိက်မြှောက်ပြီး ရတနာပန်းတောင်းနဲ့ ဧရာဝတီမြစ်ထဲကိုချ ခဲ့တယ်လို့ ပြောသလို ရန်ကုန်မြို့လှိုင်မြစ်ထဲကို ချခဲ့တယ်လို့လည်း ဆိုပြန်သတဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ အိမ်ရှေ့မင်းရဲ့ ရုပ်အလောင်းကို ရေထဲချခဲ့တယ် ဆိုတာပါပဲ ။

ဒီကိစ္စကို ပိပိရိရိ လုပ်ဆောင်ခဲ့ပေမယ့်လည်း ပိုက်ဆံပေးပြီးခိုင်းတဲ့ ပန်းရန်သမား နှစ်ယောက် နှတ်မလုံမှုကြောင့် ဂူဖေါက်တဲ့ကိစ္စကို အင်္ဂလိပ်အစိုးရ သိသွားခဲ့တယ်လို့ ဆိုပါတယ် ။

တကယ်တော့ လင်းပင်မင်းသားကြီးဟာ ရသေ့ကြီး ဦးခန္တီရဲ့ အယူဆစကားအရ အိမ်ရှေ့မင်း အဆက်တစ်ခုလုံး ကောင်းစားဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာသာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အုတ်ဂူဖောက်ဖို့ လုံးဝအသိပေးမခံရတဲ့ ကျန်အိမ်ရှေ့ အနွယ်တော်တစ်စုက မကျေမနပ်နဲ့ အင်္ဂလိပ်အစိုးရထံ တိုင်ကြားခဲ့ကြောင်း ၂၂.၅.၁၉၁၃ နေ့ထုတ် မန္တလေးတိုင်း သတင်းစာမှာ ပါလာပါတော့တယ် ။

မန္တလေး အရေးပိုင်ကလည်း မင်းသားကြီးကို ခေါ်ပြီး …

” ခင်ဗျားတို့ ဘာလုပ်ကြတာလဲ ၊ အင်္ဂလိပ် အစိုးရပြုတ်အောင် ဆေးဝါးစီရင်ဖို့ လုပ်တာလား” ဆိုပြီး ကြိမ်းမောင်းပြောဆိုသတဲ့။ အဲဒီမှာ မင်းသားကြီးနဲ့ အတူလိုက်ပါလာတဲ့ ဦးခင်မောင်ဒွေးက…

“သူ့အဖေ အလောင်းကို သူ့သားက ပြန်ဖော်တာ ဘာတတ်နိုင်မှာလဲ”လို့ ခပ်ပြတ်ပြတ်ပြောပစ်ခဲ့ပြီး ပြန်လာခဲ့တယ်လို့ ဆိုပါတယ် ။

ဒီကိစ္စက အဲဒီမှာတင် ပြီးမသွားပါဘူး ။ အိမ်ရှေ့မင်းအလောင်း တူးဖော်မှုကို အစိုးရက ပြဿ နာ အမျိုးမျိုးရှာပြီး ပြည်တော်ပြန်ခွင့်ရထားတဲ့ လင်းပင်မင်းသားကြီးကို ၁၉၁၅ ခုနှစ်မှာ ဒုတိယအကြိမ် ပြည်နှင်ဒဏ်အဖြစ် အိန္ဒိယကို ပြန်ပို့လိုက်တော့တာပါ ။

လင်းပင်မင်းသားကြီးဟာ နောက်ထပ် အိန္ဒိယမှာ ၆ နှစ် ထပ်မံနေထိုင်ခဲ့ရပြီး ၁၉၂၁ ခုနှစ် မှာမှ ရန်ကုန်မြို့မှာ ကောင်းမွန်စွာ နေထိုင်ပါမည့်အကြောင်း ကတိကဝတ်တွေပြုပြီးမှ ပြန်လာခွင့်ရခဲ့တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် မန္တလေးကိုတော့ သွားရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

အခုရေးပြခဲ့တဲ့ အကြောင်းအရာတွေက ဆရာမောင်သန်းဆွေ ( ထားဝယ် ) ရဲ့ ကုန်းဘောင်အလွန် မှာပါဝင်တဲ့ အချက်လက်များကို ကောက်နုတ်ပြီး တင်ပြထားတာ ဖြစ်ပါတယ် ။ အိမ်ရှေ့မင်းအုတ်ဂူနေရာမှာ အခုလက်ရှိ တွေ့နေရတဲ့ ကမ္ဗည်းကျောက်စာချပ် ဓာတ်ပုံကိုတော့ ကို Pyi Thar Yar ဆီကနေရတာပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုရန်နောင်စိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top