စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

သရုပ္ေဆာင္ ေအာင္ေလးနဲ႕ ဟန္ေလးတို႕ရဲ႕ အခ်စ္ေရးကေတာ့ ပရိသတ္ေတြသိၾကတဲ့အတိုင္း ၿပီးဆံုးသြားခဲ့ပါၿပီ။ ဟန္ေလးဘက္ကလည္း အင္တာဗ်ဴးေတြမွာ တစ္ေယာက္တည္း ျဖစ္သြားၿပီလို႕ ေျဖဆိုခဲ့ပါတယ္။

ဒါေပမယ့္ ေအာင္ေလးဘက္ကေတာ့ ဟန္ေလးနဲ႕ ျပန္ၿပီးအဆက္အသြယ္ရဖို႕ ႀကိဳးစားေနပံုပါ။ ဟန္ေလးဘက္ကေတာ့ ဇန္ဝါရီ (၁၉)ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ယခုလိုစာမ်ားကို ေရးသားထားပါတယ္။

"ေနာက္ဆံုးအႀကိမ္ စကားေျပာခ်င္တယ္ဆိုလို႔ ဒီကေနပဲ ေျပာလိုက္ပါေတာ့မယ္။ ဗီလိန္တစ္ေယာက္လို  အမွားမဟုတ္တဲ့ အမွားတစ္ခုကို စြပ္စြဲၿပီး Public မွာ အ႐ွက္ခြဲခဲ့တာေတြ. လူတိုင္းကို လိုက္ေျပာေနတဲ့ ေနာင္တရေနပါၿပီ..ေတာင္းပန္ခ်င္လို႔ပါ ဆိုတဲ့ စကားလံုးေတြက ျဖစ္ပ်က္ခဲ့တဲ့ အရာအားလံုးကို ေခ်ဖ်က္သြားမွာ မဟုတ္ဘူး။ မလိုခ်င္ေတာ့ဘူး ဆိုၿပီး ပစ္ခ်ခဲ့ၿပီးသားပဲေလ..

ဒါေၾကာင့္မလို႔ ခဏခဏ ဖုန္းေခၚေနတာေတြ. မက္ေဆ့ခ်္ ပို႔ေနတာေတြ အိမ္အထိ လိုက္႐ွာေတြ ဘယ္နည္းနဲ႔မွ မေႏွာက္ယွက္ပါနဲ႔ေတာ့....အရာရာကို သည္းခံၿပီးနားလည္ ခ်စ္ေပးခဲ့တဲ့ သူေတြ ျပတ္သားၿပီးဆိုရင္ အဆံုးစြန္ဆံုးထိ ျပတ္သားတတ္ၾကတယ္။

အခု ဘာခံစားခ်က္မွ မ႐ွိေတာ့ပါဘူး။ လြတ္လပ္စြာ အျမင့္ကိုပ်ံသန္းခြင့္ေပးပါေတာ့ ကၽြန္မတို႔ ပတ္ဝန္းက်င္က သူငယ္ခ်င္းေတြကလဲ ကၽြန္မကို ညီမတစ္ေယာက္လို စာနာရင္...မိန္းကေလးခ်င္း ကိုယ္ခ်င္းစာေပးႏိုင္မယ္ဆိုရင္ ကၽြန္မကို အေႏွာင့္အယွက္ေပးေနတာေတြ ရပ္တန္႔ၿပီး ကိုယ့္လမ္းကိုယ္ေလ်ွာက္ဖို႔. အေအာင္ျမင္ဆံုးျဖစ္ေအာင္သာ ႀကိဳးစားသြားဖို႔သာ တိုက္တြန္းေပးၾကပါ

အရာအားလံုးအတြက္ လိပ္ျပာလံုခဲ့ပါတယ္" ဆိုၿပီး ေျပာထားပါတယ္။

ပရိသတ္ေတြကေတာ့ သူတို႕ႏွစ္ေယာက္ကို ျပန္ၿပီးအဆင္ေျပခ်င္ၾကတာေၾကာင့္ ေအာင္ေလးကို ခြင့္လႊတ္ဖို႕ဟန္ေလးကို နားခ်တဲ့ ေကာမန္႕ေတြကေတာ့ အဲ့ဒီပို႕စ္ေအာက္မွာ ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ ဟန္ေလးကေတာ့ သူမကို ကိုယ္ထိလက္ေရာက္ ရိုက္ခဲ့တဲ့သူ တစ္ေယာက္ကို ျပန္ၿပီးခြင့္လႊတ္ခိုင္းေနတဲ့သူေတြအတြက္ ယခုလို ေကာမန္႕မ်ိဳး ျပန္ေရးထားတာ ေတြ႕ရပါတယ္။

"ခြင့္လႊတ္ေပးပါလို႔ ေျပာေနရေအာင္ ကိုယ္ထိလက္ေရာက္ အ႐ိုက္ခံေနရတာက ဟန္ေလးပါ ဒီထက္ဆိုးတာေတြ ေျပာမထြက္ပါရေစနဲ႔ သူနာမည္ပ်က္မွာစိုးလို႔ ဒီေလာက္နဲ႔ပဲ အဆံုးသတ္ပါရေစ ဒီေန႔က စၿပီးသူနဲ႔ ပတ္သတ္တာေတြ လဲ လာမေရး လာမေျပာပါနဲ႔ အကုန္ block ပစ္မယ္ သူကို အားေပးရင္ သူ႕ကိုသြားေျပာ ပါ စိတ္ေတြ သည္းမခံႏိုင္ေတာ့ဘူး" ဆိုၿပီး ေျပာထားပါတယ္။

ေအာင္ေလးနဲ႕ ပတ္သက္ၿပီး သူမအေနနဲ႕ ေတာ္ေတာ္ကို ျပတ္သားတဲ့ပံုပါ။ ေနာက္ဆံုး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေအာင္ေလးကိုအားေပးတဲ့ ပရိသတ္ေတြအေနနဲ႕ သူမကို Block သြားပါဆိုတဲ့ စာသားမ်ိဳးကို ေရးသားခဲ့ပါတယ္။

သူတို႕ႏွစ္ဦးဟာ တကယ္ကို လိုက္ဖက္တဲ့ အတြဲျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ မျပတ္ေစခ်င္ၾကပါဘူး။ ေအာင္ေလးနဲ႕ ဟန္ေလးတို႕ဟာ ေမာ္ဒယ္ေလာကမွာ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အႏုပညာရွင္ ႏွစ္ဦးျဖစ္ၿပီး သရုပ္ေဆာင္ေလာကမွာေတာ့ ေနရာတစ္ေနရာရရွိႏိုင္ဖို႕ ႀကိဳးစားေနသူမ်ား ျဖစ္ပါတယ္။

Photo : ဟန္ေလး FB
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သရုပ်ဆောင် အောင်လေးနဲ့ ဟန်လေးတို့ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေသိကြတဲ့အတိုင်း ပြီးဆုံးသွားခဲ့ပါပြီ။ ဟန်လေးဘက်ကလည်း အင်တာဗျူးတွေမှာ တစ်ယောက်တည်း ဖြစ်သွားပြီလို့ ဖြေဆိုခဲ့ပါတယ်။

ဒါပေမယ့် အောင်လေးဘက်ကတော့ ဟန်လေးနဲ့ ပြန်ပြီးအဆက်အသွယ်ရဖို့ ကြိုးစားနေပုံပါ။ ဟန်လေးဘက်ကတော့ ဇန်ဝါရီ (၁၉)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလိုစာများကို ရေးသားထားပါတယ်။

"နောက်ဆုံးအကြိမ် စကားပြောချင်တယ်ဆိုလို့ ဒီကနေပဲ ပြောလိုက်ပါတော့မယ်။ ဗီလိန်တစ်ယောက်လို  အမှားမဟုတ်တဲ့ အမှားတစ်ခုကို စွပ်စွဲပြီး Public မှာ အရှက်ခွဲခဲ့တာတွေ. လူတိုင်းကို လိုက်ပြောနေတဲ့ နောင်တရနေပါပြီ..တောင်းပန်ချင်လို့ပါ ဆိုတဲ့ စကားလုံးတွေက ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို ချေဖျက်သွားမှာ မဟုတ်ဘူး။ မလိုချင်တော့ဘူး ဆိုပြီး ပစ်ချခဲ့ပြီးသားပဲလေ..

ဒါကြောင့်မလို့ ခဏခဏ ဖုန်းခေါ်နေတာတွေ. မက်ဆေ့ချ် ပို့နေတာတွေ အိမ်အထိ လိုက်ရှာတွေ ဘယ်နည်းနဲ့မှ မနှောက်ယှက်ပါနဲ့တော့....အရာရာကို သည်းခံပြီးနားလည် ချစ်ပေးခဲ့တဲ့ သူတွေ ပြတ်သားပြီးဆိုရင် အဆုံးစွန်ဆုံးထိ ပြတ်သားတတ်ကြတယ်။

အခု ဘာခံစားချက်မှ မရှိတော့ပါဘူး။ လွတ်လပ်စွာ အမြင့်ကိုပျံသန်းခွင့်ပေးပါတော့ ကျွန်မတို့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေကလဲ ကျွန်မကို ညီမတစ်ယောက်လို စာနာရင်...မိန်းကလေးချင်း ကိုယ်ချင်းစာပေးနိုင်မယ်ဆိုရင် ကျွန်မကို အနှောင့်အယှက်ပေးနေတာတွေ ရပ်တန့်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို့. အအောင်မြင်ဆုံးဖြစ်အောင်သာ ကြိုးစားသွားဖို့သာ တိုက်တွန်းပေးကြပါ

အရာအားလုံးအတွက် လိပ်ပြာလုံခဲ့ပါတယ်" ဆိုပြီး ပြောထားပါတယ်။

ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို ပြန်ပြီးအဆင်ပြေချင်ကြတာကြောင့် အောင်လေးကို ခွင့်လွှတ်ဖို့ဟန်လေးကို နားချတဲ့ ကောမန့်တွေကတော့ အဲ့ဒီပို့စ်အောက်မှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဟန်လေးကတော့ သူမကို ကိုယ်ထိလက်ရောက် ရိုက်ခဲ့တဲ့သူ တစ်ယောက်ကို ပြန်ပြီးခွင့်လွှတ်ခိုင်းနေတဲ့သူတွေအတွက် ယခုလို ကောမန့်မျိုး ပြန်ရေးထားတာ တွေ့ရပါတယ်။

"ခွင့်လွှတ်ပေးပါလို့ ပြောနေရအောင် ကိုယ်ထိလက်ရောက် အရိုက်ခံနေရတာက ဟန်လေးပါ ဒီထက်ဆိုးတာတွေ ပြောမထွက်ပါရစေနဲ့ သူနာမည်ပျက်မှာစိုးလို့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ ဒီနေ့က စပြီးသူနဲ့ ပတ်သတ်တာတွေ လဲ လာမရေး လာမပြောပါနဲ့ အကုန် block ပစ်မယ် သူကို အားပေးရင် သူ့ကိုသွားပြော ပါ စိတ်တွေ သည်းမခံနိုင်တော့ဘူး" ဆိုပြီး ပြောထားပါတယ်။

အောင်လေးနဲ့ ပတ်သက်ပြီး သူမအနေနဲ့ တော်တော်ကို ပြတ်သားတဲ့ပုံပါ။ နောက်ဆုံး သူမရဲ့ ဖေ့စ်ဘွတ်မှာ အောင်လေးကိုအားပေးတဲ့ ပရိသတ်တွေအနေနဲ့ သူမကို Block သွားပါဆိုတဲ့ စာသားမျိုးကို ရေးသားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ တကယ်ကို လိုက်ဖက်တဲ့ အတွဲဖြစ်တာကြောင့် ပရိသတ်တွေကတော့ မပြတ်စေချင်ကြပါဘူး။ အောင်လေးနဲ့ ဟန်လေးတို့ဟာ မော်ဒယ်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင် နှစ်ဦးဖြစ်ပြီး သရုပ်ဆောင်လောကမှာတော့ နေရာတစ်နေရာရရှိနိုင်ဖို့ ကြိုးစားနေသူများ ဖြစ်ပါတယ်။

Photo : ဟန်လေး FB

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top