လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

အိမ္ေထာင္သက္ အႏွစ္ ( ၂၀ ) ျပည့္ေတာ့မယ္။
တစ္လၿပီးတစ္လ၊ တစ္ႏွစ္ၿပီး တစ္ႏွစ္
ရက္လေတြေျပာင္း၊ အခ်ိန္ၾကာေညာင္းလာတာနဲ႕
အားလုံးဟာ ရိုးသြားသလိုလို
စိတ္ဝင္စားမူ ေလွ်ာ့နည္းသြားေလသလား
အခ်စ္မ်ား ေလွ်ာ့ပါးသြားၿပီလား
ေမတၱာမ်ား အေရာင္ေဖ်ာ့သြားၿပီလား
ေနာက္ပိုင္းမွ ဆင္ျခင္မိတာက
အခ်စ္ဆိုတာလည္း အက်င့္အျဖစ္ ကူးေျပာင္းသြားတာပါ။
တစ္ခုမွ ေလွ်ာ့သြားတာ ေဖ်ာ့သြားတာမဟုတ္ပါ။
အားလုံး ေန႕တဓူ၀ အက်င့္ျဖစ္သြားလို႔ပါ။

ေန႕တဓူဝမွာ….
ခ်စ္တယ္မခ်စ္ဘူး လုံးဝမေျပာမိေတာ့သလိုပဲ၊
လွတယ္ မလွဘူး လုံး၀ စကားမစပ္မိေတာ့၊
ကေလးအေၾကာင္း၊ ပညာေရးအေၾကာင္း
ၿပီးမွ ဟိုေရးဒီေရး ေတာက္တိုမယ္ရ အေၾကာင္းေလးေတြ
ဆန္ဆီဆားေဆး ေနေရး ထိုင္ေရးေပါ့၊
အခ်စ္ဘဝကေန လက္ေတြ႕ဘဝကို လုံးလုံးကူးသြားပါၿပီ။
ရိုးရိုးရွင္းရွင္း အေဖၚျပဳျခင္းကို တကယ္အက်င့္ပါသြားပါၿပီ။

အခ်စ္ဟာ အက်င့္ျဖစ္သြားတဲ့အခါ
သူရဲ႕ ႐ုပ္ရည္၊ သူရဲ႕ အၿပဳံး၊ သူရဲ႕ အေျပာအဆို
သူ႕ရဲ႕ ေကာင္းတာေတြအားလုံး၊ ၿပီးရင္ ဆိုးတာေတြအားလုံး
ကိုယ့္ဘဝရဲ႕ အစိပ္အပိုင္းတစ္ခု ျဖစ္သြားပါၿပီ။
ျမင္ေနရရင္ ဘာမွ မသစ္ဆန္းေတာ့ေပမဲ့
မျမင္ရတာ နည္းနည္းၾကာရင္လည္း ေနမထိ ထိုင္မသာ
အခ်စ္ဟာ ႏွလုံးသားထဲမွာ မထင္ရွားေတာ့ေပမဲ့
ရိုးတြင္းျခင္ဆီထဲအထိ ေရာက္သြားလို႔ ေနမွာပါ။

အခ်စ္ဟာ အက်င့္ျဖစ္သြားတဲ့အခါ
ဘဝဟာ တအားရိုးရွင္းသြားသလိုပဲ
အိပ္ယာထရင္၊ ေဘးမွာရွိသလားဆိုတာ အၿမဲၾကည့္မိတယ္။
မီးဖိုေခ်ာင္က ဟင္းနံ႕ရၿပီ၊ သူအလုပ္႐ူပ္ေနပါၿပီ၊
ကိုယ္ကေတာ့ ေပၿပီးအိပ္ေကာင္းဆဲပါ။
အိမ္ျပန္ေနာက္က်ရင္၊ အလိုအေလ်ာက္ သူကို ဖုန္းဆက္ၿပီးသားပါ။

အခ်စ္ဟာ အက်င့္ျဖစ္သြားတဲ့အခါ
ဂ႐ုစိုက္မူေတြဟာ၊ အေသးစိပ္ဆန္ၿပီး ေႏြးေထြးလြန္းပါတယ္။
မင္းေမာတဲ့အခါ ၊ ငါေရေအးတစ္ခြက္ခပ္ေပးမယ္။
ငါဖ်ားတဲ့အခါ ၊ မင္းၾကက္ဥတစ္လုံးေက်ာ္ေပးတယ္။
ခရီးထြက္တာ ၾကာသြားရင္၊ ဖုန္းထဲကဓါတ္ပုံေတြကို
အခါခါ ၾကည့္မိတတ္ပါတယ္။

အခ်စ္ဟာ အက်င့္ျဖစ္သြားတဲ့အခါ
ဘဝဟာ ကဗ်ာမဆန္ေတာ့သလို
ေအးေအးလူလူ ေနရတာ အက်င့္ျဖစ္သြားပါတယ္။

မေက်နပ္သံေလးေတြ၊ ၿငီးျငဴမူေလးေတြ၊
အဖုအထစ္၊ အထစ္အေငါ့ေလးေတြ
ဒါေတြအားလုံးဟာ ေအးေအးလူလူ ဘဝကို ပိုမိုစိုေျပေစသလိုပါပဲ။
အခ်စ္ဟာ အက်င့္ျဖစ္သြားတဲ့အခါ
အခ်င္းခ်င္းရဲ႕ တည္ရွိမူကို အက်င့္ျဖစ္သြားပါၿပီ။

လက္တြဲတာ ၾကာလာေလေလ၊
အားကိုးတာ မ်ားလာေလေလ လက္တြဲခိုင္ၿမဲေလေလပါ။

ဘဝခရီးလမ္းမွာ အားကိုးစရာရွိေတာ့
သိပ္ၿပီး မေမာပမ္းေတာ့ပါဘူး
တစ္ခါတစ္ေလ၊ အဲဒီအက်င့္ေတြဟာ အခ်စ္မဟုတ္ပါဘူးလို႔ ထင္ရတတ္ေပမဲ့ အခ်စ္ဟာ အဲဒီအက်င့္အားလုံးထဲမွာ စြဲစြဲၿမဲၿမဲ စြဲကပ္ေနပါၿပီ။

မခ်စ္လို႔ မဟုတ္ပါ။မေလးနက္တာလည္း မဟုတ္ပါ။
အခ်စ္ဟာ အက်င့္ထဲမွာ လုံး၀ ေပ်ာ္ဝင္သြားပါၿပီ။
ဒီအက်င့္ေတြ ဒီတစ္သက္လုံး စြဲကပ္သြားပါၿပီ။
ေဖ်ာက္ဖို႔မေျပာနဲ႕၊ အက်င့္ေပ်ာက္သြားမွာကိုေတာင္ မစဥ္းစားရဲပါ။
အက်င့္မ်ားနဲ႕ အတူ ယုံၾကည္မူပါတယ္။
အားကိုးမူပါတယ္။ ၾကည္ႏူးေက်နပ္မူ ပါတယ္။
အျပန္အလွန္ ျဖစ္ေပၚလာခဲ့တဲ့ ဒီအက်င့္ေလးေတြေၾကာင့္
ေ႐ႊလက္တြဲတာ ခိုင္ၿမဲမယ္။ ၿပီးရင္အၿမဲ လန္းဆန္းေနမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: jeeptwomalay

# Unicode Version ျဖင့္ ဖတ္ပါ #
အိမ်ထောင်သက် အနှစ် ( ၂၀ ) ပြည့်တော့မယ်။
တစ်လပြီးတစ်လ၊ တစ်နှစ်ပြီး တစ်နှစ်
ရက်လတွေပြောင်း၊ အချိန်ကြာညောင်းလာတာနဲ့
အားလုံးဟာ ရိုးသွားသလိုလို
စိတ်ဝင်စားမူ လျှော့နည်းသွားလေသလား
အချစ်များ လျှော့ပါးသွားပြီလား
မေတ္တာများ အရောင်ဖျော့သွားပြီလား
နောက်ပိုင်းမှ ဆင်ခြင်မိတာက
အချစ်ဆိုတာလည်း အကျင့်အဖြစ် ကူးပြောင်းသွားတာပါ။
တစ်ခုမှ လျှော့သွားတာ ဖျော့သွားတာမဟုတ်ပါ။
အားလုံး နေ့တဓူ၀ အကျင့်ဖြစ်သွားလို့ပါ။

နေ့တဓူဝမှာ….
ချစ်တယ်မချစ်ဘူး လုံးဝမပြောမိတော့သလိုပဲ၊
လှတယ် မလှဘူး လုံး၀ စကားမစပ်မိတော့၊
ကလေးအကြောင်း၊ ပညာရေးအကြောင်း
ပြီးမှ ဟိုရေးဒီရေး တောက်တိုမယ်ရ အကြောင်းလေးတွေ
ဆန်ဆီဆားဆေး နေရေး ထိုင်ရေးပေါ့၊
အချစ်ဘဝကနေ လက်တွေ့ဘဝကို လုံးလုံးကူးသွားပါပြီ။
ရိုးရိုးရှင်းရှင်း အဖေါ်ပြုခြင်းကို တကယ်အကျင့်ပါသွားပါပြီ။

အချစ်ဟာ အကျင့်ဖြစ်သွားတဲ့အခါ
သူရဲ့ ရုပ်ရည်၊ သူရဲ့ အပြုံး၊ သူရဲ့ အပြောအဆို
သူ့ရဲ့ ကောင်းတာတွေအားလုံး၊ ပြီးရင် ဆိုးတာတွေအားလုံး
ကိုယ့်ဘဝရဲ့ အစိပ်အပိုင်းတစ်ခု ဖြစ်သွားပါပြီ။
မြင်နေရရင် ဘာမှ မသစ်ဆန်းတော့ပေမဲ့
မမြင်ရတာ နည်းနည်းကြာရင်လည်း နေမထိ ထိုင်မသာ
အချစ်ဟာ နှလုံးသားထဲမှာ မထင်ရှားတော့ပေမဲ့
ရိုးတွင်းခြင်ဆီထဲအထိ ရောက်သွားလို့ နေမှာပါ။

အချစ်ဟာ အကျင့်ဖြစ်သွားတဲ့အခါ
ဘဝဟာ တအားရိုးရှင်းသွားသလိုပဲ
အိပ်ယာထရင်၊ ဘေးမှာရှိသလားဆိုတာ အမြဲကြည့်မိတယ်။
မီးဖိုချောင်က ဟင်းနံ့ရပြီ၊ သူအလုပ်ရူပ်နေပါပြီ၊
ကိုယ်ကတော့ ပေပြီးအိပ်ကောင်းဆဲပါ။
အိမ်ပြန်နောက်ကျရင်၊ အလိုအလျောက် သူကို ဖုန်းဆက်ပြီးသားပါ။

အချစ်ဟာ အကျင့်ဖြစ်သွားတဲ့အခါ
ဂရုစိုက်မူတွေဟာ၊ အသေးစိပ်ဆန်ပြီး နွေးထွေးလွန်းပါတယ်။
မင်းမောတဲ့အခါ ၊ ငါရေအေးတစ်ခွက်ခပ်ပေးမယ်။
ငါဖျားတဲ့အခါ ၊ မင်းကြက်ဥတစ်လုံးကျော်ပေးတယ်။
ခရီးထွက်တာ ကြာသွားရင်၊ ဖုန်းထဲကဓါတ်ပုံတွေကို
အခါခါ ကြည့်မိတတ်ပါတယ်။

အချစ်ဟာ အကျင့်ဖြစ်သွားတဲ့အခါ
ဘဝဟာ ကဗျာမဆန်တော့သလို
အေးအေးလူလူ နေရတာ အကျင့်ဖြစ်သွားပါတယ်။

မကျေနပ်သံလေးတွေ၊ ငြီးငြူမူလေးတွေ၊
အဖုအထစ်၊ အထစ်အငေါ့လေးတွေ
ဒါတွေအားလုံးဟာ အေးအေးလူလူ ဘဝကို ပိုမိုစိုပြေစေသလိုပါပဲ။
အချစ်ဟာ အကျင့်ဖြစ်သွားတဲ့အခါ
အချင်းချင်းရဲ့ တည်ရှိမူကို အကျင့်ဖြစ်သွားပါပြီ။

လက်တွဲတာ ကြာလာလေလေ၊
အားကိုးတာ များလာလေလေ လက်တွဲခိုင်မြဲလေလေပါ။

ဘဝခရီးလမ်းမှာ အားကိုးစရာရှိတော့
သိပ်ပြီး မမောပမ်းတော့ပါဘူး
တစ်ခါတစ်လေ၊ အဲဒီအကျင့်တွေဟာ အချစ်မဟုတ်ပါဘူးလို့ ထင်ရတတ်ပေမဲ့ အချစ်ဟာ အဲဒီအကျင့်အားလုံးထဲမှာ စွဲစွဲမြဲမြဲ စွဲကပ်နေပါပြီ။

မချစ်လို့ မဟုတ်ပါ။မလေးနက်တာလည်း မဟုတ်ပါ။
အချစ်ဟာ အကျင့်ထဲမှာ လုံး၀ ပျော်ဝင်သွားပါပြီ။
ဒီအကျင့်တွေ ဒီတစ်သက်လုံး စွဲကပ်သွားပါပြီ။
ဖျောက်ဖို့မပြောနဲ့၊ အကျင့်ပျောက်သွားမှာကိုတောင် မစဉ်းစားရဲပါ။
အကျင့်များနဲ့ အတူ ယုံကြည်မူပါတယ်။
အားကိုးမူပါတယ်။ ကြည်နူးကျေနပ်မူ ပါတယ်။
အပြန်အလှန် ဖြစ်ပေါ်လာခဲ့တဲ့ ဒီအကျင့်လေးတွေကြောင့်
ရွှေလက်တွဲတာ ခိုင်မြဲမယ်။ ပြီးရင်အမြဲ လန်းဆန်းနေမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: jeeptwomalay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top