AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×

မိန်းမတစ်ယောက်
သူမ တစ်​ကယ် ​ချစ်​တဲ့ ​‌ယောက်ျားကို​တော့ ဆိုးနွဲ့ အနိုင်​ယူချင်​ တတ်​ကြတယ်​။

မိန်းမတစ်​​ယောက်
 သူမ တစ်​ကယ်​ချစ်​တဲ့ ​ယောက်ျားကို​တော့ ခ​လေး တစ်​​ယောက်​လို ကပ်​ချွဲ​ နေချင်​တတ် ​ကြတယ်​။

မိန်းမတစ်​​ယောက်
သူမ တစ်​ကယ်​ချစ်​တဲ့ ​ယောက်ျား ကို​​တော့​ လေးစားလို့ ရိုကျိုး ပျဝတ်​​ နေတတ်​ကြတယ်​။

မိန်းမတစ်​​ယောက်
သူမ တစ်​ကယ်​ချစ်​တဲ့ ​ယောက်ျားရဲ့ ဦး​ဆောင်​မှု ​နောက်​မှာ ဘာမှ မတတ်​ သလို​လေး နေပြတတ် ​ကြ​သေးတယ်​။

မိန်းမတစ်​​ယောက်
သူမ တစ်​ကယ်​ချစ်​တဲ့ ​ယောက်ျားနဲ့ ပတ်​သတ်​လာရင်​ စိတ်​နှလုံး ​ပျော့ညံ့ လို့ ဝမ်းနည်း တတ်​ကြ ​သေးတယ်​။

မိန်းမတစ်​​ယောက်
သူမ တစ်ကယ် ​​ချစ်​တဲ့​ ယောက်ျား ​ရှေ့မှာ​တော့ နူးညံ့ သိမ်​​မွေ့ သွားတတ်​ ကြတယ်​။

မိန်းမတစ်​​ယောက်
သူမ ချစ်​တဲ့ ​ယောက်ျားက တစ်​ခြားသူ တစ်​​ယောက်​ အ​ကြောင်း စကားထဲမှာ​ ယောင်​လို့ ပါလာရင်​​တောင်​ မဟုတ်​မှန်း သိသိချည်း နဲ့ ဆူညံ ပွက်​​လောရိုက် ​လို့ သဝန်​ တိုတတ် ​ကြ​သေးတယ်​။

ဘယ်​သူ​တွေဘာပဲ​ပြော​ပြော သူတို့ တစ်​ကယ် ​ချစ်​မိသွားပြီဆို အဲဒီ ​ယောက်ျားကို ဆိုးနွဲ့ဖို့ စိတ်​​ကောက်​ဖို့ သိမ်​​မွေ့ဖို့ သဝန်​ တိုဖို့ ဝမ်းနည်းဖို့ ရိုကျိုးဖို့ ကပ်​ချွဲဖို့်​ အချော့ ခံဖို့ ချုပ်​ချယ်​ ဖို့ရာ သူတို့ အပြင် ​နှစ်​​ယောက်​ မရှိတတ်​ကြ ဘူး​လေ။
Credit: Kurneair Zion

#Unicode Version#
မိန်းမတစ်ယောက်
ဘယ်လောက်ပဲ တည်တည် ငြိမ်ငြိမ် ရှိတယ်ပဲ ပြောပြော
သူမ တစ်ကယ် ချစ်တဲ့ ‌ယောကျ်ားကိုတော့ ဆိုးနွဲ့ အနိုင်ယူချင် တတ်ကြတယ်။

မိန်းမတစ်ယောက်
ဘယ်လောက်ပဲ ရင့်ကျက်ခြင်းတွေ ပြည့်ဝတယ်ပဲ ဆိုဆို
 သူမ တစ်ကယ်ချစ်တဲ့ ယောကျ်ားကိုတော့ ခလေး တစ်ယောက်လို ကပ်ချွဲ နေချင်တတ် ကြတယ်။

မိန်းမတစ်ယောက်
ဘယ်လောက်‌ပဲ မာနကြီးတယ် ပြောပြော
သူမ တစ်ကယ်ချစ်တဲ့ ယောကျ်ား ကိုတော့ လေးစားလို့ ရိုကျိုး ပျဝတ် နေတတ်ကြတယ်။

မိန်းမတစ်ယောက်
ဘယ်လောက်ပဲ ထက်မြတ်မှုတွေ ရှိတယ် ဆိုဆို
သူမ တစ်ကယ်ချစ်တဲ့ ယောကျ်ားရဲ့ ဦးဆောင်မှု နောက်မှာ ဘာမှ မတတ် သလိုလေး နေပြတတ် ကြသေးတယ်။

မိန်းမတစ်ယောက်
ဘယ်လောက်ပဲ စိတ်ဓာတ် မာကျောတယ်ပဲ ပြောပြော
သူမ တစ်ကယ်ချစ်တဲ့ ယောကျ်ားနဲ့ ပတ်သတ်လာရင် စိတ်နှလုံး ပျော့ညံ့ လို့ ဝမ်းနည်း တတ်ကြ သေးတယ်။

မိန်းမတစ်ယောက်
ဘယ်လောက်ပဲ ရိုင်းစိုင် ကြမ်းတမ်းတယ်ပဲ ဆိုဆို
သူမ တစ်ကယ် ချစ်တဲ့ ယောကျ်ား ရှေ့မှာတော့ နူးညံ့ သိမ်မွေ့ သွားတတ် ကြတယ်။

မိန်းမတစ်ယောက်
ဘယ်လောက်ပဲ အေးအေး နေတတ် တယ်ပဲ ပြောပြော
သူမ ချစ်တဲ့ ယောကျ်ားက တစ်ခြားသူ တစ်ယောက် အကြောင်း စကားထဲမှာ ယောင်လို့ ပါလာရင်တောင် မဟုတ်မှန်း သိသိချည်း နဲ့ ဆူညံ ပွက်လောရိုက် လို့ သဝန် တိုတတ် ကြသေးတယ်။

တစ်ကယ်တော့.... မိန်းမတွေဟာလေ
ဘယ်သူတွေဘာပဲပြောပြော သူတို့ တစ်ကယ် ချစ်မိသွားပြီဆို အဲဒီ ယောကျ်ားကို ဆိုးနွဲ့ဖို့ စိတ်ကောက်ဖို့ သိမ်မွေ့ဖို့ သဝန် တိုဖို့ ဝမ်းနည်းဖို့ ရိုကျိုးဖို့ ကပ်ချွဲဖို့် အချော့ ခံဖို့ ချုပ်ချယ် ဖို့ရာ သူတို့ အပြင် နှစ်ယောက် မရှိတတ်ကြ ဘူးလေ။
ဖိုးသူတော် (www.phothutaw.com)
Credit: Kurneair Zion


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top