ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အေရးေပၚသေႏၶတားေဆးဆိုတာ အကာအကြယ္မဲ့ လိင္ဆက္ဆံျပီးတဲ့အခါ အေရးေပၚသံုးစြဲၾကတဲ့ သားဆက္ျခားေသာက္ေဆးျဖစ္ပါတယ္။ ဆရာဝန္ညႊန္ၾကားခ်က္မလိုဘဲ အလြယ္တကူ ဝယ္ယူေသာက္သံုးနိုင္တဲ့ေဆးလည္း ျဖစ္ပါတယ္။

အေရးေပၚသေႏၶတားနည္းေတြကို လိင္ဆက္ဆံျပီးေနာက္ အေျခအေနအမ်ိဳးမ်ိဳးမွာ အသံုးျပဳၾကပါတယ္ –

    သေႏၶတားေဆးမသံုးထားျခင္း၊
    လိင္ပိုင္းဆိုင္ရာေစာ္ကားခံရျခင္း၊
    ပံုမွန္သားဆက္ျခားနည္းလမ္းေတြမွာ အမွားအယြင္း သို႔မဟုတ္ ခြ်တ္ယြင္းမႈရွိတဲ့အခါမ်ိဳး၊
    ကြန္ဒံုးေပါက္ျပဲျခင္း၊ ေခ်ာ္ထြက္ျခင္း၊အသံုးျပဳပံုမမွန္ကန္ျခင္း၊
    သေႏၶတားေသာက္ေဆးေတြကို ေသာက္သံုးဖို႔ ၃ ရက္နဲ႔အထက္ ရက္ေက်ာ္ျခင္း၊
    သားအိမ္ဝအဖံုး(diaphragm )သို႔မဟုတ္ သားအိမ္ဝအပိတ္ (cervical cap) အေနအထားမမွန္ျခင္း၊ ပ်က္စီးျခင္း၊ ေပါက္ျပဲျခင္း၊ ထြက္က်ျခင္း(expulsion)
    ရက္တြက္သေႏၶတားနည္းမွာ ရက္အတြက္မွားျခင္း၊
     သားအိမ္တြင္းထည့္ပစၥည္း (IUD)သို႔မဟုတ္ အေရျပားေအာက္ ထည့္သြင္းရတဲ့သေႏၶတားပစၥည္း ကိုထုတ္လိုက္ျပီးတဲ့အခ်ိန္ေတြမွာ အေရးေပၚသေႏၶတားနည္းေတြကိုသံုးၾကပါတယ္။

ဒါေပမယ့္ သံုးစြဲရလြယ္ကူတယ္ဆိုတာနဲ႔ပဲ ပံုမွန္သားဆက္ျခားေဆးေတြ၊ နည္းလမ္းေတြကို မသံုးေတာ့ဘဲ ဒီေဆးကိုပဲ လိင္ဆက္ဆံျပီးတိုင္း ေသာက္ေနၾကသူေတြ ရွိလာပါတယ္။
ဒီေတာ့ အေရးေပၚသားဆက္ျခားေဆးကို ထပ္ကာတလဲလဲေသာက္ရင္ ဘာေတြျဖစ္လာနိုင္သလဲ

အေရးေပၚသားဆက္ျခားေသာက္ေဆးအမ်ားစုက ပရိုဂ်က္စတင္ေဟာ္မုန္းပဲပါတဲ့ levonorgestrel ေသာက္ေဆးေတြျဖစ္ပါတယ္။ ဒီေဆးကို အကာအကြယ္မဲ့လိင္ဆက္ဆံျပီး သို႔မဟုတ္ သေႏၶတားေဆး ေသာက္ဖို႔၊ ထိုးဖို႔ ပ်က္ကြက္ခဲ့တဲ့အခါ ၃ ရက္(၇၂ နာရီ) (နာရီ ၁၂၀) အတြင္း ေသာက္သံုးရင္ ကိုယ္ဝန္ရရွိဖို႔ကို ၈၉ (၈၇-၈၈) ရာခိုင္ႏႈန္းကာကြယ္ေပးနိုင္ပါတယ္။

ဒါေပမယ့္ လိင္ဆက္ဆံျပီးေနာက္ပိုင္း ေစာေစာေသာက္ေလ ပိုထိေရာက္ေလျဖစ္ပါတယ္။ သူက မ်ိဳးဥအိမ္ကေန မ်ိဳးဥထြက္ရွိမႈကို ယာယီတားဆီးေပးျပီး ကိုယ္ဝန္မရေအာင္ကာကြယ္ေပးပါတယ္။ အေရးေပၚသားဆက္ျခားေဆးဆိုတာ တစ္ၾကိမ္သံုးဖို႔သာ ရည္ရြယ္ထုတ္လုပ္တာျဖစ္ေပမယ့္ တစ္လအတြင္း တစ္ၾကိမ္ထက္ေက်ာ္ျပီးေသာက္ရင္လည္း က်န္းမာေရးအႏၱရာယ္ေတြ မျဖစ္ေစႏုိင္ပါဘူး။

အေရးေပၚသားဆက္ျခားေဆးေတြက ပိုေသာက္မိလို႔ အႏၱရာယ္မရွိေစနိုင္ဘူးဆိုေပမယ့္ ရာသီစက္ဝန္းမမွန္တာ၊ မအီမသာျဖစ္တာ၊ ရင္သားတင္းတာတို႔လို ခဏတာသာျဖစ္တတ္တဲ့ ေဘးထြက္ဆိုးက်ိဳးအနည္းငယ္ ရွိနိုင္ပါတယ္။ ေခါင္းကိုက္ျခင္း၊ ရာသီလာစဥ္ နာက်င္ကိုက္ခဲျခင္း၊ ေခါင္းမူးျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္းတို႔လည္း ျဖစ္နုိင္ပါတယ္။ ဒါေတြအကုန္လံုးက သေႏၶတားေဆးေတြရဲ႕ အျဖစ္မ်ားတဲ့ သက္ေရာက္မႈေတြျဖစ္လို႔ စိုးရိမ္စရာမရွိပါဘူး။ ရာသီလာျပီးမၾကာခင္ မထင္မွတ္ဘဲ ေနာက္တစ္ၾကိမ္ ရာသီေသြးဆင္းတာ၊ ေနာက္တစ္လရာသီလာတဲ့အခါ ေစာေနတာ၊ ေနာက္က်တာေတြလည္း ရွိနိုင္ပါတယ္။

ဒီလိုေတြ ေဘးဥပါဒ္နည္းပါးတာေၾကာင့္ ဆရာဝန္ညႊန္ၾကားခ်က္မပါဘဲ အေရးေပၚသားဆက္ျခားေဆးေတြကို အလြယ္တကူ ဝယ္ယူနုိင္ေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အေရးေပၚအေနနဲ႔သာ ဒီေဆးကိုသံုးဖို႔ ရည္ရြယ္ထုတ္လုပ္ထားတာျဖစ္လို႔ ပံုမွန္သားဆက္ျခားနည္းအျဖစ္နဲ႔ သံုးဖို႔မသင့္ေတာ္ပါဘူး။ သားဆက္ျခားေသာက္ေဆးနဲ႔ ထိုးေဆးေတြကိုသာ သံုးသင့္ပါတယ္။

ဒါ့အျပင္ အေရးေပၚကုိယ္၀န္တားဖုိ႔အတြက္ ဒီေဆးတစ္မ်ိဳးတည္းရွိတာ မဟုတ္ဘဲ ႏွစ္ရွည္ခံ ကိုယ္ဝန္တားနည္းတစ္ခုျဖစ္တဲ့ သားအိမ္တြင္းထည့္ပစၥည္းကုိလည္း အသံုးျပဳႏုိင္တယ္ ဆုိတာကို သိေစခ်င္ပါတယ္။

ေရးသားသူ Yun Sandi Nan Mon

ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwo

# Unicode Version ျဖင့္ ဖတ္ပါ #
အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးတဲ့အခါ အရေးပေါ်သုံးစွဲကြတဲ့ သားဆက်ခြားသောက်ဆေးဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်တဲ့ဆေးလည်း ဖြစ်ပါတယ်။

အရေးပေါ်သန္ဓေတားနည်းတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် –

    သန္ဓေတားဆေးမသုံးထားခြင်း၊
    လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊
    ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှုရှိတဲ့အခါမျိုး၊
    ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊အသုံးပြုပုံမမှန်ကန်ခြင်း၊
    သန္ဓေတားသောက်ဆေးတွေကို သောက်သုံးဖို့ ၃ ရက်နဲ့အထက် ရက်ကျော်ခြင်း၊
    သားအိမ်ဝအဖုံး(diaphragm )သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း(expulsion)
    ရက်တွက်သန္ဓေတားနည်းမှာ ရက်အတွက်မှားခြင်း၊
     သားအိမ်တွင်းထည့်ပစ္စည်း (IUD)သို့မဟုတ် အရေပြားအောက် ထည့်သွင်းရတဲ့သန္ဓေတားပစ္စည်း ကိုထုတ်လိုက်ပြီးတဲ့အချိန်တွေမှာ အရေးပေါ်သန္ဓေတားနည်းတွေကိုသုံးကြပါတယ်။

ဒါပေမယ့် သုံးစွဲရလွယ်ကူတယ်ဆိုတာနဲ့ပဲ ပုံမှန်သားဆက်ခြားဆေးတွေ၊ နည်းလမ်းတွေကို မသုံးတော့ဘဲ ဒီဆေးကိုပဲ လိင်ဆက်ဆံပြီးတိုင်း သောက်နေကြသူတွေ ရှိလာပါတယ်။
ဒီတော့ အရေးပေါ်သားဆက်ခြားဆေးကို ထပ်ကာတလဲလဲသောက်ရင် ဘာတွေဖြစ်လာနိုင်သလဲ

အရေးပေါ်သားဆက်ခြားသောက်ဆေးအများစုက ပရိုဂျက်စတင်ဟော်မုန်းပဲပါတဲ့ levonorgestrel သောက်ဆေးတွေဖြစ်ပါတယ်။ ဒီဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီး သို့မဟုတ် သန္ဓေတားဆေး သောက်ဖို့၊ ထိုးဖို့ ပျက်ကွက်ခဲ့တဲ့အခါ ၃ ရက်(၇၂ နာရီ) (နာရီ ၁၂၀) အတွင်း သောက်သုံးရင် ကိုယ်ဝန်ရရှိဖို့ကို ၈၉ (၈၇-၈၈) ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမယ့် လိင်ဆက်ဆံပြီးနောက်ပိုင်း စောစောသောက်လေ ပိုထိရောက်လေဖြစ်ပါတယ်။ သူက မျိုးဥအိမ်ကနေ မျိုးဥထွက်ရှိမှုကို ယာယီတားဆီးပေးပြီး ကိုယ်ဝန်မရအောင်ကာကွယ်ပေးပါတယ်။ အရေးပေါ်သားဆက်ခြားဆေးဆိုတာ တစ်ကြိမ်သုံးဖို့သာ ရည်ရွယ်ထုတ်လုပ်တာဖြစ်ပေမယ့် တစ်လအတွင်း တစ်ကြိမ်ထက်ကျော်ပြီးသောက်ရင်လည်း ကျန်းမာရေးအန္တရာယ်တွေ မဖြစ်စေနိုင်ပါဘူး။

အရေးပေါ်သားဆက်ခြားဆေးတွေက ပိုသောက်မိလို့ အန္တရာယ်မရှိစေနိုင်ဘူးဆိုပေမယ့် ရာသီစက်ဝန်းမမှန်တာ၊ မအီမသာဖြစ်တာ၊ ရင်သားတင်းတာတို့လို ခဏတာသာဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးအနည်းငယ် ရှိနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း၊ ခေါင်းမူးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေအကုန်လုံးက သန္ဓေတားဆေးတွေရဲ့ အဖြစ်များတဲ့ သက်ရောက်မှုတွေဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ရာသီလာပြီးမကြာခင် မထင်မှတ်ဘဲ နောက်တစ်ကြိမ် ရာသီသွေးဆင်းတာ၊ နောက်တစ်လရာသီလာတဲ့အခါ စောနေတာ၊ နောက်ကျတာတွေလည်း ရှိနိုင်ပါတယ်။

ဒီလိုတွေ ဘေးဥပါဒ်နည်းပါးတာကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ အရေးပေါ်သားဆက်ခြားဆေးတွေကို အလွယ်တကူ ဝယ်ယူနိုင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အရေးပေါ်အနေနဲ့သာ ဒီဆေးကိုသုံးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်လို့ ပုံမှန်သားဆက်ခြားနည်းအဖြစ်နဲ့ သုံးဖို့မသင့်တော်ပါဘူး။ သားဆက်ခြားသောက်ဆေးနဲ့ ထိုးဆေးတွေကိုသာ သုံးသင့်ပါတယ်။

ဒါ့အပြင် အရေးပေါ်ကိုယ်ဝန်တားဖို့အတွက် ဒီဆေးတစ်မျိုးတည်းရှိတာ မဟုတ်ဘဲ နှစ်ရှည်ခံ ကိုယ်ဝန်တားနည်းတစ်ခုဖြစ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကိုလည်း အသုံးပြုနိုင်တယ် ဆိုတာကို သိစေချင်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top