ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

နယူးဇီလန္ႏိုင္ငံသားအုပ္စုတစ္စုက ႏွစ္သစ္ကူးကာလအတြင္း အမ်ားျပည္သူဆုိင္ရာ ေနရာေတြမွာ အရက္မေသာက္ရန္ တားျမစ္ပိတ္ပင္ထားျခင္းကုိ ေ႐ွာင္တိမ္းႏုိင္ရန္အတြက္ ကမ္း႐ုိးတန္းအနီး ပင္လယ္ေရတိမ္ပုိင္းမွာ သဲကၽြန္းတစ္ခု တည္ေဆာက္ေနထုိင္ခဲ့ၾကတယ္လို႕ ဆုိပါတယ္။

အဆုိပါအုပ္စုက Coromandel ကၽြန္းဆြယ္ Tairua ျမစ္ဝ႐ွိ ေရလႈိင္းတက္ေရာက္မႈနိမ့္တဲ့ ေရျပင္မွာ သဲကၽြန္းတစ္ခုကုိ ဒီဇင္ဘာ ၃၁ ရက္ မြန္းလြဲပုိင္းက တည္ေဆာက္ခဲ့ၾကတယ္လို႕ နယူးဇီလန္သတင္းေတြက ေဖာ္ျပပါတယ္။

ထုိ႕ေနာက္ ၎တုိ႕က ေပ်ာ္ပြဲစားထြက္ရာမွာသုံးတဲ့ စားပြဲတစ္လုံးနဲ႕ ေရခဲပုံးထဲမွာ အရက္၊ ဘီယာမ်ားထည့္ကာ သဲကၽြန္းေလးေပၚမွာ ေသာက္ခဲ့ၾကပါတယ္။ ၎တုိ႕အုပ္စုဟာ ႏုိင္ငံတကာေရပုိင္နက္ထဲကုိ ေရာက္႐ွိေနတာေၾကာင့္ နယူးဇီလန္က အရက္မေသာက္ရန္ တားျမစ္ပိတ္ပင္မႈနဲ႕ ကင္းလြတ္သြားခဲ့တယ္လို႕ ေဒသခံေတြက ေျပာဆုိခဲ့ၾကပါတယ္။

နယူးဇီလန္ သတင္းဝက္ဘ္ဆုိက္ stuff.co.nz က ေဖာ္ျပမႈအရ အဆုိပါအုပ္စုဟာ ႏွစ္သစ္ကူးအႀကဳိညက သဲကၽြန္းေပၚမွာ အရက္၊ ဘီယာေသာက္ရင္း မီး႐ွဴးမီးပန္းပစ္လႊတ္မႈေတြကုိ ၾကည့္ခဲ့ၾကေၾကာင္းနဲ႕ ၎တုိ႕ တည္ေဆာက္ထားတဲ့ သဲကၽြန္းဟာ တနလၤာေန႕ (ဇန္နဝါရီ ၁ ရက္) မနက္ပုိင္းအထိ ႐ွိေနခဲ့ေၾကာင္း သိရပါတယ္။

နယူးဇီလန္႐ွိ Coromandel ကၽြန္းဆြယ္မွာ ႏွစ္သစ္ကူးကာလအတြင္း အမ်ားျပည္သူနဲ႕ သက္ဆုိင္တဲ့ေနရာေတြမွာ အရက္မေသာက္ရန္ တားျမစ္ပိတ္ပင္ထားၿပီး ေတြ႕႐ွိပါက ဒဏ္ေငြ အေမရိကန္ေဒၚလာ ၁၈၀ ခ်မွတ္ခံရျခင္း သို႕မဟုတ္ ဖမ္းဆီးျခင္းခံရမွာ ျဖစ္ပါတယ္။

ထုိသုိ႕ တားျမစ္ပိတ္ပင္ထားေပမဲ့ အာဏာပုိင္ေတြက ပညာေပးအေနနဲ႕သာ ေဆာင္႐ြက္လုိျခင္း ျဖစ္တယ္လို႕ ဆုိပါတယ္။ ေရထဲမွာ သဲကၽြန္းတည္ေဆာက္ၿပီး အရက္ေသာက္ခဲ့ၾကသူေတြရဲ႕ ဓာတ္ပုံကုိ Tairu ChitChat Facebook group မွာ ေဒးဗစ္ေဆာင္းဒါးစ္က လႊင့္တင္ခဲ့တာ ျဖစ္ပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #
နယူးဇီလန်နိုင်ငံသားအုပ်စုတစ်စုက နှစ်သစ်ကူးကာလအတွင်း အများပြည်သူဆိုင်ရာ နေရာတွေမှာ အရက်မသောက်ရန် တားမြစ်ပိတ်ပင်ထားခြင်းကို ရှောင်တိမ်းနိုင်ရန်အတွက် ကမ်းရိုးတန်းအနီး ပင်လယ်ရေတိမ်ပိုင်းမှာ သဲကျွန်းတစ်ခု တည်ဆောက်နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါအုပ်စုက Coromandel ကျွန်းဆွယ် Tairua မြစ်ဝရှိ ရေလှိုင်းတက်ရောက်မှုနိမ့်တဲ့ ရေပြင်မှာ သဲကျွန်းတစ်ခုကို ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက တည်ဆောက်ခဲ့ကြတယ်လို့ နယူးဇီလန်သတင်းတွေက ဖော်ပြပါတယ်။

ထို့နောက် ၎င်းတို့က ပျော်ပွဲစားထွက်ရာမှာသုံးတဲ့ စားပွဲတစ်လုံးနဲ့ ရေခဲပုံးထဲမှာ အရက်၊ ဘီယာများထည့်ကာ သဲကျွန်းလေးပေါ်မှာ သောက်ခဲ့ကြပါတယ်။ ၎င်းတို့အုပ်စုဟာ နိုင်ငံတကာရေပိုင်နက်ထဲကို ရောက်ရှိနေတာကြောင့် နယူးဇီလန်က အရက်မသောက်ရန် တားမြစ်ပိတ်ပင်မှုနဲ့ ကင်းလွတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုခဲ့ကြပါတယ်။

နယူးဇီလန် သတင်းဝက်ဘ်ဆိုက် stuff.co.nz က ဖော်ပြမှုအရ အဆိုပါအုပ်စုဟာ နှစ်သစ်ကူးအကြိုညက သဲကျွန်းပေါ်မှာ အရက်၊ ဘီယာသောက်ရင်း မီးရှူးမီးပန်းပစ်လွှတ်မှုတွေကို ကြည့်ခဲ့ကြကြောင်းနဲ့ ၎င်းတို့ တည်ဆောက်ထားတဲ့ သဲကျွန်းဟာ တနင်္လာနေ့ (ဇန်နဝါရီ ၁ ရက်) မနက်ပိုင်းအထိ ရှိနေခဲ့ကြောင်း သိရပါတယ်။

နယူးဇီလန်ရှိ Coromandel ကျွန်းဆွယ်မှာ နှစ်သစ်ကူးကာလအတွင်း အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အရက်မသောက်ရန် တားမြစ်ပိတ်ပင်ထားပြီး တွေ့ရှိပါက ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၈၀ ချမှတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခြင်းခံရမှာ ဖြစ်ပါတယ်။

ထိုသို့ တားမြစ်ပိတ်ပင်ထားပေမဲ့ အာဏာပိုင်တွေက ပညာပေးအနေနဲ့သာ ဆောင်ရွက်လိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ရေထဲမှာ သဲကျွန်းတည်ဆောက်ပြီး အရက်သောက်ခဲ့ကြသူတွေရဲ့ ဓာတ်ပုံကို Tairu ChitChat Facebook group မှာ ဒေးဗစ်ဆောင်းဒါးစ်က လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top