ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ႏုပ်ိဳျခင္းဆုိတာက လူတုိင္းပုိင္ဆုိင္ခ်င္ၾကတဲ့ အရာတစ္ခုပါ။ အသက္အရြယ္ေၾကာင့္ အုိမင္းမႈ ဇရာကုိ အံမတုႏုိင္ၾကတဲ့ လူ႔သဘာဝမွာ ႏုပ်ိဳလွပျခင္းကုိရဖုိ႔ စားေသာက္ေနထုိင္မႈပံုစံနဲ႔ အလွအပေလ့လာ လုိက္စားဖုိ႔လုိအပ္ပါတယ္။ ခႏၶာကုိယ္က်န္းမာၾကံ႕ခုိင္ေစရံုသာမကပဲနဲ႔ ကုိယ့္ရဲ႕အသက္အရြယ္နဲ႔ ထင္မွတ္မထားရေလာက္ေအာင္ ႏုပ်ိဳလွပေနမယ္ဆုိရင္ေတာ့ ဒါဟာ သိပ္ကုိစိတ္ေက်နပ္စရာေကာင္း တဲ့ အရာပါပဲ။ ႏုပ်ိဳလွပျခင္းကုိရဖုိ႔ဆုိရင္ အခုေဖာ္ျပေပးမယ့္ အလွအပလ်ိဳ႕ဝွက္ခ်က္နည္းလမ္းေလးက သင့္ကုိ ကူညီေပးပါလိမ့္မယ္။

ဆယ္ႏွစ္တာ ႏုပ်ိဳလွပသြားဖုိ႔ဆုိရင္ သဘာဝေပးစြမ္းတဲ့အရာေတြနဲ႔ သင့္က်န္းမာေရး ခႏၶာကုိယ္အ ေထာက္အကူျပဳ ထိန္းသိမ္းတတ္ဖုိ႔ မျဖစ္မေနလုပ္ေဆာင္သင့္ပါတယ္။ အဲဒီလုုိမ်ိဳး ငယ္ရြယ္ႏုပ်ိဳ လွပဖုိ႔ဆုိရင္ ကၽြန္မတုိ႔ရဲ႕ မီးဖုိေခ်ာင္မွာပဲအသင့္ရွိေနတဲ့ အစြမ္းထက္တဲ့ အရာေတြကုိ အံ့အားသင့္စရာ ရလာဒ္ကုိ ေပးမွာပါ။ အဲဒါကေတာ့ ဆန္၊ ပ်ားရည္၊ ႏြားႏုိ႔တုိ႔ပဲျဖစ္ပါတယ္။

ပရုိတင္းဓာတ္၊ အာဟာရဓာတ္၊ လီႏုိလက္စ္အက္ဆစ္ အစရွိသျဖင့္ က်န္းမာေရးေထာက္ကူျပဳမယ့္ ဓာတ္ေတြနဲ႔ အင္တီေအာက္ဆီဒင့္ဓာတ္ေတြ၊ ေကာ္လက္ဂ်င္ကုိ ေထာက္ကူေပးမယ့္ ဓာတ္ေတြ ဟာဆုိ ရင္ ေန႔စဥ္စားေသာက္ေနတဲ့ ဆန္မွာပါဝင္ေနပါတယ္။ ေနာက္ၿပီး ပ်ားရည္ဟာလည္း သဘာဝကေပးစြမ္းတဲ့ က်န္းမာေရးအေထာက္အကူျပဳ ဓာတ္သတၱဳေပါင္းမ်ားစြာပါဝင္ေနလုိ႔ အလွအပက်န္းမာေရးအတြက္ မ်ားစြာအသံုးဝင္ပါတယ္။ ႏြားႏုိ႔ကေတာ့ ပရုိတင္းဓာတ္၊ ဗုိက္တာ မင္ဒီ၊ ကယ္လ္ဆီယမ္၊ ေရဓာတ္ အစရွိသျဖင့္ က်န္းမာေရးေကာင္းက်ိဳးေပးတဲ့ ဓာတ္ေတြမ်ားစြာ လည္း ပါဝင္ေနတာကုိ ေတြ႔ရပါတယ္။ ဒီေတာ့ ဒီသံုးခု ေရာၿပီး အသားေရနဲ႔ ခႏၶာကုိယ္အရြယ္ တင္ႏုပ်ိဳဖုိ႔ အသံုးျပဳမယ္ဆုိရင္ သိပ္ကုိထူးျခားတဲ့ ရလာဒ္ကုိရလာမွာပါေနာ္။

ပထမဆံုး ဆန္ကုိ ထမင္းရည္ခ်က္သလုိ ႀကိဳခ်က္ၿပီး ရလာတဲ့ အရည္ကုိ အေအးခံထားပါ။ ေနာက္ အဆုိပါ ထမင္းပူပူထဲကုိ ပ်ားရည္တစ္ဇြန္း၊ ႏုိ႔တစ္ဇြန္းထည့္ၿပီး သံုးခုအေရာပံုစံျပဳလုပ္ပါ။ ရလာတဲ့ အႏွစ္ကုိ ဝါဂြမ္းသန္႔သန္႔နဲ႔ စုပ္ယူၿပီးေတာ့ မ်က္ႏွာမွာ တုိနာလိမ္းသလုိအသံုးျပဳႏုိင္ပါတယ္။ ေနာက္ၿပီး ဆန္ေဆးေရကုိလည္း ညဘက္အိပ္ရာမဝင္ခင္မွာ မ်က္ႏွာသစ္ေရအျဖစ္ အသံုးျပဳပါက လည္း အေရ ျပားတင္းရင္းေစၿပီးေတာ့ မ်က္ကြင္းညိဳတာေတြကုိ သက္သာေစႏုိ င္ပါတယ္။ ဒီနည္းလမ္းနဲ႔ တစ္လပံု မွန္ လုပ္သြားေပးမယ္ဆုိရင္ တကယ့္ကုိလွပၿပီး အရြယ္တင္ႏုပ်ိဳလာ တာကုိ ျမင္ေတြ႔လာမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
နုပျိုခြင်းဆိုတာက လူတိုင်းပိုင်ဆိုင်ချင်ကြတဲ့ အရာတစ်ခုပါ။ အသက်အရွယ်ကြောင့် အိုမင်းမှု ဇရာကို အံမတုနိုင်ကြတဲ့ လူ့သဘာဝမှာ နုပျိုလှပခြင်းကိုရဖို့ စားသောက်နေထိုင်မှုပုံစံနဲ့ အလှအပလေ့လာ လိုက်စားဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရုံသာမကပဲနဲ့ ကိုယ့်ရဲ့အသက်အရွယ်နဲ့ ထင်မှတ်မထားရလောက်အောင် နုပျိုလှပနေမယ်ဆိုရင်တော့ ဒါဟာ သိပ်ကိုစိတ်ကျေနပ်စရာကောင်း တဲ့ အရာပါပဲ။ နုပျိုလှပခြင်းကိုရဖို့ဆိုရင် အခုဖော်ပြပေးမယ့် အလှအပလျို့ဝှက်ချက်နည်းလမ်းလေးက သင့်ကို ကူညီပေးပါလိမ့်မယ်။

ဆယ်နှစ်တာ နုပျိုလှပသွားဖို့ဆိုရင် သဘာဝပေးစွမ်းတဲ့အရာတွေနဲ့ သင့်ကျန်းမာရေး ခန္ဓာကိုယ်အ ထောက်အကူပြု ထိန်းသိမ်းတတ်ဖို့ မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။ အဲဒီလိုုမျိုး ငယ်ရွယ်နုပျို လှပဖို့ဆိုရင် ကျွန်မတို့ရဲ့ မီးဖိုချောင်မှာပဲအသင့်ရှိနေတဲ့ အစွမ်းထက်တဲ့ အရာတွေကို အံ့အားသင့်စရာ ရလာဒ်ကို ပေးမှာပါ။ အဲဒါကတော့ ဆန်၊ ပျားရည်၊ နွားနို့တို့ပဲဖြစ်ပါတယ်။

ပရိုတင်းဓာတ်၊ အာဟာရဓာတ်၊ လီနိုလက်စ်အက်ဆစ် အစရှိသဖြင့် ကျန်းမာရေးထောက်ကူပြုမယ့် ဓာတ်တွေနဲ့ အင်တီအောက်ဆီဒင့်ဓာတ်တွေ၊ ကော်လက်ဂျင်ကို ထောက်ကူပေးမယ့် ဓာတ်တွေ ဟာဆို ရင် နေ့စဉ်စားသောက်နေတဲ့ ဆန်မှာပါဝင်နေပါတယ်။ နောက်ပြီး ပျားရည်ဟာလည်း သဘာဝကပေးစွမ်းတဲ့ ကျန်းမာရေးအထောက်အကူပြု ဓာတ်သတ္တုပေါင်းများစွာပါဝင်နေလို့ အလှအပကျန်းမာရေးအတွက် များစွာအသုံးဝင်ပါတယ်။ နွားနို့ကတော့ ပရိုတင်းဓာတ်၊ ဗိုက်တာ မင်ဒီ၊ ကယ်လ်ဆီယမ်၊ ရေဓာတ် အစရှိသဖြင့် ကျန်းမာရေးကောင်းကျိုးပေးတဲ့ ဓာတ်တွေများစွာ လည်း ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီတော့ ဒီသုံးခု ရောပြီး အသားရေနဲ့ ခန္ဓာကိုယ်အရွယ် တင်နုပျိုဖို့ အသုံးပြုမယ်ဆိုရင် သိပ်ကိုထူးခြားတဲ့ ရလာဒ်ကိုရလာမှာပါနော်။

ပထမဆုံး ဆန်ကို ထမင်းရည်ချက်သလို ကြိုချက်ပြီး ရလာတဲ့ အရည်ကို အအေးခံထားပါ။ နောက် အဆိုပါ ထမင်းပူပူထဲကို ပျားရည်တစ်ဇွန်း၊ နို့တစ်ဇွန်းထည့်ပြီး သုံးခုအရောပုံစံပြုလုပ်ပါ။ ရလာတဲ့ အနှစ်ကို ဝါဂွမ်းသန့်သန့်နဲ့ စုပ်ယူပြီးတော့ မျက်နှာမှာ တိုနာလိမ်းသလိုအသုံးပြုနိုင်ပါတယ်။ နောက်ပြီး ဆန်ဆေးရေကိုလည်း ညဘက်အိပ်ရာမဝင်ခင်မှာ မျက်နှာသစ်ရေအဖြစ် အသုံးပြုပါက လည်း အရေ ပြားတင်းရင်းစေပြီးတော့ မျက်ကွင်းညိုတာတွေကို သက်သာစေနို င်ပါတယ်။ ဒီနည်းလမ်းနဲ့ တစ်လပုံ မှန် လုပ်သွားပေးမယ်ဆိုရင် တကယ့်ကိုလှပပြီး အရွယ်တင်နုပျိုလာ တာကို မြင်တွေ့လာမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top