×

# ZawGyiျဖင့္ဖတ္ရန္ #

တနသၤာရီတိုင္းေဒသႀကီး ပုေလာၿမိဳ႕မွာ ေမာင္ျဖစ္သူေသဆံုးတဲ့အေပၚ အစ္မျဖစ္သူက မသကၤာတဲ့အတြက္ ရဲစခန္းမွာ အမႈဖြင့္ရာက လူသတ္မႈ ေပၚေပါက္ခဲ့တယ္လို႔ သိရပါတယ္။

ဒီဇင္ဘာ ၂၉ ရက္က ေဒၚခင္ေအးဟာ ဥယ်ာဥ္ျခံလုပ္ကိုင္ေနတဲ့ ေမာင္ျဖစ္သူ ေစာဘြဲ႔ ေသဆံုးသြားတဲ့သတင္းရလို႔ လက္ပံျပင္ေက်းရြာကို ေရာက္လာရာ ေမာင္ျဖစ္သူ အေလာင္းကို မေတြ႔ရတဲ့အတြက္ လိုက္လံစံုစမ္းခဲ့တာပါ။

ေမာင္ျဖစ္သူကို ၂၀၁၇ ဒီဇင္ဘာ ၂၈ ရက္က ေျမျမႇဳပ္သၿဂႋဳဟ္ခဲ့ၿပီး ေသဆံုးစဥ္က ဒဏ္ရာေတြ ရရွိေနေၾကာင္း ရြာသားေတြရဲ႕ေျပာၾကားခ်က္အရ ျဖစ္စဥ္အေပၚ မသကၤာတဲ့ ေဒၚခင္ေအးဟာ ပုေလာၿမိဳ႕နယ္ ရဲစခန္းမွာ ဇန္န၀ါရီ ၆ ရက္က သြားေရာက္အမႈဖြင့္ခဲ့ၿပီး အေလာင္းကို တာ၀န္ရွိသူ အစံုအလင္နဲ႔ ဇန္န၀ါရီ ၉ ရက္ေန႔က သြားေရာက္ေဖာ္ယူခဲ့တယ္လို႔ သိရပါတယ္။

ပုေလာၿမိဳ႕မစခန္းမႉး ဒုရဲမႉးေအာင္မ်ဳိး၀င္းက“၂၈ ရက္ေန႔မွာ ေသတဲ့သူကို ေတြ႔တယ္ဆိုၿပီး ေျပာတယ္။ တကယ္ေတာ့ သူတို႔က စကားမ်ား ရန္ျဖစ္ၿပီး ဓားနဲ႔ခုတ္ထားခဲ့တာပါ။ မနက္က်ေတာ့ ျပန္သြားၾကည့္တာ မေသေသးတဲ့အတြက္ ေဆး႐ုံကို ယူလာတယ္ဆိုၿပီး ေျပာတယ္။ အမႈကို ၆ ရက္ေန႔မွာ ဖြင့္တယ္။ အေလာင္းကိုေတာ့ ဇန္န၀ါရီလ ၉ ရက္ေန႔မွာ ျပန္ေဖာ္တယ္။ က်ေနာ္တို႔လည္း မသကၤာတဲ့သူေတြကို ေခၚယူေမးျမန္းေတာ့ သူ႔ညီ၀မ္းကြဲ ျဖစ္ေနတာေ တြ႔ရတယ္”လို႔ ကေျပာပါတယ္။

အသတ္ခံရသူရဲ႕အေလာင္းကို ဇန္န၀ါရီ ၉ ရက္ေန႔မွာ ျပန္လည္ေဖာ္ယူခဲ့ၿပီး မသကၤာတဲ့ တရားခံေတြကိုလည္း ေခၚယူစစ္ေဆးခဲ့ရတယ္လို႔ သိရပါတယ္။

ပုေလာၿမိဳ႕နယ္ေဆး႐ုံမွ ေဒါက္တာၿပံဳးခ်ဳိက “သတ္တဲ့လူက ၀မ္းကြဲေတာ္စပ္တဲ့ညီပါ။ ေျမယာကိစၥ မေျပမလည္ ျဖစ္တာလို႔ ေျပာတယ္။ ေသသြားတဲ့သူရဲ႕အစ္မက လာတိုင္ခ်က္ဖြင့္တယ္။ သူ႔ရဲ႕ေမာင္ ဒဏ္ရာေတြနဲ႔ ေသသြားတာျဖစ္တယ္။ ေတာထဲမွာ ေတာင္ယာလုပ္ရင္း သီးသန္႔ေနတယ္။ လာသတ္တဲ့သူက ေတာင္ယာတဲနဲ႔ မလွမ္းမကမ္းမွာ ေနတယ္။ သူတို႔ခ်င္း ေျမယာကိစၥ အျငင္းပြားၿပီး လူသတ္မႈျဖစ္သြားတယ္။ ေနာက္ေန႔မွာ ျပန္သြားၾကည့္ေတာ့ မေသေသးတာ ေတြ႔ရတယ္။ အဲဒီမွာ တျခားလူသတ္သြားတဲ့ပံုစံလုပ္ၿပီး ေဆး႐ုံကို သယ္လာတယ္။ ရြာထဲကို မေရာက္ခင္မွာ ေသသြားတယ္။ အဲဒါကို သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးေတြကိုအေၾကာင္း မၾကားဘဲ ျမႇဳပ္လိုက္တယ္။ အေလာင္းသယ္တုန္းက ေတြ႔တဲ့သူေတြက ဒဏ္ရာေတြရွိေနတာကို သိထားတယ္။ အေလာင္းကို ၁၁ ရက္ၾကာမွ ျပန္ေဖာ္ရတယ္။ တရားခံကလည္း ေျဖာင့္ခ်က္ေပးထားတယ္။ သူသတ္မိေၾကာင္း ဝန္ခံထားပါတယ္”လို႔ ေျပာပါတယ္။

ျဖစ္စဥ္အေပၚရဲစခန္းက ရာဇသတ္ ႀကီးပုဒ္မ ၃၀၂ နဲ႔ အေရးယူခဲ့ၿပီး အေလာင္းျမႇဳပ္ႏွံစဥ္က ပါ၀င္ခဲ့သူ တင္ေအး၊ ေစာဖိုးကိုင္နဲ႔ ေစာဘူတင္တို႔ကို ေခၚယူစစ္ေဆးခဲ့ရာ တင္ေအးဆိုသူ တဦးတည္းမွ လူသတ္မႈက်ဴးလြန္ခဲ့ေၾကာင္း ၀န္ခံတဲ့အတြက္ တင္ေအးကို ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမတ္ထြဋ္ (ၿမိတ္)
# Unicodeဖြင့်ဖတ်ရန် #

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့မှာ မောင်ဖြစ်သူသေဆုံးတဲ့အပေါ် အစ်မဖြစ်သူက မသင်္ကာတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ရာက လူသတ်မှု ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က ဒေါ်ခင်အေးဟာ ဥယျာဉ်ခြံလုပ်ကိုင်နေတဲ့ မောင်ဖြစ်သူ စောဘွဲ့ သေဆုံးသွားတဲ့သတင်းရလို့ လက်ပံပြင်ကျေးရွာကို ရောက်လာရာ မောင်ဖြစ်သူ အလောင်းကို မတွေ့ရတဲ့အတွက် လိုက်လံစုံစမ်းခဲ့တာပါ။

မောင်ဖြစ်သူကို ၂၀၁၇ ဒီဇင်ဘာ ၂၈ ရက်က မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး သေဆုံးစဉ်က ဒဏ်ရာတွေ ရရှိနေကြောင်း ရွာသားတွေရဲ့ပြောကြားချက်အရ ဖြစ်စဉ်အပေါ် မသင်္ကာတဲ့ ဒေါ်ခင်အေးဟာ ပုလောမြို့နယ် ရဲစခန်းမှာ ဇန်နဝါရီ ၆ ရက်က သွားရောက်အမှုဖွင့်ခဲ့ပြီး အလောင်းကို တာဝန်ရှိသူ အစုံအလင်နဲ့ ဇန်နဝါရီ ၉ ရက်နေ့က သွားရောက်ဖော်ယူခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့မစခန်းမှူး ဒုရဲမှူးအောင်မျိုးဝင်းက“၂၈ ရက်နေ့မှာ သေတဲ့သူကို တွေ့တယ်ဆိုပြီး ပြောတယ်။ တကယ်တော့ သူတို့က စကားများ ရန်ဖြစ်ပြီး ဓားနဲ့ခုတ်ထားခဲ့တာပါ။ မနက်ကျတော့ ပြန်သွားကြည့်တာ မသေသေးတဲ့အတွက် ဆေးရုံကို ယူလာတယ်ဆိုပြီး ပြောတယ်။ အမှုကို ၆ ရက်နေ့မှာ ဖွင့်တယ်။ အလောင်းကိုတော့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ပြန်ဖော်တယ်။ ကျနော်တို့လည်း မသင်္ကာတဲ့သူတွေကို ခေါ်ယူမေးမြန်းတော့ သူ့ညီဝမ်းကွဲ ဖြစ်နေတာေ တွ့ရတယ်”လို့ ကပြောပါတယ်။

အသတ်ခံရသူရဲ့အလောင်းကို ဇန်နဝါရီ ၉ ရက်နေ့မှာ ပြန်လည်ဖော်ယူခဲ့ပြီး မသင်္ကာတဲ့ တရားခံတွေကိုလည်း ခေါ်ယူစစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။

ပုလောမြို့နယ်ဆေးရုံမှ ဒေါက်တာပြုံးချိုက “သတ်တဲ့လူက ဝမ်းကွဲတော်စပ်တဲ့ညီပါ။ မြေယာကိစ္စ မပြေမလည် ဖြစ်တာလို့ ပြောတယ်။ သေသွားတဲ့သူရဲ့အစ်မက လာတိုင်ချက်ဖွင့်တယ်။ သူ့ရဲ့မောင် ဒဏ်ရာတွေနဲ့ သေသွားတာဖြစ်တယ်။ တောထဲမှာ တောင်ယာလုပ်ရင်း သီးသန့်နေတယ်။ လာသတ်တဲ့သူက တောင်ယာတဲနဲ့ မလှမ်းမကမ်းမှာ နေတယ်။ သူတို့ချင်း မြေယာကိစ္စ အငြင်းပွားပြီး လူသတ်မှုဖြစ်သွားတယ်။ နောက်နေ့မှာ ပြန်သွားကြည့်တော့ မသေသေးတာ တွေ့ရတယ်။ အဲဒီမှာ တခြားလူသတ်သွားတဲ့ပုံစံလုပ်ပြီး ဆေးရုံကို သယ်လာတယ်။ ရွာထဲကို မရောက်ခင်မှာ သေသွားတယ်။ အဲဒါကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကိုအကြောင်း မကြားဘဲ မြှုပ်လိုက်တယ်။ အလောင်းသယ်တုန်းက တွေ့တဲ့သူတွေက ဒဏ်ရာတွေရှိနေတာကို သိထားတယ်။ အလောင်းကို ၁၁ ရက်ကြာမှ ပြန်ဖော်ရတယ်။ တရားခံကလည်း ဖြောင့်ချက်ပေးထားတယ်။ သူသတ်မိကြောင်း ဝန်ခံထားပါတယ်”လို့ ပြောပါတယ်။

ဖြစ်စဉ်အပေါ်ရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၃၀၂ နဲ့ အရေးယူခဲ့ပြီး အလောင်းမြှုပ်နှံစဉ်က ပါဝင်ခဲ့သူ တင်အေး၊ စောဖိုးကိုင်နဲ့ စောဘူတင်တို့ကို ခေါ်ယူစစ်ဆေးခဲ့ရာ တင်အေးဆိုသူ တဦးတည်းမှ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံတဲ့အတွက် တင်အေးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြတ်ထွဋ် (မြိတ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top