ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ထုိင္းႏုိင္ငံ ခ်ဳိင္ယာဘူရီခ႐ုိင္က အိမ္တအိမ္မွာ အသက္ ကုိးႏွစ္အရြယ္ မိန္းကေလးတဦး အိပ္ယာထဲအိပ္ေနတုန္း ေႁမြေဟာက္ကိုက္ခံရၿပီး ေသဆုံးသြားတယ္လို႔ သိရပါတယ္။

ပရာပဝီပရာဝတ္ဆုိတဲ့ မိန္းကေလးဟာ ဇန္နဝါရီ ၃ ရက္ မနက္ပုိင္းက အိပ္ရာထဲမွာ ေသဆုံးေနတာကို သူမရဲ႕ အဘုိးအဘြားေတြက ေတြ႔ခဲ့တာျဖစ္တယ္လို႔ ရဲေတြကေျပာေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။

ပရာပဝီကုိကိုက္ခဲ့တဲ့ ေႁမြေဟာက္ကုိလည္း သူမရဲ႕အိပ္ယာထဲက ေစာင္ေအာက္မွာ ေတြ႔ခဲ့တယ္လုိ႔ အဘြားျဖစ္သူက ရဲေတြကိုေျပာၿပီး ေႁမြကိုေတာ့ အိမ္နီးနားခ်င္းေတြက သတ္လုိက္တယ္လို႔ ဆုိပါတယ္။

ရဲေတြက စစ္ေဆးရာ မိန္းကေလးဟာ လြန္ခဲ့တဲ့ ၈ နာရီေလာက္ကတည္းက ေသဆုံးခဲ့ပုံရၿပီး သူမရဲ႕ ညာဘက္လက္ညိႇဳးကို ေႁမြကုိက္ထားတယ္လုိ႔ ရဲအရာရွိ သန္ခြန္မီနင္မ္က ေျပာပါတယ္။

ပရာပဝီရဲ႕ အေလာင္းကို ခ်ိဳင္ယာဘူရီေဆး႐ုံ ပုိ႔လုိက္ၿပီး ေသဆံုးတာကို အတည္ျပဳဖုိ႔ ခြဲစိတ္စစ္ေဆးမႈေတြ လုပ္မယ္လုိ႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#
ထိုင်းနိုင်ငံ ချိုင်ယာဘူရီခရိုင်က အိမ်တအိမ်မှာ အသက် ကိုးနှစ်အရွယ် မိန်းကလေးတဦး အိပ်ယာထဲအိပ်နေတုန်း မြွေဟောက်ကိုက်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ပရာပဝီပရာဝတ်ဆိုတဲ့ မိန်းကလေးဟာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်းက အိပ်ရာထဲမှာ သေဆုံးနေတာကို သူမရဲ့ အဘိုးအဘွားတွေက တွေ့ခဲ့တာဖြစ်တယ်လို့ ရဲတွေကပြောကြောင်း ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ပရာပဝီကိုကိုက်ခဲ့တဲ့ မြွေဟောက်ကိုလည်း သူမရဲ့အိပ်ယာထဲက စောင်အောက်မှာ တွေ့ခဲ့တယ်လို့ အဘွားဖြစ်သူက ရဲတွေကိုပြောပြီး မြွေကိုတော့ အိမ်နီးနားချင်းတွေက သတ်လိုက်တယ်လို့ ဆိုပါတယ်။

ရဲတွေက စစ်ဆေးရာ မိန်းကလေးဟာ လွန်ခဲ့တဲ့ ၈ နာရီလောက်ကတည်းက သေဆုံးခဲ့ပုံရပြီး သူမရဲ့ ညာဘက်လက်ညှိုးကို မြွေကိုက်ထားတယ်လို့ ရဲအရာရှိ သန်ခွန်မီနင်မ်က ပြောပါတယ်။

ပရာပဝီရဲ့ အလောင်းကို ချိုင်ယာဘူရီဆေးရုံ ပို့လိုက်ပြီး သေဆုံးတာကို အတည်ပြုဖို့ ခွဲစိတ်စစ်ဆေးမှုတွေ လုပ်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top