ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေရႊမႈံရတီကေတာ့ ေဖ့စ္ဘြတ္မွာ တစ္ေန႔တစ္မ်ဳိးေရးၿပီး ခန္႔မွန္းရခက္ေအာင္ လုပ္ေနေတာ့တာပါပဲ။

တစ္ေန႔ (ဇန္နဝါရီလ ၇ ရက္) က Single ျဖစ္သြားၿပီလို႔ ေရးခဲ့တဲ့ ေရႊမႈံရတီဟာ လြန္ခဲ့တဲ့ ၁၀ နာရီက အခုလို ေရးထားျပန္ပါတယ္။

"လူေတြက ေျပာတယ္။ အခ်စ္က ပူေလာင္တယ္တဲ့။ ဒါေပမဲ့ ကၽြန္မအတြက္ကေတာ့ အခ်စ္က ခ်ည္ေႏွာင္ျခင္းတစ္မ်ဳိးပဲ" တဲ့။ အဲဒီစာနဲ႔အတူ သူမဟာ Feeling in Love ျဖစ္လို႔ေနပါတယ္။

သ႐ုပ္ေဆာင္ေကာင္းၿပီး လွပၿပီး စမတ္က်တဲ့ သူမရဲ႕စတုိင္ေၾကာင့္ ေရႊမႈံရတီကို ခ်စ္ၾကတဲ့သူေတြက သူမဘာပဲျဖစ္ျဖစ္ ခ်စ္ေနၾကတာပါပဲ။

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလအတြင္းကေတာ့ သူမဟာ "We break up" လို႔ ေရးသားခဲ့တာ ျဖစ္ကာ ေနာက္တစ္ေန႔မွာေတာ့ ေနာက္လိုက္တာလို႔ သူမက ျပန္ေျပာခဲ့ပါတယ္။

အဲဒီတုန္းကေတာ့ ေတာ္ေတာ္ေလး ဂယက္႐ိုက္သြားခဲ့ပါေသးတယ္။ ဒီတစ္ခါေတာ့  အားလံုးက ေနာက္ေနတယ္လို႔ပဲ ထင္ေနၾကတာပါပဲ။

ေရႊမႈံရတီက မတ္လ(၂၅)ရက္ေန႕က ခ်စ္သူနဲ႕ ရိုက္ထားတဲ့ ဓာတ္ပံုကို ေဖ့စ္ဘြတ္ေပၚမွာ တင္ၿပီး သူမရဲ႕ခ်စ္သူကို ပရိသတ္ကို ျပသခဲ့ကာ မတ္လ ၂၇ ရက္ေန႔မွာေတာ့ Live လႊင့္ကာ ေမာင္လုိ႔ သူမ အျမတ္တႏိုးေခၚတဲ့ ခ်စ္သူကို ပရိသတ္နဲ႔ မိတ္ဆက္ေပးခဲ့တာပါ။

အဲဒီေနာက္ပိုင္းမွာေတာ့ ေရႊမႈံဟာ ခ်စ္သူနဲ႔တြဲလ်က္ ဓာတ္ပံုေတြတင္တာ သိပ္ေတြ႕ရေလ့ေတာ့ မရွိခဲ့ေပမဲ့ သူတုိ႔ရဲ႕အခ်စ္ေရးအဆင္ေျပေနတယ္လို႔ အားလံုးက ယူဆခဲ့ၾကပါတယ္။

ပါရီမွာ ေစ်းဝယ္ထြက္ရတာ ႀကိဳက္တဲ့ ေရႊမႈံရတီဟာ လက္တေလာမွာ ပါရီၿမိဳ႕ကို ေရာက္ေနတာျဖစ္ၿပီး  ဓာတ္ပံုလွလွေလးေတြ ဆက္တိုက္တင္လို႔ေနပါတယ္။

Photos : ေရႊမႈံရတီ
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ရွှေမှုံရတီကတော့ ဖေ့စ်ဘွတ်မှာ တစ်နေ့တစ်မျိုးရေးပြီး ခန့်မှန်းရခက်အောင် လုပ်နေတော့တာပါပဲ။

တစ်နေ့ (ဇန်နဝါရီလ ၇ ရက်) က Single ဖြစ်သွားပြီလို့ ရေးခဲ့တဲ့ ရွှေမှုံရတီဟာ လွန်ခဲ့တဲ့ ၁၀ နာရီက အခုလို ရေးထားပြန်ပါတယ်။

"လူတွေက ပြောတယ်။ အချစ်က ပူလောင်တယ်တဲ့။ ဒါပေမဲ့ ကျွန်မအတွက်ကတော့ အချစ်က ချည်နှောင်ခြင်းတစ်မျိုးပဲ" တဲ့။ အဲဒီစာနဲ့အတူ သူမဟာ Feeling in Love ဖြစ်လို့နေပါတယ်။

သရုပ်ဆောင်ကောင်းပြီး လှပပြီး စမတ်ကျတဲ့ သူမရဲ့စတိုင်ကြောင့် ရွှေမှုံရတီကို ချစ်ကြတဲ့သူတွေက သူမဘာပဲဖြစ်ဖြစ် ချစ်နေကြတာပါပဲ။

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းကတော့ သူမဟာ "We break up" လို့ ရေးသားခဲ့တာ ဖြစ်ကာ နောက်တစ်နေ့မှာတော့ နောက်လိုက်တာလို့ သူမက ပြန်ပြောခဲ့ပါတယ်။

အဲဒီတုန်းကတော့ တော်တော်လေး ဂယက်ရိုက်သွားခဲ့ပါသေးတယ်။ ဒီတစ်ခါတော့  အားလုံးက နောက်နေတယ်လို့ပဲ ထင်နေကြတာပါပဲ။

ရွှေမှုံရတီက မတ်လ(၂၅)ရက်နေ့က ချစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ပြီး သူမရဲ့ချစ်သူကို ပရိသတ်ကို ပြသခဲ့ကာ မတ်လ ၂၇ ရက်နေ့မှာတော့ Live လွှင့်ကာ မောင်လို့ သူမ အမြတ်တနိုးခေါ်တဲ့ ချစ်သူကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ ရွှေမှုံဟာ ချစ်သူနဲ့တွဲလျက် ဓာတ်ပုံတွေတင်တာ သိပ်တွေ့ရလေ့တော့ မရှိခဲ့ပေမဲ့ သူတို့ရဲ့အချစ်ရေးအဆင်ပြေနေတယ်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။

ပါရီမှာ ဈေးဝယ်ထွက်ရတာ ကြိုက်တဲ့ ရွှေမှုံရတီဟာ လက်တလောမှာ ပါရီမြို့ကို ရောက်နေတာဖြစ်ပြီး  ဓာတ်ပုံလှလှလေးတွေ ဆက်တိုက်တင်လို့နေပါတယ်။

Photos : ရွှေမှုံရတီ

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top