ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
(၁)ထွန်းထွန်း
(၂)အေးမြတ်သူ
class=”postImageUrl”>
Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #
အချစ်နဲ့ပတ်သက်ပြီး အခုနောက်ပိုင်းမှာတော့ အနုပညာရှင်တွေ၊ဆယ်လီတွေက အရင်ကထက်စာရင် တော်တော် လေးကို ပွင့်လင်းလာကြတယ်လို့ ပြောရမှာပါ။အဲ့ဒီထဲမှာမှ တစ်ချို့ကတော့ ဆယ်လီအချင်းချင်း ချစ်ကြိုးသွယ် ကြတဲ့ သူ တွေလည်း ရှိသလို ဆယ်လီမဟုတ်တဲ့ အပြင်ကလူနဲ့ တွဲနေကြသူတွေလည်း ရှိပါတယ်။ဆယ်လီ အချင်းချင်း တွဲတဲ့ သူတွေ ကတော့ ဖွင့်မပြောရင်လည်း ပရိသတ်တွေက မိတာမြန်ပေမယ့် ဆယ်လီမဟုတ်တဲ့ အပြင်လူတွေ နဲ့ တွဲကြတာ မျိုးကတော့ တော်တော်ကြီးကြာမှ ပရိသတ်တွေက သိကြတာတွေ များပါတယ်။ချစ်သူရှိကြောင်း ပရိသတ်ကို အသိပေး ထားပေမယ့် ချစ်သူကို ထုတ်မပြေသေးပဲ ပဟေဋ္ဌိလုပ်ထားကြတဲ့ ဆယ်လီတစ်ချို့ ရှိပါတယ်။ သူတို့ ကတော့…
(၁)ထွန်းထွန်း
အဆိုတော် ထွန်းထွန်းကတော့ သူ့ရဲ့ ဖုန်း screen ပုံကို fb ပေါ်တင်ခဲ့တာတွေ၊နောက်သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ် မှာ ရေးသားတဲ့စာတွေ အရ ထွန်းထွန်း ချစ်သူရနေပြီဆိုတာကို ပရိသတ်တွေက သတိထားမိခဲ့တာပါ။ထွန်းထွန်းရဲ့ ချစ်သူ ကတော့ အပြင်ကဖြစ်ပြီး နာမည်ကတော့ Su Sandi OO လို့ သိရပါတယ်။ချစ်သူသက်တမ်းကတော့ (၆) လ ကျော် သွားပါပြီ။
ထွန်းထွန်းက ချစ်သူနဲ့ ပုံတွေကို သူ့ရဲ့ Instagram မှာ တင်လေ့ရှိပေမယ့် body အစိတ်အပိုင်း၊ လက်၊ကိုယ် လုံး၊တစ်ကိုယ်လုံးပုံဆိုရင်လည်း မျက်နှာကို ဖုံးကွယ်ပြီး တင်လေ့ရှိပါတယ်။ရှားရှားပါးပါး မျက်နှာပါတဲ့ ပုံတင်ပြန်တော့ လည်း မျက်နှာက အပြည့်ဖော်ပြမထားပဲ ဖုံးကွယ်ပြီး တင်ထားတာကို တွေ့ရပါတယ်။ပရိသတ်တွေကတော့ ပုံတွေ ရဲ့ အောက်မှာ မျက်နှာအပြည့်ပြဖို့ ၊မျက်နှာလေးကြည့်ချင်တယ်ဆိုပြီး တောင်းဆိုထားတာကို တွေ့ရပါတယ်။
(၂)အေးမြတ်သူ
ပရိသတ်တွေရဲ့ အချစ်တော် ပါးချိုင့်မင်းသမီးလေး အေးမြတ်သူကလည်း အချစ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပဟေဋ္ဌိလုပ်ထားကြတဲ့ ဆယ်လီတွေထဲက တစ်ယောက်ပါ။သူမ ရဲ့ ပဟေဋ္ဌိ ကတော့ ပရိသတ်တွေ ခုထိ အဖြေရှာ မရသေးပါဘူး။Instagram မှာ အေးမြတ်သူပြောပြောနေတဲ့ “missukm..” ဆိုတာ ဘယ်သူလဲ သိချင်နေပေမယ့် အခုထိတော့ မသိရသေးပါဘူး။အနုပညာ ထဲက မဟုတ်ပဲ အပြင်လောက ကသူဖြစ်ဖို့ များပါတယ်။နှစ်ယောက် တွဲ ပုံလေးတွေတော့ တင်ပေမယ့် မျက်နှာကို သေချာ မပြပဲ ဝေေ၀ဝါးဝါးပုံတွေ ချည်းပါပဲ။ပရိသတ်တွေ ကတော့ ပုံတွေရဲ့ အောက်မှာ ချစ်သူကို ထုတ်ပြပါတော့လို့ comment တွေကနေ တောင်းဆိုထားပေမယ့် အခုထိ ဖုံးကွယ်ထားတာကို တွေ့ရပါတယ်။
(၃)G fatt နဲ့နန်းဆုရတီစိုး
ပဟေဋ္ဌိမဟုတ်တဲ့ ပဟေဋ္ဌိ လို့ပြောရမှာပါ။သူတို့နှစ်ယောက်တွဲနေကြပြီ လို့ အစတည်းက သတင်းတွေ ထွက်ခဲ့ပေမယ့် နှစ်ယောက်လုံးက official ဘာမှ ထုတ်မပြောတော့ တွဲနေတာ တကယ်ဟုတ်၊မဟုတ် ပရိသတ်တွေကို စဉ်းစားရတဲ့ ခေါင်းခြောက်စေခဲ့တဲ့ စုံတွဲပါ။အစပိုင်းတည်းက လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ရည် ရွယ်ပြီးရေးတဲ့စာတွေ၊တစ်ယောက်နဲ့တစ်ယောက် စနောက် မန့်ထားတဲ့ Comment တွေ ရှိခဲ့ပေမယ့် ကာယယံရှင်ေ တွ ဘက်က နှုတ်ဆိတ်နေတော့ ပရိသတ်တွေ ဇဝေဇဝါ ဖြစ်ခဲ့ပါသေးတယ်။အခုနောက်ပိုင်းမှာတော့ Instagram မှာ ပေါ်တင်စကားပြောဆို အပြန်အလှန် Comment ရေးတာတွေကိုတော့ တွေ့လာရပါပြီ။ဓါတ်ပုံတွေ တော့ တင်ပေမယ့် အခုချိန်ထိ နှစ်ယောက်ပုံကို ရှင်းရှင်းလင်း မတင်သေးပဲ မျက်နှာကို ဖုံးကွယ်၊နောက်ကျောပုံတွေကိုပဲ တင်နေသေး တာကို တွေ့ရပါတယ်။
class=”postImageUrl”>
from အနုပညာရှင်များရဲ့ IG
ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top