စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ေတးသီခ်င္းေကာင္းေလးေတြကို ေရးစပ္သီဆိုေလ့ရွိတဲ့ ေတးေရးဆရာ အဆိုေတာ္လင္းလင္းဟာ ဂီတေလာကမွာ ပရိသတ္အခိုင္အမာရရွိထားသူျဖစ္ပါတယ္။

အမႊာသမီးေလးႏွစ္ေယာက္ေမြးဖြားၿပီးေနာက္မွာ သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကိုတည္ေဆာက္ေနတဲ့ လင္းလင္း နဲ႔ ခ်စ္သုေဝတို႔ ဇနီးေမာင္ႏွံဟာ ဘာသာမတူေပမယ့္နားလည္မႈေတြရွိတဲ့စုံတြဲမို႔ သူတို႔မိသားစုေလးကိုအားက်ေနတဲ့ ပရိသတ္မ်ားစြာရွိေနတာပါ။

လက္တေလာမွာေတာ့ အမႊာသမီးေလးႏွစ္ေယာက္ျဖစ္တဲ့ ေခတ္ နဲ႔ သစ္ ရဲ႕ ေဖေဖ လင္းလင္းတစ္ေယာက္ သူ႔သမီးေလးေတြရဲ႕ ပုံကို သူ႔ခႏၶာကိုယ္ေပၚမွာ တက္တူးထိုးလိုက္ၿပီျဖစ္တယ္လို႔သိရပါတယ္။

ကိုယ္ေပၚမွာ တက္တူးထိုးဖို႔ဆိုတာ စိတ္ကူးသေလာက္သာ လြယ္ေပမယ့္ တကယ္တမ္းလက္ေတြ႕အေကာင္ထည္ေဖာ္ဖို႔ဆိုတာ အသားလည္းအနာခံရတာမို႔ တကယ္ကို ခက္ခက္ခဲခဲ လုပ္ရမယ့္အရာတစ္ခုပါ။

ေရာ့ခ္ကာႀကီး ေဖေဖလင္းလင္းကေတာ့ သူ႔သမီးေလးေတြကို ဘယ္ေလာက္ေတာင္ အူလႈိက္သဲလႈိက္ခ်စ္လဲဆိုတာ တက္တူးထိုးရင္း ဖခင္တစ္ေယာက္ရဲ႕ ေမတၱာကိုေဖာ္က်ဴးထင္ဟပ္ေစတဲ့ အမွတ္တရဖန္တီးျပလိုက္တာပါ။

ေမျမန္မာေခတ္ နဲ႔ ေမျမန္မာသစ္တို႔ရဲ႕ ႐ိုုက္ကူးထားဖူးတဲ့ ဓာတ္ပုံေလးေတြထဲကအတိုင္း တစ္ေထရာတည္းတူေအာင္ ထိုးထားတဲ့ တက္တူးလက္ရာကလည္း လွပေသသပ္လြန္းပါတယ္။

ႏွစ္သစ္မွာ အသက္တစ္ႏွစ္ျပည့္သြားၾကတဲ့ ေခတ္ နဲ႔ သစ္ တို႔ညီမေလးႏွစ္ေယာက္ကိုေတ့ာ မ်က္ႏွာျမင္ခ်စ္ခင္ပါေစဆိုတဲ့ ဆုေတာင္းျပည့္သလိုပါပဲ။ ေဖေဖ ေမေမ ထက္ေတာင္ ပိုၿပီးလူခ်စ္လူခင္မ်ားေလာက္ေအာင္ ခ်စ္စရာေကာင္းလြန္းေနတာေၾကာင့္ ေဖ့ဘုတ္ဆယ္လီေတြေတာင္ျဖစ္ေနပါၿပီ။ မိဘႏွစ္ပါး အ သဲတုန္ေအာင္ခ်စ္တာလည္း မဆန္းေတာ့့့ပါဘူးေနာ္။ ပရိသတ္ႀကီးေရာ လင္းလင္းရဲ႕ တက္တူးကို ေႂကြသြားၿပီလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwin pyin

#Unicode Version#
တေးသီချင်းကောင်းလေးတွေကို ရေးစပ်သီဆိုလေ့ရှိတဲ့ တေးရေးဆရာ အဆိုတော်လင်းလင်းဟာ ဂီတလောကမှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

အမွှာသမီးလေးနှစ်ယောက်မွေးဖွားပြီးနောက်မှာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုတည်ဆောက်နေတဲ့ လင်းလင်း နဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ ဘာသာမတူပေမယ့်နားလည်မှုတွေရှိတဲ့စုံတွဲမို့ သူတို့မိသားစုလေးကိုအားကျနေတဲ့ ပရိသတ်များစွာရှိနေတာပါ။

လက်တလောမှာတော့ အမွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ် နဲ့ သစ် ရဲ့ ဖေဖေ လင်းလင်းတစ်ယောက် သူ့သမီးလေးတွေရဲ့ ပုံကို သူ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

ကိုယ်ပေါ်မှာ တက်တူးထိုးဖို့ဆိုတာ စိတ်ကူးသလောက်သာ လွယ်ပေမယ့် တကယ်တမ်းလက်တွေ့အကောင်ထည်ဖော်ဖို့ဆိုတာ အသားလည်းအနာခံရတာမို့ တကယ်ကို ခက်ခက်ခဲခဲ လုပ်ရမယ့်အရာတစ်ခုပါ။

ရော့ခ်ကာကြီး ဖေဖေလင်းလင်းကတော့ သူ့သမီးလေးတွေကို ဘယ်လောက်တောင် အူလှိုက်သဲလှိုက်ချစ်လဲဆိုတာ တက်တူးထိုးရင်း ဖခင်တစ်ယောက်ရဲ့ မေတ္တာကိုဖော်ကျူးထင်ဟပ်စေတဲ့ အမှတ်တရဖန်တီးပြလိုက်တာပါ။

မေမြန်မာခေတ် နဲ့ မေမြန်မာသစ်တို့ရဲ့ ရိုုက်ကူးထားဖူးတဲ့ ဓာတ်ပုံလေးတွေထဲကအတိုင်း တစ်ထေရာတည်းတူအောင် ထိုးထားတဲ့ တက်တူးလက်ရာကလည်း လှပသေသပ်လွန်းပါတယ်။

နှစ်သစ်မှာ အသက်တစ်နှစ်ပြည့်သွားကြတဲ့ ခေတ် နဲ့ သစ် တို့ညီမလေးနှစ်ယောက်ကိုတေ့ာ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းပြည့်သလိုပါပဲ။ ဖေဖေ မေမေ ထက်တောင် ပိုပြီးလူချစ်လူခင်များလောက်အောင် ချစ်စရာကောင်းလွန်းနေတာကြောင့် ဖေ့ဘုတ်ဆယ်လီတွေတောင်ဖြစ်နေပါပြီ။ မိဘနှစ်ပါး အ သဲတုန်အောင်ချစ်တာလည်း မဆန်းတော့ပါဘူးနော်။ ပရိသတ်ကြီးရော လင်းလင်းရဲ့ တက်တူးကို ကြွေသွားပြီလား။


ဖိုးသူတော် (www.phothutaw.com)
Credit: lwin pyin


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top