ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

2001 ခုႏွစ္ ၀ါဆိုအဖိတ္ေန႔ ရယ္ လျပည့္ေန႔ရယ္က ကၽြန္ေတာ္ အရင္ ေနခဲ့တဲ့ အိမ္ရဲ့ သံုးအိမ္ေက်ာ္ အိမ္မွာ အဲဒီ ကိစၥတစ္ခု ျဖစ္တယ္ဗ်

ေမာင္ႏွစ္မ ေလးေယာက္ ေနတယ္ ေပါ့ဗ်ာ.. အႀကီးဆံုးက မိန္းမ ရွိတယ္ သားက ကိုးတန္း သမီးက ေျခာက္တန္း၊ ညီအလတ္ရယ္ ညီမအငယ္ရယ္ ညီအေထြးရယ္က လူလြတ္ေတြ

ညီမအငယ္က စိတ္ထားဆိုးတယ္ဗ် သူ႔ အလုပ္မွာ သူ႔ရာထူးတိုးေရးအတြက္ ေအာက္လမ္း ဆရာေတြနဲ႔ ပင္းတာေတြဘာေတြ လုပ္တယ္

အိမ္ေရွ႕ လမ္းမမွာ ညသန္းေခါင္ အမဲသားစိမ္း ငါးဆယ္သား ေခါစာ ခဏခဏ ထြက္ေကၽြးတယ္

တခါသား သူက ခရီး ထြက္သြားေတာ့ သူ႔ေမာင္ ကို ေကၽြးဖို႔ မွာသြားေရာ

သူ႔ေမာင္က ေၾကာက္ေၾကာက္နဲ႔ အိမ္ျပင္မွာ မေကၽြးပဲ အိမ္ျခံေထာင့္မွာ ေကၽြးလိုက္ေရာဗ်ာ.

အဲဒါ သူကလဲ ျပန္မေျပာဘူး ေနာက္ သံုးလေလာက္အတြင္းမွာ ေစာေစာက ေျပာတဲ့ ညီမငယ္ဟာ ဘာေရာဂါမွန္း ရွာမရပဲ ေဆးရံုတင္လိုက္ရေရာဗ်ာ...

အဲဒီ ၀ါဆိုလျပည့္ အဖိတ္ေန႔ က်ေတာ့ သူက မေသပဲ ပုပ္ေနၿပီ ေဆးရံုမွာ။

အိမ္မွာလဲ သူ႔ကိစၥ ဗာဟီရေတြ အျခား အိမ္မႈကိစၥေတြ မႏိုင္ၾကေတာ့ အစ္ကိုႀကီးရဲ့ မိန္းမရဲ့ အစ္မ၊ ေတာမွာ ေနတဲ့ အမ်ဳိးသမီးႀကီးကို ေခၚထားၾကတယ္ေပါ့ဗ်ာ။

ညေန ေျခာက္နာရီေလာက္ ကၽြန္ေတာ္ အလုပ္က ျပန္လာၿပီး (အဲဒီတုန္းက သူငယ္ခ်င္းေတြနဲ႔ programming group ေလး ေထာင္ထားတယ္ဗ်) ေနတုန္း အိမ္က အဖိုးကုိ အစ္ကိုႀကီးရဲ့ မိန္းမက လာေျပးေခၚေရာဗ်ာ သူတို႔ ညီအစ္ကိုေတြက နဲနဲေသာက္တတ္တယ္ဗ်

ဒါနဲ႔ မူးၿပီး ရမ္းတယ္ ထင္လို႔ လိုက္သြားတာ.. ဟိုအိမ္လဲ ေရာက္ေရာ တကယ္ရမ္းေနတာက ပိန္တာရိုး မိန္းမ ဖစ္ေနေရာ.. ေယာက်္ားႀကီး သံုးေယာက္ အိမ္ေထာင့္သံုးေထာင့္ မွာ ကုပ္လို႔ ဗ်ား

အဲဒီ မိန္းမက ေပါင္ ကိုးဆယ္ မျပည့္ဘူး လက္ေခ်ာင္းကေလးေတြက ပုသိမ္ထီး ထီးရိုး သာသာ ဘဲ ရွိတယ္ ကၽြန္ေတာ္ရယ္ ရပ္ကြက္က ေယာက်္ား ႏွစ္ေယာက္ရယ္ ၀ိုင္းခ်ဳပ္တာ

ဟင္းဟင္း.. ေနာက္တစ္ေယာက္က လက္ဖ်ံကိုခ်ဳပ္ထားေပးၿပီး ေကြးထားတဲ့ လက္သန္းကို ကၽြန္ေတာ္က ဆြဲျဖည္တာ ျဖည္မရဘူးဗ်

အဲဒါ ဘယ္လက္ေနာ္.. တၿပဳိင္ထဲပဲ ညာလက္နဲ႔ ဖိလစ္ သရီးဒိုး ေရခဲေသတၱာႀကီးကို တြန္းထဲ့လိုက္တာ ေရခဲေသတၱာ လြင့္ကို ထြက္သြားတာ ...... လဲသြားတာ မဟုတ္ဘူးေနာ္

အတြင္းအားတယ္ျပင္းတယ္ေနာ္

သပ္သပ္သပ္စီေနာ္.. ေခါစာေကၽြးတဲ့ ညီမငယ္က ေဆးရံုမွာ ခုဟာက အစ္ကို အႀကီးဆံုးရဲ့ မရီး.. ေတာက လာေနတဲ့ အမ်ဳိးသမီးႀကီးေနာ္

အဲဒါနဲ႔ ညီအငယ္ဆံုးက လုပ္မိလုပ္ရာ ပုတီး ေကာက္စြပ္လိုက္ေတာ့ မ်က္လံုးႀကီး ျပဴး၊ လွ်ာႀကီး တစ္လစ္ ထြက္ၿပီး ၿငိမ္သြားေရာဗ်.. အဲေတာ့မွာ အဖိုးက ၀ိပႆနာ လုပ္ေနတာဆိုေတာ့ ဦးေဆာင္ၿပီး ပုတီး ျပန္ခၽြတ္ရင္ ၿငိမ္ၿငိမ္ေနမလား ေမးေရာဗ် .. ဟိုက ေခါင္း ညိမ့္ျပတာနဲ႔ ပုတီး ခၽြတ္ၿပီး ေမးေတာ့မွ

အဲလို ပဲ အလုပ္ေတြ ခဏခဏခိုင္း.. အိမ္ထဲေခၚၿပီး ေခါစာ တစ္ခါပဲ ေကၽြး ျပန္လဲ မႏွင္လို႔ ဘာမွလဲ ရွာစားလို႔မရလို႔ လုပ္ထည့္လိုက္တာ ဆိုေရာကိုး

ဟုတ္ၿပီ ဒါဆိုရင္ ခ်က္ၿပီးသား ထမင္းေတြ ဟင္းေတြရွိတယ္ ခုစားမလား ဆိုေတာ့ မစားဘူးတဲ့ဗ်

ဒါဆို ဘာစားမွာတုန္း ဆိုေတာ့ အမဲသား ငါးဆယ္သားတဲ့

ဟုတ္ၿပီ ခုက ညခုနစ္နာရီ ထိုးေတာ့မယ္ ေစ်းေတြလဲ ပိတ္ကုန္ၿပီ စားခ်င္တာ စားရရင္ ထြက္မွာလား ေအးေအးလူလူ ျပန္မွာလား ေပးထားတဲ့ ဒုကၡေတြ ျပန္ႏႈတ္ေပးမွာလား ေမးေတာ့ အင္း.... တဲ့

ဒါဆို နက္ျဖန္ ညေန ေျခာက္နာရီကို ေကၽြးမယ္ ျဖစ္မလား ဆိုေတာ့ အင္း.. တဲ့

ျဖတ္ေမးဦးမယ္ ခင္ဗ်ား လွ်ာကို ဘယ္ေေလာက္ထိ ထုတ္လို႔ရသလဲ

ဲဟဲ သူ႔လွ်ာ ထြက္လာတာ ဇလုပ္ကို ထိတယ္ဗ်

သြားမွာပါ အစြယ္ ထြက္လာတာ.. ဖလင္ တစ္လိပ္တိတိ ကၽြန္ေတာ္ ဓာတ္ပံု ရိုက္ထားတယ္ဗ် (ပံုေတြေတာ့ ကာယကံရွင္ေတြကို ေလးစားေသာအားျဖင့္ မတင္ပါရေစနဲ႔ဗ်ာ)

ဒါနဲ႔ နက္ျဖန္ ရက္ခ်ိန္းရေတာ့ အိုေက ေပါ့..

ျပင္စရာဆင္စရာရွိတာ ျပင္ဆင္ၿပီး ေစာင့္ေနၾကတာေပါ့..

ေနာက္ေန႔က ၀ါဆိုလျပည့္ေန႔ေလ..

အဲဒီေတာ့ကၽြန္ေတာ္က အစ္ကိုအႀကီးဆံုးရဲ့သားကို တိုးတိုး မွာထားတယ္..“ေဟ့ေကာင္အေျခအေန မေကာင္းရင္ တီဗီ ေျပးဖြင့္..“ လို႔ ညေန ေျခာက္နာရီဆိုရင္ တီဗီကေနသပိတ္အိုင္ဆရာေတာ္ရဲ့ ၀ါဆိုလျပည့္ေန႔နဲ႔ ပတ္သက္တဲ့ တရားလာတယ္ေလ

အမဲသားစိမ္း ငါးဆယ္သားကို ေကၽြးမွာက ျခံထဲမွာ အရင္ ေကၽြးထားတဲ့ ေဒါင့္ပဲ.. ဟဲဟဲ နံကရိုင္းမယ္ေတာ္ နတ္စင္ ေအာက္တည့္တည့္ ဗ်ား.....

ဒါနဲ႔ အဲဒီအမ်ဳိးသမီးႀကီးနဲ႔ ကၽြန္ေတာ္နဲ႔ ေဆးလိပ္ တစ္ေယာက္တစ္လိပ္စီ ဖြာေနၾကတာေပါ့ဗ်ာ ..

အဲသရဲက ဒိတ္သြားေတာ့ ကၽြန္ေတာ္လဲ ကင္မရာ ႏွစ္လံုးကို အယ္လကာလိုင္း ဘက္ထရီအသစ္စက္စက္ေတြ ထည့္.. ကြန္နီးကာ စင္က်ဴရီယာ 500 တစ္လိပ္စီ ထည့္လို႔ အသင့္ျပင္ထားတာေပါ့ဗ်ာ.. တစ္လံုးက ကၽြန္ေတာ့္ အေဖဟာ မီေနာ္လ္တာ ပရိုသံုးဗ်အသစ္ႀကီး ကၽြန္ေတာ့္ဟာကေတာ့ ကင္ႏြန္35mm အစုတ္ကေလး.. ဖလင္က စင္က်ဴရီယာ 500ေတာ့ ဟုတ္တယ္/ သံုးေလးရက္ကမွ မႏၲေလးက ျပန္လာေတာ့ အဲဒီဖလင္လိပ္ ပထမဆံုးအကြက္မွာ မဟာျမတ္မုနိဘုရားႀကီးပံု တစ္ပံု ရိုက္ထားတယ္/

ဒါနဲ႔ခုန ေျပာပါေရာ ေဆးလိပ္ တစ္ေယာက္တစ္လိပ္စီ ထိုင္ဖြာေနတုန္း သူ႔လက္က ဆတ္ဆတ္ဆတ္ဆတ္နဲ႔ တုန္လာေရာဗ်.. အဲဒီအမ်ဳိးသမီးက အလြန္ သိမ္ေမြ႕တာဗ်. စကားေျပာတာကအစ ဘယ္ေတာ့မွ အသံမာမာ မေျပာဘူး.. ဒါနဲ႔ အဲလို တုန္လာေတာ့ ကၽြန္ေတာ္က အစ္မဘာျဖစ္တာလဲ ဆိုၿပီး သူ႔လက္ကို လွမ္းထိလိုက္ေတာ့

မ်က္ေစာင္းနီႀကီး ထိုးတဲ့ၿပီး ဖယ္စမ္း ငါ့မထိန႔ဲ တဲ့ ေအာ္ေရာ..

အဲေတာ့မွ ပြဲစၿပီ ဆိုၿပီး ကိုယ့္ေနရာ ကိုယ္ယူၾကတာေပါ့ဗ်ာ..

အဲဒီမွာခုနက ကိုးတန္း ခ်ာတိတ္က တီဗီ ေျပးဖြင့္မလို႔ လုပ္ေရာ. ဟဲဟဲ သရဲကအသံနက္ႀကီးနဲ႔ က်ံဳးေအာ္တယ္ မဖြင့္နဲ႔ တဲ့... အဲဒါက ထူးဆန္းတာ တခ်က္ဗ်

ဒါနဲ႔ သူ႔ကို ကၽြန္ေတာ့္ အဖိုးက ေမးတယ္ ဘယ္မွာေနတုန္း ဘာညာေပါ့ဗ်ာ.. ေနာက္ဒို႔မွာ ကုသိုလ္ေတြ ရွိတယ္ မင္းကို အမွ်ေ၀မယ္ ကိုင္း သာဓုေခၚ ဆိုၿပီး အမွ်ေ၀ၾကေရာဗ်.. အဲဒီမွာဗ်ာ လည္ေခ်ာင္းထဲက တစီစီနဲ႔ အသက္ငင္သလို အသံႀကီးျဖစ္လာၿပီး ရႈိက္ႀကီးတငင္ ငိုရွာေရာဗ်ာ...

မေခၚႏိုင္ဘူးတဲ့ သူက အရိေမေတၱယ်ဘုရားပြင့္မွ ကၽြတ္မွာတဲ့... ငိုရင္း ေျပာရွာတယ္ဗ်

ကၽြန္ေတာ္ကေတာ့ ဖလက္ရွ္ေရာ ဇြန္းေရာ စိတ္ႀကဳိကဖြင့္ၿပီးရိုက္ေတာ့တာေပါ့ဗ်ာ မီေနာ္လ္တာကို ပရို ဓာတ္ပံုသမား တစ္ေယာက္ကို ေပးထားတယ္ကၽြန္ေတာ္က ကင္ႏြန္နဲ႔ ရိုက္တယ္

အဲလိုငိုငို ေျပာေျပာ ေနတုန္း ညီအလတ္က သူ႔စိတ္ကူးနဲ႔သူ အနီးနားဘုန္းႀကီးေက်ာင္းက ဆြမ္းစားေက်ာင္း ဘုန္းႀကီးကို တက္စီႀကီးနဲ႔ပင့္ခ်လာပါေရာဗ်ာ

ကၽြန္ေတာ္တို႔က မျမင္ဘူးဗ် အိမ္တံခါးမက ကၽြန္ေတာ္တို႔ ေနာက္မွာ။ ဧည့္ခန္းထဲမွာ ျဖစ္ေနၾကတာကိုး.. အိမ္က ႏွစ္ခန္းတြဲ အိမ္ေတြေလ

ဘုန္းႀကီးကတံစက္ျမိတ္ရိပ္ကို နင္းလိုက္တာနဲ႔ တခါထဲ မီးဖိုထဲ ပစ္ခ်လိုက္သလိုထြန္႔ထြန္႔လူးၿပီး ပူလွေခ်ရဲ့ ေသရေခ်ရဲ့နဲ႔ အသံနက္ႀကီးနဲ႔က်ဳံးေအာ္တာဗ်ာ.. ကၽြန္ေတာ္တို႔က ဘုန္းႀကီးကုိ မျမင္ရေသးဘူးေလ/ရုတ္တရက္ႀကီး တရႈပ္ရႈပ္ ငိုေနရာကေန ထေအာ္ေတာ့ ဘယ္ေလာက္ လန္႔ကုန္ၾကမလဲစဥ္းစားသာ ၾကည့္ဗ်ာ/

အဲလို လန္႔ျဖန္႔ကုန္တုန္း ဘုန္းဘုန္းက အိမ္ထဲကို ၾကြလာပါေရာဗ်ာ.. အဲဒီမွာငါ့ကို အျပင္ထုတ္ေပးၾကပါ သြားပါ့မယ္ ခုသြားပါ့မယ္ ဆိုၿပီး သနားစရာေတာင္းပန္ပါေရာဗ်ာ...

လမ္းမွာညီလတ္က အေၾကာင္းစံု ေလွ်ာက္လာေတာ့ ဘုန္းႀကီးကလဲဇာတ္ရည္လည္ထားၿပီးသားေပါ့ဗ်ာ.. ဒါနဲ႔ ကဲ နင္ စားစရာ ရွိတာ စား... ၿပီးရင္ျပန္.. ျပသနာ မရွာနဲ႔ လို႔ မိန္႔ေရာ. သူက ျပန္ေျပာတယ္ဗ် ဘုန္းႀကီး ရွိရင္သူ စားလို႔ မရဘူးတဲ့

ဒါနဲ႔ အဖိုးက ဘုန္းဘုန္းကို ပင့္သြားေရာ ဘုန္းဘုန္းကလဲ ဒါဆိုရင္ ငါ ဖယ္ေပးမယ္ ေပါ့ဗ်ာ/ ႏွစ္ခန္းတြဲမွာ ခုျဖစ္တာက ေခါင္းရင္းခန္း ကိုးဗ်။ ေျခရင္းခန္း အိမ္ကို ပင့္သြားေရာ။

ဘုန္းဘုန္းလဲ ျခံျပင္ထြက္သြားေရာ ေသာင္းက်န္းလိုက္တာ ေျဗာင္းကို ဆန္ေရာဗ်ာ သူ႔နား ရွိတဲ့လူေတြ အကုန္ ရွဲရေတာ့တာ။

ခဏလဲ ေနေရာ ခုနလို ဆတ္ဆတ္တုန္ၿပီး အသံနက္ႀကီးနဲ႔ ေအာ္ျပန္ေရာဗ်

ဘာျဖစ္တာလဲလို႔ကၽြန္ေတာ္ က ေမးၾကည့္ေတာ့မွ ဘုန္းႀကီး ရွိေသးတယ္ ဆိုၿပီး ေအာ္ေရာ..မရွိပါဘူး ေျပာလဲ မရဘူး.. ရွိတယ္ ရွိတယ္ ပဲ ေအာ္ေရာ..

ဒါက ဒုတိယ ထူးဆန္းျခင္းဗ်။ အိမ္တံစက္ျမိတ္ တစ္ခုတည္း ဆိုရင္ အာဏာတည္တယ္ ဆိုပဲ။ သူေျပာတာ။

ဒါနဲ႔ အဲဒီ အပကို ေျပာရတာေပါ့ဗ်ာ ခု ေကၽြးမယ္ နင္ လုပ္ထားတာေတြ နင္ နႈတ္ေပး ဆိုေတာ့

အိမ္မွာရယ္ အိမ္သားေတြ ေပၚမွာရယ္ သူလုပ္ထားတာေတြကိုေတာ့ ဖယ္ေပးတယ္ဗ်။ လက္ကို ဟိုရမ္း ဒီရမ္း လုပ္တာပဲ။

ေနာက္ ဟို ေ၀ဒနာရွင္ ကိုေ၇ာ နင္ လုပ္တာလား ႏႈတ္ေပးလို႔လဲ ေျပာေရာ

အဲဒါေတာ့ မရေတာ့ဘူး လြန္ေနၿပီတဲ့ သူက မၾကာခင္ ငါ့ ေအာက္ကို ငါ့အေစအပါးအျဖစ္ လာရေတာ့မွာ တဲ့ဗ်ာ........

တကယ္လဲ ဟုတ္တယ္ ေနာက္ သံုးေလးရက္မွာ ဆံုးသြားတယ္။

အဲဒီပူးတဲ့အခ်ိန္မတိုင္ခင္ တပတ္ေလာက္ထဲက ေဆးရံုက လူနာနားကို ဘယ္သူမွ ကပ္လို႔မရေတာ့ဘူးဗ် ပုပ္ေစာ္ေတြ နံလိုက္တာ ဆိုတာဗ်ာ.. ေနာက္ ဆံုးသာသြားေရာဘာေရာဂါမွန္းကို အေျဖမထြက္ဖူးဗ် ဒါက တတိယ ထူးဆန္းတာ

ဒါနဲ႔ နင့္ေအာက္မွာ ဘယ္ေလာက္မ်ား ရွိတုန္း ဆိုၿပီး ေမးေတာ့..

ဟဲဟဲ

နင္တို႔ လူေတြရွိ ရွိသမွ်ထက္ေတာင္ ငါ့တစ္ေယာက္ထဲ ေအာက္က အေစအပါးက မ်ားေသးတယ္တဲ့

ငါလိုမ်ဳိးေတြလဲ အမ်ားႀကီး ရွိတယ္ တဲ့

ငါ့အထက္မွာလဲ အမ်ားႀကီးပဲ တဲ့

မွတ္ကေရာဗ်ား

သူကေတာ့ သူ႔ကိုယ္သူ ကြင္းပိုင္ လို႔ ေျပာတယ္ဗ်။ ကၽြန္ေတာ္တို႔ ေနတဲ့ ၿမဳိ႕ႀကီး မတည္ခင္ ဒီေနရာ ပင္လယ္ကေန ကုန္းေပၚကတည္းက သူ ဒီမွာ ေနတာ ဆိုပဲ။

အဓိကရ တံတား ႀကီးတစ္ခုရဲ့ အဆင္းက ေညာင္ပင္ႀကီးက သူ႔ေနရာ တဲ့

(အဲဒါ ၾကားကတည္းက အတြဲေတြအစား ကၽြန္ေတာ္ ရင္တုန္လိုက္တာ ေျပာမေနနဲ႔)

ျဖတ္ေျပာရရင္ဆိုင္ဘာ အေဒါ့ျခံ မရွိခင္ကတည္းက သူက ျမန္မာလိုက္ဖ္ရႈိးေတြ ရွယ္ ၾကည့္ရမွာ ဟိ

ဒါနဲ႔ ေကၽြးေရာဗ်

ခင္ဗ်ား စဥ္းစားၾကည့္ဗ်ာ အမဲသား ငါးဆယ္သား အစိမ္းနဲ႔ ေရသန္႔ ေျခာက္ဗူးကို တထိုင္တဲ ျပဳိက္ကနဲပဲ

ထူးထူးဆန္းဆန္း တစ္ခု ႀကဳံေသးဗ်

သူကျခံေထာင့္မွာ ေဆာင့္ေၾကာင့္ႀကီး ထိုင္စားေနတာကိုး.. ျခံစည္းရုိးကပုဏၰရိတ္ပင္ေတြပဲ ရွိတာဗ်ာ အရင္ လူေဟာင္းေတြ ဆိုတာက ၿမဳိ႕တည္ကတည္းကအိမ္နီးခ်င္းေတြ ဆိုေတာ့ အုတ္တံတိုင္းေတြ ဘာေတြ မကာဘူး.. ဒီလိုပဲ အားလံုးႏွစ္အိမ့္တစ္အိမ္ေတြ ခ်ည္းပဲ။ သူတို႔အိမ္ရဲ့ ဟိုဘက္အိမ္က အိမ္ရွင္မကပန္းပင္ ေရေလာင္းေနရင္း လွမ္းႏႈတ္ဆက္တယ္။ ဒီဘက္မွာ ဘာေတြ ျဖစ္ေနလဲ သူကမသိဘူးကိုး။

“အစ္မ ေနေကာင္းလားတဲ့“ ဟိုကလဲ စားရင္း တန္းလန္း ”ေအး” တဲ့

ေတာ္ေသးတယ္ ဟိုဘက္က ဒီေလာက္နဲ႔ ၿပီးသြားလို႔ ျခံစည္းရိုး သစ္ပင္ၾကားဆိုေတာ့ ေသေသခ်ာခ်ာလဲ မျမင္ရဘူးေပါ့ဗ်ာ ဘယ္သူမွန္းေတာ့ သိတာေပါ့

ေတာ္ၾကာ စားၿပီးၿပီလား ဘာနဲ႔ စားလဲ ေမးလို႔ အမဲသားစိမ္း ခု စားေနတယ္ လို႔ ေျဖရင္ ဘာေတြ ဆက္ျဖစ္မယ္ မသိဘူး။ ဟိုက ႏွလံုးေရာဂါသည္။

ဒါနဲ႔စားၿပီးေတာ့ ထြက္သြားေရာ ဆိုပါေတာ့ဗ်ာ... ထြက္တာကလဲ ၾကမ္းတယ္ဗ်ကာယကံရွင္ကို အေသ လုပ္ပစ္ခဲ့တာ.. ျခံတံခါးမႀကီးကို အကုန္ ဟင္းလင္းဖြင့္ရတာ...

ေနာက္ ျခံျပင္ထိေအာင္ သူ႔ဘာသာ လမ္းေလွ်ာက္ထြက္သြားၿပီး ျခံျပင္လဲ ေရာက္ေရာ

ေနာက္ကေနကိုင္ေျမွာက္လိုက္သလို (သူ႔ဘာသာ ခုန္သလို ဒူး မေကြးပဲနဲ႔) ေလထဲကိုလူတစ္ရပ္ေလာက္ ေျမာက္တက္သြားၿပီး အုတ္ခဲက်ဳိးပံုေပၚကို ေခါင္းနဲ႔ပစ္က်တာ.. အနီးနားက လူေတြ ေျပးဖမ္းတာ ျမန္လို႔

ဒါနဲ႔ ၀ိုင္းေခၚၾတေတာ့ ေခၚမရဘူးဗ်

ပရိတ္ေရေလး ႏွစ္စက္ေလာက္နဲ႔ ေတာက္လိုက္ေတာ့မွ ေသနတ္မွန္သလို “အင့္” ကနဲ ေအာ္ၿပီး သတိျပန္လည္လာတာ

ဒါနဲ႔သူတို႔ အိမ္သားေတြက အဲဒီအမ်ဳိးသမီးကို ေခၚၿပီး ခ်က္ခ်င္းပဲဓာတ္မွန္သြားရိုက္ၾကတယ္ဗ်.. အသားစိမ္းေတြ ဗိုက္ထဲမွာ ရွိေနေတာ့ေနမေကာင္းျဖစ္မွာ စိုးလို႔ ေပါ့ေလ.. ဟဲဟဲ ဘာမွ မရွိဘူးဗ်.. နာရီ၀က္ေတာင္မျခားဘူးေနာ္ . ဒါက နံပါတ္ေလး ထူးဆန္းမႈ ဗ်

ေနာက္ဆံုးတစ္ခုကေတာ့

ကၽြန္ေတာ္ ေနာက္ေန႔လဲ က်ေရာ ဓာတ္ပံုေတြ သြားကူးေရာ..

မွတ္မွတ္ရရ ကမ္းနားလမ္းနဲ႔ လသာလမ္းေထာင့္ ျမဴးဇစ္ပလပ္ အေခြဆိုင္ေဘးက ဓာတ္ပံုဆိုင္မွာ

မီေနာ္လ္တာ ကင္မရာသစ္က ဖလင္လိပ္ အသစ္က တစ္ပံုမွ မထင္ဘူးဗ်...

မဟာျမတ္မုနိဘုရားပံု ပါတဲ့ ကၽြန္ေတာ့္ ကင္မရာစုတ္ေလးက ဖလင္မွာ သံုးဆယ့္ခုနစ္ပံု တိတိ ထြက္တယ္ ရွင္းေနတာပဲ.. ခုထိကို ရွိေသးတယ္...... အဲဒီ.ဓာတ္ပံုေတြ ... ကိုင္း ဘယ့္ႏွယ့္လဲ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သရဲအေၾကာင္းေျပာၾကမယ္

# Unicode Version ျဖင့္ ဖတ္ပါ #
2001 ခုနှစ် ဝါဆိုအဖိတ်နေ့ ရယ် လပြည့်နေ့ရယ်က ကျွန်တော် အရင် နေခဲ့တဲ့ အိမ်ရဲ့ သုံးအိမ်ကျော် အိမ်မှာ အဲဒီ ကိစ္စတစ်ခု ဖြစ်တယ်ဗျ

မောင်နှစ်မ လေးယောက် နေတယ် ပေါ့ဗျာ.. အကြီးဆုံးက မိန်းမ ရှိတယ် သားက ကိုးတန်း သမီးက ခြောက်တန်း၊ ညီအလတ်ရယ် ညီမအငယ်ရယ် ညီအထွေးရယ်က လူလွတ်တွေ

ညီမအငယ်က စိတ်ထားဆိုးတယ်ဗျ သူ့ အလုပ်မှာ သူ့ရာထူးတိုးရေးအတွက် အောက်လမ်း ဆရာတွေနဲ့ ပင်းတာတွေဘာတွေ လုပ်တယ်

အိမ်ရှေ့ လမ်းမမှာ ညသန်းခေါင် အမဲသားစိမ်း ငါးဆယ်သား ခေါစာ ခဏခဏ ထွက်ကျွေးတယ်

တခါသား သူက ခရီး ထွက်သွားတော့ သူ့မောင် ကို ကျွေးဖို့ မှာသွားရော

သူ့မောင်က ကြောက်ကြောက်နဲ့ အိမ်ပြင်မှာ မကျွေးပဲ အိမ်ခြံထောင့်မှာ ကျွေးလိုက်ရောဗျာ.

အဲဒါ သူကလဲ ပြန်မပြောဘူး နောက် သုံးလလောက်အတွင်းမှာ စောစောက ပြောတဲ့ ညီမငယ်ဟာ ဘာရောဂါမှန်း ရှာမရပဲ ဆေးရုံတင်လိုက်ရရောဗျာ...

အဲဒီ ဝါဆိုလပြည့် အဖိတ်နေ့ ကျတော့ သူက မသေပဲ ပုပ်နေပြီ ဆေးရုံမှာ။

အိမ်မှာလဲ သူ့ကိစ္စ ဗာဟီရတွေ အခြား အိမ်မှုကိစ္စတွေ မနိုင်ကြတော့ အစ်ကိုကြီးရဲ့ မိန်းမရဲ့ အစ်မ၊ တောမှာ နေတဲ့ အမျိုးသမီးကြီးကို ခေါ်ထားကြတယ်ပေါ့ဗျာ။

ညနေ ခြောက်နာရီလောက် ကျွန်တော် အလုပ်က ပြန်လာပြီး (အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ programming group လေး ထောင်ထားတယ်ဗျ) နေတုန်း အိမ်က အဖိုးကို အစ်ကိုကြီးရဲ့ မိန်းမက လာပြေးခေါ်ရောဗျာ သူတို့ ညီအစ်ကိုတွေက နဲနဲသောက်တတ်တယ်ဗျ

ဒါနဲ့ မူးပြီး ရမ်းတယ် ထင်လို့ လိုက်သွားတာ.. ဟိုအိမ်လဲ ရောက်ရော တကယ်ရမ်းနေတာက ပိန်တာရိုး မိန်းမ ဖစ်နေရော.. ယောကျ်ားကြီး သုံးယောက် အိမ်ထောင့်သုံးထောင့် မှာ ကုပ်လို့ ဗျား

အဲဒီ မိန်းမက ပေါင် ကိုးဆယ် မပြည့်ဘူး လက်ချောင်းကလေးတွေက ပုသိမ်ထီး ထီးရိုး သာသာ ဘဲ ရှိတယ် ကျွန်တော်ရယ် ရပ်ကွက်က ယောကျ်ား နှစ်ယောက်ရယ် ဝိုင်းချုပ်တာ

ဟင်းဟင်း.. နောက်တစ်ယောက်က လက်ဖျံကိုချုပ်ထားပေးပြီး ကွေးထားတဲ့ လက်သန်းကို ကျွန်တော်က ဆွဲဖြည်တာ ဖြည်မရဘူးဗျ

အဲဒါ ဘယ်လက်နော်.. တပြိုင်ထဲပဲ ညာလက်နဲ့ ဖိလစ် သရီးဒိုး ရေခဲသေတ္တာကြီးကို တွန်းထဲ့လိုက်တာ ရေခဲသေတ္တာ လွင့်ကို ထွက်သွားတာ ...... လဲသွားတာ မဟုတ်ဘူးနော်

အတွင်းအားတယ်ပြင်းတယ်နော်

သပ်သပ်သပ်စီနော်.. ခေါစာကျွေးတဲ့ ညီမငယ်က ဆေးရုံမှာ ခုဟာက အစ်ကို အကြီးဆုံးရဲ့ မရီး.. တောက လာနေတဲ့ အမျိုးသမီးကြီးနော်

အဲဒါနဲ့ ညီအငယ်ဆုံးက လုပ်မိလုပ်ရာ ပုတီး ကောက်စွပ်လိုက်တော့ မျက်လုံးကြီး ပြူး၊ လျှာကြီး တစ်လစ် ထွက်ပြီး ငြိမ်သွားရောဗျ.. အဲတော့မှာ အဖိုးက ဝိပဿနာ လုပ်နေတာဆိုတော့ ဦးဆောင်ပြီး ပုတီး ပြန်ချွတ်ရင် ငြိမ်ငြိမ်နေမလား မေးရောဗျ .. ဟိုက ခေါင်း ညိမ့်ပြတာနဲ့ ပုတီး ချွတ်ပြီး မေးတော့မှ

အဲလို ပဲ အလုပ်တွေ ခဏခဏခိုင်း.. အိမ်ထဲခေါ်ပြီး ခေါစာ တစ်ခါပဲ ကျွေး ပြန်လဲ မနှင်လို့ ဘာမှလဲ ရှာစားလို့မရလို့ လုပ်ထည့်လိုက်တာ ဆိုရောကိုး

ဟုတ်ပြီ ဒါဆိုရင် ချက်ပြီးသား ထမင်းတွေ ဟင်းတွေရှိတယ် ခုစားမလား ဆိုတော့ မစားဘူးတဲ့ဗျ

ဒါဆို ဘာစားမှာတုန်း ဆိုတော့ အမဲသား ငါးဆယ်သားတဲ့

ဟုတ်ပြီ ခုက ညခုနစ်နာရီ ထိုးတော့မယ် ဈေးတွေလဲ ပိတ်ကုန်ပြီ စားချင်တာ စားရရင် ထွက်မှာလား အေးအေးလူလူ ပြန်မှာလား ပေးထားတဲ့ ဒုက္ခတွေ ပြန်နှုတ်ပေးမှာလား မေးတော့ အင်း.... တဲ့

ဒါဆို နက်ဖြန် ညနေ ခြောက်နာရီကို ကျွေးမယ် ဖြစ်မလား ဆိုတော့ အင်း.. တဲ့

ဖြတ်မေးဦးမယ် ခင်ဗျား လျှာကို ဘယ်ေလောက်ထိ ထုတ်လို့ရသလဲ

ဲဟဲ သူ့လျှာ ထွက်လာတာ ဇလုပ်ကို ထိတယ်ဗျ

သွားမှာပါ အစွယ် ထွက်လာတာ.. ဖလင် တစ်လိပ်တိတိ ကျွန်တော် ဓာတ်ပုံ ရိုက်ထားတယ်ဗျ (ပုံတွေတော့ ကာယကံရှင်တွေကို လေးစားသောအားဖြင့် မတင်ပါရစေနဲ့ဗျာ)

ဒါနဲ့ နက်ဖြန် ရက်ချိန်းရတော့ အိုကေ ပေါ့..

ပြင်စရာဆင်စရာရှိတာ ပြင်ဆင်ပြီး စောင့်နေကြတာပေါ့..

နောက်နေ့က ဝါဆိုလပြည့်နေ့လေ..

အဲဒီတော့ကျွန်တော်က အစ်ကိုအကြီးဆုံးရဲ့သားကို တိုးတိုး မှာထားတယ်..“ဟေ့ကောင်အခြေအနေ မကောင်းရင် တီဗီ ပြေးဖွင့်..“ လို့ ညနေ ခြောက်နာရီဆိုရင် တီဗီကနေသပိတ်အိုင်ဆရာတော်ရဲ့ ဝါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့ တရားလာတယ်လေ

အမဲသားစိမ်း ငါးဆယ်သားကို ကျွေးမှာက ခြံထဲမှာ အရင် ကျွေးထားတဲ့ ဒေါင့်ပဲ.. ဟဲဟဲ နံကရိုင်းမယ်တော် နတ်စင် အောက်တည့်တည့် ဗျား.....

ဒါနဲ့ အဲဒီအမျိုးသမီးကြီးနဲ့ ကျွန်တော်နဲ့ ဆေးလိပ် တစ်ယောက်တစ်လိပ်စီ ဖွာနေကြတာပေါ့ဗျာ ..

အဲသရဲက ဒိတ်သွားတော့ ကျွန်တော်လဲ ကင်မရာ နှစ်လုံးကို အယ်လကာလိုင်း ဘက်ထရီအသစ်စက်စက်တွေ ထည့်.. ကွန်နီးကာ စင်ကျူရီယာ 500 တစ်လိပ်စီ ထည့်လို့ အသင့်ပြင်ထားတာပေါ့ဗျာ.. တစ်လုံးက ကျွန်တော့် အဖေဟာ မီနော်လ်တာ ပရိုသုံးဗျအသစ်ကြီး ကျွန်တော့်ဟာကတော့ ကင်နွန်35mm အစုတ်ကလေး.. ဖလင်က စင်ကျူရီယာ 500တော့ ဟုတ်တယ်/ သုံးလေးရက်ကမှ မန္တလေးက ပြန်လာတော့ အဲဒီဖလင်လိပ် ပထမဆုံးအကွက်မှာ မဟာမြတ်မုနိဘုရားကြီးပုံ တစ်ပုံ ရိုက်ထားတယ်/

ဒါနဲ့ခုန ပြောပါရော ဆေးလိပ် တစ်ယောက်တစ်လိပ်စီ ထိုင်ဖွာနေတုန်း သူ့လက်က ဆတ်ဆတ်ဆတ်ဆတ်နဲ့ တုန်လာရောဗျ.. အဲဒီအမျိုးသမီးက အလွန် သိမ်မွေ့တာဗျ. စကားပြောတာကအစ ဘယ်တော့မှ အသံမာမာ မပြောဘူး.. ဒါနဲ့ အဲလို တုန်လာတော့ ကျွန်တော်က အစ်မဘာဖြစ်တာလဲ ဆိုပြီး သူ့လက်ကို လှမ်းထိလိုက်တော့

မျက်စောင်းနီကြီး ထိုးတဲ့ပြီး ဖယ်စမ်း ငါ့မထိနဲ့ တဲ့ အော်ရော..

အဲတော့မှ ပွဲစပြီ ဆိုပြီး ကိုယ့်နေရာ ကိုယ်ယူကြတာပေါ့ဗျာ..

အဲဒီမှာခုနက ကိုးတန်း ချာတိတ်က တီဗီ ပြေးဖွင့်မလို့ လုပ်ရော. ဟဲဟဲ သရဲကအသံနက်ကြီးနဲ့ ကျုံးအော်တယ် မဖွင့်နဲ့ တဲ့... အဲဒါက ထူးဆန်းတာ တချက်ဗျ

ဒါနဲ့ သူ့ကို ကျွန်တော့် အဖိုးက မေးတယ် ဘယ်မှာနေတုန်း ဘာညာပေါ့ဗျာ.. နောက်ဒို့မှာ ကုသိုလ်တွေ ရှိတယ် မင်းကို အမျှဝေမယ် ကိုင်း သာဓုခေါ် ဆိုပြီး အမျှဝေကြရောဗျ.. အဲဒီမှာဗျာ လည်ချောင်းထဲက တစီစီနဲ့ အသက်ငင်သလို အသံကြီးဖြစ်လာပြီး ရှိုက်ကြီးတငင် ငိုရှာရောဗျာ...

မခေါ်နိုင်ဘူးတဲ့ သူက အရိမေတ္တေယျဘုရားပွင့်မှ ကျွတ်မှာတဲ့... ငိုရင်း ပြောရှာတယ်ဗျ

ကျွန်တော်ကတော့ ဖလက်ရှ်ရော ဇွန်းရော စိတ်ကြိုကဖွင့်ပြီးရိုက်တော့တာပေါ့ဗျာ မီနော်လ်တာကို ပရို ဓာတ်ပုံသမား တစ်ယောက်ကို ပေးထားတယ်ကျွန်တော်က ကင်နွန်နဲ့ ရိုက်တယ်

အဲလိုငိုငို ပြောပြော နေတုန်း ညီအလတ်က သူ့စိတ်ကူးနဲ့သူ အနီးနားဘုန်းကြီးကျောင်းက ဆွမ်းစားကျောင်း ဘုန်းကြီးကို တက်စီကြီးနဲ့ပင့်ချလာပါရောဗျာ

ကျွန်တော်တို့က မမြင်ဘူးဗျ အိမ်တံခါးမက ကျွန်တော်တို့ နောက်မှာ။ ဧည့်ခန်းထဲမှာ ဖြစ်နေကြတာကိုး.. အိမ်က နှစ်ခန်းတွဲ အိမ်တွေလေ

ဘုန်းကြီးကတံစက်မြိတ်ရိပ်ကို နင်းလိုက်တာနဲ့ တခါထဲ မီးဖိုထဲ ပစ်ချလိုက်သလိုထွန့်ထွန့်လူးပြီး ပူလှချေရဲ့ သေရချေရဲ့နဲ့ အသံနက်ကြီးနဲ့ကျုံးအော်တာဗျာ.. ကျွန်တော်တို့က ဘုန်းကြီးကို မမြင်ရသေးဘူးလေ/ရုတ်တရက်ကြီး တရှုပ်ရှုပ် ငိုနေရာကနေ ထအော်တော့ ဘယ်လောက် လန့်ကုန်ကြမလဲစဉ်းစားသာ ကြည့်ဗျာ/

အဲလို လန့်ဖြန့်ကုန်တုန်း ဘုန်းဘုန်းက အိမ်ထဲကို ကြွလာပါရောဗျာ.. အဲဒီမှာငါ့ကို အပြင်ထုတ်ပေးကြပါ သွားပါ့မယ် ခုသွားပါ့မယ် ဆိုပြီး သနားစရာတောင်းပန်ပါရောဗျာ...

လမ်းမှာညီလတ်က အကြောင်းစုံ လျှောက်လာတော့ ဘုန်းကြီးကလဲဇာတ်ရည်လည်ထားပြီးသားပေါ့ဗျာ.. ဒါနဲ့ ကဲ နင် စားစရာ ရှိတာ စား... ပြီးရင်ပြန်.. ပြသနာ မရှာနဲ့ လို့ မိန့်ရော. သူက ပြန်ပြောတယ်ဗျ ဘုန်းကြီး ရှိရင်သူ စားလို့ မရဘူးတဲ့

ဒါနဲ့ အဖိုးက ဘုန်းဘုန်းကို ပင့်သွားရော ဘုန်းဘုန်းကလဲ ဒါဆိုရင် ငါ ဖယ်ပေးမယ် ပေါ့ဗျာ/ နှစ်ခန်းတွဲမှာ ခုဖြစ်တာက ခေါင်းရင်းခန်း ကိုးဗျ။ ခြေရင်းခန်း အိမ်ကို ပင့်သွားရော။

ဘုန်းဘုန်းလဲ ခြံပြင်ထွက်သွားရော သောင်းကျန်းလိုက်တာ ဗြောင်းကို ဆန်ရောဗျာ သူ့နား ရှိတဲ့လူတွေ အကုန် ရှဲရတော့တာ။

ခဏလဲ နေရော ခုနလို ဆတ်ဆတ်တုန်ပြီး အသံနက်ကြီးနဲ့ အော်ပြန်ရောဗျ

ဘာဖြစ်တာလဲလို့ကျွန်တော် က မေးကြည့်တော့မှ ဘုန်းကြီး ရှိသေးတယ် ဆိုပြီး အော်ရော..မရှိပါဘူး ပြောလဲ မရဘူး.. ရှိတယ် ရှိတယ် ပဲ အော်ရော..

ဒါက ဒုတိယ ထူးဆန်းခြင်းဗျ။ အိမ်တံစက်မြိတ် တစ်ခုတည်း ဆိုရင် အာဏာတည်တယ် ဆိုပဲ။ သူပြောတာ။

ဒါနဲ့ အဲဒီ အပကို ပြောရတာပေါ့ဗျာ ခု ကျွေးမယ် နင် လုပ်ထားတာတွေ နင် နှုတ်ပေး ဆိုတော့

အိမ်မှာရယ် အိမ်သားတွေ ပေါ်မှာရယ် သူလုပ်ထားတာတွေကိုတော့ ဖယ်ပေးတယ်ဗျ။ လက်ကို ဟိုရမ်း ဒီရမ်း လုပ်တာပဲ။

နောက် ဟို ဝေဒနာရှင် ကိုရော နင် လုပ်တာလား နှုတ်ပေးလို့လဲ ပြောရော

အဲဒါတော့ မရတော့ဘူး လွန်နေပြီတဲ့ သူက မကြာခင် ငါ့ အောက်ကို ငါ့အစေအပါးအဖြစ် လာရတော့မှာ တဲ့ဗျာ........

တကယ်လဲ ဟုတ်တယ် နောက် သုံးလေးရက်မှာ ဆုံးသွားတယ်။

အဲဒီပူးတဲ့အချိန်မတိုင်ခင် တပတ်လောက်ထဲက ဆေးရုံက လူနာနားကို ဘယ်သူမှ ကပ်လို့မရတော့ဘူးဗျ ပုပ်စော်တွေ နံလိုက်တာ ဆိုတာဗျာ.. နောက် ဆုံးသာသွားရောဘာရောဂါမှန်းကို အဖြေမထွက်ဖူးဗျ ဒါက တတိယ ထူးဆန်းတာ

ဒါနဲ့ နင့်အောက်မှာ ဘယ်လောက်များ ရှိတုန်း ဆိုပြီး မေးတော့..

ဟဲဟဲ

နင်တို့ လူတွေရှိ ရှိသမျှထက်တောင် ငါ့တစ်ယောက်ထဲ အောက်က အစေအပါးက များသေးတယ်တဲ့

ငါလိုမျိုးတွေလဲ အများကြီး ရှိတယ် တဲ့

ငါ့အထက်မှာလဲ အများကြီးပဲ တဲ့

မှတ်ကရောဗျား

သူကတော့ သူ့ကိုယ်သူ ကွင်းပိုင် လို့ ပြောတယ်ဗျ။ ကျွန်တော်တို့ နေတဲ့ မြို့ကြီး မတည်ခင် ဒီနေရာ ပင်လယ်ကနေ ကုန်းပေါ်ကတည်းက သူ ဒီမှာ နေတာ ဆိုပဲ။

အဓိကရ တံတား ကြီးတစ်ခုရဲ့ အဆင်းက ညောင်ပင်ကြီးက သူ့နေရာ တဲ့

(အဲဒါ ကြားကတည်းက အတွဲတွေအစား ကျွန်တော် ရင်တုန်လိုက်တာ ပြောမနေနဲ့)

ဖြတ်ပြောရရင်ဆိုင်ဘာ အဒေါ့ခြံ မရှိခင်ကတည်းက သူက မြန်မာလိုက်ဖ်ရှိုးတွေ ရှယ် ကြည့်ရမှာ ဟိ

ဒါနဲ့ ကျွေးရောဗျ

ခင်ဗျား စဉ်းစားကြည့်ဗျာ အမဲသား ငါးဆယ်သား အစိမ်းနဲ့ ရေသန့် ခြောက်ဗူးကို တထိုင်တဲ ပြိုက်ကနဲပဲ

ထူးထူးဆန်းဆန်း တစ်ခု ကြုံသေးဗျ

သူကခြံထောင့်မှာ ဆောင့်ကြောင့်ကြီး ထိုင်စားနေတာကိုး.. ခြံစည်းရိုးကပုဏ္ဏရိတ်ပင်တွေပဲ ရှိတာဗျာ အရင် လူဟောင်းတွေ ဆိုတာက မြို့တည်ကတည်းကအိမ်နီးချင်းတွေ ဆိုတော့ အုတ်တံတိုင်းတွေ ဘာတွေ မကာဘူး.. ဒီလိုပဲ အားလုံးနှစ်အိမ့်တစ်အိမ်တွေ ချည်းပဲ။ သူတို့အိမ်ရဲ့ ဟိုဘက်အိမ်က အိမ်ရှင်မကပန်းပင် ရေလောင်းနေရင်း လှမ်းနှုတ်ဆက်တယ်။ ဒီဘက်မှာ ဘာတွေ ဖြစ်နေလဲ သူကမသိဘူးကိုး။

“အစ်မ နေကောင်းလားတဲ့“ ဟိုကလဲ စားရင်း တန်းလန်း ”အေး” တဲ့

တော်သေးတယ် ဟိုဘက်က ဒီလောက်နဲ့ ပြီးသွားလို့ ခြံစည်းရိုး သစ်ပင်ကြားဆိုတော့ သေသေချာချာလဲ မမြင်ရဘူးပေါ့ဗျာ ဘယ်သူမှန်းတော့ သိတာပေါ့

တော်ကြာ စားပြီးပြီလား ဘာနဲ့ စားလဲ မေးလို့ အမဲသားစိမ်း ခု စားနေတယ် လို့ ဖြေရင် ဘာတွေ ဆက်ဖြစ်မယ် မသိဘူး။ ဟိုက နှလုံးရောဂါသည်။

ဒါနဲ့စားပြီးတော့ ထွက်သွားရော ဆိုပါတော့ဗျာ... ထွက်တာကလဲ ကြမ်းတယ်ဗျကာယကံရှင်ကို အသေ လုပ်ပစ်ခဲ့တာ.. ခြံတံခါးမကြီးကို အကုန် ဟင်းလင်းဖွင့်ရတာ...

နောက် ခြံပြင်ထိအောင် သူ့ဘာသာ လမ်းလျှောက်ထွက်သွားပြီး ခြံပြင်လဲ ရောက်ရော

နောက်ကနေကိုင်မြှောက်လိုက်သလို (သူ့ဘာသာ ခုန်သလို ဒူး မကွေးပဲနဲ့) လေထဲကိုလူတစ်ရပ်လောက် မြောက်တက်သွားပြီး အုတ်ခဲကျိုးပုံပေါ်ကို ခေါင်းနဲ့ပစ်ကျတာ.. အနီးနားက လူတွေ ပြေးဖမ်းတာ မြန်လို့

ဒါနဲ့ ဝိုင်းခေါ်တြတော့ ခေါ်မရဘူးဗျ

ပရိတ်ရေလေး နှစ်စက်လောက်နဲ့ တောက်လိုက်တော့မှ သေနတ်မှန်သလို “အင့်” ကနဲ အော်ပြီး သတိပြန်လည်လာတာ

ဒါနဲ့သူတို့ အိမ်သားတွေက အဲဒီအမျိုးသမီးကို ခေါ်ပြီး ချက်ချင်းပဲဓာတ်မှန်သွားရိုက်ကြတယ်ဗျ.. အသားစိမ်းတွေ ဗိုက်ထဲမှာ ရှိနေတော့နေမကောင်းဖြစ်မှာ စိုးလို့ ပေါ့လေ.. ဟဲဟဲ ဘာမှ မရှိဘူးဗျ.. နာရီဝက်တောင်မခြားဘူးနော် . ဒါက နံပါတ်လေး ထူးဆန်းမှု ဗျ

နောက်ဆုံးတစ်ခုကတော့

ကျွန်တော် နောက်နေ့လဲ ကျရော ဓာတ်ပုံတွေ သွားကူးရော..

မှတ်မှတ်ရရ ကမ်းနားလမ်းနဲ့ လသာလမ်းထောင့် မြူးဇစ်ပလပ် အခွေဆိုင်ဘေးက ဓာတ်ပုံဆိုင်မှာ

မီနော်လ်တာ ကင်မရာသစ်က ဖလင်လိပ် အသစ်က တစ်ပုံမှ မထင်ဘူးဗျ...

မဟာမြတ်မုနိဘုရားပုံ ပါတဲ့ ကျွန်တော့် ကင်မရာစုတ်လေးက ဖလင်မှာ သုံးဆယ့်ခုနစ်ပုံ တိတိ ထွက်တယ် ရှင်းနေတာပဲ.. ခုထိကို ရှိသေးတယ်...... အဲဒီ.ဓာတ်ပုံတွေ ... ကိုင်း ဘယ့်နှယ့်လဲ

ဖိုးသူတော် (www.phothutaw.com)
Credit: သရဲအကြောင်းပြောကြမယ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top