iMyanmarHouse.com - Best Property Website for Myanmar
×





သည်


ရောက်သွားပါတော့သည်








လိုက်ရပါသည်။ ။
#Unicode Version#

မြို့မြို့တောတော အိမ်တိုင်း၏ မီးဖိုချောင်တွင်မရှိ၍
မဖြစ်သော ငရုတ်ဆုံများမှာ ရှိနေတတ် ကြလေသည်

ငရုတ်သီး အထောင်းများ၍လည်း ငရုတ်ဆုံဟုတွင်ကျယ်စွာ
ခေါ်ဝေါ် ကြခြင်းဖြစ်သည်

ခရမ်းချည်သီးခရမ်ခရမ်းသီး တို့ကိုလည်းငရုတ်ဆုံတွင်
ထည့်ထောင်း၍ ငရုတ်သီးနှင့်ရောဖျော်၍ စားသုံး ကြပါသည်
ဆူးပုတ်ရွက်ထောင်း ဟူ၍လည်း စားသုံးကြပါသည်

ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့ သံကျည်ပွေ့ တို့သည်
အန္တရာယ်များကြောင်းကို သိသူရှားပါးမည် ဟုထင်ပါသည်

မည်သည့် ဟင်းလျှာ အစားစား ကိုဖြစ်စေ ကျောက်ငရုတ်ဆုံ
ထဲတွင် ကျောက်ကျည်ပွေ့ သံကျည်ပွေ့များဖြင့် ထည့်၍
မထောင်းရပေ ကျမ်းမာရေးအတွက် အလွန်အန္တရာယ်များလေ
သည်

ကျောက်ငရုတ်ဆုံကို ကျောက်ကျည်ပွေ့သံကျည်ပွေ့များဖြင့်
ထောင်းသည်ဖြစ်၍ အထောင်းခံရသော ကျောက်ငရုတ်ဆုံမှ
ကျောက်မှုန့်များ ထွက်လာပါသည်

ထိုကျောက်မှုန်များသည် ဟင်လျှာ အသီးအရွက် ေ ထာင်းများ
နှင့်ရောသမသွားကာစားသုံးသူများ၏ဝမ်းဗိုက် အတွင်းဆီသို့
ရောက်သွားပါတော့သည်

*အစာအိမ်ရောဂါ အသေအခြာခံရမည်မှာမလွဲတော့ပေ*

တဦးတယောက်တွင် သာမက မိသားစုအားလုံးပါ အစာအိမ်
ဝေဒနာခံကို စားရမည်ဖြစ်ပါသည်

အမှန် တကယ်လည်း ကျောက်ငရုတ်ဆုံ ကျောက်ကျည့်ပွေ့
သံကျည်ပွေ့သုံးစွဲသူများ အစာအိမ်ဝေဒနာကုသခဲ့ရပါသည်

နောက်ပိုင်း ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့သံကျည်ပွေ့
များကို ရှောင်ရှားသွားရပါတော့သည်

တချို့မိသားစု များက စဉ့်ထည်နှင့် ပြုလုပ်ထားသော ငရုတ်ဆုံ
များဖြင့်ထည့်ထောင်းကြ၍ အန္တရာယ်မကြုံရပေ

စဉ့်ငရုတ်ဆုံမှာ သစ်သား ဝါးသားကျည်ပွေ့ များဖြင့်ထောင်း
ကြ၍ ဘာအန္တရာယ်မှ မကြုံရခြင်းဖြစ်၏

ထို့ကြောင့် မီးဖိုချောင် မှာ ဟင်းမျိုးစုံ အသီးအရွက် အမျိုးစုံများ
မကျန်ထောင်း မည်ဆိုက ကျောက်ငရုတ်ဆုံကျောက်ကျည်ပွေ့
သံကျည်ပွေ့များအား ရှောင်ရှား၍

စဉ့်ငရုတ်ဆုံများ သစ်သားကျည်ပွေ့များ ဝါးကျည်ပွေ့များကို
သာ အသုံးပြုကြပါရန် စေတနာကောင်းဖြင့် ရေးသား တင်ပြ
လိုက်ရပါသည်။ ။
ဖိုးသူတော် (www.phothutaw.com)
Credit: ကန့်ဘလူကံတင်အောင်(ပထဝီဝင်)
[ကြေးမုံနေ့စဉ် သတင်းစာ ဆောင်းပါးမှ]


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top