(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဇာတ္ကားနမူနာမွာတင္ ပရိသတ္ေတြလက္ခံအားေပးခဲ့တဲ့ “ဥပါယ္တံမ်ဥ္”ရုပ္ရွင္ ဇာတ္ကားႀကီး ကို လာမယ့္ ၁၉ရက္ေန႔မွာရံုတင္ျပသေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ ယခုလိုရံုတင္ျပသခြင့္ရဖို႔ အခ်ိန္ေတာ္ေတာ္ၾကာေစာင့္ဆိုင္းခဲ့ရၿပီး ေထြလာနဲ႔တင္ေက် နပ္ေနရတဲ့ ပရိသတ္ေတြကို ၾကည့္ေစခ်င္လြန္းတာေၾကာင့္ ရံုရွင္ေတြ ခြင့္ေပးသေလာက္ ရတဲ့ရံုမွာျပသဖို႔ ဆံုးျဖတ္လိုက္တာျဖစ္တဲ့အတြက္ ရံုကန္႔သတ္ခ်က္ေတာ့ရွိ တယ္လို႔ ဒါရိုက္တာ ခရစၥတီနာခီကေျပာပါတယ္။
1514870904710.jpg
“အစ္မတို႔ထင္ထားတာ ဒီထက္ေတာင္ ေစာေစာတင္ခြင့္ရလိမ့္မယ္လို႔ထင္ထား တာေပါ့ ေနာ္။ ဒါေပမဲ့ ရံုတင္ေပးတဲ့ အဖြဲ႕ေတြ အမ်ားႀကီးရွိတယ္။ အစ္မတို႔လည္း တကယ့္ Mainကို တင္ခြင့္ရေအာင္ႀကိဳးစားခဲ့တယ္။ ဒါေပမဲ့ ဇာတ္ကားကလည္း ၂၀၀ေက်ာ္ ေတာင္ ရွိေနေတာ့ အားလံုးက ရံုရွင္ေတြၾကည့္ၿပီးေတာ့ မွ ဆံုးျဖတ္တာေပ့ါ။ တခ်ိဳ႕ရံု ရွင္ေတြဆို ၾကည့္ေတာင္ မၾကည့္လိုက္ရဘူး။ အဲဒီေတာ့ အစ္မတို႔ ခက္ခက္ခဲခဲ ကို ႀကိဳးစားရတယ္ေပါ့၊ အစ္မတို႔က ရတဲ့ရံုတင္ မယ္ဆိုၿပီး ဆံုးျဖတ္ခ်က္ခ်လိုက္တာပါ၊ ပရိသတ္လည္းေစာင့္ရတာအရမ္းၾကာၿပီးေတာ့ စိတ္ေတြ ဆင္းရဲၾကတယ္ေပါ့ေလ၊ သူတို႔လည္း သူတို႔ၾကည့္ခ်င္တဲ့ ပါေစခ်င္တဲ့ကားေတြထဲမွာ ပါတယ္ေပါ့။ အဲဒီအတြက္ ေၾကာင့္ အစ္မတို႔ထုတ္လုပ္ သူေတြအပိုင္းကလည္း စြန္႔စားလိုက္မွျဖစ္ေတာ့မယ္၊ ရတဲ့ရံုေပါ့။ သူမ်ားလိုေတာ့ ရံု ၆၀၊ ၇၀ရခ်င္တာေပါ့၊ အစ္မဆို ရုပ္ရွင္တစ္ကား တည္း ကိုပဲရိုက္တယ္ အနည္းဆံုး တစ္ႏွစ္ခြဲေလာက္ အခ်ိန္ေပးထားရတဲ့ကားဆိုေတာ့ ရံုမ်ား မ်ားရေလ ကိုယ့္ပရိုဂ်ဴဆာကို ပိုက္ဆံမ်ားမ်ားရွာေပးႏိုင္ေလ ဆိုေတာ့ အစ္မရဲ႕ဒီ Career မွာလည္းလုပ္ရတာပိုေကာင္းတယ္ေပါ့။ အခုက ရတဲ့ရံုယူမယ္ဆိုကတည္း ကိုက ရံု ၂၀ျဖစ္မလား၊ ၃၀ျဖစ္မလားဆို တာေတာ့ ရံုရွင္ေတြရဲ႕သေဘာျဖစ္သြားၿပီေပါ့”လို႔ ဒါရိုက္တာ ခရစၥတီနာခီက ျမန္မာ့ပလက္ေဖာင္းကိုေျပာပါတယ္။
1514871016354.jpg
လာမယ့္ ၁၉ရက္ေန႔မွာ ျပသမယ့္ “ဥပါယ္တံမ်ဥ္” ရုပ္ရွင္ဇာတ္ကားကို ရန္ကုန္ၿမိဳ႕မွာရွိ တဲ့ ဂ်န္းရွင္းနဲ႔ မီဂါရုံေတြမွာျပသသြားမွာျဖစ္ၿပီး အခုလို ရံုကန္႔သတ္ခ်က္ရွိေနတဲ့အတြက္ အြန္လိုင္းမွာအားေပးခဲ့သလိုပဲ ရံုထဲကိုလည္း တကယ္ဝင္လာေစခ်င္တယ္လို႔လည္း သူမကေျပာပါတယ္။ ဆက္လက္ၿပီး နယ္ရံုေတြမွာျပသႏိုင္ဖို႔ကိုေတာ့ ဆက္လက္ညိႇႏိႈင္း ေဆြးေႏြးသြားမယ္လို႔ဆိုပါတယ္။
1514870955355.jpg
“အစ္မတို႔က ေဘာလိဝုဒ္တို႔ ေဟာလိဝုဒ္တို႔ကိုမယွဥ္ႏိုင္ေသးပါဘူး၊ သံုးထားတဲ့ပိုက္ ဆံ၊  အစ္မတို႔ရဲ႕ ရွိတဲ့ပညာေလးနဲ႔လုပ္တာဆိုေပမယ့္ အစ္မတို႔ဘယ္ေလာက္ေစတနာ ထည့္ၿပီး အႏုပညာအလုပ္လုပ္ တယ္၊ အႏုပညာကိုပဲအဓိကထားၿပီးလုပ္တယ္ဆို တာ ေလးကိုေတာ့ျပခ်င္ပါတယ္”လို႔ ဥပါယ္တံမ်ဥ္ ဇာတ္ကားရိုက္ကူးသူ ဒါရိုက္တာ ခရစၥတီ နာခီက ျမန္မာ့ပလက္ေဖာင္းသို႔ေျပာပါတယ္။

photo-Deception

ဖိုးသူေတာ္ (www.phothutaw.com)
Credit: By Joy(MyanmaPlatform)

# Unicode Version ျဖင့္ ဖတ္ပါ #
ဇာတ်ကားနမူနာမှာတင် ပရိသတ်တွေလက်ခံအားပေးခဲ့တဲ့ “ဥပါယ်တံမျဉ်”ရုပ်ရှင် ဇာတ်ကားကြီး ကို လာမယ့် ၁၉ရက်နေ့မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ယခုလိုရုံတင်ပြသခွင့်ရဖို့ အချိန်တော်တော်ကြာစောင့်ဆိုင်းခဲ့ရပြီး ထွေလာနဲ့တင်ကျေ နပ်နေရတဲ့ ပရိသတ်တွေကို ကြည့်စေချင်လွန်းတာကြောင့် ရုံရှင်တွေ ခွင့်ပေးသ လောက် ရတဲ့ရုံမှာပြသဖို့ဆုံးဖြတ်လိုက်တာဖြစ်တဲ့အတွက် ရုံကန့်သတ်ချက်တော့ရှိ တယ်လို့ ဒါရိုက်တာ ခရစ္စတီနာခီကပြောပါတယ်။

“အစ်မတို့ထင်ထားတာ ဒီထက်တောင် စောစောတင်ခွင့်ရလိမ့်မယ်လို့ထင်ထား တာပေါ့ နော်။ ဒါပေမဲ့ ရုံတင်ပေးတဲ့ အဖွဲ့တွေ အများကြီးရှိတယ်။ အစ်မတို့လည်း တကယ့် Mainကို တင်ခွင့်ရအောင်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဇာတ်ကားကလည်း ၂၀၀ကျော် တောင် ရှိနေတော့ အားလုံးက ရုံရှင်တွေကြည့်ပြီးတော့ မှ ဆုံးဖြတ်တာပေ့ါ။ တချို့ရုံ ရှင်တွေဆို ကြည့်တောင် မကြည့်လိုက်ရဘူး။ အဲဒီတော့ အစ်မတို့ ခက်ခက်ခဲခဲ ကို ကြိုးစားရတယ်ပေါ့၊ အစ်မတို့က ရတဲ့ရုံတင် မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တာပါ၊ ပရိသတ်လည်းစောင့်ရတာအရမ်းကြာပြီးတော့ စိတ်တွေ ဆင်းရဲကြတယ်ပေါ့လေ၊ သူတို့လည်း သူတို့ကြည့်ချင်တဲ့ ပါစေချင်တဲ့ကားတွေထဲမှာ ပါတယ်ပေါ့။ အဲဒီအတွက် ကြောင့် အစ်မတို့ထုတ်လုပ် သူတွေအပိုင်းကလည်း စွန့်စားလိုက်မှဖြစ်တော့မယ်၊ ရတဲ့ရုံပေါ့။ သူများလိုတော့ ရုံ ၆၀၊ ၇၀ရချင်တာပေါ့၊ အစ်မဆို ရုပ်ရှင်တစ်ကား တည်း ကိုပဲရိုက်တယ် အနည်းဆုံး တစ်နှစ်ခွဲလောက် အချိန်ပေးထားရတဲ့ကားဆိုတော့ ရုံများ များရလေ ကိုယ့်ပရိုဂျူဆာကို ပိုက်ဆံများများရှာပေးနိုင်လေ ဆိုတော့ အစ်မရဲ့ဒီ Career မှာလည်းလုပ်ရတာပိုကောင်းတယ်ပေါ့။ အခုက ရတဲ့ရုံယူမယ်ဆိုကတည်း ကိုက ရုံ ၂၀ဖြစ်မလား၊ ၃၀ဖြစ်မလားဆို တာတော့ ရုံရှင်တွေရဲ့သဘောဖြစ်သွားပြီပေါ့”လို့ ဒါရိုက်တာ ခရစ္စတီနာခီက မြန်မာ့ပလက်ဖောင်းကိုပြောပါတယ်။

လာမယ့် ၁၉ရက်နေ့မှာ ပြသမယ့် “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့မှာရှိ တဲ့ ဂျန်းရှင်းနဲ့ မီဂါရုံတွေမှာပြသသွားမှာဖြစ်ပြီး အခုလို ရုံကန့်သတ်ချက်ရှိနေတဲ့အတွက် အွန်လိုင်းမှာအားပေးခဲ့သလိုပဲ ရုံထဲကိုလည်း တကယ်ဝင်လာစေချင်တယ်လို့လည်း သူမကပြောပါတယ်။ ဆက်လက်ပြီး နယ်ရုံတွေမှာပြသနိုင်ဖို့ကိုတော့ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။

“အစ်မတို့က ဘောလိဝုဒ်တို့ ဟောလိဝုဒ်တို့ကိုမယှဉ်နိုင်သေးပါဘူး၊ သုံးထားတဲ့ပိုက် ဆံ၊  အစ်မတို့ရဲ့ ရှိတဲ့ပညာလေးနဲ့လုပ်တာဆိုပေမယ့် အစ်မတို့ဘယ်လောက်စေတနာ ထည့်ပြီး အနုပညာအလုပ်လုပ် တယ်၊ အနုပညာကိုပဲအဓိကထားပြီးလုပ်တယ်ဆို တာ လေးကိုတော့ပြချင်ပါတယ်”လို့ ဥပါယ်တံမျဉ် ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ ခရစ္စတီ နာခီက မြန်မာ့ပလက်ဖောင်းသို့ပြောပါတယ်။

photo-Deception

ဖိုးသူတော် (www.phothutaw.com)
Credit: By Joy(MyanmaPlatform)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top