×

ပံု (၁) ကို ေရြးခ်ယ္ထားတယ္ဆိုရင္….

သင္က အထက္တန္းက်က်ေနထိုင္တတ္တယ္။ အရာရာကို ေထာင့္ေစ့ေအာင္ စဥ္းစားတတ္ၿပီး ျပႆနာေတြကို ေသြးေအးေအးနဲ႔ ေျဖရွင္းႏိုင္သူျဖစ္ပါတယ္။ တည္ၿငိမ္ရင့္က်က္တဲ့သင္ဟာ သူငယ္ခ်င္းေတြအတြက္ေတာ့ သုခမိန္ေလးပါ။

အလွအပနဲ႔ပတ္သက္ရင္ အေသးစိတ္ျပင္ဆင္တတ္တဲ့သင္ဟာ အမ်ားအတြက္ေတာ့ ၾသခ်စရာေကာင္းသူေလးပါ။ ေရြးခ်ယ္တာၾကန္႔ၾကာတတ္တဲ့သင့္ကို သူငယ္ခ်င္းေတြက “ေခ်းမ်ားသူ” လို႔ အမည္ေပးထားပါတယ္။

ပံု (၂) ကိုေရြးခ်ယ္ထားတယ္ဆိုရင္…..

သင္က အေကာင္းႀကိဳက္တတ္တယ္။ စတိုင္က်က်ေနတတ္တယ္။ ဘဝကိုအေကာင္းျမင္မႈေတြနဲ႔ ေက်ာ္ျဖတ္တတ္တယ္။ အရာရာကိုဦးေဆာင္ဦးရြက္ျပဳႏိုင္ၿပီး လူေတြကိုစည္းရံုးႏိုင္စြြမ္းျမင့္မားတယ္။

သူငယ္ခ်င္းေတြက ထက္ျမက္သြက္လက္တဲ့သင့္ကို အားကိုးခ်စ္ခင္ၾကပါတယ္။ အလွအပနဲ႔ပတ္သက္လာရင္ အေကာင္းဆံုးကိုမွ ႏွစ္သက္တတ္တဲ့အတြက္ ေငြေၾကးမစုေဆာင္းမိဘဲျဖစ္တတ္ပါတယ္။

ပံု(၃) ကိုေရြးခ်ယ္ထားတယ္ဆိုရင္…

သင္ဟာ ေခတ္နဲ႔အညီေနတတ္တဲ့ ထက္ျမက္တဲ့သမီးပ်ိဳေလးျဖစ္ပါတယ္။ လြတ္လြတ္လပ္လပ္ေနတတ္ၿပီး ခရီးထြက္ရတာကို ႏွစ္သက္တယ္။

အသစ္အဆန္းေတြကို ႏွစ္သက္တယ္။ စူးစမ္းေလ့လာတတ္တယ္။ ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္ၿပီး သြက္လက္တယ္။ ကေလးဆန္ၿပီး ေဟာ့ေဟာ့ဒိုင္းဒိုင္းဆံုးျဖတ္ခ်က္ခ်တတ္တာေၾကာင့္ တစ္ခါတရံမွာ အမွားအယြင္းေလးေတြျဖစ္တတ္ပါတယ္။

ပံု (၄) ကိုေရြးခ်ယ္ထားတယ္ဆိုရင္…..

သင္က ေအးေအးေဆးေဆးေနတတ္တယ္။ ေရွးရိုးက်ၿပီး ထံုးတမ္းဓေလ့ေတြကို တန္ဖိုးထားတတ္တယ္။ မိဘေတြရဲ႕စကားကို ေျမဝယ္မက်နားေထာင္တတ္တဲ့သင္ဟာ မိဘေတြရဲ႕အသည္းေက်ာ္ေလးေပါ့။

အရာရာမွာ အကြက္ေစ့ေစ့စီမံေဆာင္ရြက္တတ္ၿပီး သူတစ္ပါးေတြကို ကိုယ္ခ်င္းစာတတ္တာေၾကာင့္ လူခ်စ္လူခင္မ်ားတတ္ပါတယ္။ စိတ္ခံစားမႈေတြကို ထိန္းခ်ဳပ္ႏိုင္လြန္းအားႀကီးတာေၾကာင့္ သင္ဘာလိုခ်င္တယ္ဆိုတာကို သူတစ္ပါးေတြအလြယ္တကူ မသိႏိုင္ပါဘူး။

ပံု (၅) ကိုေရြးခ်ယ္ထားတယ္ဆိုရင္…

သင္က ကေလးဆန္တယ္။ ဘဝကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေပါ့ေပါ့ပါးပါးေနတတ္တဲ့အျပင္ သင့္အေပ်ာ္ေတြက သူတစ္ပါးကို ကူးစက္ေစတယ္။ အရာရာကို ရုတ္ခ်ည္းေျဖရွင္းႏိုင္တဲ့ ျဖတ္ထုိးဉာဏ္ေကာင္းတယ္။

ေခတ္နဲ႔အညီေနတတ္ၿပီး အေတြးေတြအၿမဲ သစ္လြင္ေနတတ္သူတစ္ေယာက္ပါ။ တစ္ခါတေလမွာ အေတြးေတြနယ္ခ်ဲ႕ရင္း စိတ္ဖိစီးေနတတ္တာေလးကေတာ့ သင့္ရဲ႕ အားနည္းခ်က္ေလးပါ။

ပံု (၆) ကိုေရြးခ်ယ္ထားတယ္ဆိုရင္…..

သင္ဟာ မဟာဆန္သူတစ္ေယာက္ပါ။ သိကၡာတရားကို တန္ဖိုးထားၿပီး လူတစ္ေယာက္ရဲ႕ ကိုယ္က်င့္တရားကိုၾကည့္ၿပီး အကဲျဖတ္တတ္သူပါ။ အရာရာကို ထိန္းထိန္းသိမ္းသိမ္းေဆာင္ရြက္တတ္တယ္။ သတိႀကီးတယ္။ စည္းမ်ဥ္းစည္းကမ္းေတြကို ေလးစားလုိက္နာတတ္တယ္။

ေမတၱာတရားေတြကို တန္ဖိုးထားတတ္ၿပီး သစၥာေစာင့္သိတတ္သူေလးပါ။ အစြဲအလန္းႀကီးတတ္တဲ့ စိတ္ေၾကာင့္ တစ္ခါတေလမွာ စိတ္ပင္ပန္းေနရတတ္ပါတယ္။

စာခ်စ္သူတို႔ေရ….

ေဗဒင္ေလးက သင္နဲ႔တိုက္ဆိုင္တယ္ဆိုရင္ သူငယ္ခ်င္းေတြအတြက္လည္း ေဝမွ်ေပးလိုက္ပါဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: shwelayoung

# Unicode Version ဖြင့် ဖတ်ပါ #

ပုံ (၁) ကို ရွေးချယ်ထားတယ်ဆိုရင်….

သင်က အထက်တန်းကျကျနေထိုင်တတ်တယ်။ အရာရာကို ထောင့်စေ့အောင် စဉ်းစားတတ်ပြီး ပြဿနာတွေကို သွေးအေးအေးနဲ့ ဖြေရှင်းနိုင်သူဖြစ်ပါတယ်။ တည်ငြိမ်ရင့်ကျက်တဲ့သင်ဟာ သူငယ်ချင်းတွေအတွက်တော့ သုခမိန်လေးပါ။

အလှအပနဲ့ပတ်သက်ရင် အသေးစိတ်ပြင်ဆင်တတ်တဲ့သင်ဟာ အများအတွက်တော့ သြချစရာကောင်းသူလေးပါ။ ရွေးချယ်တာကြန့်ကြာတတ်တဲ့သင့်ကို သူငယ်ချင်းတွေက “ချေးများသူ” လို့ အမည်ပေးထားပါတယ်။

ပုံ (၂) ကိုရွေးချယ်ထားတယ်ဆိုရင်…..

သင်က အကောင်းကြိုက်တတ်တယ်။ စတိုင်ကျကျနေတတ်တယ်။ ဘဝကိုအကောင်းမြင်မှုတွေနဲ့ ကျော်ဖြတ်တတ်တယ်။ အရာရာကိုဦးဆောင်ဦးရွက်ပြုနိုင်ပြီး လူတွေကိုစည်းရုံးနိုင်စွမ်းမြင့်မားတယ်။

သူငယ်ချင်းတွေက ထက်မြက်သွက်လက်တဲ့သင့်ကို အားကိုးချစ်ခင်ကြပါတယ်။ အလှအပနဲ့ပတ်သက်လာရင် အကောင်းဆုံးကိုမှ နှစ်သက်တတ်တဲ့အတွက် ငွေကြေးမစုဆောင်းမိဘဲဖြစ်တတ်ပါတယ်။

ပုံ(၃) ကိုရွေးချယ်ထားတယ်ဆိုရင်…

သင်ဟာ ခေတ်နဲ့အညီနေတတ်တဲ့ ထက်မြက်တဲ့သမီးပျိုလေးဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နေတတ်ပြီး ခရီးထွက်ရတာကို နှစ်သက်တယ်။

အသစ်အဆန်းတွေကို နှစ်သက်တယ်။ စူးစမ်းလေ့လာတတ်တယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး သွက်လက်တယ်။ ကလေးဆန်ပြီး ဟော့ဟော့ဒိုင်းဒိုင်းဆုံးဖြတ်ချက်ချတတ်တာကြောင့် တစ်ခါတရံမှာ အမှားအယွင်းလေးတွေဖြစ်တတ်ပါတယ်။

ပုံ (၄) ကိုရွေးချယ်ထားတယ်ဆိုရင်…..

သင်က အေးအေးဆေးဆေးနေတတ်တယ်။ ရှေးရိုးကျပြီး ထုံးတမ်းဓလေ့တွေကို တန်ဖိုးထားတတ်တယ်။ မိဘတွေရဲ့စကားကို မြေဝယ်မကျနားထောင်တတ်တဲ့သင်ဟာ မိဘတွေရဲ့အသည်းကျော်လေးပေါ့။

အရာရာမှာ အကွက်စေ့စေ့စီမံဆောင်ရွက်တတ်ပြီး သူတစ်ပါးတွေကို ကိုယ်ချင်းစာတတ်တာကြောင့် လူချစ်လူခင်များတတ်ပါတယ်။ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်လွန်းအားကြီးတာကြောင့် သင်ဘာလိုချင်တယ်ဆိုတာကို သူတစ်ပါးတွေအလွယ်တကူ မသိနိုင်ပါဘူး။

ပုံ (၅) ကိုရွေးချယ်ထားတယ်ဆိုရင်…

သင်က ကလေးဆန်တယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့အပြင် သင့်အပျော်တွေက သူတစ်ပါးကို ကူးစက်စေတယ်။ အရာရာကို ရုတ်ချည်းဖြေရှင်းနိုင်တဲ့ ဖြတ်ထိုးဉာဏ်ကောင်းတယ်။

ခေတ်နဲ့အညီနေတတ်ပြီး အတွေးတွေအမြဲ သစ်လွင်နေတတ်သူတစ်ယောက်ပါ။ တစ်ခါတလေမှာ အတွေးတွေနယ်ချဲ့ရင်း စိတ်ဖိစီးနေတတ်တာလေးကတော့ သင့်ရဲ့ အားနည်းချက်လေးပါ။

ပုံ (၆) ကိုရွေးချယ်ထားတယ်ဆိုရင်…..

သင်ဟာ မဟာဆန်သူတစ်ယောက်ပါ။ သိက္ခာတရားကို တန်ဖိုးထားပြီး လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကိုကြည့်ပြီး အကဲဖြတ်တတ်သူပါ။ အရာရာကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်တတ်တယ်။ သတိကြီးတယ်။ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာတတ်တယ်။

မေတ္တာတရားတွေကို တန်ဖိုးထားတတ်ပြီး သစ္စာစောင့်သိတတ်သူလေးပါ။ အစွဲအလန်းကြီးတတ်တဲ့ စိတ်ကြောင့် တစ်ခါတလေမှာ စိတ်ပင်ပန်းနေရတတ်ပါတယ်။

စာချစ်သူတို့ရေ….

ဗေဒင်လေးက သင်နဲ့တိုက်ဆိုင်တယ်ဆိုရင် သူငယ်ချင်းတွေအတွက်လည်း ဝေမျှပေးလိုက်ပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: shwelayoung

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top