




မြင်​တာကို​ပြောတတ်​တဲ့

Credit: ထူး​အောင်​​ဇော်
 # Unicode Version ဖြင့် ဖတ်ပါ #
ညက ” နှင်းဆီနယ်နိမိတ် ” အငြိမ့်ပွဲကိုကြည့်ပြီး တရားကျတယ်….

အရင်အစိုးရ လက်ထက်က အစိုးရအားနည်းချက်တွေကို ဆီလိုအပေါက်ရှာပြီး ကလိလိုက် ၊ရိလိုက် ၊ထေ့လိုက်၊ ငေါ့လိုက်နဲ့ ပြောလို့ကောင်းလိုက်ကြတာ ပရိတ်သတ်ကလည်း သဘောကျ တဝါးဝါး ၊တဟားဟား နဲ့ပေါ့ ။

ကိုယ်တွေလည်း သဘောကျခဲ့ပါတယ် ၊ ရီမောခဲ့ရပါတယ် ။
မြင်တတ်လေခြင်း ၊ ပြောတတ်လေခြင်းရယ်လို့လဲ သဘောကျအားပေးခဲ့ရပါတယ် ။

အခုကျတော့ ပြောင်းလဲချိန်တန်လို့လားမသိ ၊ ကလိခြင်း ၊ ရိခြင်း ၊ ထေ့ခြင်း ၊ ငေါ့ခြင်း မရှိတော့ဘူး ၊ ကြည့်ရတာလဲ အရသာမရှိတော့ဘူး ၊ ပေါ့ပျက်ပျက်နဲ့ Bella ကြေငြာနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေပဲ များနေတယ် ။ အရင်ရန်ပုံငွေပွဲလောက်လည်း အလှူငွေမရဘူး ၊ကြည့်တဲ့သူ သိသိသာသာနည်းသွားတယ် ။

ပြောရမယ်ဆိုရင် အခုအစိုရလည်း ထေ့ငေါ့စရာ ၊ ကလိစရာ အားနည်းချက်တွေ ၊ ထောက်ပြစရာတွေအများကြီးပါ ၊ ဝေဖန်စရာတွေ အများကြီးပါ ။
အခုတော့ အနုပညာသစ္စာမရှိကြပဲ ၊မျက်နှာလိုက်တတ်တဲ့ ၊အဂတိမကင်းကြတဲ့ အနုပညာသမားတွေဆိုတာ သိလိုက်ရတာတော့ အမြတ်ပေါ့ဗျာ ။

မြင်တာကိုပြောတတ်တဲ့
ဖိုးသူတော် (www.phothutaw.com)
Credit: ထူးအောင်ဇော်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top