iMyanmarHouse.com - Best Property Website for Myanmar
×

သာေကတၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေသာ အသက္ (၇၇) ႏွစ္အရြယ္ အဘြားအိုတစ္ဦးကို သတ္သည့္ အမႈမွ ျပစ္မႈက်ဴးလြန္ သူ အမ်ဳိးသားကို အမႈျဖစ္ပြားၿပီး ငါးရက္အတြင္း  ေဖာ္ထုတ္ဖမ္းဆီး ႏုိင္ခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသ ႀကီး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ သည္။

သာေကတၿမိဳ႕နယ္ (၄/ ေျမာက္)ရပ္ကြက္ရွိ တိုက္ ၁၆၆ (၃) လႊာတြင္ေနထုိင္သူ ေဒၚသန္းသန္း ကိုသတ္ကာ ေရႊထည္ပစၥည္းမ်ား လုယက္ယူေဆာင္သြားသည့္ အမႈမွ ျပစ္မႈက်ဴးလြန္သူဟု ယူဆရသူ သန္းထြန္းႏိုင္ကို သာေကတ အမွတ္ (၃) ေစ်းအနီးတြင္ ဇန္န၀ါ ရီ ၁၄ ရက္ နံနက္က ဖမ္းဆီး မိခဲ့သည္။

‘‘အမႈကိုေတာ့ ခ႐ိုင္ရဲတပ္ဖြဲ႕ နဲ႔ အထူးအမႈစစ္အဖြဲ႕ေတြေပါင္း ၿပီး လိုက္တာပါ။ လူသတ္မႈက်ဴး လြန္တဲ့ ဆိုက္ကားသမားဆိုက္ ကားကို ေသသြားတဲ့အဘြားက  ငွား စီးေနက်ပါ။ ေန႔ျပန္တိုးမေပးႏိုင္ တာရယ္၊ ဖဲ႐ႈံးလို႔အေႂကြးတင္ေန ရာက ပစၥည္းလုဖို႔သတ္တယ္လို႔ ထြက္ဆိုထားတယ္’’ဟု အေရွ႕ ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ ဦးက ေျပာသည္။

ဇန္န၀ါရီ ၁၀ ရက္ ေန႔လယ္ က ထမင္းစားရန္ မိခင္ေနထုိင္ သည့္ အဆိုပါအခန္းသို႔ သားျဖစ္ သူ လာေရာက္စဥ္ မိခင္ျဖစ္သူ ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးေန ၿပီး ၀တ္ဆင္ထားသည့္ ေရႊထည္ ပစၥည္းမ်ားပါ ေပ်ာက္ဆံုးေနသ ျဖင့္ သာေကတ ၿမိဳ႕မရဲစခန္းသို႔ တိုင္တန္းခဲ့ေသာအမႈျဖစ္သည္။

အခင္းျဖစ္ေနရာတြင္ သိမ္း ဆည္းရခဲ့သည့္ ရွပ္အက်ႌလက္ တိုမွတစ္ဆင့္ လူသတ္တရားခံကို ေျခရာခံခဲ့ၿပီး လူသတ္မႈျဖစ္ပြား သည့္ေန႔က ေအာင္ေဇယ်လမ္းရွိ စီစီတီဗီမွတ္တမ္းတြင္ သန္းထြန္း ႏိုင္ (ခ) ေက်ာင္းသားသည္ အဆို  ပါ အက်ႌကို၀တ္ဆင္၍ဆိုက္ကား နင္းေနသည့္ပံုကို ရွာေဖြေတြ႕ရွိခဲ့ ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ က သတင္းထုတ္ျပန္ထားသည္။

ျပစ္မႈက်ဴးလြန္သူသည္ ေန႔ ျပန္တိုးမ်ားႏွင့္ အေႂကြးသံုးသိန္း ေက်ာ္ ေပးဆပ္ရန္ရွိသျဖင့္ ေဒၚ သန္းသန္း၀တ္ဆင္ထားသည့္ ေရႊ ထည္ လက္၀တ္ပစၥည္းမ်ား လုယူ ရန္ အႀကံျဖင့္ အခင္းျဖစ္ေနအိမ္ သို႔ သြားေရာက္ခဲ့ေၾကာင္း အဆို ပါ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

‘‘တိုက္က ေဆာက္လက္စ ဆိုေတာ့ တံခါးေတြမတပ္ရေသး ဘူး။ သူ၀င္သြားေတာ့ အဘြားက အိပ္ေပ်ာ္ေနတယ္။ ဓားနဲ႔ လည္ ပင္းကိုထိုးၿပီး ေရႊဆြဲႀကိဳးလုသြား တာပါ။ သူနဲ႔ ေသဆံုးသူအဘြားနဲ႔ က လြန္ခဲ့တဲ့ တစ္လေလာက္မွာ ဆိုက္ကားငွားစီးရင္း သိေနတာ ပါ’’ဟု သာေကတရဲစခန္းမွ ရဲအ ရာရွိတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော အသက် (၇၇) နှစ်အရွယ် အဘွားအိုတစ်ဦးကို သတ်သည့် အမှုမှ ပြစ်မှုကျူးလွန် သူ အမျိုးသားကို အမှုဖြစ်ပွားပြီး ငါးရက်အတွင်း  ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

သာကေတမြို့နယ် (၄/ မြောက်)ရပ်ကွက်ရှိ တိုက် ၁၆၆ (၃) လွှာတွင်နေထိုင်သူ ဒေါ်သန်းသန်း ကိုသတ်ကာ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသည့် အမှုမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ သန်းထွန်းနိုင်ကို သာကေတ အမှတ် (၃) ဈေးအနီးတွင် ဇန်နဝါ ရီ ၁၄ ရက် နံနက်က ဖမ်းဆီး မိခဲ့သည်။

‘‘အမှုကိုတော့ ခရိုင်ရဲတပ်ဖွဲ့ နဲ့ အထူးအမှုစစ်အဖွဲ့တွေပေါင်း ပြီး လိုက်တာပါ။ လူသတ်မှုကျူး လွန်တဲ့ ဆိုက်ကားသမားဆိုက် ကားကို သေသွားတဲ့အဘွားက  ငှား စီးနေကျပါ။ နေ့ပြန်တိုးမပေးနိုင် တာရယ်၊ ဖဲရှုံးလို့အကြွေးတင်နေ ရာက ပစ္စည်းလုဖို့သတ်တယ်လို့ ထွက်ဆိုထားတယ်’’ဟု အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ပြောသည်။

ဇန်နဝါရီ ၁၀ ရက် နေ့လယ် က ထမင်းစားရန် မိခင်နေထိုင် သည့် အဆိုပါအခန်းသို့ သားဖြစ် သူ လာရောက်စဉ် မိခင်ဖြစ်သူ ဓားဒဏ်ရာများဖြင့် သေဆုံးနေ ပြီး ဝတ်ဆင်ထားသည့် ရွှေထည် ပစ္စည်းများပါ ပျောက်ဆုံးနေသ ဖြင့် သာကေတ မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သောအမှုဖြစ်သည်။

အခင်းဖြစ်နေရာတွင် သိမ်း ဆည်းရခဲ့သည့် ရှပ်အကျႌလက် တိုမှတစ်ဆင့် လူသတ်တရားခံကို ခြေရာခံခဲ့ပြီး လူသတ်မှုဖြစ်ပွား သည့်နေ့က အောင်ဇေယျလမ်းရှိ စီစီတီဗီမှတ်တမ်းတွင် သန်းထွန်း နိုင် (ခ) ကျောင်းသားသည် အဆို  ပါ အကျႌကိုဝတ်ဆင်၍ဆိုက်ကား နင်းနေသည့်ပုံကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

ပြစ်မှုကျူးလွန်သူသည် နေ့ ပြန်တိုးများနှင့် အကြွေးသုံးသိန်း ကျော် ပေးဆပ်ရန်ရှိသဖြင့် ဒေါ် သန်းသန်းဝတ်ဆင်ထားသည့် ရွှေ ထည် လက်ဝတ်ပစ္စည်းများ လုယူ ရန် အကြံဖြင့် အခင်းဖြစ်နေအိမ် သို့ သွားရောက်ခဲ့ကြောင်း အဆို ပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

‘‘တိုက်က ဆောက်လက်စ ဆိုတော့ တံခါးတွေမတပ်ရသေး ဘူး။ သူဝင်သွားတော့ အဘွားက အိပ်ပျော်နေတယ်။ ဓားနဲ့ လည် ပင်းကိုထိုးပြီး ရွှေဆွဲကြိုးလုသွား တာပါ။ သူနဲ့ သေဆုံးသူအဘွားနဲ့ က လွန်ခဲ့တဲ့ တစ်လလောက်မှာ ဆိုက်ကားငှားစီးရင်း သိနေတာ ပါ’’ဟု သာကေတရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top