ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# Zawgyi ျဖင့္ဖတ္ရန္ #

က်ိဳင္းတုံၿမိဳ႕နယ္အတြင္း ယာဥ္တိုက္မႈ ျဖစ္ပြားရာကေန ထိုင္းႏိုင္ငံသား တရားခံေျပးကုိ ဖမ္းဆီးရမိတယ္လုိ႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ပါတယ္။

ဇန္နဝါရီ ၂၂ ရက္ေန႔ မနက္ ၁၁ နာရီက က်ိဳင္းတုံၿမိဳ႕နယ္၊ က်ိဳင္းတုံ-မိုင္းခတ္သြားကားလမ္း၊ ေနာင္ဖာတံတားအနီးမွာ ထိုင္းႏုိင္ငံသား Mr.Park ေမာင္းႏွင္ၿပီး မနန္းေဖာင္း လိုက္ပါလာတဲ့ SHN-1P/×××× MARK-X ယာဥ္ဟာ ေရွ႕မွ ဆုိင္ကယ္ ၂ စီးကုိ ဝင္တုိက္မိခဲ့တယ္လုိ႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဆုိင္ကယ္ေတြနဲ႔ စီးနင္းလုိက္ပါလာတဲ့ မနန္းေမြေအာင္၊ ဦးအိုက္ရီ၊ ေဒၚအီဝမ္းတို႔ ၃ ဦးတုိ႔ ပြန္းပဲ့ ေပါက္ၿပဲ ဒဏ္ရာေတြ (မစိုးရိမ္ရ) ရရွိခဲ့ၿပီး က်ိဳင္းတုံျပည္သူ႔ေဆး႐ုံကုိ တင္ပို႔ကုသခဲ့ၿပီး Mr.Park အား က်ိဳင္းတုံၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၃၃၇ (ေပါ့ေလ်ာ့မႈေၾကာင့္ ျပင္းထန္/သာမန္ နာက်င္ေစမႈ) နဲ႔ လည္းေကာင္း၊ ဇန္နဝါရီ ၂၃ ရက္ေန႔မွာ Mr.Park ကို လ.ဝ.က က စစ္ေဆးရာ ျမန္မာႏိုင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာတာ ေပၚေပါက္ခဲ့လုိ႔ က်ိဳင္းတုံၿမိဳ႕မရဲစခန္း (ပ)၂၂/၂၀၁၈ လ.ဝ.က အက္ ၁၃(၁) နဲ႔ လည္းေကာင္း အမႈဖြင့္ စစ္ေဆးခဲ့တယ္လုိ႔ ဆုိပါတယ္။

စစ္ေဆးခ်က္ေတြအရ တရားခံ Mr.Park မွာ (ONCB) မွ ေပးပို႔တဲ့ ဝရမ္းမွာ ပါရွိတဲ့ တရားခံ Tawachai (Kao) Aomchompu၊ (၂၉) ႏွစ္ ဝမ္မိုင္တိုက္နယ္၊ ပထုံဌာေနခ႐ုိင္ ထိုင္းနိုင္ငံ ေနထိုင္သူ ျဖစ္သည္မွာ မွန္ကန္ေၾကာင္းနဲ႔ ၂၀၁၆ ခုႏွစ္၊ ဇူလိုင္လက ထိုင္းႏိုင္ငံ၊ ဆီစကစ္ၿမိဳ႕မွာ စိတ္ႂကြေဆးျပား ၄၉ ျပားနဲ႔အတူ ဖမ္းဆီးခံရၿပီး အာမခံနဲ႔ အမႈရင္ဆိုင္ေနစဥ္ ထြက္ေျပး တိမ္းေရွာင္ေနလုိ႔ ဖမ္းဝရမ္း ထုတ္ထားသူ ျဖစ္ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
# Unicode ဖြင့်ဖတ်ရန် #
ကျိုင်းတုံမြို့နယ်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားရာကနေ ထိုင်းနိုင်ငံသား တရားခံပြေးကို ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၁၁ နာရီက ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းခတ်သွားကားလမ်း၊ နောင်ဖာတံတားအနီးမှာ ထိုင်းနိုင်ငံသား Mr.Park မောင်းနှင်ပြီး မနန်းဖောင်း လိုက်ပါလာတဲ့ SHN-1P/×××× MARK-X ယာဉ်ဟာ ရှေ့မှ ဆိုင်ကယ် ၂ စီးကို ဝင်တိုက်မိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဆိုင်ကယ်တွေနဲ့ စီးနင်းလိုက်ပါလာတဲ့ မနန်းမွေအောင်၊ ဦးအိုက်ရီ၊ ဒေါ်အီဝမ်းတို့ ၃ ဦးတို့ ပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာတွေ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံကို တင်ပို့ကုသခဲ့ပြီး Mr.Park အား ကျိုင်းတုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန် နာကျင်စေမှု) နဲ့ လည်းကောင်း၊ ဇန်နဝါရီ ၂၃ ရက်နေ့မှာ Mr.Park ကို လ.ဝ.က က စစ်ဆေးရာ မြန်မာနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာတာ ပေါ်ပေါက်ခဲ့လို့ ကျိုင်းတုံမြို့မရဲစခန်း (ပ)၂၂/၂၀၁၈ လ.ဝ.က အက် ၁၃(၁) နဲ့ လည်းကောင်း အမှုဖွင့် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ တရားခံ Mr.Park မှာ (ONCB) မှ ပေးပို့တဲ့ ဝရမ်းမှာ ပါရှိတဲ့ တရားခံ Tawachai (Kao) Aomchompu၊ (၂၉) နှစ် ဝမ်မိုင်တိုက်နယ်၊ ပထုံဌာနေခရိုင် ထိုင်းနိုင်ငံ နေထိုင်သူ ဖြစ်သည်မှာ မှန်ကန်ကြောင်းနဲ့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက ထိုင်းနိုင်ငံ၊ ဆီစကစ်မြို့မှာ စိတ်ကြွဆေးပြား ၄၉ ပြားနဲ့အတူ ဖမ်းဆီးခံရပြီး အာမခံနဲ့ အမှုရင်ဆိုင်နေစဉ် ထွက်ပြေး တိမ်းရှောင်နေလို့ ဖမ်းဝရမ်း ထုတ်ထားသူ ဖြစ်ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top