လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

Ulcerative colitis အူမၾကီးအနာေပါက္ေရာဂါ ဆိုတာ ဘာလဲ။

Ulcerative colitis ဆိုတာဟာ Inflammable bowel diseases (IBD) လို႕ေခၚတဲ့ အူလမ္းေၾကာင္းေရာင္ရမ္းျခင္းဆိုင္ရာ ေရာဂါႏွစ္မ်ိဳးထဲက တမ်ိဳးျဖစ္ပါတယ္။ဒီေရာဂါဟာ အူမၾကီးအတြင္းဖက္နံရံေတြမွာ ျဖစ္ေပၚေလ့ရွိပါတယ္။

အကယ္၍ သင့္မွာ Ulcerative colitis ေရာဂါရွိမယ္ဆိုရင္ အူမၾကီးမွာ အနာေသးေသးေလးေတြ ျဖစ္ေပၚလာမွာျဖစ္ျပီး ဒီအနာေလးေတြကေန ေသြးေတြ၊ျပည္ေတြ ထြက္လာမွာပဲ ျဖစ္ပါတယ္။Ulcerative colitis အမ်ားစုဟာ အူမၾကီးအေနာက္ဖက္ပိုင္းမွာ စတင္ျဖစ္ေပၚေလ့ရွိေပမယ့္ အူမၾကီးတခုလုံးကိုလည္း ထိခိုက္တတ္ပါတယ္။

rectum လို႕ေခၚတဲ့ အူမၾကီးအေနာက္ဆုံးပိုင္းကိုပဲ ထိရင္ proctitis လို႕ေခၚျပီး အူမၾကီးအေပၚပိုင္း (colon) တခုလုံးကို ထိရင္ေတာ့ total colitis ဒါမွမဟုတ္ pancolitis လို႕ေခၚပါတယ္။Ulcerative colitis ဟာ နာတာရွည္ေရာဂါတမ်ိဳးျဖစ္ျပီး ေရာဂါလကၡဏာေတြဟာ ေပၚလိုက္ေပ်ာက္လိုက္ ျဖစ္ေလ့ရွိပါတယ္။

Ulcerative colitis ဟာ အသက္အရြယ္မေရြး ျဖစ္ႏိုင္တယ္ဆိုေပမယ့္ အသက္ ၁၅-၃၀ ႏွစ္ၾကား မွာ အမ်ားဆုံး ျဖစ္ပြါးေလ့ရွိပါတယ္။အမ်ိဳးသားနဲ႕ အမ်ိဳးသမီးေတြမွာ တန္းတူျဖစ္ပြါးေလ့ရွိျပီး မ်ိဳး႐ိုးလိုက္ေလ့လည္း ရွိပါတယ္။

ထူးဆန္းတဲ့အခ်က္က ေဆးလိပ္ေသာက္ျခင္းဟာ Ulcerative colitis ျဖစ္ပြါးမႈကို ေလွ်ာ့ခ်ေပးႏိုင္တယ္ဆိုတာပါပဲ။

Ulcerative colitis ရဲ့ လကၡဏာေတြက ဘာလဲ။

ေရာဂါခံစားေနရတဲ့အခ်ိန္မွာ ေသြးဝမ္းသြားတာ၊ဗိုက္နာတာတို႕ ျဖစ္ေပၚပါလိမ့္မယ္။ ဒါ့အျပင္ အဖ်ားတက္ျခင္း၊ စအိုမွ ေသြးယိုစီးျခင္း၊ ပင္ပန္းႏြမ္းနယ္ႏုံးခ်ိျခင္း၊ ေသြးအားနည္းျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ ကိုယ္အေလးခ်ိန္က်ျခင္း၊ ခႏၶာကိုယ္အရည္ဓာတ္ဆုံးရွုံးျခင္း၊ အာဟာရဓာတ္မ်ား ခ်ိဳ႕တဲ့ျခင္း အစရွိတဲ့ ေဝဒနာေတြကိုလည္း ခံစားရပါလိမ့္မယ္။ ေရာဂါျပင္းထန္တဲ့ အေျခအေနေတြမွာဆိုရင္ တေန႕ကို အၾကိမ္ေပါင္းမ်ားစြာ ဝမ္းသြားပါလိမ့္မယ္။

ဒါ့အျပင္ အျခားေသာ လကၡဏာမ်ားျဖစ္တဲ့

    ·        အသက္႐ႈမဝျခင္း။
    ·        ႏွလုံးခုန္ျမန္ျခင္း၊မမွန္ျခင္း။
    ·        အဖ်ားၾကီးျခင္း။
    ·        ေသြးဝမ္းပိုဆိုးလာျခင္း စတာေတြကိုလည္း ခံစားရပါလိမ့္မယ္။

ခႏၶာကိုယ္ရဲ့ အျခားေသာ ေနရာေတြကိုလည္း ထိခိုက္ေစပါတယ္။ ဥပမာ

    ·        အဆစ္အျမစ္မ်ား ေရာင္ရမ္းကိုက္ခဲျခင္း။
    ·        ပါးစပ္ အနာမ်ားေပါက္ျခင္း။
    ·        အေရျပားတြင္ နီရဲေဖာင္းကားနာက်င္ေသာ ေနရာမ်ားေပၚလာျခင္း။
    ·        မ်က္စိနီရဲျခင္း၊စပ္ျခင္း၊ေအာင့္ျခင္း။

အဆစ္အျမစ္ေရာင္ရမ္းျခင္း၊ မ်က္စိေရာင္ျခင္း၊ အသည္းေရာဂါမ်ား (အသည္းအဆီဖုံး၊အသည္းေရာင္၊ အသည္းေျခာက္၊ သည္းေျချပြန္ေရာင္ျခင္း စသည္)၊ အ႐ိုးပြျခင္း၊ အေရျပားတြင္ အစက္မ်ားထြက္ျခင္း၊ ေသြးအားနည္းျခင္း နဲ႕ ေက်ာက္ကပ္ေက်ာက္တည္ျခင္း အစရွိတဲ့ နာတာရွည္ေရာဂါျပႆနာေတြကိုလည္း ျဖစ္ေစပါလိမ့္မယ္။

ဒါေပမယ့္ Ulcerative colitis ကို ေပ်ာက္ကင္းေအာင္ ကုသလိုက္ႏိုင္ရင္ အဆိုပါ ျပႆနာေတြလည္း တခါတည္း ပေပ်ာက္သြားမွာ ျဖစ္ပါတယ္။

Ulcerative colitis ဘာလို႔ ျဖစ္သလဲ။

Ulcerative colitis ဘာလို႔ ျဖစ္ရသလဲဆိုတာ အေသအခ်ာ မသိရေသးပါဘူး။ ပတ္ဝန္းက်င္အေျခအေနေတြ၊ အစားအေသာက္ နဲ႔ ကူးစက္ပိုးမႊားေတြက အူနံရံေတြ ေရာင္ရမ္းျခင္းကို   ျဖစ္ေစျပီး ေရာဂါပ်ံ႕ေစတယ္လို႕ တခ်ိဳ႕က ယူဆၾကပါတယ္။ulcerative colitis ေရာဂါခံစားေနရသူေတြရဲ့ အူလမ္းေၾကာင္းထဲမွာ ဗိုင္းရပ္စ္ပိုးမႊားေတြကို ေတြ႕ရတတ္ပါတယ္။

ဒါေပမယ့္ အဆိုပါ ဗိုင္းရပ္စ္ပိုးေတြနဲ႕ ေရာဂါျဖစ္ပြါးမႈတို႕အၾကားမွာ ဘယ္လိုဆက္စပ္မႈရွိသလဲဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ အျခားေသာ ေရာင္ရမ္းျခင္းဆိုင္ရာ ေရာဂါေတြနည္းတူ ulcerative colitis ဟာလည္း အူလမ္းေၾကာင္း မူမမွန္ျခင္းေၾကာင့္ ျဖစ္ပြါးရပါတယ္။

သင့္ခႏၶာကိုယ္ခုခံအားစနစ္အေနနဲ႕ အူမၾကီးကို ကာကြယ္ရမယ့္အစား အူမၾကီးမွာရွိတဲ့ ဆဲလ္ေတြကို တိုက္ခိုက္တဲ့အတြက္ ေရာင္ရမ္းျခင္းေတြ၊ မလိုလားအပ္တဲ့ ဓာတ္ျပဳမႈေတြ ျဖစ္လာရပါေတာ့တယ္။ ဒီလိုတိုက္ခိုက္မႈဟာ အခ်ိန္အတန္ ၾကာျမင့္ႏိုင္ပါတယ္။ စိတ္ပိုင္းဆိုင္ရာျပႆနာေတြ (ဥပမာ စိတ္ဖိစီးမႈေတြ)ဟာ ulcerative colitis ကို မျဖစ္ပြါးေစပါဘူး။ ဒါေပမယ့္ အဆိုပါျပႆနာေတြဟာ ေရာဂါလကၡဏာေတြကို ပိုဆိုးေစတဲ့အျပင္ မၾကာခဏ ေရာဂါထေအာင္လည္း ျပဳလုပ္ေပးႏိုင္ပါတယ္။

ဘယ္လိုလူေတြမွာ ulcerative colitis ျဖစ္ႏိုင္ေခ် ပိုမ်ားသလဲ။

သင့္မွာ ေအာက္ေဖာ္ျပပါ အခ်က္ေတြနဲ႕ ကိုက္ညီေနတယ္ဆိုရင္ ulcerative colitis ျဖစ္ဖို႕ ရာခိုင္ႏွုန္းပိုမ်ားေစပါတယ္။

    ·        အသက္ : အသက္အရြယ္မေရြး ျဖစ္ပြါးႏိုင္ေပမယ့္ ၁၅ႏွစ္ နဲ႕ ၂၅ ႏွစ္ၾကား လူငယ္၊လူလတ္ပိုင္းေတြမွာ အမ်ားဆုံး ျဖစ္ေလ့ရွိပါတယ္။
    ·        လူမ်ိဳး : အာရွသားေတြမွာ ျဖစ္ခဲျပီး ဥေရာပနဲ႕ အာဖရိကသားေတြမွာ အျဖစ္မ်ားပါတယ္။
    ·        မ်ိဳး႐ိုး : မူမမွန္တဲ့ မ်ိဳးဗီဇပစၥည္း (gene)ဟာ ခုခံအားစနစ္တံု႕ျပန္မႈေတြကို ကေမာက္ကမ ျဖစ္ေစပါတယ္။သင့္မိသားစုဝင္ေတြထဲမွာ ulcerative colitis ျဖစ္ဖူးသူ/ျဖစ္ေနသူရွိရင္ သင့္မွာလည္း ဒီေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ားပါတယ္။

Ulcerative colitis ဟာ ေဆးလိပ္မေသာက္တတ္သူေတြနဲ႕ ေဆးလိပ္ျဖတ္ထားသူေတြမွာ ပိုအျဖစ္မ်ားပါတယ္။ဒါေပမယ့္ ulcerative colitis ကို ကုသဖို႕ဆိုျပီးေတာ့ ေဆးလိပ္သြားေသာက္မေနပါနဲ႕ဦး။

Ulcerative colitis ေရာဂါကို ဘယ္လိုရွာေဖြ ေဖာ္ထုတ္မလဲ။

ေအာက္ပါစစ္ေဆးမႈေတြကို ျပဳလုပ္ႏိုင္ပါတယ္။

    ·        ဝမ္းစစ္ျခင္း : သင့္ဝမ္းထဲမွာ ေသြး၊ဘက္တီးရီးယား ဒါမွမဟုတ္ ကပ္ပါးပိုးမႊားေတြ ပါဝင္လာျခင္း ရွိမရွိ စစ္ေဆးပါလိမ့္မယ္။
    ·        အူလမ္းေၾကာင္း မွန္ေျပာင္းၾကည့္ျခင္း : ေပ်ာ့ေပ်ာင္းတဲ့ ပိုက္ကေလးကို အသုံးျပဳျပီး အစာအိမ္၊အစာေရျမိဳနဲ႕ အူသိမ္တို႕ကို စစ္ေဆးပါလိမ့္မယ္။
    ·        အူမၾကီးမွန္ေျပာင္းၾကည့္ျခင္း : ရွည္လ်ားေပ်ာ့ေပ်ာင္းတဲ့ ျပြန္ေလးကို စအိုထဲထည့္သြင္းကာ အူမၾကီးကို စစ္ေဆးၾကည့္႐ႈပါမယ္။
    ·        အသားစယူျခင္း : အူမၾကီးအသားစ နမူနာယူျပီး ဓာတ္ခြဲခန္းမွာ စစ္ေဆးပါလိမ့္မယ္။
    ·        ဓာတ္မွန္႐ိုက္ျခင္း : ပိုျပီးထင္သာျမင္သာရွိေစဖို႕အတြက္ barium လို႕ေခၚတဲ့ အရည္တမ်ိဳးကို စအိုဝမွတဆင့္ အူလမ္းေၾကာင္းထဲ ထည့္သြင္းကာ ဓာတ္မွန္႐ိုက္ပါလိမ့္မယ္။

Ulcerative colitis ေရာဂါကို ဘယ္လိုကုသမလဲ။

ေရာဂါထခ်ိန္မွာ ခံစားရတဲ့ လကၡဏာေတြကို သက္သာေပ်ာက္ကင္းေစဖို႕နဲ႕ ေနာက္တခါ ျပန္မျဖစ္ရေလေအာင္ ကာကြယ္ဖို႕ အဓိကရည္ရြယ္ပါတယ္။ေရာဂါထေစတဲ့ အရာတခုခုကို သိရွိမယ္ဆိုရင္ အဆိုပါ အစားအစာကို ေရွာင္က်ဥ္ျခင္းအားျဖင့္ ေရာဂါလကၡဏာေတြကို ၾကိဳတင္ကာကြယ္ႏိုင္မွာပါ။

လူတဦးနဲ႕ တဦး ခံစားရတဲ့ လကၡဏာေတြ မတူညီၾကတာမို႕ ေဆးဝါးကုသမႈေပးတဲ့အခါမွာလည္း အေျခအေနကိုၾကည့္ျပီး ေဆးေပးရပါတယ္။ေသာက္ေဆး ဒါမွမဟုတ္ ခြဲစိတ္တဲ့ နည္းလမ္းေတြကို အသုံးျပဳျပီးေတာ့လည္း ulcerative colitis ကို ကုသေပးႏိုင္ပါတယ္။

လူနာအမ်ားစုမွာေတာ့ ေအာက္ပါေဆးေလးေတြကို ေသာက္ျခင္းအားျဖင့္ သက္သာသြားေလ့ရွိပါတယ္။

        Aminosalicylates (ASAS);
         Corticosteroids;
         Immunosuppressants;
         Sulfasalazine (Azulfidine®);
         Mesalamine (Asacol® and Lialda®);
         Balsalazide (Colazal®);
         Olsalazine (Dipentum®).

ေရာဂါလကၡဏာ ျပင္းထန္ဆိုးရြားမႈ မရွိဖူးဆိုရင္ အထက္ပါေဆးေတြကို အသုံးျပဳျပီး အိမ္မွာပဲ ကုသႏိုင္ပါတယ္။ဒါေပမယ့္ တျဖည္းျဖည္း ပိုဆိုးလာျပီဆိုရင္ေတာ့ အူမၾကီးရဲ့ တစိတ္တပိုင္းကို ျဖတ္ထုတ္ဖို႕ လိုပါလိမ့္မယ္။ဆိုးရြားတဲ့ အနာေတြဟာ အူမၾကီးကို အေပါက္ျဖစ္သြားေစႏိုင္လို႕ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon
#Unicode Version#
Ulcerative colitis အူမကြီးအနာပေါက်ရောဂါ ဆိုတာ ဘာလဲ။

Ulcerative colitis ဆိုတာဟာ Inflammable bowel diseases (IBD) လို့ခေါ်တဲ့ အူလမ်းကြောင်းရောင်ရမ်းခြင်းဆိုင်ရာ ရောဂါနှစ်မျိုးထဲက တမျိုးဖြစ်ပါတယ်။ဒီရောဂါဟာ အူမကြီးအတွင်းဖက်နံရံတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။

အကယ်၍ သင့်မှာ Ulcerative colitis ရောဂါရှိမယ်ဆိုရင် အူမကြီးမှာ အနာသေးသေးလေးတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဒီအနာလေးတွေကနေ သွေးတွေ၊ပြည်တွေ ထွက်လာမှာပဲ ဖြစ်ပါတယ်။Ulcerative colitis အများစုဟာ အူမကြီးအနောက်ဖက်ပိုင်းမှာ စတင်ဖြစ်ပေါ်လေ့ရှိပေမယ့် အူမကြီးတခုလုံးကိုလည်း ထိခိုက်တတ်ပါတယ်။

rectum လို့ခေါ်တဲ့ အူမကြီးအနောက်ဆုံးပိုင်းကိုပဲ ထိရင် proctitis လို့ခေါ်ပြီး အူမကြီးအပေါ်ပိုင်း (colon) တခုလုံးကို ထိရင်တော့ total colitis ဒါမှမဟုတ် pancolitis လို့ခေါ်ပါတယ်။Ulcerative colitis ဟာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး ရောဂါလက္ခဏာတွေဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်လေ့ရှိပါတယ်။

Ulcerative colitis ဟာ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် အသက် ၁၅-၃၀ နှစ်ကြား မှာ အများဆုံး ဖြစ်ပွါးလေ့ရှိပါတယ်။အမျိုးသားနဲ့ အမျိုးသမီးတွေမှာ တန်းတူဖြစ်ပွါးလေ့ရှိပြီး မျိုးရိုးလိုက်လေ့လည်း ရှိပါတယ်။

ထူးဆန်းတဲ့အချက်က ဆေးလိပ်သောက်ခြင်းဟာ Ulcerative colitis ဖြစ်ပွါးမှုကို လျှော့ချပေးနိုင်တယ်ဆိုတာပါပဲ။

Ulcerative colitis ရဲ့ လက္ခဏာတွေက ဘာလဲ။

ရောဂါခံစားနေရတဲ့အချိန်မှာ သွေးဝမ်းသွားတာ၊ဗိုက်နာတာတို့ ဖြစ်ပေါ်ပါလိမ့်မယ်။ ဒါ့အပြင် အဖျားတက်ခြင်း၊ စအိုမှ သွေးယိုစီးခြင်း၊ ပင်ပန်းနွမ်းနယ်နုံးချိခြင်း၊ သွေးအားနည်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခန္ဓာကိုယ်အရည်ဓာတ်ဆုံးရှုံးခြင်း၊ အာဟာရဓာတ်များ ချို့တဲ့ခြင်း အစရှိတဲ့ ဝေဒနာတွေကိုလည်း ခံစားရပါလိမ့်မယ်။ ရောဂါပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင် တနေ့ကို အကြိမ်ပေါင်းများစွာ ဝမ်းသွားပါလိမ့်မယ်။

ဒါ့အပြင် အခြားသော လက္ခဏာများဖြစ်တဲ့

    ·        အသက်ရှုမဝခြင်း။
    ·        နှလုံးခုန်မြန်ခြင်း၊မမှန်ခြင်း။
    ·        အဖျားကြီးခြင်း။
    ·        သွေးဝမ်းပိုဆိုးလာခြင်း စတာတွေကိုလည်း ခံစားရပါလိမ့်မယ်။

ခန္ဓာကိုယ်ရဲ့ အခြားသော နေရာတွေကိုလည်း ထိခိုက်စေပါတယ်။ ဥပမာ

    ·        အဆစ်အမြစ်များ ရောင်ရမ်းကိုက်ခဲခြင်း။
    ·        ပါးစပ် အနာများပေါက်ခြင်း။
    ·        အရေပြားတွင် နီရဲဖောင်းကားနာကျင်သော နေရာများပေါ်လာခြင်း။
    ·        မျက်စိနီရဲခြင်း၊စပ်ခြင်း၊အောင့်ခြင်း။

အဆစ်အမြစ်ရောင်ရမ်းခြင်း၊ မျက်စိရောင်ခြင်း၊ အသည်းရောဂါများ (အသည်းအဆီဖုံး၊အသည်းရောင်၊ အသည်းခြောက်၊ သည်းခြေပြွန်ရောင်ခြင်း စသည်)၊ အရိုးပွခြင်း၊ အရေပြားတွင် အစက်များထွက်ခြင်း၊ သွေးအားနည်းခြင်း နဲ့ ကျောက်ကပ်ကျောက်တည်ခြင်း အစရှိတဲ့ နာတာရှည်ရောဂါပြဿနာတွေကိုလည်း ဖြစ်စေပါလိမ့်မယ်။

ဒါပေမယ့် Ulcerative colitis ကို ပျောက်ကင်းအောင် ကုသလိုက်နိုင်ရင် အဆိုပါ ပြဿနာတွေလည်း တခါတည်း ပပျောက်သွားမှာ ဖြစ်ပါတယ်။

Ulcerative colitis ဘာလို့ ဖြစ်သလဲ။

Ulcerative colitis ဘာလို့ ဖြစ်ရသလဲဆိုတာ အသေအချာ မသိရသေးပါဘူး။ ပတ်ဝန်းကျင်အခြေအနေတွေ၊ အစားအသောက် နဲ့ ကူးစက်ပိုးမွှားတွေက အူနံရံတွေ ရောင်ရမ်းခြင်းကို   ဖြစ်စေပြီး ရောဂါပျံ့စေတယ်လို့ တချို့က ယူဆကြပါတယ်။ulcerative colitis ရောဂါခံစားနေရသူတွေရဲ့ အူလမ်းကြောင်းထဲမှာ ဗိုင်းရပ်စ်ပိုးမွှားတွေကို တွေ့ရတတ်ပါတယ်။

ဒါပေမယ့် အဆိုပါ ဗိုင်းရပ်စ်ပိုးတွေနဲ့ ရောဂါဖြစ်ပွါးမှုတို့အကြားမှာ ဘယ်လိုဆက်စပ်မှုရှိသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခြားသော ရောင်ရမ်းခြင်းဆိုင်ရာ ရောဂါတွေနည်းတူ ulcerative colitis ဟာလည်း အူလမ်းကြောင်း မူမမှန်ခြင်းကြောင့် ဖြစ်ပွါးရပါတယ်။

သင့်ခန္ဓာကိုယ်ခုခံအားစနစ်အနေနဲ့ အူမကြီးကို ကာကွယ်ရမယ့်အစား အူမကြီးမှာရှိတဲ့ ဆဲလ်တွေကို တိုက်ခိုက်တဲ့အတွက် ရောင်ရမ်းခြင်းတွေ၊ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ ဖြစ်လာရပါတော့တယ်။ ဒီလိုတိုက်ခိုက်မှုဟာ အချိန်အတန် ကြာမြင့်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ (ဥပမာ စိတ်ဖိစီးမှုတွေ)ဟာ ulcerative colitis ကို မဖြစ်ပွါးစေပါဘူး။ ဒါပေမယ့် အဆိုပါပြဿနာတွေဟာ ရောဂါလက္ခဏာတွေကို ပိုဆိုးစေတဲ့အပြင် မကြာခဏ ရောဂါထအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။

ဘယ်လိုလူတွေမှာ ulcerative colitis ဖြစ်နိုင်ချေ ပိုများသလဲ။

သင့်မှာ အောက်ဖော်ပြပါ အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် ulcerative colitis ဖြစ်ဖို့ ရာခိုင်နှုန်းပိုများစေပါတယ်။

    ·        အသက် : အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပေမယ့် ၁၅နှစ် နဲ့ ၂၅ နှစ်ကြား လူငယ်၊လူလတ်ပိုင်းတွေမှာ အများဆုံး ဖြစ်လေ့ရှိပါတယ်။
    ·        လူမျိုး : အာရှသားတွေမှာ ဖြစ်ခဲပြီး ဥရောပနဲ့ အာဖရိကသားတွေမှာ အဖြစ်များပါတယ်။
    ·        မျိုးရိုး : မူမမှန်တဲ့ မျိုးဗီဇပစ္စည်း (gene)ဟာ ခုခံအားစနစ်တုံ့ပြန်မှုတွေကို ကမောက်ကမ ဖြစ်စေပါတယ်။သင့်မိသားစုဝင်တွေထဲမှာ ulcerative colitis ဖြစ်ဖူးသူ/ဖြစ်နေသူရှိရင် သင့်မှာလည်း ဒီရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။

Ulcerative colitis ဟာ ဆေးလိပ်မသောက်တတ်သူတွေနဲ့ ဆေးလိပ်ဖြတ်ထားသူတွေမှာ ပိုအဖြစ်များပါတယ်။ဒါပေမယ့် ulcerative colitis ကို ကုသဖို့ဆိုပြီးတော့ ဆေးလိပ်သွားသောက်မနေပါနဲ့ဦး။

Ulcerative colitis ရောဂါကို ဘယ်လိုရှာဖွေ ဖော်ထုတ်မလဲ။

အောက်ပါစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။

    ·        ဝမ်းစစ်ခြင်း : သင့်ဝမ်းထဲမှာ သွေး၊ဘက်တီးရီးယား ဒါမှမဟုတ် ကပ်ပါးပိုးမွှားတွေ ပါဝင်လာခြင်း ရှိမရှိ စစ်ဆေးပါလိမ့်မယ်။
    ·        အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း : ပျော့ပျောင်းတဲ့ ပိုက်ကလေးကို အသုံးပြုပြီး အစာအိမ်၊အစာရေမြိုနဲ့ အူသိမ်တို့ကို စစ်ဆေးပါလိမ့်မယ်။
    ·        အူမကြီးမှန်ပြောင်းကြည့်ခြင်း : ရှည်လျားပျော့ပျောင်းတဲ့ ပြွန်လေးကို စအိုထဲထည့်သွင်းကာ အူမကြီးကို စစ်ဆေးကြည့်ရှုပါမယ်။
    ·        အသားစယူခြင်း : အူမကြီးအသားစ နမူနာယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးပါလိမ့်မယ်။
    ·        ဓာတ်မှန်ရိုက်ခြင်း : ပိုပြီးထင်သာမြင်သာရှိစေဖို့အတွက် barium လို့ခေါ်တဲ့ အရည်တမျိုးကို စအိုဝမှတဆင့် အူလမ်းကြောင်းထဲ ထည့်သွင်းကာ ဓာတ်မှန်ရိုက်ပါလိမ့်မယ်။

Ulcerative colitis ရောဂါကို ဘယ်လိုကုသမလဲ။

ရောဂါထချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကို သက်သာပျောက်ကင်းစေဖို့နဲ့ နောက်တခါ ပြန်မဖြစ်ရလေအောင် ကာကွယ်ဖို့ အဓိကရည်ရွယ်ပါတယ်။ရောဂါထစေတဲ့ အရာတခုခုကို သိရှိမယ်ဆိုရင် အဆိုပါ အစားအစာကို ရှောင်ကျဉ်ခြင်းအားဖြင့် ရောဂါလက္ခဏာတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။

လူတဦးနဲ့ တဦး ခံစားရတဲ့ လက္ခဏာတွေ မတူညီကြတာမို့ ဆေးဝါးကုသမှုပေးတဲ့အခါမှာလည်း အခြေအနေကိုကြည့်ပြီး ဆေးပေးရပါတယ်။သောက်ဆေး ဒါမှမဟုတ် ခွဲစိတ်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့လည်း ulcerative colitis ကို ကုသပေးနိုင်ပါတယ်။

လူနာအများစုမှာတော့ အောက်ပါဆေးလေးတွေကို သောက်ခြင်းအားဖြင့် သက်သာသွားလေ့ရှိပါတယ်။

        Aminosalicylates (ASAS);
         Corticosteroids;
         Immunosuppressants;
         Sulfasalazine (Azulfidine®);
         Mesalamine (Asacol® and Lialda®);
         Balsalazide (Colazal®);
         Olsalazine (Dipentum®).

ရောဂါလက္ခဏာ ပြင်းထန်ဆိုးရွားမှု မရှိဖူးဆိုရင် အထက်ပါဆေးတွေကို အသုံးပြုပြီး အိမ်မှာပဲ ကုသနိုင်ပါတယ်။ဒါပေမယ့် တဖြည်းဖြည်း ပိုဆိုးလာပြီဆိုရင်တော့ အူမကြီးရဲ့ တစိတ်တပိုင်းကို ဖြတ်ထုတ်ဖို့ လိုပါလိမ့်မယ်။ဆိုးရွားတဲ့ အနာတွေဟာ အူမကြီးကို အပေါက်ဖြစ်သွားစေနိုင်လို့ပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top