iMyanmarHouse.com - Best Property Website for Myanmar
×

အဓမၼျပဳက်င့္တယ္တို႔၊ လိင္ပိုင္းဆုိင္ရာ ေစာ္ကားခံရတယ္တို႔ ဆိုတာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားရင္ဆုိင္ေနၾကရတဲ့ ျပႆနာေတြပါ။ ဒီလိုျပႆနာေတြ နိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ Rape Caseအတြက္ ျပစ္ဒဏ္ျပင္းျပင္းထန္ထန္ ေပးၾကပါတယ္။ ေယာင္းတို႕ ဗဟုသုတရေအာင္ နိုင္ငံတကာမွာ ဘယ္လိုအျပစ္ေပးလဲဆိုတာ ေဖာ္ျပေပးလိုက္တယ္ေနာ္။

အိႏၵိယ

အိႏၵိယနိုင္ငံမွာဆိုရင္ ဒီလိုသားမယားျပဳက်င့္တဲ့သူေတြကို တစ္သက္တစ္ကၽြန္းေထာင္ဒဏ္ကေန ေသဒဏ္အထိ အျပစ္ေပးပါတယ္တဲ့။ အဓမၼျပဳက်င့္တာေတြတင္မကဘဲ အျခားကာမပိုင္းဆိုင္ ေစာ္ကားတာေတြကိုပါ ျပင္းျပင္းထန္ထန္ အျပစ္ေပးၾကတယ္လို႔ ဆိုပါတယ္။

ျပင္သစ္

ျပင္သစ္နိုင္ငံမွာေတာ့ ဒီလိုRape caseအတြက္ ၁၅ႏွစ္ ေထာင္ဒဏ္ အျပစ္ေပးၾကပါတယ္။ ဒါေပမယ့္ က်ဴးလြန္ခံရတဲ့သူရဲ႕ ထိခိုက္နစ္နာမႈအေပၚ မူတည္ၿပီး ေထာင္ဒဏ္အႏွစ္၃၀ ကေန တစ္သက္တစ္ကၽြန္းထိ အျပစ္ေပးၾကပါတယ္။

ေျမာက္ကိုရီးယား

ေျမာက္ကိုရီးယားမွာ ဆိုရင္ေတာ့ ေသနတ္နဲ႔ပစ္သတ္ၾကတယ္ ဆိုေပမယ့္ ဒီနိုင္ငံရဲ႕ ဥပေဒဟာ ေသခ်ာသိရေသးတာ မဟုတ္ေတာ့ တိတိက်က်ေတာ့ မသိရေသးပါဘူး။

တရုတ္

တရုတ္နိုင္ငံမွာဆိုရင္ေတာ့ ေသဒဏ္ေပးေလ့ ရွိပါတယ္။ ေသနတ္နဲ႔ ပစ္သတ္တာမ်ိဳးနဲ႔ ေသဒဏ္ေပးၾကတယ္။ ေနာက္ထပ္ ျပစ္ဒဏ္ကေတာ့ အမ်ိဳးသားအဂၤါကို ျဖတ္ပစ္တာပါ။

ေဆာ္ဒီအာေရဗ်

ေဆာ္ဒီႏိုင္ငံဟာ ဥပေဒတင္းၾကပ္တဲ့ နိုင္ငံျဖစ္တဲ့အတြက္ အျပစ္ေပးမႈေတြကလည္း ထိေရာက္ျပင္းထန္ပါတယ္။ Rape case အတြက္ ျပစ္ဒဏ္ကေတာ့ လူပံုအလယ္မွာ ေခါင္းျဖတ္သတ္တာပါ။

အီဂ်စ္

အီဂ်စ္မွာဆိုရင္ေတာ့ ႀကိဳးေပးၾကပါတယ္။

အီရန္

အီရန္မွာဆိုရင္ ေသဒဏ္ပဲေပးပါတယ္။ ဒါေပမဲ့ ဒါက အဓမၼျပဳက်င့္မႈ တစ္ခုတည္းအတြက္သာမက အျခားျပစ္မႈ ေတာ္ေတာ္မ်ားမ်ားအတြက္လည္း ေသဒဏ္ေပးတာကို ေတြ႔ရပါတယ္။

အစၥေရး

အစၥေရးမွာဆိုရင္ ေထာင္ဒဏ္၁၆ႏွစ္ကေန ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းထိ ျပစ္ဒဏ္ေပးၾကပါတယ္။

အာဖဂန္နစၥတန္

ဒီနိုင္ငံမွာဆိုရင္ေတာ့ Rape caseေတြက ရွားပါးၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ ဖမ္းမိၿပီးေလးရက္အတြင္းမွာ ေခါင္းကို ေသနတ္နဲ႔ပစ္သတ္ရင္သတ္ မဟုတ္ရင္ ႀကိဳးေပးၾကပါတယ္။

အေမရိကန္

အေမရိကန္မွာေတာ့ ေထာင္ဒဏ္ေပးေလ့ရွိပါတယ္။ ျပစ္မႈေပၚမူတည္ၿပီးေတာ့ ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္းထိ ျပစ္ဒဏ္ေပးတာေတြ ရွိပါတယ္။

ဒီေလာက္ဆို အဓမၼမႈေတြအတြက္ ဘယ္ႏုိင္ငံမွာ ဘယ္လိုအျပစ္ေတြေပးတယ္ဆိုတာေတာ့ တီးမိ၊ေခါက္မိရွိသြားၿပီေပါ့ေနာ္။ ေယာင္းတို႔ေရာ ဘယ္လိုထင္ၾကလဲ?႔အျမင္ေလးေတြ ေျပာသြားၾကဦးေနာ္..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hana (For Her Myanmar)

#Unicode Version#
အဓမ္မပြုကျင့်တယ်တို့၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်တို့ ဆိုတာ နိုင်ငံတော်တော်များများရင်ဆိုင်နေကြရတဲ့ ပြဿနာတွေပါ။ ဒီလိုပြဿနာတွေ နိုင်ငံတော်တော်များများမှာ Rape Caseအတွက် ပြစ်ဒဏ်ပြင်းပြင်းထန်ထန် ပေးကြပါတယ်။ ယောင်းတို့ ဗဟုသုတရအောင် နိုင်ငံတကာမှာ ဘယ်လိုအပြစ်ပေးလဲဆိုတာ ဖော်ပြပေးလိုက်တယ်နော်။

အိန္ဒိယ

အိန္ဒိယနိုင်ငံမှာဆိုရင် ဒီလိုသားမယားပြုကျင့်တဲ့သူတွေကို တစ်သက်တစ်ကျွန်းထောင်ဒဏ်ကနေ သေဒဏ်အထိ အပြစ်ပေးပါတယ်တဲ့။ အဓမ္မပြုကျင့်တာတွေတင်မကဘဲ အခြားကာမပိုင်းဆိုင် စော်ကားတာတွေကိုပါ ပြင်းပြင်းထန်ထန် အပြစ်ပေးကြတယ်လို့ ဆိုပါတယ်။

ပြင်သစ်

ပြင်သစ်နိုင်ငံမှာတော့ ဒီလိုRape caseအတွက် ၁၅နှစ် ထောင်ဒဏ် အပြစ်ပေးကြပါတယ်။ ဒါပေမယ့် ကျူးလွန်ခံရတဲ့သူရဲ့ ထိခိုက်နစ်နာမှုအပေါ် မူတည်ပြီး ထောင်ဒဏ်အနှစ်၃၀ ကနေ တစ်သက်တစ်ကျွန်းထိ အပြစ်ပေးကြပါတယ်။

မြောက်ကိုရီးယား

မြောက်ကိုရီးယားမှာ ဆိုရင်တော့ သေနတ်နဲ့ပစ်သတ်ကြတယ် ဆိုပေမယ့် ဒီနိုင်ငံရဲ့ ဥပဒေဟာ သေချာသိရသေးတာ မဟုတ်တော့ တိတိကျကျတော့ မသိရသေးပါဘူး။

တရုတ်

တရုတ်နိုင်ငံမှာဆိုရင်တော့ သေဒဏ်ပေးလေ့ ရှိပါတယ်။ သေနတ်နဲ့ ပစ်သတ်တာမျိုးနဲ့ သေဒဏ်ပေးကြတယ်။ နောက်ထပ် ပြစ်ဒဏ်ကတော့ အမျိုးသားအင်္ဂါကို ဖြတ်ပစ်တာပါ။

ဆော်ဒီအာရေဗျ

ဆော်ဒီနိုင်ငံဟာ ဥပဒေတင်းကြပ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် အပြစ်ပေးမှုတွေကလည်း ထိရောက်ပြင်းထန်ပါတယ်။ Rape case အတွက် ပြစ်ဒဏ်ကတော့ လူပုံအလယ်မှာ ခေါင်းဖြတ်သတ်တာပါ။

အီဂျစ်

အီဂျစ်မှာဆိုရင်တော့ ကြိုးပေးကြပါတယ်။

အီရန်

အီရန်မှာဆိုရင် သေဒဏ်ပဲပေးပါတယ်။ ဒါပေမဲ့ ဒါက အဓမ္မပြုကျင့်မှု တစ်ခုတည်းအတွက်သာမက အခြားပြစ်မှု တော်တော်များများအတွက်လည်း သေဒဏ်ပေးတာကို တွေ့ရပါတယ်။

အစ္စရေး

အစ္စရေးမှာဆိုရင် ထောင်ဒဏ်၁၆နှစ်ကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ပေးကြပါတယ်။

အာဖဂန်နစ္စတန်

ဒီနိုင်ငံမှာဆိုရင်တော့ Rape caseတွေက ရှားပါးကြပါတယ်။ ဘာလို့လဲဆိုတော့ ဖမ်းမိပြီးလေးရက်အတွင်းမှာ ခေါင်းကို သေနတ်နဲ့ပစ်သတ်ရင်သတ် မဟုတ်ရင် ကြိုးပေးကြပါတယ်။

အမေရိကန်

အမေရိကန်မှာတော့ ထောင်ဒဏ်ပေးလေ့ရှိပါတယ်။ ပြစ်မှုပေါ်မူတည်ပြီးတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ပေးတာတွေ ရှိပါတယ်။

ဒီလောက်ဆို အဓမ္မမှုတွေအတွက် ဘယ်နိုင်ငံမှာ ဘယ်လိုအပြစ်တွေပေးတယ်ဆိုတာတော့ ယောင်းတို့ တီးမိ၊ခေါက်မိရှိသွားပြီပေါ့နော်။ ယောင်းတို့ရော ဘယ်လိုထင်ကြလဲ? ယောင်းတို့အမြင်လေးတွေ ပြောသွားကြဦးနော်..

ဖိုးသူတော် (www.phothutaw.com)
Credit: Hana (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top