ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အဘြားအိုတစ္ဦးတည္း ရွိေနခ်ိန္ ေနအိမ္ေပၚသို႔တက္ကာ လုယက္မႈက်ဴးလြန္ခဲ့သည့္အျပင္ အဘြားအိုကိုပါ ကတ္ေၾကးျဖင့္ ထိုးသတ္ခဲ့ေသာ အမ်ိဳးသားႏွစ္ဦး အား ေတာင္ပိုင္းခ႐ိုင္တရား႐ံုးက ေထာင္ဒဏ္ အႏွစ္ ၃၀ ခ်မွတ္ခဲ့ သည္။

၂၀၁၆ စက္တင္ဘာ ၁၈ ရက္က တြံေတးၿမိဳ႕နယ္ ပိတ္ဆြယ္ ေက်းရြာေန အသက္ (၇၇)ႏွစ္အ ရြယ္ အဘြားအိုသည္ ေနအိမ္တြင္ တစ္ဦးတည္းရွိေနခ်ိန္ အသတ္ခံခဲ့ ရသည္။

အဆိုပါအမႈကို ေတာင္ပိုင္း ခ႐ိုင္တရား႐ံုး ခ႐ိုင္တရားသူ ႀကီးက တာဝန္ယူစစ္ေဆးခဲ့ၿပီး တရားလိုျပသက္ေသ၊ တရားခံျပ သက္ေသမ်ားကို စစ္ေဆးကာ စြဲ ခ်က္တင္ခဲ့သည့္ ပုဒ္မ ၃၀၂ (၂) အရ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ အႏွစ္ ၂၀၊ ပုဒ္မ ၃၉၄ အရ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္ သီးျခားစီက်ခံေစရန္ ဇန္နဝါရီ ၈ ရက္က အမိန္႔ခ်မွတ္ခဲ့သည္။

‘‘အခု တရား႐ံုးက ခ်လိုက္ တဲ့ ျပစ္ဒဏ္ကိုေတာ့ ေက်နပ္ပါ တယ္။ ကြၽန္ေတာ့္အေမကလည္း ဆံုးသြားၿပီ။ ဒီဟာကလည္း ျဖစ္ သင့္ျဖစ္ထိုက္တဲ့ ျပစ္ဒဏ္ေလ’’ ဟု ေသဆံုးသူ အဘြားအို၏သား ကိုသန္းထြဋ္က ေျပာသည္။

အဆုိပါအမႈကို အခင္းျဖစ္ ပြားသည့္ေန႔ကစ၍ တစ္ႏွစ္သံုးလ ေက်ာ္အၾကာ၌ အမိန္႔ခ်မွတ္ခဲ့ၿပီး တရားသူႀကီးက တရားခံ ထက္ကိုကိုႏွင့္ ေဝယံတုိ႔အား လူသတ္မႈပုဒ္မ ၃၀၂ (၂)၏ အျမင့္ဆံုးျပစ္ဒဏ္ခ်မွတ္ခဲ့ၿပီး လုယက္မႈ က်ဴးလြန္ရာတြင္ နာက်င္ေစမႈပုဒ္မ ၃၉၄ ၏ အနိမ့္ဆံုးျပစ္ဒဏ္ ခ်မွတ္ခဲ့့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
အဘွားအိုတစ်ဦးတည်း ရှိနေချိန် နေအိမ်ပေါ်သို့တက်ကာ လုယက်မှုကျူးလွန်ခဲ့သည့်အပြင် အဘွားအိုကိုပါ ကတ်ကြေးဖြင့် ထိုးသတ်ခဲ့သော အမျိုးသားနှစ်ဦး အား တောင်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ သည်။

၂၀၁၆ စက်တင်ဘာ ၁၈ ရက်က တွံတေးမြို့နယ် ပိတ်ဆွယ် ကျေးရွာနေ အသက် (၇၇)နှစ်အ ရွယ် အဘွားအိုသည် နေအိမ်တွင် တစ်ဦးတည်းရှိနေချိန် အသတ်ခံခဲ့ ရသည်။

အဆိုပါအမှုကို တောင်ပိုင်း ခရိုင်တရားရုံး ခရိုင်တရားသူ ကြီးက တာဝန်ယူစစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ၊ တရားခံပြ သက်သေများကို စစ်ဆေးကာ စွဲ ချက်တင်ခဲ့သည့် ပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀၊ ပုဒ်မ ၃၉၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် သီးခြားစီကျခံစေရန် ဇန်နဝါရီ ၈ ရက်က အမိန့်ချမှတ်ခဲ့သည်။

‘‘အခု တရားရုံးက ချလိုက် တဲ့ ပြစ်ဒဏ်ကိုတော့ ကျေနပ်ပါ တယ်။ ကျွန်တော့်အမေကလည်း ဆုံးသွားပြီ။ ဒီဟာကလည်း ဖြစ် သင့်ဖြစ်ထိုက်တဲ့ ပြစ်ဒဏ်လေ’’ ဟု သေဆုံးသူ အဘွားအို၏သား ကိုသန်းထွဋ်က ပြောသည်။

အဆိုပါအမှုကို အခင်းဖြစ် ပွားသည့်နေ့ကစ၍ တစ်နှစ်သုံးလ ကျော်အကြာ၌ အမိန့်ချမှတ်ခဲ့ပြီး တရားသူကြီးက တရားခံ ထက်ကိုကိုနှင့် ဝေယံတို့အား လူသတ်မှုပုဒ်မ ၃၀၂ (၂)၏ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့ပြီး လုယက်မှု ကျူးလွန်ရာတွင် နာကျင်စေမှုပုဒ်မ ၃၉၄ ၏ အနိမ့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top