ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အေမရိကန္ႏိုင္ငံသား တစ္ဦး အငွားယာဥ္ေပၚ၌ ေမ့ က်န္ခဲ့သည့္ က်ပ္သိန္း ၁၈၀ ေက်ာ္တန္းဖိုးရွိ  ကန္ေဒၚလာ၁၄,၀၀၀ ေက်ာ္ကို အငွားယာဥ္ေမာင္းက ေတြ႕ရွိၿပီး ေနာက္တစ္ရက္တြင္

ျပန္လည္ေပးအပ္ခဲ့သည္။

ဇန္နဝါရီ ၁၂ ရက္ ညေန ၆ နာရီခန္႔က အေမရိကန္ႏိုင္ငံ သား မစၥတာေပါလန္ဟိုနီလာ မြန္သည္ ပုလဲကြန္ဒိုမွ ၅၂ လမ္း သို႔သြားစဥ္ အငွားယာဥ္ေပၚ၌  ေက်ာပိုးအိတ္ ေမ့က်န္ခဲ့ေၾကာင္း ကမၻာလွည့္ခရီးသြားလုပ္ငန္း လံုၿခံဳေရးရဲတပ္ဖြဲ႕႐ံုး ဒုရဲမွဴးျမင့္ ေဇာ္ကေျပာသည္။

ေမ့က်န္ခဲ့သည့္ အိတ္အ တြင္း ကန္ေဒၚလာ ၁၀၀ တန္ ၁၄၂ ရြက္ႏွင့္ အေႂကြမ်ား အျပင္ ပတ္စ္ပို႔စာအုပ္ ၂ အုပ္ႏွင့္ ၁၃ သိန္းတန္ လက္ပ္ေတာ့တစ္လံုး ပါဝင္ေၾကာင္း ၎ကေျပာသည္။

‘‘ဇန္နဝါရီ ၁၃ ရက္ေန႔ ႐ံုးကို ေရာက္လာၿပီးသူက အိတ္ေပ်ာက္ သြားတဲ့ အေၾကာင္းေျပာတယ္။ ငွားစီးလာတဲ့ ကားနံပါတ္လည္း မမွတ္မိဘူးေျပာတယ္။ ဒီအတြက္ ရွာေဖြေပးရတာေတာ့ ခက္တယ္။ ေနာက္ဆံုး ခန္႔မွန္းအခ်ိန္ကိုေမး ၿပီး Control Center ကရွာတဲ့အ ခါမွာေတာ့ ေတြ႕တယ္’’ ဟု တပ္ ၾကပ္ႀကီးေဌးဝဏၰရွိန္က ေျပာသည္။

အဆိုပါေန႔ ေန႔လယ္တြင္ အငွားယာဥ္ေမာင္းက အိတ္တစ္ လံုးေကာက္ရထားေၾကာင္း ဆက္ သြယ္လာသျဖင့္ ကမၻာလွည့္ခရီး သြား လုပ္ငန္းလံုၿခံဳေရး ရဲတပ္ဖြဲ႕ ႐ံုးသို႔ ေခၚေဆာင္ ကာ ပိုင္ရွင္လက္သို႔ ျပန္လည္ေပးအပ္ခဲ့ေၾကာင္း ၎ ကေျပာသည္။

‘‘ကားဆရာကိုလည္း ႐ံုးကို တစ္ခါတည္းေခၚလိုက္တယ္။ သူ ကိုယ္တိုင္လည္း ႐ိုးသားပါတယ္။ ဒါေၾကာင့္လည္း အေမရိကန္ႏိုင္ငံ သားက ေဒၚလာတစ္ေထာင္ကား သမားကို မုန္႔ဖိုးေပးသြားတယ္။ ပစၥည္းေမ့က်န္ခဲ့လို႔  ျပန္ေပးတဲ့ သူေတြ အမ်ားႀကီးရွိပါတယ္။ ဒီကားသမားကေတာ့ အေတာ္႐ိုး သားတယ္လို႔ ေျပာလို႔ရတယ္’’ ဟု တပ္ၾကပ္ႀကီး ေဌးဝဏၰရွိန္က ေျပာသည္။

‘‘ကိုေဌးဝဏၰရွိန္ရဲ႕ တက္ႂကြ တဲ့ ပါဝင္ပတ္သက္မႈေၾကာင့္ပါ။ လူေတြရဲ႕ ေမတၱာတရားနဲ႔ လူသား ေတြရဲ႕ သစၥာတရားအေပၚ အံ့ၾသ ခဲ့ရပါတယ္။ ပစၥည္းပစၥယ အစံု အလင္ ျပန္ပါလာတဲ့ ကြၽန္ေတာ့္ ေက်ာပိုးအိတ္ကို ျပန္ရခဲ့တယ္။ ဒီေန႔ေခတ္မွာ ဒီလိုမ်ိဳး ခက္ခက္ ခဲခဲ ကြၽန္ေတာ့္အိတ္ ျပန္ရဖို႔ဆို တာ ကမၻာေပၚမွာ ဘယ္ႏိုင္ငံမွမရွိ ပါဘူး’’ ဟု လာမြန္က ၎၏ေဖ့စ္ ဘြတ္ခ္တြင္ ေက်းဇူးတင္ေၾကာင္း ေရးသားထားသည္။

ေကာက္ရသည့္ အိတ္ကို ျပန္ လည္ေပးအပ္သည့္ အငွားယာဥ္ ေမာင္းသည္အသက္(၄၃) ႏွစ္အရြယ္ကိုစန္းယုျဖစ္ၿပီး နဝေဒးလမ္း (၁၃၃) ရပ္ကြက္ ဒဂံု(အေရွ႕ၿမိဳ႕) တြင္ ေနထုိင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန်နိုင်ငံသား တစ်ဦး အငှားယာဉ်ပေါ်၌ မေ့ ကျန်ခဲ့သည့် ကျပ်သိန်း ၁၈၀ ကျော်တန်းဖိုးရှိ  ကန်ဒေါ်လာ၁၄,၀၀၀ ကျော်ကို အငှားယာဉ်မောင်းက တွေ့ရှိပြီး နောက်တစ်ရက်တွင်

ပြန်လည်ပေးအပ်ခဲ့သည်။

ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီခန့်က အမေရိကန်နိုင်ငံ သား မစ္စတာပေါလန်ဟိုနီလာ မွန်သည် ပုလဲကွန်ဒိုမှ ၅၂ လမ်း သို့သွားစဉ် အငှားယာဉ်ပေါ်၌  ကျောပိုးအိတ် မေ့ကျန်ခဲ့ကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ရုံး ဒုရဲမှူးမြင့် ဇော်ကပြောသည်။

မေ့ကျန်ခဲ့သည့် အိတ်အ တွင်း ကန်ဒေါ်လာ ၁၀၀ တန် ၁၄၂ ရွက်နှင့် အကြွေများ အပြင် ပတ်စ်ပို့စာအုပ် ၂ အုပ်နှင့် ၁၃ သိန်းတန် လက်ပ်တော့တစ်လုံး ပါဝင်ကြောင်း ၎င်းကပြောသည်။

‘‘ဇန်နဝါရီ ၁၃ ရက်နေ့ ရုံးကို ရောက်လာပြီးသူက အိတ်ပျောက် သွားတဲ့ အကြောင်းပြောတယ်။ ငှားစီးလာတဲ့ ကားနံပါတ်လည်း မမှတ်မိဘူးပြောတယ်။ ဒီအတွက် ရှာဖွေပေးရတာတော့ ခက်တယ်။ နောက်ဆုံး ခန့်မှန်းအချိန်ကိုမေး ပြီး Control Center ကရှာတဲ့အ ခါမှာတော့ တွေ့တယ်’’ ဟု တပ် ကြပ်ကြီးဌေးဝဏ္ဏရှိန်က ပြောသည်။

အဆိုပါနေ့ နေ့လယ်တွင် အငှားယာဉ်မောင်းက အိတ်တစ် လုံးကောက်ရထားကြောင်း ဆက် သွယ်လာသဖြင့် ကမ္ဘာလှည့်ခရီး သွား လုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့ ရုံးသို့ ခေါ်ဆောင် ကာ ပိုင်ရှင်လက်သို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း ၎င်း ကပြောသည်။

‘‘ကားဆရာကိုလည်း ရုံးကို တစ်ခါတည်းခေါ်လိုက်တယ်။ သူ ကိုယ်တိုင်လည်း ရိုးသားပါတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံ သားက ဒေါ်လာတစ်ထောင်ကား သမားကို မုန့်ဖိုးပေးသွားတယ်။ ပစ္စည်းမေ့ကျန်ခဲ့လို့  ပြန်ပေးတဲ့ သူတွေ အများကြီးရှိပါတယ်။ ဒီကားသမားကတော့ အတော်ရိုး သားတယ်လို့ ပြောလို့ရတယ်’’ ဟု တပ်ကြပ်ကြီး ဌေးဝဏ္ဏရှိန်က ပြောသည်။

‘‘ကိုဌေးဝဏ္ဏရှိန်ရဲ့ တက်ကြွ တဲ့ ပါဝင်ပတ်သက်မှုကြောင့်ပါ။ လူတွေရဲ့ မေတ္တာတရားနဲ့ လူသား တွေရဲ့ သစ္စာတရားအပေါ် အံ့သြ ခဲ့ရပါတယ်။ ပစ္စည်းပစ္စယ အစုံ အလင် ပြန်ပါလာတဲ့ ကျွန်တော့် ကျောပိုးအိတ်ကို ပြန်ရခဲ့တယ်။ ဒီနေ့ခေတ်မှာ ဒီလိုမျိုး ခက်ခက် ခဲခဲ ကျွန်တော့်အိတ် ပြန်ရဖို့ဆို တာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှမရှိ ပါဘူး’’ ဟု လာမွန်က ၎င်း၏ဖေ့စ် ဘွတ်ခ်တွင် ကျေးဇူးတင်ကြောင်း ရေးသားထားသည်။

ကောက်ရသည့် အိတ်ကို ပြန် လည်ပေးအပ်သည့် အငှားယာဉ် မောင်းသည်အသက်(၄၃) နှစ်အရွယ်ကိုစန်းယုဖြစ်ပြီး နဝဒေးလမ်း (၁၃၃) ရပ်ကွက် ဒဂုံ(အရှေ့မြို့) တွင် နေထိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top