ခ်စ္သူႏွစ္ဦး ဘဝႏွစ္ခုကုိ တစ္ခုတည္းအျဖစ္ ေပါင္းစပ္ေတာ့မယ္ဆုိရင္ ဘာေတြပဲျဖစ္လာျဖစ္လာ ဆံျဖဴသြားက်ိဳးတဲ႔အထိ မခြဲမခြာ ေပါင္းသင္းပါမယ္လုိ႔ ကတိကဝတ္ေတြ ျပဳခဲ႔ၾကေပမယ့္ တစ္ေယာက္ေယာက္ကေန အားနည္းခ်က္ေတြ ရွိလာတဲ႔အခါ ကတိေတြကုိ ေစာင့္မထိန္းႏုိင္ေတာ့ပဲ လက္တြဲျဖဳတ္ခဲ႔ၾကတာေတြ အမ်ားႀကီးရွိခဲ႔ဖူးပါတယ္။ ဒါေပမယ့္ Angela ဆုိတဲ႔ မိန္းကေလးကေတာ့ သူရဲ႕အခ်စ္ဟာ ဘယ္လုိအေျခအေနပဲ ျဖစ္လာျဖစ္လာ မေျပာင္းလဲသြားဘူးဆုိတာကုိ သက္ေသျပသြားႏုိင္ခဲ႔ပါတယ္။

Angela ဟာ အလြန္လွပတဲ႔ မိန္းကေလးတစ္ေယာက္ျဖစ္ၿပီး သူမဘဝမွာ Christian လုိ႔ အမည္ရတဲ႔ အမ်ိဳးသားတစ္ဦးကုိပဲ ေမတၱာသက္ဝင္ခဲ႔တာပဲျဖစ္ပါတယ္။ Christian ဟာ သာမာန္ေယာက်ာၤးေလးတစ္ေယာက္မဟုတ္ပဲ အေၾကာေသေနလုိ႔ အိပ္ရာ သုိ႔မဟုတ္ လက္တြန္းလွည္း ( Wheelchair ) ေပၚမွာသာ ဘဝကုိ ျဖတ္သန္းေနရသူျဖစ္ပါတယ္။ ဒီလုိ မလႈပ္ရွားႏုိင္တဲ႔ ဒုကၡိတဘဝကုိ ေရာက္ရွိေနရေပမယ့္ Angela ကေတာ့ Christian ကုိ အခ်စ္စစ္ အခ်စ္မွန္ ခ်စ္ျမတ္ႏုိးခဲ႔ၿပီး Christian ေဘးမွာ တစ္သက္လုံး အတူရွိေနသြားဖုိ႔ ဆုံးျဖတ္ခ်က္ခ်ခဲ႔ပါတယ္။

သူမရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး Angela က ” ကြ်န္မ ဘုရားသခင္ဆီမွာ ဆုတစ္ခုပဲ ေတာင္းဆုိခဲ႔ပါတယ္။ အဲ႔ဒါက ကြ်န္မကုိ တကယ္ခ်စ္ႏုိင္မယ့္သူကုိ ဖန္ဆင္းေပးပါလုိ႔ပဲ ဆုေတာင္းခဲ့တာ။ ေနာက္ၿပီး ကြ်န္မရဲ႕ဖူးစာရွင္ကုိ ရွာခဲ႔တာမဟုတ္ဘူး။ ေစာင့္ဆုိင္းေနခဲ့တာ။ ကံၾကမာက မ်က္ႏွာသာေပးလုိ႔ ဆုံေတြ႕ခဲ႔ၿပီဆုိရင္ေတာ့ ကြ်န္မသူ႔ကုိ ဘယ္ေတာ့မွ ထားသြားမွာမဟုတ္ပါဘူး ” လုိ႔ ေျပာဆုိသြားခဲ႔ပါတယ္။


Angela နဲ႔ Christian တုိ႔ရဲ႕ မဂၤလာပြဲေလးကုိ စည္းကားသုိက္ၿမိဳက္စြာနဲ႔ က်င္းပျပဳလုပ္ခဲ႔ၾကပါတယ္။ အေၾကာေသေနတဲ႔ Christian ဟာလည္း သူခ်စ္ရတဲ႔ မိန္းကေလးနဲ႔ တစ္ဘဝလုံး လက္တြဲရေတာ့မွာမုိ႔ ဝမ္းသာအားရနဲ႔ မ်က္ရည္မ်ားပင္ က်ခဲ႔ရသလုိ အားတင္းၿပီးေတာ့ အနည္းငယ္လႈပ္ရွားခဲ႔ပါေသးတယ္။ Angela ကလည္း ဒုကၡိတျဖစ္ေနတဲ႔ သူရဲ႕ခင္ပြန္းေလာင္းေလးကုိ ၾကင္နာစြာ ဖက္နမ္းခဲ႔ၿပီး ႏွစ္သိမ့္အားေပးခဲ႔ပါတယ္။ အခ်စ္ေတြနဲ႔ တည္ေဆာက္ထားတဲ႔ Angela နဲ႔ Christian တုိ႔ရဲ႕ အနာဂတ္ခရီးလမ္းကေတာ့ ေျဖာင့္ျဖဴးသာယာေနမွာ အေသအခ်ာပါပဲခင္ဗ်ာ။

VitamiN

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin

# Unicode Version ျဖင့္ ဖတ္ပါ #
ချစ်သူနှစ်ဦး ဘဝနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်တော့မယ်ဆိုရင် ဘာတွေပဲဖြစ်လာဖြစ်လာ ဆံဖြူသွားကျိုးတဲ့အထိ မခွဲမခွာ ပေါင်းသင်းပါမယ်လို့ ကတိကဝတ်တွေ ပြုခဲ့ကြပေမယ့် တစ်ယောက်ယောက်ကနေ အားနည်းချက်တွေ ရှိလာတဲ့အခါ ကတိတွေကို စောင့်မထိန်းနိုင်တော့ပဲ လက်တွဲဖြုတ်ခဲ့ကြတာတွေ အများကြီးရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် Angela ဆိုတဲ့ မိန်းကလေးကတော့ သူရဲ့အချစ်ဟာ ဘယ်လိုအခြေအနေပဲ ဖြစ်လာဖြစ်လာ မပြောင်းလဲသွားဘူးဆိုတာကို သက်သေပြသွားနိုင်ခဲ့ပါတယ်။

Angela ဟာ အလွန်လှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမဘဝမှာ Christian လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးကိုပဲ မေတ္တာသက်ဝင်ခဲ့တာပဲဖြစ်ပါတယ်။ Christian ဟာ သာမာန်ယောကျာၤးလေးတစ်ယောက်မဟုတ်ပဲ အကြောသေနေလို့ အိပ်ရာ သို့မဟုတ် လက်တွန်းလှည်း ( Wheelchair ) ပေါ်မှာသာ ဘဝကို ဖြတ်သန်းနေရသူဖြစ်ပါတယ်။ ဒီလို မလှုပ်ရှားနိုင်တဲ့ ဒုက္ခိတဘဝကို ရောက်ရှိနေရပေမယ့် Angela ကတော့ Christian ကို အချစ်စစ် အချစ်မှန် ချစ်မြတ်နိုးခဲ့ပြီး Christian ဘေးမှာ တစ်သက်လုံး အတူရှိနေသွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

သူမရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး Angela က ” ကျွန်မ ဘုရားသခင်ဆီမှာ ဆုတစ်ခုပဲ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒါက ကျွန်မကို တကယ်ချစ်နိုင်မယ့်သူကို ဖန်ဆင်းပေးပါလို့ပဲ ဆုတောင်းခဲ့တာ။ နောက်ပြီး ကျွန်မရဲ့ဖူးစာရှင်ကို ရှာခဲ့တာမဟုတ်ဘူး။ စောင့်ဆိုင်းနေခဲ့တာ။ ကံကြမာက မျက်နှာသာပေးလို့ ဆုံတွေ့ခဲ့ပြီဆိုရင်တော့ ကျွန်မသူ့ကို ဘယ်တော့မှ ထားသွားမှာမဟုတ်ပါဘူး ” လို့ ပြောဆိုသွားခဲ့ပါတယ်။


Angela နဲ့ Christian တို့ရဲ့ မင်္ဂလာပွဲလေးကို စည်းကားသိုက်မြိုက်စွာနဲ့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အကြောသေနေတဲ့ Christian ဟာလည်း သူချစ်ရတဲ့ မိန်းကလေးနဲ့ တစ်ဘဝလုံး လက်တွဲရတော့မှာမို့ ဝမ်းသာအားရနဲ့ မျက်ရည်များပင် ကျခဲ့ရသလို အားတင်းပြီးတော့ အနည်းငယ်လှုပ်ရှားခဲ့ပါသေးတယ်။ Angela ကလည်း ဒုက္ခိတဖြစ်နေတဲ့ သူရဲ့ခင်ပွန်းလောင်းလေးကို ကြင်နာစွာ ဖက်နမ်းခဲ့ပြီး နှစ်သိမ့်အားပေးခဲ့ပါတယ်။ အချစ်တွေနဲ့ တည်ဆောက်ထားတဲ့ Angela နဲ့ Christian တို့ရဲ့ အနာဂတ်ခရီးလမ်းကတော့ ဖြောင့်ဖြူးသာယာနေမှာ အသေအချာပါပဲခင်ဗျာ။

VitamiN

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top