စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ခရမ္းခ်ဥ္သီးကို အျမဲတမ္းေတာ့မေ႐ွာင္ႏိုင္ၾကပါဘူး။ ဟင္းတစ္ခြက္ရဲ႕ အႏွစ္သာရ ခရမ္းခ်ဥ္သီးရဲ႕ ခ်ဥ္ျပံဳးျပံဳးအရသာေလး ပါရင္ ပိုစားေကာင္းတာအမွန္ပဲေပါ့။ အစားအေသာက္အတြက္ပဲ မဟုတ္ပါဘူး။ အလွအပအတြက္ပါ ခရမ္းခ်ဥ္သီး ကိုႀကိတ္ၿပီး မ်က္ႏွာေပၚလိမ္းကာ ေပါင္းတင္လာၾကပါတယ္။ ဒီ့အျပင္ ခရမ္းခ်ဥ္သီးဟာ ကင္ဆာ၊ႏွလံုးေရာဂါ၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္အစ႐ွိတဲ့ေရာဂါေတြ မျဖစ္ႏိုင္ရန္ကာကြယ္ေပးတဲ့အျပင္ အျမင္အာ႐ုံအားျဖည့္ေပးျခင္း၊အဆာေခ်ႏႈန္းတိုးျမႇင့္ေပးျခင္း၊ အရြယ္မတိုင္ခင္ အိုမင္ရင့္ေရာ္ျခင္း အျပင္အျခားေရာဂါေပါင္းမ်ားစြာကို ကာကြယ္ေပးပါတယ္။

ဒါေပမယ့္ အံ့ဩစရာတစ္ခုကေတာ့ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ ေန႔စဥ္ပံုမွန္ေသာက္ေပးျခင္းအားျဖင့္ ၂လအတြင္း ခါးတစ္လက္မက်ေစတယ္ဆိုတာပဲ။ ထိုင္ဝမ္မွာ႐ွိတဲ့ တ႐ုတ္ေဆးေက်ာင္းတစ္ခုက သုေတသနအေနနဲ႔ အသက္၂၀ မွ ၃၀ အရြယ္႐ွိတဲ့ အမ်ိဳးသမီးေတြကို စမ္းသပ္မႈျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီ့အမ်ိဳးသမီးေတြကို ေန႔စဥ္ပံုမွန္ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္တစ္ခြက္ေသာက္သံုးေစၿပီး ၈ပတ္ (၂လ) ၾကာတဲ့အခါမွာေတာ့ ခါး ၁လက္မရဲ႕ ၃ပံု ၂ပံုေလာက္သိသိသာသာက်ဆင္းသြားတဲ့အျပင္ ကိုယ္အေလးခ်ိန္တစ္ေပါင္ထက္ ပိုေလ်ာ့သြားတာေတြ႕႐ွိလာရတယ္။
 ဒါေပမယ့္လည္း အာဟာရပညာ႐ွင္တစ္ဦးျဖစ္တဲ့ Mike Lean ကေတာ့ ဒီနည္းလမ္းဟာ ခြၽတ္ယြင္းခ်က္ေလး႐ွိႏိုင္တယ္လို႔ဆိုထားပါတယ္။ဘာေၾကာင့္လည္းဆိုေတာ့ စမ္းသပ္မႈေတြျပဳလုပ္တဲ့အခါမွာ (Control Group) လို႔ေခၚတဲ့ ခရမ္းခ်ဥ္သီးမေသာက္သံုးတဲ့အဖြဲ႔ မ႐ွိေသးတဲ့အတြက္ေၾကာင့္ ေသာက္သံုးသူနဲ႔ မေသာက္သံုးသူတို႔ရဲ႕ရလဒ္ ႏႈိင္းယွဥ္လို႔မရတဲ့အတြက္ေၾကာင့္ တိက်တဲ့ အေျဖမထြက္လာေသးပါဘူးလို႔ဆိုထားတယ္။

ဒါေပမယ့္လည္း အက်ိဳးေတာ့မယုတ္ပါဘူး။ ခါးမက်ေစႏိုင္ရင္ေတာင္ သူ႔ရဲ႕ အလွအပေရးရာေရာ၊ က်န္းမာေရးအက်ိဳးေက်းဇူးေတြေရာ အမ်ားႀကီး႐ွိေနေသးတဲ့အတြက္ ေသာက္သံုးမယ္ဆိုရင္လည္း စိုးရိမ္ဖြယ္ရာမ႐ွိပါဘူး။

လြယ္ကူတဲ့ ခရမ္းခ်ဥ္သီးေဖ်ာ္နည္း

    ေရမ္းခ်ဥ္းသီးကို ေရေဆး ေခါင္းထိပ္ကေလးျဖတ္ၿပီး ခပ္ထူထူလွီးကာ ႀကိတ္စက္သို႔မဟုတ္ ေဖ်ာ္ရည္စက္ထဲထည့္ႀကိတ္ပါ။
    လိုအပ္သေလာက္ေရေရာပါ။
    ဆား၊င႐ုတ္ေကာင္းလိုအပ္သေလာက္ထည့္ပါ။

အခုဆို လွပက်န္းမာ ႏုပ်ိဳတဲ့အျပင္ ခါးလည္းသြယ္ေစမယ့္ သဘာဝခရမ္းခ်ဥ္သီးေဖ်ာ္ရည္ ရ႐ွိပါၿပီ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfood

#Unicode Version#
ခရမ်းချဉ်သီးကို အမြဲတမ်းတော့မရှောင်နိုင်ကြပါဘူး။ ဟင်းတစ်ခွက်ရဲ့ အနှစ်သာရ ခရမ်းချဉ်သီးရဲ့ ချဉ်ပြုံးပြုံးအရသာလေး ပါရင် ပိုစားကောင်းတာအမှန်ပဲပေါ့။ အစားအသောက်အတွက်ပဲ မဟုတ်ပါဘူး။ အလှအပအတွက်ပါ ခရမ်းချဉ်သီး ကိုကြိတ်ပြီး မျက်နှာပေါ်လိမ်းကာ ပေါင်းတင်လာကြပါတယ်။ ဒီ့အပြင် ခရမ်းချဉ်သီးဟာ ကင်ဆာ၊နှလုံးရောဂါ၊ ဆီးချို၊ ကျောက်ကပ်အစရှိတဲ့ရောဂါတွေ မဖြစ်နိုင်ရန်ကာကွယ်ပေးတဲ့အပြင် အမြင်အာရုံအားဖြည့်ပေးခြင်း၊အဆာချေနှုန်းတိုးမြှင့်ပေးခြင်း၊ အရွယ်မတိုင်ခင် အိုမင်ရင့်ရော်ခြင်း အပြင်အခြားရောဂါပေါင်းများစွာကို ကာကွယ်ပေးပါတယ်။

ဒါပေမယ့် အံ့ဩစရာတစ်ခုကတော့ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်ပုံမှန်သောက်ပေးခြင်းအားဖြင့် ၂လအတွင်း ခါးတစ်လက်မကျစေတယ်ဆိုတာပဲ။ ထိုင်ဝမ်မှာရှိတဲ့ တရုတ်ဆေးကျောင်းတစ်ခုက သုတေသနအနေနဲ့ အသက်၂၀ မှ ၃၀ အရွယ်ရှိတဲ့ အမျိုးသမီးတွေကို စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ့အမျိုးသမီးတွေကို နေ့စဉ်ပုံမှန် ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်သုံးစေပြီး ၈ပတ် (၂လ) ကြာတဲ့အခါမှာတော့ ခါး ၁လက်မရဲ့ ၃ပုံ ၂ပုံလောက်သိသိသာသာကျဆင်းသွားတဲ့အပြင် ကိုယ်အလေးချိန်တစ်ပေါင်ထက် ပိုလျော့သွားတာတွေ့ရှိလာရတယ်။
 ဒါပေမယ့်လည်း အာဟာရပညာရှင်တစ်ဦးဖြစ်တဲ့ Mike Lean ကတော့ ဒီနည်းလမ်းဟာ ချွတ်ယွင်းချက်လေးရှိနိုင်တယ်လို့ဆိုထားပါတယ်။ဘာကြောင့်လည်းဆိုတော့ စမ်းသပ်မှုတွေပြုလုပ်တဲ့အခါမှာ (Control Group) လို့ခေါ်တဲ့ ခရမ်းချဉ်သီးမသောက်သုံးတဲ့အဖွဲ့ မရှိသေးတဲ့အတွက်ကြောင့် သောက်သုံးသူနဲ့ မသောက်သုံးသူတို့ရဲ့ရလဒ် နှိုင်းယှဉ်လို့မရတဲ့အတွက်ကြောင့် တိကျတဲ့ အဖြေမထွက်လာသေးပါဘူးလို့ဆိုထားတယ်။

ဒါပေမယ့်လည်း အကျိုးတော့မယုတ်ပါဘူး။ ခါးမကျစေနိုင်ရင်တောင် သူ့ရဲ့ အလှအပရေးရာရော၊ ကျန်းမာရေးအကျိုးကျေးဇူးတွေရော အများကြီးရှိနေသေးတဲ့အတွက် သောက်သုံးမယ်ဆိုရင်လည်း စိုးရိမ်ဖွယ်ရာမရှိပါဘူး။

လွယ်ကူတဲ့ ခရမ်းချဉ်သီးဖျော်နည်း

    ရေမ်းချဉ်းသီးကို ရေဆေး ခေါင်းထိပ်ကလေးဖြတ်ပြီး ခပ်ထူထူလှီးကာ ကြိတ်စက်သို့မဟုတ် ဖျော်ရည်စက်ထဲထည့်ကြိတ်ပါ။
    လိုအပ်သလောက်ရေရောပါ။
    ဆား၊ငရုတ်ကောင်းလိုအပ်သလောက်ထည့်ပါ။

အခုဆို လှပကျန်းမာ နုပျိုတဲ့အပြင် ခါးလည်းသွယ်စေမယ့် သဘာဝခရမ်းချဉ်သီးဖျော်ရည် ရရှိပါပြီ။
ဖိုးသူတော် (www.phothutaw.com)
Credit: myfood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top