ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×
ဝက်ခြံ
ပြုလုပ်နည်း
မျက်ကွင်းညိုခြင်း
ပြုလုပ်နည်း
Credit: mystyle
#Unicode Version#
မုန့်ဖုတ်ဆိုဒါက အစားအစာချက်ပြုပ်   ရာမှာ အသုံးဝင်ရုံသာမက အလှကုန်ပစ္စည်းတစ်မျိုးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အထူသဖြင့်တော့ အလှအပကို ချစ်မြတ်နိုးကြသူတို့ရဲ့ အားထားစရာ အလှကုန်ပစ္စည်းတစ်မျိုးပါပဲ။
ဝက်ခြံ
ဝက်ခြံကို သဘာဝနည်းလမ်းနဲ့ ဖယ်ရှားတဲ့နည်းတွေ အများကြီးရှိတဲ့အထဲမှာ မုန့်ဖုတ်ဆိုဒါလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဝက်ခြံကြောင့် ကျန်ရစ်ခဲ့တဲ့အမာရွတ်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
ပြုလုပ်နည်း
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ခွက်သေးတစ်လုံးထဲထည့်ပါ။
အဲဒီနောက် ရေ ၁ စက်လောက် ရောပါ။
သေချာမွှေပေးပါ။ ရေကို အများကြီးမထည့်ပါနဲ့။
အဲဒီနောက် မျက်နှာပေါ်က ဝက်ခြံပေါ်က အမာရွတ်ကို ညင်သာစွာ ပွတ်လိမ်းပေးပါ။
၂ မိနစ်လောက်ထားပြီး မျက်နှာသစ်ချပါ။
မျက်ကွင်းညိုခြင်း
အကောင်းဆုံး သဘာဝမျက်နှာပေါင်းတင်တဲ့ ပစ္စည်းမှာ မုန့်ဖုတ်ဆိုဒါလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မျက်ကွင်းညိုတာတွေ ပျောက်ကင်းစေဖို့ မုန့်ဖုတ်ဆိုဒါလည်း ပြုလုပ်နိုင်မဲ့နည်းလမ်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ပြုလုပ်နည်း
ရေနွေးပူပူတစ်ခွက်ထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။
အဲဒီနောက် မွှေလိုက်ပြီး ဝါဂွမ်းစ ၂ ခုကို အဲဒီအရည်ထဲမှာ နှစ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက် မျက်လုံးပေါ်မှာ တင်ထားပေးပါ။ ၁၅ မိနစ်လောက် တင်ထားပြီးရင် မျက်နှာသစ်ပြီး Moisture ခရင်မ် လိမ်းပေးထားပါ။
စာဖတ်သူတွေအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ သဘာဝနည်းလမ်းကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဓါတုပစ္စည်းတွေ အသုံးပြုစရာမလိုဘဲ သဘာဝနည်းလမ်းလေးနဲ့ အဆင်ပြေကြပါစေ။
ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top