AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi ျဖင့္ဖတ္ရန္ #

ရွမ္းျပည္ေျမာက္ပိုင္း လားရိႈးခ႐ိုင္၊ တန္႔ယန္းၿမိဳ႕နယ္ ေနာင္ခမ္း ေက်းရြာအုပ္စု ေနာင္ဖက္လံုရြာတြင္ ေနထိုင္သည့္ ေဒၚေအးလံုးသည္ ၎၏ေမြးစားသမီးျဖစ္သူ အသက္ ၁၄ ႏွစ္အရြယ္္ မေအးေဖာင္ကို လြန္ခဲ့ သည့္ ႏွစ္ႏွစ္ခန္႔က ရန္ကုန္ၿမိဳ႕သုိ႔ အိမ္အကူအလုပ္လုပ္ရန္ ေစလႊတ္ခဲ့ၿပီး ယခုအခါ ၎၏သမီးကို ျပန္လည္ေခၚယူရာတြင္ အိမ္ရွင္ကခြင့္မျပဳ ေၾကာင္း ေမြးစားမိခင္ ေဒၚေအးလံုးက News Watch သို႔ ေျပာသည္။

”ကြ်န္မသမီးကို ၂ လသားအရြယ္ကတည္းက ေမြးစားခဲ့တာ။ သူ႔အေမအရင္းက စိတ္ေ၀ဒနာရွင္တေယာက္ျဖစ္ ေနတာေၾကာင့္ ေခၚယူေမြးစားထားတာ။ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ေလာက္တုန္းက ရန္ကုန္မွာ အိမ္အကူလုပ္ဖုိ႔ဆိုၿပီး ရင္းနီွးတဲ့ မိတ္ေဆြေတြဆီကေနတဆင့္ ထည့္လိုက္တယ္။ အခုကြ်န္မတုိ႔လင္မယားက က်န္းမာေရးမေကာင္း တာေၾကာင့္ ကြ်န္မတုိ႔ရဲ႕သမီးေလးကို ျပန္ေခၚခ်င္တယ္။ ဒါေပမဲ့ အိမ္ရွင္က ခြင့္မျပဳတဲ့အျပင္ ကေလးကိုလည္း ျပန္မလိုက္သြားေအာင္ စည္း႐ံုးတာမ်ဳိးေတြ ေတြ႕ရတယ္”ဟု ေမြးစားမိခင္ ေဒၚေအးလံုးက ေျပာသည္။

အသက္ ၁၄ ႏွစ္အရြယ္ ‘၀’တိုင္းရင္းသူ မေအးေဖာင္သည္ လက္ရိွတြင္ ရန္ကုန္တိုင္းေဒသႀကီး ရန္ကင္းၿမိဳ႕နယ္ အမွတ္ ၅ ရပ္ကြက္ ေရႊအုန္းပင္အိမ္ရာရိွ ေနအိမ္တခုတြင္ တလလွ်င္ ငါးေသာင္းက်ပ္ျဖင့္ အိမ္အကူအလုပ္လုပ္ကိုင္ေနၿပီး အိမ္ရွင္အမ်ဳိးသမီးမွ ျပန္ေခၚခြင့္မျပဳျခင္းေၾကာင့္ ရန္ကုန္တိုင္း လူမႈ၀န္ထမ္းဦးစီးဌာန၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ အမ်ဳိးသမီးေရးရာအဖဲြ႕သုိ႔ အေၾကာင္းၾကားထား ေၾကာင္းလည္း သတင္းရရိွသည္။

”ဒီကေလးမေလးက ေဒၚေအးလံုး ေမြးစားထားတာ။ သူတုိ႔မွာ သားသမီးမရိွဘူး။ ကၽြန္ေတာ္ကိုယ္တိုင္ ရန္ကုန္မွာ အလုပ္လုပ္ဖုိ႔ေခၚလာေပးခဲ့တာ။ ၿပီးေတာ့ ကေလးကို အေမြစားအေမြခံ စာခ်ဳပ္နဲ႔ လည္းလုပ္ထားတာမ်ဳိး မရိွဘူး။ သူ႔ေမြးစားအေမက ကေလးကို ျပန္ေခၚခ်င္တယ္။ အိမ္ရွင္က ႀကိဳက္တဲ့ေနရာ သြားတိုင္လုိ႔ ေျပာတယ္။ ေနာက္တခုက ကေလးကိုျပန္ထည့္လိုက္ရင္ တ႐ုတ္ျပည္ကို ေရာင္းစားမယ္၊ ဘိန္းအတင္းအက်ပ္ ႐ွဴခိုင္းမယ္ဆိုတာမ်ဳိးေတြနဲ႔ ကေလးကိုစည္း႐ံုးထားတာ ေတြ႕ရတယ္”ဟု အိမ္အကူအမ်ဳိး သမီးငယ္ႏွင့္ တရြာတည္းေနထိုင္သူ ကိုအိုက္ေခးမိန္က ေျပာသည္။

အထက္ပါကိစၥႏွင့္ပတ္သက္ၿပီး ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီ လ ၁ ရက္က ရန္ကင္းၿမိဳ႕နယ္ အမွတ္ ၅ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ံုးတြင္ ၿမိဳ႕နယ္ေထြအုပ္မွ တာ၀န္ရိွသူမ်ား၊ ရဲစခန္းမွ တာ၀န္ရိွသူမ်ား၊ ရပ္မိရပ္ဖမ်ား၊ ေမြးစားမိဘေရွ႕တြင္ အိမ္အကူႏွင့္ အိမ္ရွင္ကိုေခၚယူေတြ႕ဆံုခဲ့ရာ အိမ္အကူမေအးေဖာင္က အိမ္ရွင္ထံတြင္ သာေနထိုင္လိုေၾကာင္းေျပာၾကားခဲ့ေၾကာင္းႏွင့္ ေမြးစားမိခင္ႏွင့္ မေအးေဖာင္တုိ႔ ၃ မိနစ္ခန္႔ စကားေျပာခဲ့ေၾကာင္းလည္း သတင္းရရိွသည္။

”လြန္ခဲ့တဲ့ တလေက်ာ္ေလာက္ ကေတာ့ ေဒၚေအးလံုးကို သူ႔ကိုျပန္လာေခၚဖုိ႔ဆိုၿပီးေတာ့ မေအးေဖာင္က ဖုန္း ဆက္တယ္။ ဒါေပမဲ့ ျပန္လာေခၚတဲ့အခါ အိမ္ရွင္က ခြင့္မျပဳတဲ့အျပင္ ကေလးကပါ မလိုက္ဘူးဆိုၿပီး ျဖစ္လာတယ္။ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ တာ၀န္ရိွသူေတြကလည္း ကေလးရဲ႕သေဘာေပၚမွာပဲ မူတည္ဆိုၿပီး ေျပာတယ္”ဟု ကိုအိုက္ေခးမိန္က ေျပာသည္။

ေမြးစားသမီးျဖစ္ေသာ္လည္း ငယ္ငယ္ကတည္းကပင္ျပဳစုေကြ်းေမြးခဲ့ရျခင္းေၾကာင့္ သမီးအရင္းကဲ့သုိ႔ မွတ္ယူထားၿပီး ၎၏သမီးကို အၿပီးျပန္ေခၚခ်င္ေၾကာင္း၊ ေနအိမ္တြင္ ေတာင္ယာလုပ္ငန္းလုပ္ကိုင္ျခင္းျဖင့္ မိသားစုအနားတြင္ ေနထိုင္ေစလိုေၾကာင္း ေမြးစားမိခင္ ေဒၚေအးလံုးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်ာ္သက္ေအာင္

# Unicode ဖြင့်ဖတ်ရန် #
ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် နောင်ခမ်း ကျေးရွာအုပ်စု နောင်ဖက်လုံရွာတွင် နေထိုင်သည့် ဒေါ်အေးလုံးသည် ၎င်း၏မွေးစားသမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မအေးဖောင်ကို လွန်ခဲ့ သည့် နှစ်နှစ်ခန့်က ရန်ကုန်မြို့သို့ အိမ်အကူအလုပ်လုပ်ရန် စေလွှတ်ခဲ့ပြီး ယခုအခါ ၎င်း၏သမီးကို ပြန်လည်ခေါ်ယူရာတွင် အိမ်ရှင်ကခွင့်မပြု ကြောင်း မွေးစားမိခင် ဒေါ်အေးလုံးက News Watch သို့ ပြောသည်။

”ကျွန်မသမီးကို ၂ လသားအရွယ်ကတည်းက မွေးစားခဲ့တာ။ သူ့အမေအရင်းက စိတ်ဝေဒနာရှင်တယောက်ဖြစ် နေတာကြောင့် ခေါ်ယူမွေးစားထားတာ။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်လောက်တုန်းက ရန်ကုန်မှာ အိမ်အကူလုပ်ဖို့ဆိုပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေဆီကနေတဆင့် ထည့်လိုက်တယ်။ အခုကျွန်မတို့လင်မယားက ကျန်းမာရေးမကောင်း တာကြောင့် ကျွန်မတို့ရဲ့သမီးလေးကို ပြန်ခေါ်ချင်တယ်။ ဒါပေမဲ့ အိမ်ရှင်က ခွင့်မပြုတဲ့အပြင် ကလေးကိုလည်း ပြန်မလိုက်သွားအောင် စည်းရုံးတာမျိုးတွေ တွေ့ရတယ်”ဟု မွေးစားမိခင် ဒေါ်အေးလုံးက ပြောသည်။

အသက် ၁၄ နှစ်အရွယ် ‘ဝ’တိုင်းရင်းသူ မအေးဖောင်သည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက် ရွှေအုန်းပင်အိမ်ရာရှိ နေအိမ်တခုတွင် တလလျှင် ငါးသောင်းကျပ်ဖြင့် အိမ်အကူအလုပ်လုပ်ကိုင်နေပြီး အိမ်ရှင်အမျိုးသမီးမှ ပြန်ခေါ်ခွင့်မပြုခြင်းကြောင့် ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးရေးရာအဖွဲ့သို့ အကြောင်းကြားထား ကြောင်းလည်း သတင်းရရှိသည်။

”ဒီကလေးမလေးက ဒေါ်အေးလုံး မွေးစားထားတာ။ သူတို့မှာ သားသမီးမရှိဘူး။ ကျွန်တော်ကိုယ်တိုင် ရန်ကုန်မှာ အလုပ်လုပ်ဖို့ခေါ်လာပေးခဲ့တာ။ ပြီးတော့ ကလေးကို အမွေစားအမွေခံ စာချုပ်နဲ့ လည်းလုပ်ထားတာမျိုး မရှိဘူး။ သူ့မွေးစားအမေက ကလေးကို ပြန်ခေါ်ချင်တယ်။ အိမ်ရှင်က ကြိုက်တဲ့နေရာ သွားတိုင်လို့ ပြောတယ်။ နောက်တခုက ကလေးကိုပြန်ထည့်လိုက်ရင် တရုတ်ပြည်ကို ရောင်းစားမယ်၊ ဘိန်းအတင်းအကျပ် ရှူခိုင်းမယ်ဆိုတာမျိုးတွေနဲ့ ကလေးကိုစည်းရုံးထားတာ တွေ့ရတယ်”ဟု အိမ်အကူအမျိုး သမီးငယ်နှင့် တရွာတည်းနေထိုင်သူ ကိုအိုက်ခေးမိန်က ပြောသည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ ၁ ရက်က ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများ၊ ရဲစခန်းမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ မွေးစားမိဘရှေ့တွင် အိမ်အကူနှင့် အိမ်ရှင်ကိုခေါ်ယူတွေ့ဆုံခဲ့ရာ အိမ်အကူမအေးဖောင်က အိမ်ရှင်ထံတွင် သာနေထိုင်လိုကြောင်းပြောကြားခဲ့ကြောင်းနှင့် မွေးစားမိခင်နှင့် မအေးဖောင်တို့ ၃ မိနစ်ခန့် စကားပြောခဲ့ကြောင်းလည်း သတင်းရရှိသည်။

”လွန်ခဲ့တဲ့ တလကျော်လောက် ကတော့ ဒေါ်အေးလုံးကို သူ့ကိုပြန်လာခေါ်ဖို့ဆိုပြီးတော့ မအေးဖောင်က ဖုန်း ဆက်တယ်။ ဒါပေမဲ့ ပြန်လာခေါ်တဲ့အခါ အိမ်ရှင်က ခွင့်မပြုတဲ့အပြင် ကလေးကပါ မလိုက်ဘူးဆိုပြီး ဖြစ်လာတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေကလည်း ကလေးရဲ့သဘောပေါ်မှာပဲ မူတည်ဆိုပြီး ပြောတယ်”ဟု ကိုအိုက်ခေးမိန်က ပြောသည်။

မွေးစားသမီးဖြစ်သော်လည်း ငယ်ငယ်ကတည်းကပင်ပြုစုကျွေးမွေးခဲ့ရခြင်းကြောင့် သမီးအရင်းကဲ့သို့ မှတ်ယူထားပြီး ၎င်း၏သမီးကို အပြီးပြန်ခေါ်ချင်ကြောင်း၊ နေအိမ်တွင် တောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအနားတွင် နေထိုင်စေလိုကြောင်း မွေးစားမိခင် ဒေါ်အေးလုံးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျော်သက်အောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top