မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အူအတက္ေပါက္တာက မေပ့ါဆသင့္တဲ့ ေရာဂါပါပဲ။ ကုသဖုိ႔ေနာက္က်သြားရင္လည္း အသက္ ဆံုးရံႈးတဲ့ အထိျဖစ္ႏုိင္ပါတယ္။ ဘယ္ေလာက္ပဲ ခံႏုိင္ရည္အားေကာင္း ေနပါေစ၊ အခ်ိန္မွီကုသမႈ မခံယူဘူးဆိုရင္ အသက္အႏၱရာယ္ထိခုိက္ရတဲ့ အထိျဖစ္တတ္တာေၾကာင့္ လံုးဝမေပါ့ဆ သင့္ပါဘူး။ တခ်ိဳ႕က်ေတာ့ အူအတက္ေပါက္ေနမွန္းမသိဘဲ ကုသမႈ မခံမိတာေၾကာင့္ မျဖစ္သင့္ တာေတြ ျဖစ္ရပါတယ္။ ဒါ့ေၾကာင့္ သတိျပဳမိေစဖို႔အတြက္ အူအတက္ေပါက္တဲ့ ေရွ႕ေျပး လကၡဏာရပ္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဆိုးရြားစြာဗိုက္ေအာင့္ျခင္း

အစာအိမ္ေရာဂါရွိတဲ့သူေတြ အေနနဲ႔ ဗိုက္ေအာင့္လာတဲ့အခါမွာ အစာအိမ္နာတယ္လို႔ပဲ ထင္ မွတ္ၾကပါတယ္။ ခံစားရတဲ့ ေဝဒနာက သာမာန္ျဖစ္ေနက်ထက္ကို ပိုၿပီး ဗိုက္ေအာင့္ေနမယ္၊ ခ်က္တစ္ဝုိက္ကေန ညာဘက္ဝမ္းဗိုက္ေအာင္နားေလာက္ထိကို နာက်င္ေနတယ္ ဆိုရင္ေတာ့ သတိထားဖုိ႔ လိုေနပါၿပီ။ ဒီလိုေဝဒနာေတြက အူအတက္ေပါက္မယ္လို႔ တပ္အပ္မေျပာႏုိင္ေပမယ့္ ဆရာဝန္နဲ႔ ျပသသင့္တဲ့ အေျခအေနမ်ိဳးပါပဲ။ အထူးသျဖင့္ လမ္းေလွ်ာက္ခ်ိန္၊ ေခ်ာင္းခ်ိဳးတဲ့ အခ်ိန္ေတြမွာ ဗိုက္က ေအာင့္ေနသလိုျဖစ္ေနေသးတယ္ ဆိုတာကလည္း အူအတက္ေပါက္ ခ်င္ေနတဲ့ လကၡဏာရပ္ပဲ ျဖစ္ပါတယ္။

(၂) အစားအေသာက္ပ်က္ၿပီး ပ်ိဳ႕အန္ျခင္း

အူလမ္းေၾကာင္းက ပံုမွန္လည္ပတ္မႈ မရွိဘူးဆိုရင္ ပ်ိဳ႕အန္တာ၊ အစားအေသာက္ပ်က္တာမ်ိဳး ခံစားရႏုိင္ပါတယ္။ ဒါေပမယ့္ အစားအေသာက္ပ်က္ၿပီး ပ်ိဳ႕အန္တုိင္းလည္း အူအတက္ ေရာင္ တယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ ဗုိက္ေအာင့္မယ္၊ ပ်ိဳ႕အန္တာမ်ိဳး ျဖစ္ေနတယ္ဆိုရင္ေတာ့ မေပါ့ဆသင့္ဘဲ ဆရာဝန္ဆီျပသသင့္ပါတယ္။

(၃) မၾကာခဏဆီးသြားျခင္း

သာမာန္အခ်ိန္ထက္ကိုပိုၿပီး ဆီးသြားတာက ဆီးခ်ိဳေရာဂါလကၡဏာဆိုေပမယ့္ အူအတက္ေရာင္ တဲ့သူ ေတြအေနနဲ႔လည္း မၾကာခဏ ဆီးသြားခ်င္စိတ္ ျဖစ္ေပၚတတ္ပါတယ္။ ဘာ့ေၾကာင့္ လဲဆို ေတာ့ အူအတက္က ဆီးခံုရိုးအနီးမွာ တည္ရွိေနတာေၾကာင့္ ဆီးအိမ္နဲ႔ကပ္ေနတာေၾကာင့္ပါ။ ဒါ့ေၾကာင့္ မၾကာခဏ ဆီးသြားခ်င္လာၿပီး ဆီးသြားတဲ့အခါမွာလည္း နာက်င္ေနတတ္ပါတယ္။ ဆီးလမ္းေၾကာင္းပိုးဝင္တာလည္း ျဖစ္ႏုိင္သလို၊ အူအတက္ေရာင္တာ၊ အူအတက္ေပါက္တာမ်ိဳး ျဖစ္ႏုိင္တာမို႔လို႔ သတိထားဖုိ႔ လိုပါတယ္။

(၄) ကိုယ္ပူၿပီးခ်မ္းတုန္ျခင္း

ကိုယ္အပူခ်ိန္ျမင့္တက္ေနၿပီး ခ်မ္းတုန္ေနတယ္ဆိုတာက ခႏၶာကိုယ္တြင္းက အစိတ္အပိုင္း တခ်ိဳ႕ေရာင္ရမ္း ေနတာေၾကာင့္ပါ။ ဒါ့ေၾကာင့္ ဗိုက္ေအာင့္တာအျပင္ အဖ်ားတက္လာတာ၊ ခ်မ္းတုန္လာတာမ်ိဳး ျဖစ္ေပၚလာၿပီဆိုရင္ေတာ့ ဆရာဝန္ဆီ ခ်က္ခ်င္းသြားျပသင့္ပါတယ္။

(၅) ကေယာင္ကတမ္းျဖစ္ျခင္း

ဒါကေတာ့ အဆိုးရြားဆံုးအေျခအေန ေရာက္ေနတဲ့ လကၡဏာရပ္ပဲျဖစ္ပါတယ္။ နာက်င္မႈဒဏ္၊ ကိုယ္အပူခ်ိန္ေၾကာင့္ ကိုယ္ခံအားက်ဆင္းလာၿပီး သတိေမ့ေျမာတာ၊ ကေယာင္ကတမ္းျဖစ္တာမ်ိဳး ျဖစ္ေပၚၿပီး ေအာက္ဆီဂ်င္ အလံုအေလာက္ မရေတာ့တာေၾကာင့္ ဦးေႏွာက္က ပံုမွန္အလုပ္ မလုပ္ႏုိင္ေတာ့ပါဘူး။ အသက္အႏၱရာယ္ ထိခိုက္ႏုိင္တဲ့အတြက္ အခ်ိန္မီကုသဖို႔ လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
အူအတက်ပေါက်တာက မပေ့ါဆသင့်တဲ့ ရောဂါပါပဲ။ ကုသဖို့နောက်ကျသွားရင်လည်း အသက် ဆုံးရှုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ ဘယ်လောက်ပဲ ခံနိုင်ရည်အားကောင်း နေပါစေ၊ အချိန်မှီကုသမှု မခံယူဘူးဆိုရင် အသက်အန္တရာယ်ထိခိုက်ရတဲ့ အထိဖြစ်တတ်တာကြောင့် လုံးဝမပေါ့ဆ သင့်ပါဘူး။ တချို့ကျတော့ အူအတက်ပေါက်နေမှန်းမသိဘဲ ကုသမှု မခံမိတာကြောင့် မဖြစ်သင့် တာတွေ ဖြစ်ရပါတယ်။ ဒါ့ကြောင့် သတိပြုမိစေဖို့အတွက် အူအတက်ပေါက်တဲ့ ရှေ့ပြေး လက္ခဏာရပ်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆိုးရွားစွာဗိုက်အောင့်ခြင်း

အစာအိမ်ရောဂါရှိတဲ့သူတွေ အနေနဲ့ ဗိုက်အောင့်လာတဲ့အခါမှာ အစာအိမ်နာတယ်လို့ပဲ ထင် မှတ်ကြပါတယ်။ ခံစားရတဲ့ ဝေဒနာက သာမာန်ဖြစ်နေကျထက်ကို ပိုပြီး ဗိုက်အောင့်နေမယ်၊ ချက်တစ်ဝိုက်ကနေ ညာဘက်ဝမ်းဗိုက်အောင်နားလောက်ထိကို နာကျင်နေတယ် ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ ဒီလိုဝေဒနာတွေက အူအတက်ပေါက်မယ်လို့ တပ်အပ်မပြောနိုင်ပေမယ့် ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေမျိုးပါပဲ။ အထူးသဖြင့် လမ်းလျှောက်ချိန်၊ ချောင်းချိုးတဲ့ အချိန်တွေမှာ ဗိုက်က အောင့်နေသလိုဖြစ်နေသေးတယ် ဆိုတာကလည်း အူအတက်ပေါက် ချင်နေတဲ့ လက္ခဏာရပ်ပဲ ဖြစ်ပါတယ်။

(၂) အစားအသောက်ပျက်ပြီး ပျို့အန်ခြင်း

အူလမ်းကြောင်းက ပုံမှန်လည်ပတ်မှု မရှိဘူးဆိုရင် ပျို့အန်တာ၊ အစားအသောက်ပျက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အစားအသောက်ပျက်ပြီး ပျို့အန်တိုင်းလည်း အူအတက် ရောင် တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဗိုက်အောင့်မယ်၊ ပျို့အန်တာမျိုး ဖြစ်နေတယ်ဆိုရင်တော့ မပေါ့ဆသင့်ဘဲ ဆရာဝန်ဆီပြသသင့်ပါတယ်။

(၃) မကြာခဏဆီးသွားခြင်း

သာမာန်အချိန်ထက်ကိုပိုပြီး ဆီးသွားတာက ဆီးချိုရောဂါလက္ခဏာဆိုပေမယ့် အူအတက်ရောင် တဲ့သူ တွေအနေနဲ့လည်း မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။ ဘာ့ကြောင့် လဲဆို တော့ အူအတက်က ဆီးခုံရိုးအနီးမှာ တည်ရှိနေတာကြောင့် ဆီးအိမ်နဲ့ကပ်နေတာကြောင့်ပါ။ ဒါ့ကြောင့် မကြာခဏ ဆီးသွားချင်လာပြီး ဆီးသွားတဲ့အခါမှာလည်း နာကျင်နေတတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာလည်း ဖြစ်နိုင်သလို၊ အူအတက်ရောင်တာ၊ အူအတက်ပေါက်တာမျိုး ဖြစ်နိုင်တာမို့လို့ သတိထားဖို့ လိုပါတယ်။

(၄) ကိုယ်ပူပြီးချမ်းတုန်ခြင်း

ကိုယ်အပူချိန်မြင့်တက်နေပြီး ချမ်းတုန်နေတယ်ဆိုတာက ခန္ဓာကိုယ်တွင်းက အစိတ်အပိုင်း တချို့ရောင်ရမ်း နေတာကြောင့်ပါ။ ဒါ့ကြောင့် ဗိုက်အောင့်တာအပြင် အဖျားတက်လာတာ၊ ချမ်းတုန်လာတာမျိုး ဖြစ်ပေါ်လာပြီဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြသင့်ပါတယ်။

(၅) ကယောင်ကတမ်းဖြစ်ခြင်း

ဒါကတော့ အဆိုးရွားဆုံးအခြေအနေ ရောက်နေတဲ့ လက္ခဏာရပ်ပဲဖြစ်ပါတယ်။ နာကျင်မှုဒဏ်၊ ကိုယ်အပူချိန်ကြောင့် ကိုယ်ခံအားကျဆင်းလာပြီး သတိမေ့မြောတာ၊ ကယောင်ကတမ်းဖြစ်တာမျိုး ဖြစ်ပေါ်ပြီး အောက်ဆီဂျင် အလုံအလောက် မရတော့တာကြောင့် ဦးနှောက်က ပုံမှန်အလုပ် မလုပ်နိုင်တော့ပါဘူး။ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အတွက် အချိန်မီကုသဖို့ လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top