(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

တစ္ဦးနဲ႔တစ္ဦး အရမ္းခ်စ္ပါလ်က္နဲ႔ မထင္မွတ္တဲ့ အေၾကာင္းကိစၥတစ္ခုုခုေၾကာင့္ လမ္းခြဲရတာမ်ိဳး အမ်ားႀကီးေတြ႔ေနရပါတယ္။ ကိုယ္အရမ္းခ်စ္ရတဲ့ သူတစ္ေယာက္ကို လြယ္လြယ္ေမ့ပစ္လုိက္ဖို႔ဆိုတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ စိတ္ေရာ၊ လူေရာမကပ္ေတာ့ဘဲ အၿမဲတမ္း တမ္းတမိေနတာမ်ိဳး ျဖစ္ေနတယ္ဆိုရင္ေတာ့ သူ႔ဆီကိုျပန္သြားဖို႔ နည္းလမ္းေလးေတြကို ေျပာျပခ်င္ပါတယ္။

(၁) ဖုန္းနဲ႔ အဆက္အသြယ္လုပ္ပါ

သင္ကေတာ့ စားမရ၊ အိပ္မရနဲ႔ ရည္းစားေဟာင္းကို သတိရေနေပမယ့္ သူ႔ဘက္ကေရာ သင့္အေပၚ ထားတဲ့အခ်စ္စိတ္က ရွိေနေသးလားဆိုတာကို စမ္းသပ္ၾကည့္ဖုိ႔ေတာ့ လိုပါမယ္။ ဒါ့ေၾကာင့္ လူကိုယ္တုိင္ မေတြ႔ရင္ေတာင္ ဖုန္းနဲ႔ အဆက္အသြယ္လုပ္ၾကည့္ပါ။ ပထမဦးဆံုး မက္ေဆ့ခ်္ပို႔လိုက္ပါ။ ေနာက္တစ္ဆင့္အေနနဲ႔ ရံဖန္ရံခါ ဖုန္းဆက္ပါ။ သူ႔ဘက္က သံေယာဇဥ္လက္က်န္ ရွိေသးတယ္ဆုိရင္ေတာ့ သင့္ရဲ႕မက္ေဆ့ခ်္၊ ဖုန္းကို လက္ခံစကားေျပာပါလိ့မ္မယ္။ ဒီနည္းလမ္းကတစ္ဆင့္ သင့္ရဲ႕ခ်စ္သူေဟာင္းထံကို ေျဖးေျဖးခ်င္း ခ်ဥ္းကပ္ သြားလို႔ရပါတယ္။

(၂) အခ်ိန္ယူစဥ္းစားပါ

တကယ္လို႔ သင္တို႔ႏွစ္ဦးက သေဘာထားျခင္းမတိုက္ဆိုင္လို႔ လမ္းခြဲလိုက္တာဆိုရင္ေတာ့ ဘယ္ေလာက္ပဲ သတိရေနပါေစ၊ သူ႔ဆီျပန္သြားဖို႔ကို အခိ်န္ယူစဥ္းစားဖုိ႔ လိုပါတယ္။ အလ်င္စလို ဆံုးျဖတ္ခ်က္မခ်ေသးဘဲ သူ႔ဆီျပန္သြားသင့္လား၊ ျပန္တြဲရင္လည္း ဘာေတြဆက္ျဖစ္လာႏုိင္လဲ၊ အေျခအေန ထူးျခားမႈ ရွိလာပါ့ မလားဆိုတာကို အခိ်န္ယူစဥ္းစားသင့္ပါတယ္။ ေျဖရွင္းရမယ့္နည္းလမ္း ကိုအခ်ိန္ယူမစဥ္းစားဘဲနဲ႔ ဘာကိစၥကိုမွ အေလာတႀကီး ဆံုးျဖတ္ခ်က္မခ်လိုက္ပါနဲ႔။

(၃) အမွားမ်ားကိုေတာင္းပန္ဖို႔ဝန္မေလးပါနဲ႔

ႏွစ္ေယာက္ၾကားက ျပႆနာကို အရင္ဦးဆံုးေျဖရွင္းၿပီးမွ ျပန္တြဲဖုိ႔ အဆင္ေျပမွာပါ။ ဒါ့ေၾကာင့္ သူနဲ႔ ကိုယ့္ၾကားက ျဖစ္ခဲ့တဲ့ ျပႆနာရပ္ေတြကို အမွန္တရားထြက္ေပၚလာတဲ့ထိ ဆန္းစစ္ပါ။ သင့္ဘက္က မွားေနရင္လည္း ေတာင္းပန္ဖုိ႔ ဝန္မေလးပါနဲ႔။ ကိုယ္ခ်စ္တဲ့သူအေပၚ မာန၊ အတၱထားတာကလည္း ေဝးရျခင္းရဲ႕ လမ္းစပါပဲ။ ဒါ့ေၾကာင့္ သူ႔ဘက္က ခ်က္ခ်င္းခြင့္လႊတ္ေပးသည္ျဖစ္ေစ၊ မခြင့္လႊတ္ေပးဘူး ျဖစ္ေစ သင့္အမွားကို ဝန္ခ်ေတာင္းပန္ၿပီးမွ သူ႔ဆီျပန္သြားဖိုိ႔ ႀကိဳးပမ္းသင့္ပါတယ္။

(၄) အတူၾကည္ႏူးခဲ့တဲ့ အေၾကာင္းမ်ားကိုျပန္ေျပာပါ

ရည္းစားေဟာင္းနဲ႔ ျပန္လည္သင့္ျမတ္ဖုိ႔ ဆိုရင္ေတာ့ အရင္အတိတ္က ျဖစ္ပ်က္ခဲ့တဲ့ ဝမ္းနည္းစရာ၊ နာက်င္စရာေန႔ရက္ေတြကို ေမ့ပစ္ဖို႔ လိုပါတယ္။ ျဖစ္ႏုိင္ရင္ သူနဲ႔ အမွတ္တရျဖစ္ခဲ့တဲ့ ကိစၥေတြ၊ ၾကည္ႏူးစရာ အေၾကာင္းမ်ားကို သူ႔ဖက္က ျပန္သတိရလာေအာင္ မၾကာခဏေျပာေပးပါ။ ေပ်ာ္ပါးခဲ့တဲ့ ေန႔ရက္ေတြကို ျပန္လည္တမ္းတေအာင္ ေျပာဆိုပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ပါလျက်နဲ့ မထင်မှတ်တဲ့ အကြောင်းကိစ္စတစ်ခုုခုကြောင့် လမ်းခွဲရတာမျိုး အများကြီးတွေ့နေရပါတယ်။ ကိုယ်အရမ်းချစ်ရတဲ့ သူတစ်ယောက်ကို လွယ်လွယ်မေ့ပစ်လိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ စိတ်ရော၊ လူရောမကပ်တော့ဘဲ အမြဲတမ်း တမ်းတမိနေတာမျိုး ဖြစ်နေတယ်ဆိုရင်တော့ သူ့ဆီကိုပြန်သွားဖို့ နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

(၁) ဖုန်းနဲ့ အဆက်အသွယ်လုပ်ပါ

သင်ကတော့ စားမရ၊ အိပ်မရနဲ့ ရည်းစားဟောင်းကို သတိရနေပေမယ့် သူ့ဘက်ကရော သင့်အပေါ် ထားတဲ့အချစ်စိတ်က ရှိနေသေးလားဆိုတာကို စမ်းသပ်ကြည့်ဖို့တော့ လိုပါမယ်။ ဒါ့ကြောင့် လူကိုယ်တိုင် မတွေ့ရင်တောင် ဖုန်းနဲ့ အဆက်အသွယ်လုပ်ကြည့်ပါ။ ပထမဦးဆုံး မက်ဆေ့ချ်ပို့လိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ ရံဖန်ရံခါ ဖုန်းဆက်ပါ။ သူ့ဘက်က သံယောဇဉ်လက်ကျန် ရှိသေးတယ်ဆိုရင်တော့ သင့်ရဲ့မက်ဆေ့ချ်၊ ဖုန်းကို လက်ခံစကားပြောပါလိ့မ်မယ်။ ဒီနည်းလမ်းကတစ်ဆင့် သင့်ရဲ့ချစ်သူဟောင်းထံကို ဖြေးဖြေးချင်း ချဉ်းကပ် သွားလို့ရပါတယ်။

(၂) အချိန်ယူစဉ်းစားပါ

တကယ်လို့ သင်တို့နှစ်ဦးက သဘောထားခြင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်တာဆိုရင်တော့ ဘယ်လောက်ပဲ သတိရနေပါစေ၊ သူ့ဆီပြန်သွားဖို့ကို အချိန်ယူစဉ်းစားဖို့ လိုပါတယ်။ အလျင်စလို ဆုံးဖြတ်ချက်မချသေးဘဲ သူ့ဆီပြန်သွားသင့်လား၊ ပြန်တွဲရင်လည်း ဘာတွေဆက်ဖြစ်လာနိုင်လဲ၊ အခြေအနေ ထူးခြားမှု ရှိလာပါ့ မလားဆိုတာကို အချိန်ယူစဉ်းစားသင့်ပါတယ်။ ဖြေရှင်းရမယ့်နည်းလမ်း ကိုအချိန်ယူမစဉ်းစားဘဲနဲ့ ဘာကိစ္စကိုမှ အလောတကြီး ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။

(၃) အမှားများကိုတောင်းပန်ဖို့ဝန်မလေးပါနဲ့

နှစ်ယောက်ကြားက ပြဿနာကို အရင်ဦးဆုံးဖြေရှင်းပြီးမှ ပြန်တွဲဖို့ အဆင်ပြေမှာပါ။ ဒါ့ကြောင့် သူနဲ့ ကိုယ့်ကြားက ဖြစ်ခဲ့တဲ့ ပြဿနာရပ်တွေကို အမှန်တရားထွက်ပေါ်လာတဲ့ထိ ဆန်းစစ်ပါ။ သင့်ဘက်က မှားနေရင်လည်း တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ ကိုယ်ချစ်တဲ့သူအပေါ် မာန၊ အတ္တထားတာကလည်း ဝေးရခြင်းရဲ့ လမ်းစပါပဲ။ ဒါ့ကြောင့် သူ့ဘက်က ချက်ချင်းခွင့်လွှတ်ပေးသည်ဖြစ်စေ၊ မခွင့်လွှတ်ပေးဘူး ဖြစ်စေ သင့်အမှားကို ဝန်ချတောင်းပန်ပြီးမှ သူ့ဆီပြန်သွားဖို့ ကြိုးပမ်းသင့်ပါတယ်။

(၄) အတူကြည်နူးခဲ့တဲ့ အကြောင်းများကိုပြန်ပြောပါ

ရည်းစားဟောင်းနဲ့ ပြန်လည်သင့်မြတ်ဖို့ ဆိုရင်တော့ အရင်အတိတ်က ဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းစရာ၊ နာကျင်စရာနေ့ရက်တွေကို မေ့ပစ်ဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် သူနဲ့ အမှတ်တရဖြစ်ခဲ့တဲ့ ကိစ္စတွေ၊ ကြည်နူးစရာ အကြောင်းများကို သူ့ဖက်က ပြန်သတိရလာအောင် မကြာခဏပြောပေးပါ။ ပျော်ပါးခဲ့တဲ့ နေ့ရက်တွေကို ပြန်လည်တမ်းတအောင် ပြောဆိုပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top