×

၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ ၁၀ ရက္ေန႔ ည ၈ နာရီ ၃၀ မိနစ္အခ်ိန္ ေနျပည္ေတာ္၊ လယ္ေဝး ၿမိဳ႕နယ္ေန မ××××(၂၅)ႏွစ္သည္ ခင္ပြန္းျဖစ္သူ ဘုန္းႀကီးေက်ာင္း၌ တီဗြီသြားၾကည့္ရာမွ ျပန္လည္ ေရာက္ရွိလာျခင္းမရွိ၍ သြားေရာက္ေခၚေဆာင္စဥ္ လမ္းမွာ တစ္ၿမိဳ႕နယ္တည္းေနသူတစ္ဦးမွ အလိုမတူဘဲ သားမယားအျဖစ္ အဓမၼျပဳက်င့္ခံရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ခင္ပြန္းျဖစ္သူအား သြားေရာက္ေခၚေဆာင္စဥ္ တစ္ၿမိဳ႕နယ္တည္းေန သိန္းမင္းေအာင္(၃၅)ႏွစ္ ၏ ေနအိမ္ေရွ႕အေရာက္တြင္ ၎မွ ေနာက္မွပါးစပ္ပိတ္၍ အတင္းခ်ဳပ္ၿပီး ေနအိမ္တဲအတြင္းရွိ ခုတင္ေပၚသို႔ေပြ႕ေခၚသြားကာ အလိုမတူဘဲ သားမယားအျဖစ္ အဓမၼျပဳက်င့္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ အဓမၼျပဳက်င့္မႈ ့အား အေရးယူ ေပးရန္တိုင္တန္းခ်က္အရ သိန္းမင္းေအာင္ အား ေအလာနယ္ေျမရဲစခန္း(ပ)၁၀/၂၀၁၈၊ ရာဇသတ္ ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမွုဖြင့္ အေရးယူထားေၾကာင္း သိရိွရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သစ္ထူးလြင္

#Unicode Version#
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်၊ လယ်ဝေး မြို့နယ်နေ မ××××(၂၅)နှစ်သည် ခင်ပွန်းဖြစ်သူ ဘုန်းကြီးကျောင်း၌ တီဗွီသွားကြည့်ရာမှ ပြန်လည် ရောက်ရှိလာခြင်းမရှိ၍ သွားရောက်ခေါ်ဆောင်စဉ် လမ်းမှာ တစ်မြို့နယ်တည်းနေသူတစ်ဦးမှ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ခင်ပွန်းဖြစ်သူအား သွားရောက်ခေါ်ဆောင်စဉ် တစ်မြို့နယ်တည်းနေ သိန်းမင်းအောင်(၃၅)နှစ် ၏ နေအိမ်ရှေ့အရောက်တွင် ၎င်းမှ နောက်မှပါးစပ်ပိတ်၍ အတင်းချုပ်ပြီး နေအိမ်တဲအတွင်းရှိ ခုတင်ပေါ်သို့ပွေ့ခေါ်သွားကာ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဓမ္မပြုကျင့်မှု့အား အရေးယူ ပေးရန်တိုင်တန်းချက်အရ သိန်းမင်းအောင် အား အေလာနယ်မြေရဲစခန်း(ပ)၁၀/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top