လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ယြန္းဝတီလြင္မိုးကေတာ့ သူမရဲ႕ခ်စ္သူနဲ႔ တကယ္ပဲ မဂၤလာေဆာင္ေနပါၿပီ။

ယြန္းဝတီလြင္မိုးနဲ႔ သူမရဲ႕ခ်စ္သူ ထက္ဦးလႈိင္တုိ႔ ဒီေန႔ ဇန္နဝါရီလ ၄ ရက္မွာ မဂၤလာေဆာင္ေတာ့မယ္ဆုိတဲ့ သတင္းနဲ႔ ဖိတ္စာဟာ လြန္ခဲ့တဲ့ ၃ ရက္ကတည္းက အြန္လိုင္းမွာ ပ်ံ႕ေနခဲ့ေပမဲ့ ပရိသတ္အမ်ားစုကေတာ့ မယံုႏုိင္ျဖစ္ေနခဲ့ပါတယ္။

ဒါေပမဲ့ ယြန္းဝတီကေတာ့ ဇန္နဝါရီလ ၄ ရက္ေန႔ မနက္ခင္းမွာ မဂၤလာပြဲကို MELIA Hotel Yangon မွာ က်င္းပေနပါၿပီ။

ျပည္ပမွာ ေက်ာင္းသြားတက္ေနၿပီး ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလစကမွပဲ College Foundation ေအာင္ျမင္သြားတဲ့ ယြန္းဝတီလြင္မိုးဟာ

တကၠသိုလ္တက္ဖို႔ စိတ္အားထက္သန္ေနတဲ့အတြက္ အခုလို ႐ုတ္တရက္ အိမ္ေထာင္ျပဳလိမ့္မယ္လို႔ ဘယ္သူကမွ ထင္မထားခဲ့ပါဘူး။

သ႐ုပ္ေဆာင္ လြင္မိုးရဲ႕သမီးျဖစ္ၿပီး ေၾကာ္ျငာအခ်ဳိ႕မွာလည္း ပါဝင္ထားတဲ့သူမဟာ ခ်စ္ဖို႕ေကာင္းၿပီး လွပတဲ့အတြက္ ငယ္ငယ္ကတည္းက ပရိသတ္ေတြရဲ႕ ေမတၱာကို ရရွိထားသူေလးပဲ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလထဲမွာ အသက္ ၂၀ ျပည့္မယ့္ ယြန္းဝတီလြင္မိုးနဲ႔ ေမာင္ထက္ဦးလႈိင္တုိ႔ဟာ ဇန္နဝါရီလ ၄ ရက္ေန႔ (လြတ္လပ္ေရးေန႔) မနက္ပိုင္းမွာ MELIA Hotel Yangon မွာ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲ ျပဳလုပ္ခဲ့ၿပီး ညေနပိုင္းမွာလိုင္း MELIA Hotel Yangon မွာပဲ မဂၤလာညစာစားပြဲ ျပဳလုပ္မွာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ချစ်သူနဲ့ တကယ်ပဲ မင်္ဂလာဆောင်နေပါပြီ။

ယွန်းဝတီလွင်မိုးနဲ့ သူမရဲ့ချစ်သူ ထက်ဦးလှိုင်တို့ ဒီနေ့ ဇန်နဝါရီလ ၄ ရက်မှာ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းနဲ့ ဖိတ်စာဟာ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက အွန်လိုင်းမှာ ပျံ့နေခဲ့ပေမဲ့ ပရိသတ်အများစုကတော့ မယုံနိုင်ဖြစ်နေခဲ့ပါတယ်။

ဒါပေမဲ့ ယွန်းဝတီကတော့ ဇန်နဝါရီလ ၄ ရက်နေ့ မနက်ခင်းမှာ မင်္ဂလာပွဲကို MELIA Hotel Yangon မှာ ကျင်းပနေပါပြီ။

ပြည်ပမှာ ကျောင်းသွားတက်နေပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလစကမှပဲ College Foundation အောင်မြင်သွားတဲ့ ယွန်းဝတီလွင်မိုးဟာ

တက္ကသိုလ်တက်ဖို့ စိတ်အားထက်သန်နေတဲ့အတွက် အခုလို ရုတ်တရက် အိမ်ထောင်ပြုလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ပါဘူး။

သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးနဲ့ မောင်ထက်ဦးလှိုင်တို့ဟာ ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) မနက်ပိုင်းမှာ MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top