န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ခ်စ္သူႏွစ္ဦးခ်ိန္းေတြ႔တဲ့အခါမွာ အလွဆံုးျဖစ္ေနေစဖို႔၊ မိမိကုိယ္ကုိယံုၾကည္မႈအျပည့္ရွိေနဖိုု႔အတြက္ မိန္းကေလးတိုင္း ကေတာ့ အလွအပပိုင္း၊ အဝတ္အစားအျပင္အဆင္ပိုင္း စတာေတြကို အခိ်န္ယူျပင္ဆင္တတ္ၾကပါတယ္။ ဒါကိုေတာ့ ေကာင္ေလးေတြေတာ္ေတာ္မ်ားမ်ား သိၾကပါလိမ့္မယ္။ ဒီေတာ့ သင့္ခ်စ္သူေကာင္ေလးကေရာ သင္နဲ႔ခ်ိန္းေတြ ႔ေတာ့မယ္ ဆိုရင္ ဘာေတြကို ႀကိဳတင္ျပင္ဆင္ထားတတ္လဲဆုိတာကို သိပါသလား။ ဒိတ္မလုပ္ခင္မွာ ေကာင္ေလး ေတြျပဳလုပ္တတ္တဲ့ အျပဳအမူေတြက သင္ထင္ထားသလို ရိုးရွင္းမေနတာပါဘူး။ တခ်ိဳ႕ထူးထူးဆန္းဆန္း အမူအက်င့္ ေတြကို လုပ္တတ္ၾကပါေသးတယ္။

(၁) အတြင္းခံေဘာင္းဘီအသစ္ဝတ္ၾကပါတယ္

UK ရဲ႕ စစ္တမ္းေကာက္ယူခ်က္အရေတာ့ ေကာင္ေလးေတြေတာ္ေတာ္မ်ားမ်ားဟာ ခ်စ္သူနဲ႔ဒိတ္လုပ္ေတာ့မယ္ဆိုရင္ အတြင္းခံေဘာင္းဘီအသစ္ကို ဝယ္ဝတ္တတ္ၾကတယ္လို႔ သိရပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ မိမိကုိယ္ကို ယံုၾကည္မႈရွိ ဖုိ႔နဲ႔ အနံ႔အသက္ဆိုးမ်ားထြက္မွာကို စိုးရိမ္တဲ့အတြက္ေၾကာင့္လို႔ အသစ္ကိုသာဝတ္ဆင္တယ္လို႔ ဆိုပါတယ္။


(၂) ကိုယ္ခႏၶာေတာင့္တင္းေစဖို႔ ေလ့က်င့္ခန္းျပဳလုပ္ၾကပါတယ္

ကိုယ့္ရဲ႕ခ်စ္သူေကာင္မေလးေရွ႕မွာ အားကိုးခ်င္စရာေကာင္းေလာက္တဲ့ စူပါဟီးရိုးႀကီးေတြ ျဖစ္ခ်င္ၾကတာခ်ည္းပါပဲ။ ဒါ့ေၾကာင့္မို႔လို႔ ဒိတ္မလုပ္ခင္မွာ ႀကြက္သားေတြေတာင့္တင္းေနေစဖို႔ ေလ့က်င့္ခန္းတစ္ခုခုျပဳလုပ္တတ္ၾကပါ တယ္တဲ့။

(၃) ရိုမန္းတစ္အခ်စ္ဇာတ္ကားေတြၾကည့္ပါတယ္

ေယာက်္ားေလးတိုင္းကို မဆိုလိုပါဘူး။ ရိုမန္းတစ္ဆန္ဆန္ အခ်စ္ဇာတ္လမ္းေတြဆီက ၾကည္ႏူးဖြယ္ရာ အျပဳအ မူေတြ၊ စကားလံုးေတြကို အတုယူေလ့လာတတ္ၾကပါေသးတယ္။ တခ်ိဳ႕က်ေတာ့လည္း ခ်စ္မႈေရးရာအျဖာျဖာ အေၾကာင္းအရာေတြကို အင္တာနက္မွာ ႀကိဳတင္ေလ့လာထားတတ္ၾကတယ္လို႔ ဆိုပါတယ္။

(၄) မက္ေဆ့မ်ားကိုဖ်က္ပါတယ္

ဖုန္းထဲမွာရွိတဲ့ search data ေတြ၊ မက္ေဆ့ေတြ၊ ခ်စ္သူနဲ႔ ျပႆနာတက္ေစႏုိင္မယ့္ ဓာတ္ပံု၊ အေကာင့္ စတာေတြ ကို အျပတ္ရွင္းလင္းထားတတ္ၾကပါေသးတယ္တဲ့။

(၅) ဘာေျပာရမလဲဆိုတာကို ႀကိဳတင္စဥ္းစားၾကပါတယ္

သင္နဲ႔ေတြ႔တဲ့အခါမွာ သင္ေပ်ာ္ရႊင္ေအာင္၊ သင့္ကိုဆြဲေဆာင္ႏို္င္ေအာင္ ဘယ္လိုစကားလံုးေတြနဲ႔ ေျပာဆိုရမယ္၊ ဘယ္လိုအေၾကာင္းအရာေတြကို ေျပာဆိုရမလဲဆိုတာကို ေခါင္းရႈပ္ေအာင္စဥ္းစား တတ္ၾကပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
ချစ်သူနှစ်ဦးချိန်းတွေ့တဲ့အခါမှာ အလှဆုံးဖြစ်နေစေဖို့၊ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိနေဖိုု့အတွက် မိန်းကလေးတိုင်း ကတော့ အလှအပပိုင်း၊ အဝတ်အစားအပြင်အဆင်ပိုင်း စတာတွေကို အချိန်ယူပြင်ဆင်တတ်ကြပါတယ်။ ဒါကိုတော့ ကောင်လေးတွေတော်တော်များများ သိကြပါလိမ့်မယ်။ ဒီတော့ သင့်ချစ်သူကောင်လေးကရော သင်နဲ့ချိန်းတွေ့တော့မယ် ဆိုရင် ဘာတွေကို ကြိုတင်ပြင်ဆင်ထားတတ်လဲဆိုတာကို သိပါသလား။ ဒိတ်မလုပ်ခင်မှာ ကောင်လေး တွေပြုလုပ်တတ်တဲ့ အပြုအမူတွေက သင်ထင်ထားသလို ရိုးရှင်းမနေတာပါဘူး။ တချို့ထူးထူးဆန်းဆန်း အမူအကျင့် တွေကို လုပ်တတ်ကြပါသေးတယ်။

(၁) အတွင်းခံဘောင်းဘီအသစ်ဝတ်ကြပါတယ်

UK ရဲ့ စစ်တမ်းကောက်ယူချက်အရတော့ ကောင်လေးတွေတော်တော်များများဟာ ချစ်သူနဲ့ဒိတ်လုပ်တော့မယ်ဆိုရင် အတွင်းခံဘောင်းဘီအသစ်ကို ဝယ်ဝတ်တတ်ကြတယ်လို့ သိရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မိမိကိုယ်ကို ယုံကြည်မှုရှိ ဖို့နဲ့ အနံ့အသက်ဆိုးများထွက်မှာကို စိုးရိမ်တဲ့အတွက်ကြောင့်လို့ အသစ်ကိုသာဝတ်ဆင်တယ်လို့ ဆိုပါတယ်။


(၂) ကိုယ်ခန္ဓာတောင့်တင်းစေဖို့ လေ့ကျင့်ခန်းပြုလုပ်ကြပါတယ်

ကိုယ့်ရဲ့ချစ်သူကောင်မလေးရှေ့မှာ အားကိုးချင်စရာကောင်းလောက်တဲ့ စူပါဟီးရိုးကြီးတွေ ဖြစ်ချင်ကြတာချည်းပါပဲ။ ဒါ့ကြောင့်မို့လို့ ဒိတ်မလုပ်ခင်မှာ ကြွက်သားတွေတောင့်တင်းနေစေဖို့ လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်တတ်ကြပါ တယ်တဲ့။

(၃) ရိုမန်းတစ်အချစ်ဇာတ်ကားတွေကြည့်ပါတယ်

ယောကျ်ားလေးတိုင်းကို မဆိုလိုပါဘူး။ ရိုမန်းတစ်ဆန်ဆန် အချစ်ဇာတ်လမ်းတွေဆီက ကြည်နူးဖွယ်ရာ အပြုအ မူတွေ၊ စကားလုံးတွေကို အတုယူလေ့လာတတ်ကြပါသေးတယ်။ တချို့ကျတော့လည်း ချစ်မှုရေးရာအဖြာဖြာ အကြောင်းအရာတွေကို အင်တာနက်မှာ ကြိုတင်လေ့လာထားတတ်ကြတယ်လို့ ဆိုပါတယ်။

(၄) မက်ဆေ့များကိုဖျက်ပါတယ်

ဖုန်းထဲမှာရှိတဲ့ search data တွေ၊ မက်ဆေ့တွေ၊ ချစ်သူနဲ့ ပြဿနာတက်စေနိုင်မယ့် ဓာတ်ပုံ၊ အကောင့် စတာတွေ ကို အပြတ်ရှင်းလင်းထားတတ်ကြပါသေးတယ်တဲ့။

(၅) ဘာပြောရမလဲဆိုတာကို ကြိုတင်စဉ်းစားကြပါတယ်

သင်နဲ့တွေ့တဲ့အခါမှာ သင်ပျော်ရွှင်အောင်၊ သင့်ကိုဆွဲဆောင်နိုင်အောင် ဘယ်လိုစကားလုံးတွေနဲ့ ပြောဆိုရမယ်၊ ဘယ်လိုအကြောင်းအရာတွေကို ပြောဆိုရမလဲဆိုတာကို ခေါင်းရှုပ်အောင်စဉ်းစား တတ်ကြပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top