ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ထိုင္းက အဖြားအို တစ္ဦးဟာ မ်က္ႏွာအေရျပားေတြ ေလ်ာ့ရဲျပီး အလြန္အမင္းတြဲက်ေနရာကေန အျမင္အာရုံပါ ဆံုးရႈံးလိုက္ရတာျဖစ္ပါတယ္။သူမဟာ မ်က္ႏွာကို ဆာဂ်ရီလုပ္ဖို႕လဲ လက္မခံပါဘူး။ေရွးလူၾကီးျဖစ္တဲ့အတြက္ မ်က္ႏွာကို ခြဲစိတ္လိုက္လို႕ မေတာ္တဆ ေျခေခ်ာလက္ေခ်ာ္ျဖစ္ျပီး ေသသြားမွာကို အဖြားက ေၾကာက္လန္႕ေနတာျဖစ္ပါတယ္။

ဒီ အဖြားရဲ႕ နာမည္က Wiang Boonmee ျဖစ္ျပီးေတာ့ သူမရဲ႕ အသက္က 63 နွစ္ရွိျပီျဖစ္ပါတယ္။ဒီေရာဂါရဲ႕ အစကေတာ့ ဖ်ားရာကေန စခဲ့တာျဖစ္ျပီး သူ႕ရဲ႕ မ်က္လံုးေတြပါ အျမင္ကြယ္သြားပါတယ္။မ်က္ခြံနဲ႕ နဖူးက အေရျပားေတြ ေလ်ာ့ရဲလာပါတယ္။သူရဲ႕ နႈတ္ခမ္းေတြနဲ႕ ႏွာေခါင္းတဖက္လဲ ပိတ္တဲ့အထိ ထူးဆန္းတဲ့ ေရာဂါျဖစ္လာပါတယ္။

သူ ေျပာပံုအရကေတာ့ ဒီလို ျဖစ္တာ ကေလးဘဝတုန္းကလဲ ျဖစ္ခဲ့ေပမယ့္ ဒီေလာက္ၾကီး မဟုတ္ပဲ မ်က္နွာအေရျပားနည္းနည္းေလ်ာ့ရဲသြားတာျဖစ္ဖူးတယ္လို႕ ဆိုပါတယ္။ဒါေပမယ့္ ဒီေရာဂါက ေပ်ာက္မလိုနဲ႕ အခု ကေလးေတြအရြယ္ေရာက္ေတာ့မွ အဆိုးရြားဆံုးျဖစ္ခဲ့တာျဖစ္တယ္လို႕ ဆိုပါတယ္။

သူဟာ လက္ရွိမွာ ဘန္ေကာက္က ေစ်းထဲမွာ ကေလး လက္ေဆာင္ပစၥည္းေလးေတြ ခ်ေရာင္းေနတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မီဒီယာက သူ႕အေၾကာင္းကို တြင္တြင္က်ယ္က်ယ္ေဖာ္ျပထားလို႕ သူ႕ကို လူေတြက ပိုအာရုံစိုက္လာဆာျဖစ္ျပီး သူ႕ကို ကရုဏာသက္သူေတြလဲ သူ႕ဆိုင္ေလးကို ဘန္ေကာက္ေစ်းထဲမွာ ရွာေဖြဝယ္ယူေနတာျဖစ္ပါတယ္။ neurofibromatosis နဲ႕ ပတ္သက္ေနတဲ့ ဒီေရာဂါအေျခအေနဟာ လက္ဆင့္ကမ္း မ်ိဳးရုိးအထိ သယ္ေဆာင္မႈေပးႏိုင္တာျဖစ္သလို အာရုံေၾကာ တစ္ရႈးေတြရဲ႕ လုပ္ေဆာင္မႈမပ်က္ပဲ ပ်က္စီးျခင္းေၾကာင့္ျဖစ္တာလို႕ DailyMail မွာေဖာ္ျပထားပါတယ္။

ဒီအဖြားရဲ႕ အေျခအေနကို ပထမဆံုး သိခဲ့ျပီး ေဖာ္ျပခဲ့သူက အသက္ 22 ႏွစ္အရြယ္ရွိတဲ့ Praew Wattana ျဖစ္ျပီး သူဟာ က်န္းမာေရး ဝန္ထမ္းေတြကို ေခၚျပီး ပန္းနဲ႕ လက္ေဆာင္ငယ္ေလးေတြ ေရာင္းေနတဲ့ အဖြားအိုကို ေခၚျပေပးခဲ့တာျဖစ္ပါတယ္။

ေဒါက္တာ Sunura Ourairat ဟာ Rangsit တကၠသိုလ္က ဥကၠဌျဖစ္ျပီး သူကိုယ္တိုင္လာေရာက္ျပီး အဖြားရဲ႕ ေရာဂါအေျခအေန စစ္တမ္းလာယူခဲ့တာျဖစ္ပါတယ္။ခြဲစိတ္မႈျပဳလုပ္ဖို႕ ေျပာတဲ့အခါက် အဖြားက အေၾကာက္အကန္ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။သူ႕မ်က္ႏွာကို ဓားနဲ႕ မႊန္းမယ္ထင္ျပီး ေၾကာက္လန္႕ေနတဲ့ အဖြားအိုျဖစ္ပါတယ္။ဒါေပမယ့္ သူ႕ကို သူ႕သမီးက ေဖ်ာင္းဖ်ခဲ့ျပီး ကုသင့္ေၾကာင္းေျပာလိုက္လို႕ မၾကာခင္ ခြဲစိတ္ကုသမႈ ခံယူေတာ့မွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ဖြင့် ဖတ်ပါ #

ထိုင်းက အဖွားအို တစ်ဦးဟာ မျက်နှာအရေပြားတွေ လျော့ရဲပြီး အလွန်အမင်းတွဲကျနေရာကနေ အမြင်အာရုံပါ ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။သူမဟာ မျက်နှာကို ဆာဂျရီလုပ်ဖို့လဲ လက်မခံပါဘူး။ရှေးလူကြီးဖြစ်တဲ့အတွက် မျက်နှာကို ခွဲစိတ်လိုက်လို့ မတော်တဆ ခြေချောလက်ချော်ဖြစ်ပြီး သေသွားမှာကို အဖွားက ကြောက်လန့်နေတာဖြစ်ပါတယ်။

ဒီ အဖွားရဲ့ နာမည်က Wiang Boonmee ဖြစ်ပြီးတော့ သူမရဲ့ အသက်က 63 နှစ်ရှိပြီဖြစ်ပါတယ်။ဒီရောဂါရဲ့ အစကတော့ ဖျားရာကနေ စခဲ့တာဖြစ်ပြီး သူ့ရဲ့ မျက်လုံးတွေပါ အမြင်ကွယ်သွားပါတယ်။မျက်ခွံနဲ့ နဖူးက အရေပြားတွေ လျော့ရဲလာပါတယ်။သူရဲ့ နှုတ်ခမ်းတွေနဲ့ နှာခေါင်းတဖက်လဲ ပိတ်တဲ့အထိ ထူးဆန်းတဲ့ ရောဂါဖြစ်လာပါတယ်။

သူ ပြောပုံအရကတော့ ဒီလို ဖြစ်တာ ကလေးဘဝတုန်းကလဲ ဖြစ်ခဲ့ပေမယ့် ဒီလောက်ကြီး မဟုတ်ပဲ မျက်နှာအရေပြားနည်းနည်းလျော့ရဲသွားတာဖြစ်ဖူးတယ်လို့ ဆိုပါတယ်။ဒါပေမယ့် ဒီရောဂါက ပျောက်မလိုနဲ့ အခု ကလေးတွေအရွယ်ရောက်တော့မှ အဆိုးရွားဆုံးဖြစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ လက်ရှိမှာ ဘန်ကောက်က ဈေးထဲမှာ ကလေး လက်ဆောင်ပစ္စည်းလေးတွေ ချရောင်းနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မီဒီယာက သူ့အကြောင်းကို တွင်တွင်ကျယ်ကျယ်ဖော်ပြထားလို့ သူ့ကို လူတွေက ပိုအာရုံစိုက်လာဆာဖြစ်ပြီး သူ့ကို ကရုဏာသက်သူတွေလဲ သူ့ဆိုင်လေးကို ဘန်ကောက်ဈေးထဲမှာ ရှာဖွေဝယ်ယူနေတာဖြစ်ပါတယ်။ neurofibromatosis နဲ့ ပတ်သက်နေတဲ့ ဒီရောဂါအခြေအနေဟာ လက်ဆင့်ကမ်း မျိုးရိုးအထိ သယ်ဆောင်မှုပေးနိုင်တာဖြစ်သလို အာရုံကြော တစ်ရှုးတွေရဲ့ လုပ်ဆောင်မှုမပျက်ပဲ ပျက်စီးခြင်းကြောင့်ဖြစ်တာလို့ DailyMail မှာဖော်ပြထားပါတယ်။

ဒီအဖွားရဲ့ အခြေအနေကို ပထမဆုံး သိခဲ့ပြီး ဖော်ပြခဲ့သူက အသက် 22 နှစ်အရွယ်ရှိတဲ့ Praew Wattana ဖြစ်ပြီး သူဟာ ကျန်းမာရေး ဝန်ထမ်းတွေကို ခေါ်ပြီး ပန်းနဲ့ လက်ဆောင်ငယ်လေးတွေ ရောင်းနေတဲ့ အဖွားအိုကို ခေါ်ပြပေးခဲ့တာဖြစ်ပါတယ်။

ဒေါက်တာ Sunura Ourairat ဟာ Rangsit တက္ကသိုလ်က ဥက္ကဌဖြစ်ပြီး သူကိုယ်တိုင်လာရောက်ပြီး အဖွားရဲ့ ရောဂါအခြေအနေ စစ်တမ်းလာယူခဲ့တာဖြစ်ပါတယ်။ခွဲစိတ်မှုပြုလုပ်ဖို့ ပြောတဲ့အခါကျ အဖွားက အကြောက်အကန် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။သူ့မျက်နှာကို ဓားနဲ့ မွှန်းမယ်ထင်ပြီး ကြောက်လန့်နေတဲ့ အဖွားအိုဖြစ်ပါတယ်။ဒါပေမယ့် သူ့ကို သူ့သမီးက ဖျောင်းဖျခဲ့ပြီး ကုသင့်ကြောင်းပြောလိုက်လို့ မကြာခင် ခွဲစိတ်ကုသမှု ခံယူတော့မှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top