ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

လူသတ္မုဒိမ္းႏွင့္ သက္ ငယ္မုဒိမ္း ေသဒဏ္ေပးေရး ေတာင္းဆိုရန္ ျပည္သူ႔လက္မွတ္ သံုးသိန္းျပည့္ေအာင္ ေကာက္ခံ မည္ဟု အမ်ိဳးသမီးေလးဦးအဖြဲ႕ (4 Women's Voice) က ယမန္ ေန႔တြင္ ျပဳလုပ္သည့္ လူထုလက္ မွတ္ေကာက္ယူေရး လႈပ္ရွားမႈ တြင္ ေျပာသည္။

‘‘သံုးသိန္းဆိုလို႔ရွိရင္ တိုင္း ေဒသႀကီးကို ျပည္သူေတြရဲ႕ ဆႏၵ ကေတာ့ ဒီလိုရွိပါၿပီဆိုၿပီး ဥပေဒ ေတြ ေဆြးေႏြးၾကဖို႔ အစီအစဥ္ရွိ တဲ့အတြက္ သံုးသိန္ရေအာင္ ေကာက္မယ္လို႔ သတ္မွတ္လိုက္ တာပါ။ ဥပေဒကပဲ အရမ္းေပါ့့ ေလ်ာ့ေနလို႔ ဒီအမႈေတြ ဆက္တုိက္ ျဖစ္ေနတာလားဆိုၿပီး အစ္မတို႔က ေသဒဏ္ျပန္လည္ေတာင္း ဆိုျခင္းျဖစ္ပါတယ္’’ဟု  လႈပ္ရွားမႈတြင္  ဦးေဆာင္သူတစ္ဦးျဖစ္သည့္ ေဒၚေဆြဇင္ဦးက ေျပာသည္။

လူသတ္မုဒိမ္းႏွင့္ သက္ငယ္ မုဒိမ္းေသဒဏ္ေပးေရး ဥပေဒျပ ႒ာန္းေပးရန္ လူထုလက္မွတ္ ေကာက္ယူေရး လႈပ္ရွားမႈကို ဇန္ နဝါရီ ၂၉ ရက္တြင္ ကြၽန္းေတာ လမ္း ဂ်န္းရွင္းစကြဲေစ်းဝယ္စင္ တာအေနာက္ရွိ ကားပြဲစားတန္း ၌ ျပဳလုပ္ခဲ့ၿပီး တက္ႂကြလႈပ္ရွား သူမ်ားျဖစ္သည့္ ေဒၚလီလီႏိုင္ ေက်ာ္၊ ေဒၚေဆြဇင္ဦး၊ မျမတ္ စုမြန္၊ မသီရိေနလင္းတို႔က ဦး ေဆာင္ခဲ့သည္။

ေန႔လယ္ ၂ နာရီမွ ညေန ၅ နာရီထိ လက္မွတ္ေကာက္ခဲ့ၿပီး ေထာက္ခံသည့္ လက္မွတ္ ၄၀၀ ေက်ာ္ရရွိေၾကာင္း ေဒၚေဆြဇင္ဦး ကေျပာသည္။ အျခားတိုင္းႏွင့္ ျပည္နယ္မ်ားတြင္လည္း လက္ မွတ္မ်ား ဆက္လက္ေကာက္ခံ မည္ ျဖစ္ေၾကာင္း ၎ကဆိုသည္။

ေဒၚလီလီႏိုင္ေက်ာ္က ‘‘ေသ ဒဏ္ေပးေရးကို ေတာင္းဆိုပါ တယ္။ တကယ္လို႔ ေနာက္ဆံုးအေျခအေနမွာေတာင္ ေသဒဏ္မေပးဘူးဆိုရင္ လူသတ္မုဒိမ္းနဲ႔ သက္ငယ္ မုဒိမ္းကို လြတ္ရက္မရွိ ေထာင္ဒဏ္ခ်  ေပးေစခ်င္ပါတယ္’’ ဟု ေျပာသည္။

ျမန္မာႏိုင္ငံ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ တြင္ အဓမၼျပဳက်င့္သူ ကိုေထာင္ဒဏ္ ၁၀ ႏွစ္ျဖစ္ေစ၊ တစ္သက္တစ္ကြၽန္းျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္း ျပ႒ာန္းထားသည္။ သက္ငယ္မုဒိမ္းမ်ား ျပစ္ဒဏ္ခ် မွတ္မႈအေျခအေနသည္ ၂၀၁၆ ႏွစ္ကုန္ကစ၍ ခ႐ိုင္အဆင့္ တရား ႐ံုးမ်ားတြင္ စစ္ေဆးၿပီး ႏွစ္ရွည္ ေထာင္ဒဏ္မ်ား ခ်မွတ္ေနသည္။

သက္ငယ္မုဒိမ္းႏွင့္ ပတ္ သက္၍ ၂၀၁၇ ေဖေဖာ္ဝါရီ ၂ ရက္က ျပည္သူ႔လႊတ္ေတာ္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက သက္ငယ္မုဒိမ္း (အသက္ (၁၆) ႏွစ္ေအာက္ မိန္းကေလးကို မတ ရားျပဳက်င့္ျခင္း) ကို ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း  ႏွစ္ ၂၀ (သို႔မဟုတ္) ေသဒဏ္အထိခ်မွတ္ႏိုင္သည္ဆိုေသာ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ တြင္ အုပ္စုလိုက္ မုဒိမ္း မႈက်ဴးလြန္သူမ်ား ေသဒဏ္က်ခံေစေရးကိုပါ  ျဖည့္စြက္သင့္ေၾကာင္း အဆိုတင္သြင္းထားသည္။

သက္ငယ္မုဒိမ္းမႈမ်ား ျဖစ္ ပြားျခင္းႏွင့္ပတ္သက္၍ ႏိုင္ငံ ေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္က စင္ကာပူ ႏိုင္ငံေရာက္ ျမန္မာျပည္သူမ်ား ႏွင့္ ေတြ႕ဆံုစဥ္ ၎တို႔၏ေမးျမန္း ခ်က္အေပၚ သက္ငယ္မုဒိမ္းမႈ မ်ားကို  ထိန္းခ်ဳပ္ႏိုင္ရန္ ဥပေဒမ်ား ျဖင့္ တင္းက်ပ္႐ံုသာမက လူမႈေရး ျပႆနာမ်ားကိုပါ အေရးတယူ ဂ႐ုစိုက္ေဆာင္ရြက္သင့္ေၾကာင္း အႀကံေပးေျပာၾကားဖူးသည္။

‘‘ဘာေၾကာင့္ဒီလိုသက္ငယ္ ေတြကို မုဒိမ္းက်င့္တဲ့အမႈေတြ ဘာလို႔ ဒီေလာက္မ်ားေနတာလဲ။ ဒါဟာ မိသာစုစနစ္နဲ႔ဆိုင္လား၊ ကေလးေတြကို ေသေသခ်ာခ်ာ မေစာင့္ေရွာက္တာနဲ႔ဆိုင္လား၊ ပတ္ဝန္းက်င္က စိတ္ထားေတြက ၾကမ္းတမ္းလာတာလား၊ ၾကမ္း တမ္းလာတာဆိုတာ ဘာေၾကာင့္ လဲ။ ဥပမာမူးယစ္ေဆးဝါးေၾကာင့္ ျဖစ္တာလား၊ ဒါမွမဟုတ္ ဒီလိုအ ခုေခတ္မွာဆိုရင္ အၿမဲပဲ ၾကည့္လို႔ ရတဲ့ အမ်ိဳးမ်ိဳး ဗီဒီယိုေတြ ဘာေတြ ၾကည့္၊ စာအုပ္တြ ဘာေတြဖတ္ ၿပီးေတာ့ စိတ္ေတြက မၿငိမ္မသက္ ျဖစ္လို႔လား။ အဲဒါကို ကြၽန္မတို႔က အေၾကာင္းရင္းကို ရွာရပါမယ္။ ေလ့လာၿပီးေတာ့  ကြၽန္မတို႔အ ဘက္ဘက္ကေန ဘယ္လိုေျခ လွမ္းသင့္လဲဆိုတာကို ဆံုးျဖတ္ပါ မယ္’’ ဟု ၎က ၂၀၁၆ ဒီဇင္ဘာ ၁ ရက္တြင္ ေျပာၾကားခဲ့သည္။

၂၀၁၇ ႏိုဝင္ဘာအထိ တစ္ ႏုိင္ငံလံုးတြင္ သက္ငယ္မုဒိမ္းမႈ ခုနစ္ရာေက်ာ္ျဖစ္ပြားခဲ့သည္။

စာရင္းအရ သက္ငယ္မုဒိမ္းမႈသည္ ရန္ကုန္တိုင္း၌ အမ်ားဆံုးျဖစ္ပြားၿပီး ဧရာဝတီတိုင္းတြင္ ဒုတိယအမ်ားဆံုး ျဖစ္ပြားသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ ၂၀၁၇ အတြင္း  မုဒိမ္းမႈ ၂၇၀ မႈ ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
လူသတ်မုဒိမ်းနှင့် သက် ငယ်မုဒိမ်း သေဒဏ်ပေးရေး တောင်းဆိုရန် ပြည်သူ့လက်မှတ် သုံးသိန်းပြည့်အောင် ကောက်ခံ မည်ဟု အမျိုးသမီးလေးဦးအဖွဲ့ (4 Women's Voice) က ယမန် နေ့တွင် ပြုလုပ်သည့် လူထုလက် မှတ်ကောက်ယူရေး လှုပ်ရှားမှု တွင် ပြောသည်။

‘‘သုံးသိန်းဆိုလို့ရှိရင် တိုင်း ဒေသကြီးကို ပြည်သူတွေရဲ့ ဆန္ဒ ကတော့ ဒီလိုရှိပါပြီဆိုပြီး ဥပဒေ တွေ ဆွေးနွေးကြဖို့ အစီအစဉ်ရှိ တဲ့အတွက် သုံးသိန်ရအောင် ကောက်မယ်လို့ သတ်မှတ်လိုက် တာပါ။ ဥပဒေကပဲ အရမ်းပေါ့ လျော့နေလို့ ဒီအမှုတွေ ဆက်တိုက် ဖြစ်နေတာလားဆိုပြီး အစ်မတို့က သေဒဏ်ပြန်လည်တောင်း ဆိုခြင်းဖြစ်ပါတယ်’’ဟု  လှုပ်ရှားမှုတွင်  ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်ဆွေဇင်ဦးက ပြောသည်။

လူသတ်မုဒိမ်းနှင့် သက်ငယ် မုဒိမ်းသေဒဏ်ပေးရေး ဥပဒေပြ ဋ္ဌာန်းပေးရန် လူထုလက်မှတ် ကောက်ယူရေး လှုပ်ရှားမှုကို ဇန် နဝါရီ ၂၉ ရက်တွင် ကျွန်းတော လမ်း ဂျန်းရှင်းစကွဲဈေးဝယ်စင် တာအနောက်ရှိ ကားပွဲစားတန်း ၌ ပြုလုပ်ခဲ့ပြီး တက်ကြွလှုပ်ရှား သူများဖြစ်သည့် ဒေါ်လီလီနိုင် ကျော်၊ ဒေါ်ဆွေဇင်ဦး၊ မမြတ် စုမွန်၊ မသီရိနေလင်းတို့က ဦး ဆောင်ခဲ့သည်။

နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီထိ လက်မှတ်ကောက်ခဲ့ပြီး ထောက်ခံသည့် လက်မှတ် ၄၀၀ ကျော်ရရှိကြောင်း ဒေါ်ဆွေဇင်ဦး ကပြောသည်။ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း လက် မှတ်များ ဆက်လက်ကောက်ခံ မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒေါ်လီလီနိုင်ကျော်က ‘‘သေ ဒဏ်ပေးရေးကို တောင်းဆိုပါ တယ်။ တကယ်လို့ နောက်ဆုံးအခြေအနေမှာတောင် သေဒဏ်မပေးဘူးဆိုရင် လူသတ်မုဒိမ်းနဲ့ သက်ငယ် မုဒိမ်းကို လွတ်ရက်မရှိ ထောင်ဒဏ်ချ  ပေးစေချင်ပါတယ်’’ ဟု ပြောသည်။

မြန်မာနိုင်ငံ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အဓမ္မပြုကျင့်သူ ကိုထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ သက်ငယ်မုဒိမ်းများ ပြစ်ဒဏ်ချ မှတ်မှုအခြေအနေသည် ၂၀၁၆ နှစ်ကုန်ကစ၍ ခရိုင်အဆင့် တရား ရုံးများတွင် စစ်ဆေးပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်နေသည်။

သက်ငယ်မုဒိမ်းနှင့် ပတ် သက်၍ ၂၀၁၇ ဖေဖော်ဝါရီ ၂ ရက်က ပြည်သူ့လွှတ်တော်တွင် ရသေ့တောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သက်ငယ်မုဒိမ်း (အသက် (၁၆) နှစ်အောက် မိန်းကလေးကို မတ ရားပြုကျင့်ခြင်း) ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း  နှစ် ၂၀ (သို့မဟုတ်) သေဒဏ်အထိချမှတ်နိုင်သည်ဆိုသော ရာဇသတ်ကြီးပုဒ်မ ၃၇၆ တွင် အုပ်စုလိုက် မုဒိမ်း မှုကျူးလွန်သူများ သေဒဏ်ကျခံစေရေးကိုပါ  ဖြည့်စွက်သင့်ကြောင်း အဆိုတင်သွင်းထားသည်။

သက်ငယ်မုဒိမ်းမှုများ ဖြစ် ပွားခြင်းနှင့်ပတ်သက်၍ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က စင်ကာပူ နိုင်ငံရောက် မြန်မာပြည်သူများ နှင့် တွေ့ဆုံစဉ် ၎င်းတို့၏မေးမြန်း ချက်အပေါ် သက်ငယ်မုဒိမ်းမှု များကို  ထိန်းချုပ်နိုင်ရန် ဥပဒေများ ဖြင့် တင်းကျပ်ရုံသာမက လူမှုရေး ပြဿနာများကိုပါ အရေးတယူ ဂရုစိုက်ဆောင်ရွက်သင့်ကြောင်း အကြံပေးပြောကြားဖူးသည်။

‘‘ဘာကြောင့်ဒီလိုသက်ငယ် တွေကို မုဒိမ်းကျင့်တဲ့အမှုတွေ ဘာလို့ ဒီလောက်များနေတာလဲ။ ဒါဟာ မိသာစုစနစ်နဲ့ဆိုင်လား၊ ကလေးတွေကို သေသေချာချာ မစောင့်ရှောက်တာနဲ့ဆိုင်လား၊ ပတ်ဝန်းကျင်က စိတ်ထားတွေက ကြမ်းတမ်းလာတာလား၊ ကြမ်း တမ်းလာတာဆိုတာ ဘာကြောင့် လဲ။ ဥပမာမူးယစ်ဆေးဝါးကြောင့် ဖြစ်တာလား၊ ဒါမှမဟုတ် ဒီလိုအ ခုခေတ်မှာဆိုရင် အမြဲပဲ ကြည့်လို့ ရတဲ့ အမျိုးမျိုး ဗီဒီယိုတွေ ဘာတွေ ကြည့်၊ စာအုပ်တွ ဘာတွေဖတ် ပြီးတော့ စိတ်တွေက မငြိမ်မသက် ဖြစ်လို့လား။ အဲဒါကို ကျွန်မတို့က အကြောင်းရင်းကို ရှာရပါမယ်။ လေ့လာပြီးတော့  ကျွန်မတို့အ ဘက်ဘက်ကနေ ဘယ်လိုခြေ လှမ်းသင့်လဲဆိုတာကို ဆုံးဖြတ်ပါ မယ်’’ ဟု ၎င်းက ၂၀၁၆ ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၇ နိုဝင်ဘာအထိ တစ် နိုင်ငံလုံးတွင် သက်ငယ်မုဒိမ်းမှု ခုနစ်ရာကျော်ဖြစ်ပွားခဲ့သည်။

စာရင်းအရ သက်ငယ်မုဒိမ်းမှုသည် ရန်ကုန်တိုင်း၌ အများဆုံးဖြစ်ပွားပြီး ဧရာဝတီတိုင်းတွင် ဒုတိယအများဆုံး ဖြစ်ပွားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇ အတွင်း  မုဒိမ်းမှု ၂၇၀ မှု ရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top